
International-news







မောင်ယဿ


Unicode

လေယာဉ်မယ်တွေ မက်စ်တပ်ထားတာမကြိုက်လို့ ဖြုတ်ခိုင်းတဲ့ အင်ဒို ခရီးသည်တွေ

ကမ္ဘာကြီးပေါ်မှာ ကော်ရိုနာ ဗိုင်းရပ်ပြန်မနှံ့မှုက မရပ်တန့်သေးပါဘူး ။ ကမ္ဘ ာ့စီးပွားရေးကလည်း နိုင်ငံတိုင်း နီးပါးကို ပျက်လုနီးပါး ဖြစ်နေတဲ့အတွက် ကြောင့် သက်ဆိုင်ရာ အစိုးရတွေက ရနိုင်သလောက် လုပ်ငန်းတွေကို ပြန်လည်ပတ် နိုင်အောင် ကြိုးစား နေကြပါတယ် ။ အဲ့ဒိ ပျက်စီးသွားတဲ့ စီးပွားရေး လုပ်ငန်းတွေထဲမှာ လေကြောင်း လိုင်း တွေ က အဆိုးဆုံးပါပဲ ။ ဘယ်လို ရပ်တည်လို့ ရမလဲဆိုတာတောင် တွေးမရဘူး ဖြစ်နေပါ တယ် ။

လေကြောင်းလိုင်းတွေ လည်ပတ်နိုင်ဖို့ အတွက် ပြည်တွင်းမှာ လော့ခ်ဒေါင်းချထားတာ တွေကို ဖြုတ်ပစ်ဖို့ကြိုး စားကြရပါတယ် ။ ပြည်တွင်း လေကြောင်းလိုင်းတွေ လည်ပတ် နိုင်ဖို့ ကြိုးစားနေချိန်မှာ ပြဿနာ တစ်ရပ်က ပေါ်လာပါတယ် ။ အဲ့ဒါက လေယာဉ်မောင် လေယာဉ်မယ်တွေက ခရီးသွား ပြည်သူတွေနဲ့ ဆက်ဆံရလို့ မျက်နှာမှာ မက်စ်တပ် ရပါတယ် ။ ခရီးသည်တွေက သူတို့ကို ဝန်ဆောင်မှု ပေးတဲ့ လေယာဉ်မယ်တွေက ပြုံးပြုံးရွှင်ရွှင် ရှိရဲ့လား ။ မဲ့ရွဲ့ပြီး နေသလားဆိုတာကိုသိချင် နေတာပါပဲ ။

အင်ဒိုနီးရှားနိုင်ငံ ဂါရူဒါလေကြောင်းလိုင်းမှာ အဲ့ဒိ ပြဿနာ တက်နေပါတယ် ။ လေကြောင်းလိုင်းရုံးကို များစွာ သော ခရီးသည်တွေက လေယာဉ်မယ်တွေ မက်စ်တပ်ထားတဲ့အတွက် စိတ်မချမ်းမသာဖြစ်ရတဲ့ အကြောင်းကို စာနဲ့ရော ဖုန်းနဲ့ ပါ ဆက်ပြီး မကျေနပ်တဲ့ အကြောင်း ဆိုကြပါတယ် ။ လေယာဉ်တွေ မက်စ်တပ်တာနဲ့ ပတ်သက်ပြီး ဘာကို မကျေမနပ် ဖြစ်ကြတာလဲ ဆိုတာကို စုံစမ်း ကြည့်တော့ ၊ပထမဆုံးသိရတဲ့ အချက်က လေယာဉ်မယ် တွေက သူတို့ကို ဝန်ဆောင်မှုပေးတဲ့ နေရာမှာ ပြုံးနေလား မဲ့နေလားဆိုတာ ကို မမြင်ရလို့ ပါတယ် ။

နောက်တစ်ချက်က သူတို့ကို မက်စ်တပ်ပြီး ဆက်ဆံတာက သူတို့က ICU ( ဆေးရုံ အရေးပေါ် လူနာခန်း) ထဲကို ရောက်နေသလို ခံစားရလို့တဲ့ ။ နောက်ပြီး လေယာဉ်မယ်တွေသာ PPE ဝတ်စုံဝတ်လိုက်ရင် သူတို့က သေချာပေါက် ICU ထဲရောက်နေတာ ဖြစ်မှာလို့ ဆိုကြတယ် ။ အခုတော့ လေကြောင်းလိုင်းက လေယာဉ်မယ်တွေကို မက်စ် အစား မျက်နှာကာ ဖလင်ကော်ပြားတွေကို တပ်ခိုင်းထားလိုက် ရပါတယ် ။

ဒါကလည်း လောလောဆယ် အနေအထားမှာ ဘာမှ မပြောကြသေးပေမဲ့ နောက်ဆိုရင် သူတို့တွေက ဂြိုဟ်သားတွေနဲ့ ဆက်ဆံနေရတယ်လို့ ပြောမလားပဲ ။ အခုတော့ လေကြောင်းလိုင်းက ဆိုရှယ် ဒစ္စတန့်ဖြစ်အောင် လေယာဉ် ခရီးစဉ် စချိန်ကနေ လေယာဉ်ဆိုက်တဲ့ အထိ နေရမယ်လို့ ဆုံးဖြတ်ချက် ချထားပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; retail new asia

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …