ေရခဲတုံးႀကီးေပၚကို ေမ်ာပါသြားတဲ့ ငါးဖမ္းသမား ၅၀၀ ေက်ာ္ကိုကယ္တင္ခဲ့

ေရခဲတုံးႀကီးေပၚကို ေမ်ာပါသြားတဲ့ ငါးဖမ္းသမား ၅၀၀ ေက်ာ္ကိုကယ္တင္ခဲ့
International-news

ေရခဲတုံးႀကီးေပၚကို ေမ်ာပါသြားတဲ့ ငါးဖမ္းသမား ၅၀၀ ေက်ာ္ကိုကယ္တင္ခဲ့

႐ုရွား အေရးေပၚ ကယ္ဆယ္ေရး တပ္ဖြဲ႕ ေတြက ဆာဗီးယားအေရွ႕ဘက္ ကမ္းလြန္ကြၽန္း ကေန ျပတ္ထြက္သြားတဲ့ ေရခဲတုံးႀကီး နဲ႔ ေရခဲတုံးေလးေတြ ေပၚမွာ ေမ်ာပါသြားတဲ့ ငါးဖမ္းသမား ၅၀၀ ေက်ာ္ကို ကယ္တင္ခဲ့ရပါတယ္။

ဆာခါလင္းကြၽန္းေပၚမွာ ငါးဖမ္းထြက္ၾကတဲ့ ငါးဖမ္းသမားေတြက သူတို႔ ရွိေနတဲ့ ေရခဲျပင္ႀကီး က ကြၽန္းကေန ျပတ္ထြက္ၿပီး ပင္လယ္ထဲ ေမ်ာပါေနတာကို အစပထမက သတိမထားမိလိုက္ၾကပါဘူး။ သူတို႔ သတိထားမိခ်ိန္မွာ ေရခဲျပင္ႀကီးက ကမ္းနဲ႔ ေတာ္ေတာ္ လွမ္းေနပါၿပီ။ ေရခဲျပင္ႀကီးေပၚမွာ စုစုေပါင္း ငါးဖမ္းသမား ၅၃၆ ေယာက္ ရွိပါတယ္။

အဲ့ေတာ့ အခ်ိဳ႕က သူတို႔မွာပါတဲ့ ပစၥည္းေတြနဲ႔ ေရခဲျပင္ အစပ္ေတြကို ခ်ိဳးဖ်က္ၿပီး ေဖာင္ပုံစံလုပ္ကာ ကမ္စပ္ဆီသို႔ ျပန္လာခဲ့ၾကပါတယ္။ သူတို႔ေတြ ေအာ္ဟစ္အကူ အညီေတာင္းလို႔ ကမ္းေျခေစာင့္တပ္ရယ္ အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕ရယ္ ေပါင္းၿပီး ၇ နာရီ ၾကာေအာင္ ကယ္ဆယ္ေရး လုပ္ခဲ့ရပါတယ္။

ေရခဲတုံးႀကီးေပၚကို ေမ်ာပါသြားတဲ့ ငါးဖမ္းသမား ၅၀၀ ေက်ာ္ကိုကယ္တင္ခဲ့1

အခ်ိဳ႕ ငါးဖမ္းသမား ေတြဆိုရင္ သူတို႔ကို ကယ္ဆယ္ၿပီးတဲ့အခ်ိန္မွာ ကမ္းစပ္ကေန မီတာ၂၀၀ ေက်ာ္ ပင္လယ္ထဲကို ေမ်ာပါၿပီး ကြာေနပါၿပီ။ အဲ့လို ေရခဲ အတုံးလိုက္ႀကီး ပင္လယ္ထဲကို ေမ်ာပါတာက ဒီတစ္ခါနဲ႔ဆို ၃ ခါရွိပါၿပီ။ ၿပီးခဲ့တဲ့ ဗုဒၶဟူး ေန႔က လူ ၃၀၀ ေက်ာ္နဲ႔ တနဂၤေႏြ ေန႔က လူ၆၀၀ ေက်ာ္ကို ကယ္တင္ ခဲ့ရပါေသးတယ္။

ေဒသခံ အာဏါပိုင္ေတြက ငါးဖမ္းသမားေတြက အမႈမဲ့ အမွတ္မဲ့ ေနတတ္လြန္း တယ္လို႔ အျပစ္တင္ေပမဲ့ တကယ့္ လက္ေတြ႕မွာ ျပတ္ထြက္တဲ့ ေရခဲတုံးေတြက အလြန္ ႀကီးလြန္းေတာ့ ႐ုတ္တရက္ မျမင္ႏိုင္တဲ့အျပင္ ကမ္းေျခနဲ႔ ေဝးသြားမွသာ သတိထားမိၾကတာပါ။

ေရခဲတုံးႀကီးေပၚကို ေမ်ာပါသြားတဲ့ ငါးဖမ္းသမား ၅၀၀ ေက်ာ္ကိုကယ္တင္ခဲ့2

ဒါအျပင္ ဒီအခ်ိန္မွာကလည္း ငါးအလြန္မိတာေၾကာင့္လည္း ပါပါတယ္။ ေရခဲတုံးႀကီး ေပၚကေန ေရေအာက္ငါးေတြကို ဖမ္းဆီးရင္း ငါးေတြက တစ္ေကာင္ၿပီးတစ္ေကာင္ မိေနေတာ့ ပတ္ဝန္းက်င္ကို သတိ မထားမိခဲ့ၾကပါဘူး။

ေမ်ာလို႔ ေမ်ာမွန္းလည္း မသိပါဘူး။ ေရခဲတုံး ျပဳတ္ ထြက္သြားခ်ိန္မွာ ျပဳတ္လို႔ ျပဳတ္မွန္း မသိေအာင္ကို ညင္သာတာလည္း ပါပါတယ္လို႔ ေရခဲတုံးေပၚ ေမ်ာပါသြားတဲ့သူက ဆိုတယ္။

ေမာင္ယႆ
REF: euronews

Unicode

ရေခဲတုံးကြီးပေါ်ကို မျောပါသွားတဲ့ ငါးဖမ်းသမား ၅၀၀ ကျော်ကိုကယ်တင်ခဲ့

ရုရှား အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့ တွေက ဆာဗီးယားအရှေ့ဘက် ကမ်းလွန်ကျွန်း ကနေ ပြတ်ထွက်သွားတဲ့ ရေခဲတုံးကြီး နဲ့ ရေခဲတုံးလေးတွေ ပေါ်မှာ မျောပါသွားတဲ့ ငါးဖမ်းသမား ၅၀၀ ကျော်ကို ကယ်တင်ခဲ့ရပါတယ်။

ဆာခါလင်းကျွန်းပေါ်မှာ ငါးဖမ်းထွက်ကြတဲ့ ငါးဖမ်းသမားတွေက သူတို့ ရှိနေတဲ့ ရေခဲပြင်ကြီး က ကျွန်းကနေ ပြတ်ထွက်ပြီး ပင်လယ်ထဲ မျောပါနေတာကို အစပထမက သတိမထားမိလိုက်ကြပါဘူး။ သူတို့ သတိထားမိချိန်မှာ ရေခဲပြင်ကြီးက ကမ်းနဲ့ တော်တော် လှမ်းနေပါပြီ။ ရေခဲပြင်ကြီးပေါ်မှာ စုစုပေါင်း ငါးဖမ်းသမား ၅၃၆ ယောက် ရှိပါတယ်။

ေရခဲတုံးႀကီးေပၚကို ေမ်ာပါသြားတဲ့ ငါးဖမ္းသမား ၅၀၀ ေက်ာ္ကိုကယ္တင္ခဲ့3

အဲ့တော့ အချို့က သူတို့မှာပါတဲ့ ပစ္စည်းတွေနဲ့ ရေခဲပြင် အစပ်တွေကို ချိုးဖျက်ပြီး ဖောင်ပုံစံလုပ်ကာ ကမ်စပ်ဆီသို့ ပြန်လာခဲ့ကြပါတယ်။ သူတို့တွေ အော်ဟစ်အကူ အညီတောင်းလို့ ကမ်းခြေစောင့်တပ်ရယ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ရယ် ပေါင်းပြီး ၇ နာရီ ကြာအောင် ကယ်ဆယ်ရေး လုပ်ခဲ့ရပါတယ်။

အချို့ ငါးဖမ်းသမား တွေဆိုရင် သူတို့ကို ကယ်ဆယ်ပြီးတဲ့အချိန်မှာ ကမ်းစပ်ကနေ မီတာ၂၀၀ ကျော် ပင်လယ်ထဲကို မျောပါပြီး ကွာနေပါပြီ။ အဲ့လို ရေခဲ အတုံးလိုက်ကြီး ပင်လယ်ထဲကို မျောပါတာက ဒီတစ်ခါနဲ့ဆို ၃ ခါရှိပါပြီ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က လူ ၃၀၀ ကျော်နဲ့ တနင်္ဂနွေ နေ့က လူ၆၀၀ ကျော်ကို ကယ်တင် ခဲ့ရပါသေးတယ်။

ဒေသခံ အာဏါပိုင်တွေက ငါးဖမ်းသမားတွေက အမှုမဲ့ အမှတ်မဲ့ နေတတ်လွန်း တယ်လို့ အပြစ်တင်ပေမဲ့ တကယ့် လက်တွေ့မှာ ပြတ်ထွက်တဲ့ ရေခဲတုံးတွေက အလွန် ကြီးလွန်းတော့ ရုတ်တရက် မမြင်နိုင်တဲ့အပြင် ကမ်းခြေနဲ့ ဝေးသွားမှသာ သတိထားမိကြတာပါ။

ဒါအပြင် ဒီအချိန်မှာကလည်း ငါးအလွန်မိတာကြောင့်လည်း ပါပါတယ်။ ရေခဲတုံးကြီး ပေါ်ကနေ ရေအောက်ငါးတွေကို ဖမ်းဆီးရင်း ငါးတွေက တစ်ကောင်ပြီးတစ်ကောင် မိနေတော့ ပတ်ဝန်းကျင်ကို သတိ မထားမိခဲ့ကြပါဘူး။

မျောလို့ မျောမှန်းလည်း မသိပါဘူး။ ရေခဲတုံး ပြုတ် ထွက်သွားချိန်မှာ ပြုတ်လို့ ပြုတ်မှန်း မသိအောင်ကို ညင်သာတာလည်း ပါပါတယ်လို့ ရေခဲတုံးပေါ် မျောပါသွားတဲ့သူက ဆိုတယ်။

မောင်ယဿ
REF: euronews

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …