ေရပမာဏနဲ႔ ကိုယ္အေလးခ်ိန္ က်ဆင္းမႈ
- By : Phoe Linn
- Category : beauty-tip

ေရပမာဏနဲ႔ ကိုယ္အေလးခ်ိန္ က်ဆင္းမႈ
ေရဟာ ကိုယ္အေလးခ်ိန္ က်ဆင္းမႈကို အားေပးတယ္ဆိုတာေတာ့ လူအေတာ္မ်ားမ်ား သိၿပီးျဖစ္ေပမဲ့ ေရဘယ္ေလာက္ ပမာဏ ေသာက္သုံးသင့္သလည္း ဆိုတာကိုေတာ့ ေသခ်ာသိဖို႔ လိုပါတယ္ ။
ကိုယ္ အေလးခ်ိန္ က်ဆင္းေအာင္ ေရပမာဏ ဘယ္ေလာက္ ေသာက္ရမွာလည္း အျမန္ဆုံး ဝိတ္ျပန္က်ဖို႔ ေသာက္ရမဲ့ ေရပမာဏကို သိၿပီဆိုမွ မိမိရဲ႕ဝိတ္နဲ႔ မိမိေသာက္သုံးမဲ့ ေရပမာဏကို ခ်င့္ခ်ိန္ႏိုင္မွာ ျဖစ္ပါတယ္ ။
ကိုယ္အေလးခ်ိန္ က်ဖို႔
ေရဟာ ခႏၶာကိုယ္အေလးခ်ိန္ရဲ႕ ၆၆ ရာခိုင္ႏူွန္း အထိ ပါဝင္တာမို႔ ကိုယ္ အေလးခ်ိန္ က်ဆင္းရန္ အေကာင္းဆုံး အကူညီ ျဖစ္ပါတယ္ ။ ေရေသာက္မ်ားရင္ ၿပီးတယ္လို႔ မထင္ပါနဲ႔ လိုအပ္တဲ့ ေရပမာဏထက္ အလြန္အကြၽံ ေသာက္မိတယ္ ဆိုရင္ ခႏၶာကိုယ္ အတြင္း ဓာတ္ဆား မညီမွ်မႈ ေတြ ျဖစ္ေပၚလာၿပီး ပ်ိဳ႕အန္ျခင္းနဲ႔ေခါင္းကိုက္ျခင္း ေဝဒနာတို႔ကို ခံစားရ ႏိုင္ပါတယ္ ။
တစ္ေန႔တာ ေရပမာဏ
အေကာင္းဆုံးကေတာ့ ၈×၈ နည္းလမ္းပဲ ျဖစ္ပါတယ္ ။ ဒီနည္းလမ္းက ဒီလိုပါ ရွစ္ေအာင္စ ရွိတဲ့ေရရွစ္ခြက္ကို ေသာက္ရမယ္လို႔ ဆိုတာပါပဲ ။
ဒီပမာဏကေတာ့ ေရႏွစ္လီတာနဲ႔ ညီမွ် တယ္လို႔ ဆိုပါတယ္ ။
ဒါေမမဲ့ သုေတသီေတြရဲ႕အဆိုကေတာ့ ေရကိုတစ္ေန႔လွ်င္ ေလးလီတာေသာက္ ဖို႔လိုအပ္တယ္လို႔ေတာ့ဆိုထားျပန္ပါတယ္။အဓိကကေတာ့ သင့္ခႏၶာကိုယ္အခ်ိဳးအစား သင့္ရဲ႕ႀကံခိုင္မႈ စားေသာက္မႈပုံစံနဲ႔ အိပ္စက္မႈအေနအထားအေပၚ လိုက္ၿပီး ေရေသာက္ရမဲ့ပမာဏေျပာင္းလဲႏိုင္တာပဲျဖစ္ပါတယ္ ။
သင္ဟာ ဘယ္လိုပဲ ျဖစ္ျဖစ္ ကိုယ္အေလးခ်ိန္က်ဆင္းဖို႔ကို ေလ့က်င့္ခန္း ျပဳလုပ္မွာ မလြဲေပ ။ ဒါဆိုရင္ ေလ့က်င့္ခန္း ျပဳလုပ္အၿပီးမွာ ေရဓာတ္ ျပန္လည္ျဖည့္တင္းရမယ္ ဆိုတာကို လုံးဝ ေမ့လို႔မျဖစ္ပါ ။ ေရဓာတ္ခ်ိဳ႕တဲ့ တာေၾကာင့္ ေခါင္းကိုက္တာ ေခါင္းမူးတာေတြ ျဖစ္လာ ႏိုင္ပါတယ္ ။
ေရဓာတ္ဆိုတဲ့ ေနရာမွာ ေရတစ္မ်ိဳးတည္းလို႔ မွတ္မထားလိုက္ ပါနဲ႔ အျခားေသာ အရည္မ်ားျဖစ္တဲ့ ေဖ်ာ္ရည္ ေကာ္ဖီ လက္ဘက္ရည္ စတဲ့အရည္မ်ိဳး ကိုလည္းထည့္တြက္ရမွာ ျဖစ္ပါတယ္ ။
ထို႔အျပင္ အရည္း႐ႊမ္းတဲ့သစ္သီးမ်ားျဖစ္ေသာ သခြားသီး၊ ဖရဲသီး၊ လိေမၼာ္သီး စတာေတြကိုလည္း ထည့္တြက္ၿပီးစားေပးရမွာျဖစ္ပါတယ္ ။
ေန႔စဥ္ ေသာက္ရန္ ေရပမာဏတြက္ပုံ
သင္ေန႔စဥ္ ေသာက္ရန္ ေရပမာဏကို တြက္ခ်က္ရမဲ့ နည္းလမ္းေတြကေတာ့…
၁..သင့္ကိုယ္အေလးခ်ိန္ကို တိုင္းပါ
သင့္ကိုယ္အေလးခ်ိန္မ်ားေလ ေရေသာက္ရမဲ့ပမာဏမ်ားေလပါပဲ ။
၂.. သင့္ကိုယ္အေလးခ်ိန္ကို ေပါင္ဖြဲ႕ပါ
တစ္ကီလိုဟာ ၂.၂ ေပါင္ျဖစ္ပါတယ္ ။
သင့္ ကိုယ္အေလးခ်ိန္ ေပါင္ကို သုံးနဲ႔စားၿပီး ႏွစ္နဲ႔ေျမႇာက္ပါ ရရွိတဲ့ အေလးခ်ိန္နဲ႔ အညီ ေရပမာဏကိုေအာင္စျဖင့္တြက္ကာ ေသာက္သုံးေပးရမွာျဖစ္ပါတယ္ ။
သာမန္ဝတဲ့ လူေတြအတြက္ကေတာ့
၁…ေရမငတ္ေသးခင္မွာပဲေရကို သတိထားေသာက္ေပးပါ ။
သင့္ခႏၶာကိုယ္ဟာ နဂိုကတည္းက ေရဓာတ္ခ်ိဳ႕တဲ့ေနတာမို႔ ကိုယ္တြင္းအဂၤါေတြ ဟာ ဦးေႏွာက္ကိုအခ်က္ျပ ေနတာမို႔ တစ္ေန႔တာလုံးအတြက္ ေရနည္းနည္းစီနဲ႔ အႀကိမ္ေရ မ်ားမ်ား ေသာက္ရမွာျဖစ္ပါတယ္ ။
၂..ေလ့က်င့္ခန္းလုပ္သူေတြ ကေတာ့
ေရကိုပိုေသာက္ဖို႔လိုပါတယ္ ။ ေလ့က်င့္ခန္းၿပီးစမွာ ခ်က္ျခင္းေရကိုမ်ားစြာ အဆက္မျပတ္ေမာ့မေသာက္ပါနဲ႔ နည္းနည္းခ်င္းသာ ငုံ၍ ေသာက္ရပါမယ္ ။
မိမိေသာက္မဲ့ ေရထဲမွာ ေရွာက္သံပုရာရည္နဲ႔ ပူစီနံ႐ြက္ တို႔ကို ထည့္ၿပီးလည္း ေသာက္ႏိုင္ပါတယ္ ။
ေရေသာက္႐ုံနဲ႔ ဝိတ္က်ႏိုင္တာ ဆိုေတာ့ အေတာ့္ကို သက္ေတာင့္ သက္သာရွိလွတဲ့ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်နည္းပဲ မဟုတ္ပါလား ။
မွတ္မွတ္ရရ ျပဳလုပ္ၾကည့္ၾကပါစို႔….။
စႏၵီျမင့္မိုရ္#
Unicode
ရေပမာဏနဲ့ ကိုယ်အလေးချိန် ကျဆင်းမှု
ရေဟာ ကိုယ်အလေးချိန် ကျဆင်းမှုကို အားပေးတယ်ဆိုတာတော့ လူအတော်များများ သိပြီးဖြစ်ပေမဲ့ ရေဘယ်လောက် ပမာဏ သောက်သုံးသင့်သလည်း ဆိုတာကိုတော့ သေချာသိဖို့ လိုပါတယ် ။
ကိုယ် အလေးချိန် ကျဆင်းအောင် ရေပမာဏ ဘယ်လောက် သောက်ရမှာလည်း အမြန်ဆုံး ဝိတ်ပြန်ကျဖို့ သောက်ရမဲ့ ရေပမာဏကို သိပြီဆိုမှ မိမိရဲ့ဝိတ်နဲ့ မိမိသောက်သုံးမဲ့ ရေပမာဏကို ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ် ။
ကိုယ်အလေးချိန် ကျဖို့
ရေဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၆၆ ရာခိုင်နူှန်း အထိ ပါဝင်တာမို့ ကိုယ် အလေးချိန် ကျဆင်းရန် အကောင်းဆုံး အကူညီ ဖြစ်ပါတယ် ။ ရေသောက်များရင် ပြီးတယ်လို့ မထင်ပါနဲ့ လိုအပ်တဲ့ ရေပမာဏထက် အလွန်အကျွံ သောက်မိတယ် ဆိုရင် ခန္ဓာကိုယ် အတွင်း ဓာတ်ဆား မညီမျှမှု တွေ ဖြစ်ပေါ်လာပြီး ပျို့အန်ခြင်းနဲ့ခေါင်းကိုက်ခြင်း ဝေဒနာတို့ကို ခံစားရ နိုင်ပါတယ် ။
တစ်နေ့တာ ရေပမာဏ
အကောင်းဆုံးကတော့ ၈×၈ နည်းလမ်းပဲ ဖြစ်ပါတယ် ။ ဒီနည်းလမ်းက ဒီလိုပါ ရှစ်အောင်စ ရှိတဲ့ရေရှစ်ခွက်ကို သောက်ရမယ်လို့ ဆိုတာပါပဲ ။
ဒီပမာဏကတော့ ရေနှစ်လီတာနဲ့ ညီမျှ တယ်လို့ ဆိုပါတယ် ။
ဒါမေမဲ့ သုတေသီတွေရဲ့အဆိုကတော့ ရေကိုတစ်နေ့လျှင် လေးလီတာသောက် ဖို့လိုအပ်တယ်လို့တော့ဆိုထားပြန်ပါတယ်။အဓိကကတော့ သင့်ခန္ဓာကိုယ်အချိုးအစား သင့်ရဲ့ကြံခိုင်မှု စားသောက်မှုပုံစံနဲ့ အိပ်စက်မှုအနေအထားအပေါ် လိုက်ပြီး ရေသောက်ရမဲ့ပမာဏပြောင်းလဲနိုင်တာပဲဖြစ်ပါတယ် ။
သင်ဟာ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်အလေးချိန်ကျဆင်းဖို့ကို လေ့ကျင့်ခန်း ပြုလုပ်မှာ မလွဲပေ ။ ဒါဆိုရင် လေ့ကျင့်ခန်း ပြုလုပ်အပြီးမှာ ရေဓာတ် ပြန်လည်ဖြည့်တင်းရမယ် ဆိုတာကို လုံးဝ မေ့လို့မဖြစ်ပါ ။ ရေဓာတ်ချို့တဲ့ တာကြောင့် ခေါင်းကိုက်တာ ခေါင်းမူးတာတွေ ဖြစ်လာ နိုင်ပါတယ် ။
ရေဓာတ်ဆိုတဲ့ နေရာမှာ ရေတစ်မျိုးတည်းလို့ မှတ်မထားလိုက် ပါနဲ့ အခြားသော အရည်များဖြစ်တဲ့ ဖျော်ရည် ကော်ဖီ လက်ဘက်ရည် စတဲ့အရည်မျိုး ကိုလည်းထည့်တွက်ရမှာ ဖြစ်ပါတယ် ။
ထို့အပြင် အရည်းရွှမ်းတဲ့သစ်သီးများဖြစ်သော သခွားသီး၊ ဖရဲသီး၊ လိမ္မော်သီး စတာတွေကိုလည်း ထည့်တွက်ပြီးစားပေးရမှာဖြစ်ပါတယ် ။
နေ့စဉ် သောက်ရန် ရေပမာဏတွက်ပုံ
သင်နေ့စဉ် သောက်ရန် ရေပမာဏကို တွက်ချက်ရမဲ့ နည်းလမ်းတွေကတော့…
၁..သင့်ကိုယ်အလေးချိန်ကို တိုင်းပါ
သင့်ကိုယ်အလေးချိန်များလေ ရေသောက်ရမဲ့ပမာဏများလေပါပဲ ။
၂.. သင့်ကိုယ်အလေးချိန်ကို ပေါင်ဖွဲ့ပါ
တစ်ကီလိုဟာ ၂.၂ ပေါင်ဖြစ်ပါတယ် ။
သင့် ကိုယ်အလေးချိန် ပေါင်ကို သုံးနဲ့စားပြီး နှစ်နဲ့မြှောက်ပါ ရရှိတဲ့ အလေးချိန်နဲ့ အညီ ရေပမာဏကိုအောင်စဖြင့်တွက်ကာ သောက်သုံးပေးရမှာဖြစ်ပါတယ် ။
သာမန်ဝတဲ့ လူတွေအတွက်ကတော့
၁…ရေမငတ်သေးခင်မှာပဲရေကို သတိထားသောက်ပေးပါ ။
သင့်ခန္ဓာကိုယ်ဟာ နဂိုကတည်းက ရေဓာတ်ချို့တဲ့နေတာမို့ ကိုယ်တွင်းအင်္ဂါတွေ ဟာ ဦးနှောက်ကိုအချက်ပြ နေတာမို့ တစ်နေ့တာလုံးအတွက် ရေနည်းနည်းစီနဲ့ အကြိမ်ရေ များများ သောက်ရမှာဖြစ်ပါတယ် ။
၂..လေ့ကျင့်ခန်းလုပ်သူတွေ ကတော့
ရေကိုပိုသောက်ဖို့လိုပါတယ် ။ လေ့ကျင့်ခန်းပြီးစမှာ ချက်ခြင်းရေကိုများစွာ အဆက်မပြတ်မော့မသောက်ပါနဲ့ နည်းနည်းချင်းသာ ငုံ၍ သောက်ရပါမယ် ။
မိမိသောက်မဲ့ ရေထဲမှာ ရှောက်သံပုရာရည်နဲ့ ပူစီနံရွက် တို့ကို ထည့်ပြီးလည်း သောက်နိုင်ပါတယ် ။
ရေသောက်ရုံနဲ့ ဝိတ်ကျနိုင်တာ ဆိုတော့ အတော့်ကို သက်တောင့် သက်သာရှိလှတဲ့ ကိုယ်အလေးချိန် လျှော့ချနည်းပဲ မဟုတ်ပါလား ။
မှတ်မှတ်ရရ ပြုလုပ်ကြည့်ကြပါစို့….။
စန္ဒီမြင့်မိုရ်#
No Comments