
Knowledge











မောင်ယဿ REF: upi
Photo; WHO

Unicode

လေထုညစ်ညမ်းမှုက လူ့သက်တမ်းကို ၃ နှစ်လျော့ချဟုဆို

ဂျာမဏီနိုင်ငံ မက်စ်ပလန့် တက္ကသိုလ်ဓာတုဗေဒ ဌာနက ရာသီဥတုသိပ္ပံပညာရှင် ဂျော့စ်လီလီဗယ်လ် က ကမ္ဘာ့လေထုညစ်ညမ်းမှုက လူသားတွေရဲ့ ပျှမ်းမျှ သက်တမ်းကို ၃နှစ်စာတိုအောင် လျှော့ချပေး နေတယ်လို့ သူရဲ့ လေ့လာမှု အသစ်တစ်ရပ်ကနေ ဆိုလိုက်ပါ တယ်။

လေထုညစ်ညမ်းမှုက ဆေးလိပ်သောက်ခြင်း စစ်ပွဲ အေအိုင်ဒီအက်စ် ငှက်ဖျား တို့ ထက်ပိုပြီးကြောက်စရာကောင်းပြီးတော့ ပိုပြီး လူ့သက်တမ်းကို လျှော့ချနိုင်တယ်လို့ သူကဆိုတယ်။

အင်္ဂါ နေ့ထုတ် နလုံးသွေးကြောဆိုင်ရာ ဂျာနယ်ထဲမှာ သူနဲ့ နိုင်ငံတကာ သိပ္ပံပညာရှင်တွေ ပေါင်းပြီး လူ့သက်တမ်း အသေအပျောက်နှုန်းနဲ့ လေထုညစ်ညမ်းမှု ဆက်စပ်ပုံကို လေ့လာခဲ့ကြပါတယ်လို့ ဖော်ပြပါရှိပါတယ်။

သူတို့လုပ်ခဲ့တဲ့ စစ်တမ်းအရ လေထုညစ်ညမ်းမှုကြောင့် ၂၀၁၅ ခုနှစ်တုန်းက အရွယ်မတိုင်ခင် သေဆုံးမှု ၉သန်းနီးပါ လောက် ရှိတယ်လို့ ဆိုတယ်။

လူ့သက်တမ်း တိုတောင်းမှု မျှော်လင့်ကြိမ်နှုန်းက ၃ နှစ်ရှိပါတယ်။ ဆေးလိပ်သောက်ခြင်း ကြောင့် ၂ နှစ်နီးပါး စောသေတာနဲ့ ယှဉ်ကြည့်လိုက်ရင် လေထုညစ်ညမ်းမှု က ပိုဆိုးတာကို တွေ့ရပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်တဲ့ ရောဂါတွေကို အုပ်စု ၆ စုခွဲလို့ ရပါတယ်။ အသက်ရှုလမ်းကြောင်း ကူးစပ်မှု ဝင်ခြင်း ၊ နာတာရှည် အဆုပ်ရောဂါရခြင်း ၊ အဆုပ်ကင်ဆာ ၊ နလုံးရောဂါ ၊ လေဖြတ်ခြင်းကို ဖြစ်စေတဲ့ ဦးနှောက်သွေးကြောပိတ်ရောဂါ ၊ သွေးတိုး ဆီးချို လို ကူးစပ်မှု မရှိနိုင်တဲ့ ရောဂါ တွေပဲ ဖြစ်ပါတယ်။

နလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေက ကမ္ဘာ လူ့ သက်တမ်းကို လျှော့ချနိုင်တဲ့ ပမာဏက ၄၃% ရှိပါတယ်။ သွေးတိုး ဆီးချို လေဖြတ်လေငန်း နလုံးရောဂါနဲ့ နလုံးအားနည်းရောဂါတွေ အားလုံးက လေထုညစ်ညမ်းမှုကို အခြေခံတဲ့ အောက်ဆီဂျင် ရရှိမှု နည်းပါးခြင်းကြောင့် ဖြစ်တာပါ။

အသက်၆၀ အထက် အရွယ်မတိုင်မီ သေဆုံးသူ ၇၅% က လေထုညစ်ညမ်းမှုလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

လေထုညစ်ညမ်းမှုက တောမီးလောင်တာနဲ့ ဖုန်မုန်တိုင်း တိုက်လို့ ဖြစ်နေရကတည်းကနေ စက်ရုံ မီးခိုခေါင်းတိုင်တွေ ထည့်ပေါင်းလိုက်တော့ ပိုဆိုးကုန်တာပေါ့။ အချိန်မတိုင်မီ သေဆုံးခြင်းက ချမ်းသာတဲ့ နိုင်ငံတွေမှာ ၈၀% ဖြစ်ပွားနေပါတယ်။

မောင်ယဿ REF: upi
Photo; WHO

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂ (၁)မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ လမ်းတိုင်း၊လမ်းတိုင်းတွင် ခြုံနွယ်ပိတ်ပေါင်းများကင်းစင်စေရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်ပုံ၊ရေပုပ်ရေကန်စ သည့် အပုပ်နံ့၊အညီနံ့ အကောင်းသည့်အနံ့အသက်များထွက်ပေါ်နေသည့် နေရာများကိုအနံ့အသက်ကင်းပျောက်စေရန် စီမံပြုလုပ်ခြင်း၊တံမြက်စည်းလှဲ၍ သန့်ရှင်းအောင်ပြုလုပ်ထားခြင်း၊လူမနေသည့် အိမ်၊အိမ်အိုအိမ်ပျက်၊တဲအိုတဲပျက်များကို ခွင့်ပြုချက်ယူ၍ ဖြိုဖျက်ခြင်း၊လူအစောင့်အရှောက်ထားစေခြင်းတို့ ကိုစီမံပြုလုပ်ထားရပါမည်။ဖျားနာနေသောလူနာများရှိလျှင် ဆေးဝါးကုသပေးခြင်း၊ဆေးရုံ၊ဆေးခန်း၊ဒေသန်္တရကျန်းမာရေးဌာနများသို့ပို့ဆောင်ပေးခြင်းတို့ ကိုပါပြုလုပ်ပေးရပါမည်။ (၂) ရပ်ကွပ်၊ကျေးရွာများရှိ လူကြီး၊လူငယ်၊ပရဟိတအဖွဲ့များသည် မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ ရဟန်းသံဃာတော်များထံသို့သွားရောက်ပြီး အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ရန်အတွက် လျှောက်ထားပြီး ရပ်ကွပ်၊ကျေးရွာအတွင်း၌ အန်္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများကျင်းပနိုင်ရန်အတွက် စနစ်တ ကျစီစဉ်ပြီး ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကြီးများကို ပြုလုပ်ပေး၍ ရပ်ကွပ်၊ကျေးရွာအနှံ့တွင် ပရိတ်ရေစင်များပက်ဖျန်းပေးရပါမည်။ထို့အပြင် အသံမစဲမဟာပဋ္ဌာန်း ပွဲကြီးကိုပါစီစဉ်၍ကျင်းပပြုလုပ်ပေးရပါမည်။ပဋ္ဌာန်းပွဲပြီးလျှင် ပဋ္ဌာန်းရေစင်များကိုလည်း အထက်ပါနည်းအတိုင်း ရပ်ကွပ်၊ကျေးရွာအနှံ့တွင် အန္တရာယ်ကင်း စေရန်အတွက် ပက်ဖျန်းပေးရပါမည်။ဤနည်းအတိုင်း မြို့နယ်၊တိုင်းဒေသကြီး၊ပြည်နယ်များတွင်ပါ …

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း” (၂) သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရမည်။ (၁) အရက်သေစာ၊မူးယစ်ဆေးဝါး သုံးစွဲခြ င်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားသောအမှုကိုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားမှုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၄) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ကြဉ်ရမည်။ (၅) မဟုတ်မမှန်သောမုသားစကားပြောဆိုခြင်းမှရှောင်ကြဉ်ရမည်။ (၆) ကပ်ရောဂါပိုဆိုးလာလျှင်(သို့မဟုတ်)ယခုအချိန်မှစတင်၍ သက်သတ်လွတ်ကိုသာစားလျှင်ပို၍ကောင်းပါသည်။ (၇) ရတနသုတ်ပရိတ်တော်ကြီးနှင့်ဘုရားခုနှစ်ဆူ စက်ပရိတ်တော်ကြီးကို နေ့၊ညမှန်မှန်ရွတ်ဖတ်ပူဇော်ရမည်။(အခေါက်ရေများများရွတ်နိုင်လေပိုကောင်း လေဖြစ်၏) (၈) ပရိတ်ချည်၊ပရိတ်ကြိုးများကို ကိုယ်မှာဆောင်ထားရမည်။ဆောင်ထားရမည်ဆိုသည်မှာ လယ်တီဆရာတော်ဘုရားကြီးက အတိအကျလမ်းညွှန်ထား သည်မှာ လည်ပင်းတွင်လည်းဆွဲထားရမည်။ထို့အတူလက်ကောင်ဝတ်နှစ်ဘက်တွင်လည်းချည်ထားရမည်ဟု ညွှန်ကြားထားသည့်အတွက်ထိုအတိုင်း ဆောင်ထားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (၉) တုတ်၊ဓားလက်နက်၊လေးခွတို့ကိုဆောင်ထားပါ။ဘီလူးသားဘက်တို့သည် ၎င်းင်းတို့၏တန်ခိုးဖြင့်ကိုယ်ယောင်ဖျောက်ထားနိုင်သော်လည်း တုတ်၊ဓား လက်နက်၊ဆူးချွန်၊လေးခွတို့ကို မကာကွယ်နိုင်သဖြင့်အလွန်ကြောက်ကြ၏။ထို့ကြောင့်လက်နက်တို့နှင့်ဝေးရာသို့ ရှောင်ရှားထွက်ပြေးကြ၏။မိမိတို့ကိုအန္တရာယ်ပေးခြင်း၊ဖမ်းစားခြင်းမပြုနိုင်ဟု ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ကိုယ်တွေ့နှိမ်နင်းနိုင်ခဲ့သည့်နည်းလမ်းဖြစ်ကြောင်းကိုမိန့်ဆိုထားလေ၏။ ထို့ကြောင့် ထို့ကြောင့်လမ်းသွားလမ်းလာပြုသောအခါတွင် တုတ်၊ဓားလက်နက်ဆောင်၍ရသောနယ်များတွင်၊တုတ်၊ဓားလက်နက်များကိုဆောင်သွားပါ။အ နည်းဆုံး …

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
Knowledge
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့ ချစ်ပြီးမှ လမ်းခွဲစကား ပြောဖို့က တကယ်တော့ အားနာဖို့ကောင်းတယ် ။ တစ်ယောက် အကြောင်းလည်း တစ်ယောက် သိနေပြီ ။ တစ်ယောက် အားနည်းချက် ကိုလည်း မြင်ပြီးမှ အဲဒါကို နင်းပြီး လမ်းခွဲ လိုက်ကြတာ ဘယ်ကောင်းမလဲ ။ တကယ် နှစ်နှစ်ကာကာ ချစ်တဲ့ သူတွေ ဆိုရင် နစ်နာပါတယ် ။ ချစ်တယ် ဆိုတဲ့ စကားလုံးကို လိင် စိတ်ဖြေဖို့အတွက် သက်သက် အငှားသုံးတဲ့သူတွေကို မဆိုလိုပါဘူး ။ အပြန်အလှန် ချစ်မိကြလို့ အကြောင်းကြောင်းကြောင့် လမ်းမခွဲချင်ဘူး ဆိုရင်တော့ အောက်မှာ အကြံပြုထားတာကို လိုက်နာကြည့်ပါလား။ ၁။ အပြုသဘောဆောင်တဲ့ …