- By : Phoe Linn
- Category : Life Style
- Tags: life style

Unicode
ယောက်ဖတွေ လုပ်ချလိုက်ပုံကတော့
တစ်ဦးတည်းသော ညီမလေး လက်ထပ်တော မယ်လို့ ဆိုလိုက် ကတည်းက အကို ၄ ယောက်လုံး ကတုန်ကရင် ဖြစ်ခဲ့ကြတယ် ။ ရပ်ကွက် ထဲမှာလည်း ညီမ အပျို ဖြစ်ကတည်းက ပိုးလာတဲ့ ကောင်တွေကို ဆော်လွှတ် နေတာ များပြီ ၊ ဒီကြား ထဲက ညီမက ရီးစား ရသွားပြီး လက်ထပ် တော့မယ်ဆိုတော့ အကို ၄ ယောက်လုံး ဆတ်ဆတ်လူး နေတော့ တာပေါ့ ။
သာမန် ရက်တွေက ဘာမှ မထူးခြား ပေမဲ့ မင်္ဂလာ ဆောင်တဲ့ နေ့ကတော့ ဧည့် ပရိသက်ကို ဧည့်ခံ ရမှာလေ ။ ညီမ မင်္ဂလာဆောင်ကို မသွားရင် လည်းမဖြစ် ညီမကို သိပ်ချစ်တဲ့ အကိုတွေလေ ။ သွားပြန် တော့လည်း သူတို့ရဲ့ ညီမကို လာပိုးလို့ ဆော်လွှတ် လိုက်တဲ့ ငနဲ တွေနဲ့က တွေ့ဦးမယ် ။ အဲ့ကောင် တွေရဲ့ မထိတရီ အပြုံးဒဏ်ကို ခံရဦးမယ် ။
သူတို့က ဘဲရီးတွေ ခင်ဗျားတို့ ဘာတတ်နိုင် သေးလဲ ဆိုပြီး ရိမှာ ။ အဲ့တော့ ညီမ မင်္ဂလာဆောင်ကို သွားဖို့ အကို ၄ ယောက်ရဲ့ ကြံဖန် လိုက်ပုံက အဗန်ဂျာ ဝတ်စုံတွေ ဝတ်ပြီး စူပါ ဟီးရိုတွေ အဖြစ်နဲ့ မင်္ဂလာပွဲ တက်လိုက် ရတာပေါ့ ။ ဘယ်သူက ဘယ်သူ ဆိုတာ ကိုလည်း မသိဘူး ။
နည်းနည်း ကြောင်တောင်တောင် နိုင်တာ ဖြစ်တာ ကလွဲလို့ အားလုံး အဆင်ပြေတယ် ။ သူတို့ ကလည်း ဘယ်သူ့ကိုမှ မျက်နှာပူစရာ မလိုဘူးပေါ့ ။ မြန်မာ စကားပုံ ရှိတယ် ညီမလင်နေ မောင်ဖင်ကျိန်း ဆိုတာလိုမျိုးပေါ့။
ညီမကို ယောက်ဖဆီပို့တဲ့ လမ်းမှာ အမှောင့်ပယောဂတွေကို ရှင်းပစ်မယ်ဆိုတဲ့ စတိုင်မျိုးတွေတောင် သူတို့ကထုတ်လိုက် သေးတယ်။ သူတို့စတိုင်တွေက မာန်ပါလွန်လို့ ယောက်ဖတော်ရမယ့်သူတောင် တွန့်သွားတယ်လို့ မင်္ဂလာဆောင်မှတ်တမ်း ဓာတ်ပုံရိုက်တဲ့ ဖက်ဟီး အာမန်က ဆိုတယ်။
တာဝန်မကျေလို့ကတော့ ဂရိတ်ပါဝါတွေနဲ့ တွေ့သွားမယ်လို့ အဲ့ဒိညီအကိုက ယောက်ဖဆီ ညီမအလွှဲမှာ ဆိုတယ်။ အဲ့အမျိုးသားကတော့ သေပြီဆရာပဲ ။
မောင်ယဿ REF: world of buzz
No Comments