ေယာက္်ားလွ်ာကိုႏွစ္ေတြ အၾကာႀကီးပိုးခဲ့ရတဲ့ ကီႏူးရိဗ္

ေယာက္်ားလွ်ာကိုႏွစ္ေတြ အၾကာႀကီးပိုးခဲ့ရတဲ့ ကီႏူးရိဗ္
Entertainment

ေယာက္်ားလွ်ာကိုႏွစ္ေတြ အၾကာႀကီးပိုးခဲ့ရတဲ့ ကီႏူးရိဗ္

၂၀၁၉ ႏိုဝင္ဘာလတုန္းက ေလာ့စ္အိန္ဂ်လိစ္က LACMA ပန္းခ်ီနဲ႔ ႐ုပ္ရွင္ ျပခန္းဖြင့္ပြဲ ကို မက္ထရစ္ ႐ုပ္ရွင္ကားထဲက မင္းသား ကီႏူးရိဗ္က အလက္ဇန္ဒါ ဂရန႔္နဲ႔ စုံတြဲခုတ္လာေတာ့ အားလုံးကေတာ္ေတာ္ အံအားသင့္ခဲ့ၾကတယ္။ သူတို႔ ၂ ေယာက္ တြဲေနၾကတာကို ပရိသက္ေတြ ရိပ္မိၾကေပမဲ့ ဒီလို လူသိထင္ရွာ တြဲျပလိမ့္မယ္လို႔ ဘယ္သူကမွ မထင္ခဲ့ၾကပါဘူး။ ေနာက္ၿပီးေတာ့ သူတို႔ ၂ ေယာက္တြဲ ေနတာ က ႏွစ္ေတာ္ေတာ္ ၾကာၿပီဆိုတာကိုလည္း ဘယ္သူမွမသိၾကပါဘူး။ ဂြၽန္ဝစ္မင္းသား (၅၅ႏွစ္) ရဲ႕ရီးစားေဟာင္းျဖစ္သူ ဂ်နီဖာေတလီ(၆၁ႏွစ္) က ပန္းခ်ီဆရာမ အလက္ဇန္းဒါးဂရန႔္ (၄၇ႏွစ္) ကို ကီႏူးရိဗ္ ပိုးပန္းေနတာ ႏွစ္ေတာ္ေတာ္ၾကာၿပီလို႔ ေျပာပါတယ္။

“က်မသိရသေလာက္ ေျပာရရင္ လြန္ခဲ့တဲ့ တစ္ႏွစ္ခြဲ ၂ ႏွစ္ေလာက္က ထင္ပါတယ္။ အဲ့ဒိထက္ၾကာရင္လည္း ၾကာမယ္။ သူက က်မရဲ႕ ရည္းစားပါ။ ဘာေတြ ဘယ္လို ျဖစ္သြားမွန္းလဲမသိပါဘူး။ က်မလည္း ေတာ္ေတာ္ အံ့အားသင့္ပါတယ္။ ႐ူးသြပ္မႈ တစ္ခုလို႔ပဲ ေျပာရမွာပါ။ အခုေတာ့ ရည္းစားသစ္နဲ႔ ေပ်ာ္ေနမွာပါ။ သူတို႔ ၂ ေယာက္က တစ္တြဲတြဲ ျဖစ္ေနၾကတယ္။ ဒါေပမဲ့ သူမကို သူပိုးခဲ့တာေတာ့ ႏွစ္ေတာ္ေတာ္ၾကာေနပါၿပီ ” လို႔ဆိုတယ္။ ကီႏူးရိဗ္က သူ႔ရဲ႕ကိုယ္ေရး ကိုယ္တာကိစၥေတြကို သီးသန႔္ ထားေလ့ရွိပါတယ္။ အမ်ားသိ ေအာင္ ေျပာျပေလ့မရွိပါဘူး။ လက္ရွိတြဲေနတဲ့ ဂရန႔္က ေယာက္်ားလွ်ာ တစ္ေယာက္ျဖစ္တယ္လို႔လည္း ဂ်နီဖာကဆိုပါတယ္။ “သူက ခ်စ္သူတစ္ေယာက္ ရတယ္ဆိုရင္ ဘယ္ေတာ့မွ လူသိထင္ရွားတြဲေလ့မရွိပါဘူး။ အခုေတာ့ သူတို႔၂ေယာက္က အတြဲညီေနၾကပါတယ္။

သူတို႔က အႏုပညာရွင္ေတြဆိုေတာ့ စိတ္ထဲမွာ ထင္တာကို လုပ္ၾကမွာပဲေလ” လို႔လည္းဆိုပါတယ္။ သူမကေတာ့ သူမတြဲခဲ့တဲ့ မင္းသား အေၾကာင္းကို သိပါတယ္။ သူက အလြန္ေတာ္ေၾကာင္း သူ႔အေနနဲ႔ ကံေကာင္းမွာ ျဖစ္တဲ့အေၾကာင္း သူတို႔က ဘိုဟီးမီယံ ဘဝ (စိတ္လြတ္ကိုယ္လြတ္ ေနတတ္တဲ့ဘဝ) ကို ႏွစ္ၿခိဳက္ၾကလို႔ လက္ထပ္ျဖစ္ခ်င္မွလည္း ျဖစ္မွာပါလို႔ လည္း ေျပာခဲ့ပါေသးတယ္။ ကီႏူးရိဗ္က ကဗ်ာေတြေရးၿပီး ကဗ်ာစာအုပ္ထုတ္ေတာ့ စာအုပ္ဒီဇိုင္းအတြက္ ဂရန႔္ကို ပုံအပ္ပါတယ္။ သူတို႔၂ေယာက္က ၂၀၁၁ ေလာက္ကတည္းက တြဲေနတာပါ။ ဂရန႔္က ပန္းခ်ီဆရာမအျပင္ ပုံေရး ဒီဇိုင္းဆြဲတဲ့ အျခားလုပ္ငန္းေတြလည္း လုပ္ပါတယ္။ သူတို႔၂ေယာက္ေပါင္းၿပီး ပန္းခ်ီစာအုပ္လည္း ထုတ္ဖူးပါတယ္။ ကီႏူးရိဗ္က ၁၉၉၀ခုႏွစ္မ်ားကာလတုန္းက SPEED ကားကို ႐ိုက္တုန္းကလည္း ဆန္ဒရာဘူးေလာခ္နဲ႔ တြဲခဲ့ဖူးပါတယ္။

အဲ့ဒီအရင္ကလည္း ရည္းစားေတြ အမ်ားႀကီး ထားဖူးပါတယ္။ ၁၉၉၈ေလာက္မွာ ဂ်နီဖာဆိုင္းမီနဲ႔ တြဲခဲ့တုန္းက ၈လနဲ႔ ေမြးတဲ့ သမီးတစ္ေယာက္ရဖူးပါတယ္။ ဆိုင္းမီနဲ႔ သူ႔ကေလးက မေတာ္တဆျဖစ္မႈတစ္ခုနဲ႔ ကြယ္လြန္သြားကတည္းက ကီႏူးရိဗ္က အိမ္ေထာင္ျပဳဖို႔ကိစၥမလုပ္ေတာ့ဘဲ အေပ်ာ္သေဘာ ရည္းစားထားေနခဲ့တာပါ။ အခုေတာ့ ေယာက္်ားလွ်ာကို ခ်စ္မိသြားၿပီထင္ပါတယ္။

ေမာင္ယႆ REF: Hollywood life Photo ;

Unicode

ယောက်ျားလျှာကိုနှစ်တွေ အကြာကြီးပိုးခဲ့ရတဲ့ ကီနူးရိဗ်

၂၀၁၉ နိုဝင်ဘာလတုန်းက လော့စ်အိန်ဂျလိစ်က LACMA ပန်းချီနဲ့ ရုပ်ရှင် ပြခန်းဖွင့်ပွဲ ကို မက်ထရစ် ရုပ်ရှင်ကားထဲက မင်းသား ကီနူးရိဗ်က အလက်ဇန်ဒါ ဂရန့်နဲ့ စုံတွဲခုတ်လာတော့ အားလုံးကတော်တော် အံအားသင့်ခဲ့ကြတယ်။ သူတို့ ၂ ယောက် တွဲနေကြတာကို ပရိသက်တွေ ရိပ်မိကြပေမဲ့ ဒီလို လူသိထင်ရှာ တွဲပြလိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပါဘူး။ နောက်ပြီးတော့ သူတို့ ၂ ယောက်တွဲ နေတာ က နှစ်တော်တော် ကြာပြီဆိုတာကိုလည်း ဘယ်သူမှမသိကြပါဘူး။ ဂျွန်ဝစ်မင်းသား (၅၅နှစ်) ရဲ့ရီးစားဟောင်းဖြစ်သူ ဂျနီဖာတေလီ(၆၁နှစ်) က ပန်းချီဆရာမ အလက်ဇန်းဒါးဂရန့် (၄၇နှစ်) ကို ကီနူးရိဗ် ပိုးပန်းနေတာ နှစ်တော်တော်ကြာပြီလို့ ပြောပါတယ်။

“ကျမသိရသလောက် ပြောရရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ၂ နှစ်လောက်က ထင်ပါတယ်။ အဲ့ဒိထက်ကြာရင်လည်း ကြာမယ်။ သူက ကျမရဲ့ ရည်းစားပါ။ ဘာတွေ ဘယ်လို ဖြစ်သွားမှန်းလဲမသိပါဘူး။ ကျမလည်း တော်တော် အံ့အားသင့်ပါတယ်။ ရူးသွပ်မှု တစ်ခုလို့ပဲ ပြောရမှာပါ။ အခုတော့ ရည်းစားသစ်နဲ့ ပျော်နေမှာပါ။ သူတို့ ၂ ယောက်က တစ်တွဲတွဲ ဖြစ်နေကြတယ်။ ဒါပေမဲ့ သူမကို သူပိုးခဲ့တာတော့ နှစ်တော်တော်ကြာနေပါပြီ ” လို့ဆိုတယ်။ ကီနူးရိဗ်က သူ့ရဲ့ကိုယ်ရေး ကိုယ်တာကိစ္စတွေကို သီးသန့် ထားလေ့ရှိပါတယ်။ အများသိ အောင် ပြောပြလေ့မရှိပါဘူး။ လက်ရှိတွဲနေတဲ့ ဂရန့်က ယောက်ျားလျှာ တစ်ယောက်ဖြစ်တယ်လို့လည်း ဂျနီဖာကဆိုပါတယ်။ “သူက ချစ်သူတစ်ယောက် ရတယ်ဆိုရင် ဘယ်တော့မှ လူသိထင်ရှားတွဲလေ့မရှိပါဘူး။ အခုတော့ သူတို့၂ယောက်က အတွဲညီနေကြပါတယ်။

သူတို့က အနုပညာရှင်တွေဆိုတော့ စိတ်ထဲမှာ ထင်တာကို လုပ်ကြမှာပဲလေ” လို့လည်းဆိုပါတယ်။ သူမကတော့ သူမတွဲခဲ့တဲ့ မင်းသား အကြောင်းကို သိပါတယ်။ သူက အလွန်တော်ကြောင်း သူ့အနေနဲ့ ကံကောင်းမှာ ဖြစ်တဲ့အကြောင်း သူတို့က ဘိုဟီးမီယံ ဘဝ (စိတ်လွတ်ကိုယ်လွတ် နေတတ်တဲ့ဘဝ) ကို နှစ်ခြိုက်ကြလို့ လက်ထပ်ဖြစ်ချင်မှလည်း ဖြစ်မှာပါလို့ လည်း ပြောခဲ့ပါသေးတယ်။ ကီနူးရိဗ်က ကဗျာတွေရေးပြီး ကဗျာစာအုပ်ထုတ်တော့ စာအုပ်ဒီဇိုင်းအတွက် ဂရန့်ကို ပုံအပ်ပါတယ်။ သူတို့၂ယောက်က ၂၀၁၁ လောက်ကတည်းက တွဲနေတာပါ။ ဂရန့်က ပန်းချီဆရာမအပြင် ပုံရေး ဒီဇိုင်းဆွဲတဲ့ အခြားလုပ်ငန်းတွေလည်း လုပ်ပါတယ်။ သူတို့၂ယောက်ပေါင်းပြီး ပန်းချီစာအုပ်လည်း ထုတ်ဖူးပါတယ်။ ကီနူးရိဗ်က ၁၉၉၀ခုနှစ်များကာလတုန်းက SPEED ကားကို ရိုက်တုန်းကလည်း ဆန်ဒရာဘူးလောခ်နဲ့ တွဲခဲ့ဖူးပါတယ်။

အဲ့ဒီအရင်ကလည်း ရည်းစားတွေ အများကြီး ထားဖူးပါတယ်။ ၁၉၉၈လောက်မှာ ဂျနီဖာဆိုင်းမီနဲ့ တွဲခဲ့တုန်းက ၈လနဲ့ မွေးတဲ့ သမီးတစ်ယောက်ရဖူးပါတယ်။ ဆိုင်းမီနဲ့ သူ့ကလေးက မတော်တဆဖြစ်မှုတစ်ခုနဲ့ ကွယ်လွန်သွားကတည်းက ကီနူးရိဗ်က အိမ်ထောင်ပြုဖို့ကိစ္စမလုပ်တော့ဘဲ အပျော်သဘော ရည်းစားထားနေခဲ့တာပါ။ အခုတော့ ယောက်ျားလျှာကို ချစ်မိသွားပြီထင်ပါတယ်။

မောင်ယဿ REF: Hollywood life Photo ;

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …