ေမ်ာက္နတ္ ဘုရား ဟာႏုမာန္ ဝင္စားတဲ့ ကေလး
- By : Phoe Linn
- Category : International-news

ေမ်ာက္နတ္ ဘုရား ဟာႏုမာန္ ဝင္စားတဲ့ ကေလး
ေက်ာဘက္ ေအာက္ေျခ မွာ ထူးထူး ျခားျခား အေမြး ရွည္ရွည္ေတြ ေပါက္ေနလို႔ ေမ်ာက္နတ္ဘုရား ဟာႏုမာန္ ဝင္စားတယ္ ဆိုၿပီး အိမ္နီးခ်င္း ေတြက ပူေဇာ္မႈ ေတြ လုပ္ေနလို႔ ကေလး မိဘေတြက ကေလးကို ဝွတ္ထား ရပါတယ္ ။
အိႏၵိယ ႏိုင္ငံ ေဒလီၿမိဳ႕က ရွီဗန္ ကူးမား ( ၆ႏွစ္ ) ရဲ႕ ေက်ာဘက္မွာ ထူးထူး ျခားျခား အေမြးရွည္ေတြ ေပါက္ေန ပါတယ္ ။ အေမြး ေတြက အၿမီးပုံစံနဲ႔ တူေန ပါတယ္ ။ သူ႔ ေက်ာင္းေနေဖာ္သူငယ္ခ်င္း ေတြက သူ႔ကို ဟာႏုမာန္ ဝင္စားတယ္လို႔ ေျပာၿပီး ေခ်ာကလတ္ေတြ မုန႔္ေတြနဲ႔ ကန္ေတာ့ ၾကတယ္ ။
တစ္ေယာက္နဲ႔ တစ္ေယာက္ လက္ဆင့္ ကမ္းၿပီး စကားက ကားသြား ရာမွ ေဒလီ ၿမိဳ႕ထဲက လူ အခ်ိဳ႕က ပန္းေတြ စားစရာ ေတြ နဲ႔ လာေရာက္ ကန႔္ေတာ့ ၾကပါတယ္ ။ အဲ့လို လူေတြ အုတ္အုတ္ က်တ္က်တ္ ျဖစ္လာေတာ့ ရပ္ကြက္ ထဲက ဆရာဝန္နဲ႔ ရွီဗန္ရဲ႕အေဖ တို႔ေတြ အထိတ္တလန႔္ ျဖစ္လာ ရတာေပါ့ ။
အဲ့ဒိ ထဲမွာ ရွီဗန္ရဲ႕အေမ ရီနာ ( ၃၀ႏွစ္ ) က ပိုဆိုး ေနပါတယ္ ။ သူမက “ အဲ့အေမြး ေတြကို က်မ မရိတ္ရဲဘူး ၊ အကယ္၍မ်ား ကံဆိုးမႈ တစ္စုံ တစ္ရာ က်ေရာက္ လာရင္ ဘယ္လို လုပ္မလဲ ” လို႔ ဆိုတယ္ ။ သူတို႔ ကိုးကြယ္တဲ့ ဂု႐ုႀကီး ကေတာ့ လူေတြ လာေရာက္ၿပီး ပူေဇာ္တာကို တားျမစ္ ပါတယ္ ၊ ဒါေပမဲ့ သူ ကိုယ္တိုင္ ကလည္း ဒီကိစၥက အတိတ္ ဘဝက အက်ိဳးဆက္ တစ္ခုပါ ဆိုၿပီး ေျပာေန ပါတယ္ ။
အိမ္နီးခ်င္း ေတြကေတာ့ ရွီဗန္ရဲ႕မိဘေတြ လစ္တာနဲ႔ တိတ္တဆိတ္ မုန႔္ေတြနဲ႔ ရွီဗန္ ကိုလာကန္ေတာ့ ၾကပါတယ္ ။ ရွီဗန္ရဲ႕ဖခင္ကေတာ့ သူ႔ သားကို လြတ္လပ္စြာ ရွင္သန္ခြင့္ ေပးဖို႔သာမာန္ ကေလး တစ္ေယာက္လို ဘဝကို ျဖတ္သန္းခြင့္ ေနထိုင္ႏိုင္ခြင့္ ေပးဖို႔ ပတ္ဝန္း က်င္ကို ေျပာဆို ေနရ ပါတယ္ ။ သူ ဘယ္လိုပဲ ရွင္းျပ ရွင္းျပ ရွီဗန္ တစ္ေယာက္ အျပင္မွာ သူငယ္ခ်င္းေတြနဲ႔ ကစား ေနၿပီ ဆိုတာနဲ႔ တစ္ေယာက္ မဟုတ္ တစ္ေယာက္ ကေတာ့ သူ႔ကို စကား လာေျပာေတာ့ တာပါပဲ ။
သူ႔ သူငယ္ခ်င္းေတြ ေျပာျပခ်က္ အရ စကား လာေျပာတဲ့ သူေတြက သူတို႔ရဲ႕ အခက္ အခဲေတြေျပာေနၾက တာပါတဲ့ ။ အမ်ားစုက အဆင္ေျပ သြားရင္ မုန႔္ခ်ိဳေတြ လာေပးလို႔ အားလုံး ဝိုင္းစားရလို႔ သူငယ္ခ်င္း ေတြကေတာ့ ရွီဗန႔္ကို ဟာႏုမာန္ ျဖစ္ေစခ်င္ ေနၾကတယ္ ။ ဆရာဝန္ကေတာ့ ကေလးမွာ ေရာဂါ တစ္စုံတစ္ရာ မရွိေၾကာင္း ဒီလို ျဖစ္ေနတာ ေတြကလည္း ကေလးမွာ ဘာအျပစ္မွ မရွိေၾကာင္း က်န္းမာၿပီး ေပ်ာ္႐ြင္ေနဖို႔ ကသာအေရးႀကီးေၾကာင္း ဆိုတယ္ ။
ေမာင္ယႆ REF: mirror
Unicode
မျောက်နတ် ဘုရား ဟာနုမာန် ဝင်စားတဲ့ ကလေး
ကျောဘက် အောက်ခြေ မှာ ထူးထူး ခြားခြား အမွေး ရှည်ရှည်တွေ ပေါက်နေလို့ မျောက်နတ်ဘုရား ဟာနုမာန် ဝင်စားတယ် ဆိုပြီး အိမ်နီးချင်း တွေက ပူဇော်မှု တွေ လုပ်နေလို့ ကလေး မိဘတွေက ကလေးကို ဝှတ်ထား ရပါတယ် ။
အိန္ဒိယ နိုင်ငံ ဒေလီမြို့က ရှီဗန် ကူးမား ( ၆နှစ် ) ရဲ့ ကျောဘက်မှာ ထူးထူး ခြားခြား အမွေးရှည်တွေ ပေါက်နေ ပါတယ် ။ အမွေး တွေက အမြီးပုံစံနဲ့ တူနေ ပါတယ် ။ သူ့ ကျောင်းနေဖော်သူငယ်ချင်း တွေက သူ့ကို ဟာနုမာန် ဝင်စားတယ်လို့ ပြောပြီး ချောကလတ်တွေ မုန့်တွေနဲ့ ကန်တော့ ကြတယ် ။
တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့် ကမ်းပြီး စကားက ကားသွား ရာမှ ဒေလီ မြို့ထဲက လူ အချို့က ပန်းတွေ စားစရာ တွေ နဲ့ လာရောက် ကန့်တော့ ကြပါတယ် ။ အဲ့လို လူတွေ အုတ်အုတ် ကျတ်ကျတ် ဖြစ်လာတော့ ရပ်ကွက် ထဲက ဆရာဝန်နဲ့ ရှီဗန်ရဲ့အဖေ တို့တွေ အထိတ်တလန့် ဖြစ်လာ ရတာပေါ့ ။
အဲ့ဒိ ထဲမှာ ရှီဗန်ရဲ့အမေ ရီနာ ( ၃၀နှစ် ) က ပိုဆိုး နေပါတယ် ။ သူမက “ အဲ့အမွေး တွေကို ကျမ မရိတ်ရဲဘူး ၊ အကယ်၍များ ကံဆိုးမှု တစ်စုံ တစ်ရာ ကျရောက် လာရင် ဘယ်လို လုပ်မလဲ ” လို့ ဆိုတယ် ။ သူတို့ ကိုးကွယ်တဲ့ ဂုရုကြီး ကတော့ လူတွေ လာရောက်ပြီး ပူဇော်တာကို တားမြစ် ပါတယ် ၊ ဒါပေမဲ့ သူ ကိုယ်တိုင် ကလည်း ဒီကိစ္စက အတိတ် ဘဝက အကျိုးဆက် တစ်ခုပါ ဆိုပြီး ပြောနေ ပါတယ် ။
အိမ်နီးချင်း တွေကတော့ ရှီဗန်ရဲ့မိဘတွေ လစ်တာနဲ့ တိတ်တဆိတ် မုန့်တွေနဲ့ ရှီဗန် ကိုလာကန်တော့ ကြပါတယ် ။ ရှီဗန်ရဲ့ဖခင်ကတော့ သူ့ သားကို လွတ်လပ်စွာ ရှင်သန်ခွင့် ပေးဖို့သာမာန် ကလေး တစ်ယောက်လို ဘဝကို ဖြတ်သန်းခွင့် နေထိုင်နိုင်ခွင့် ပေးဖို့ ပတ်ဝန်း ကျင်ကို ပြောဆို နေရ ပါတယ် ။ သူ ဘယ်လိုပဲ ရှင်းပြ ရှင်းပြ ရှီဗန် တစ်ယောက် အပြင်မှာ သူငယ်ချင်းတွေနဲ့ ကစား နေပြီ ဆိုတာနဲ့ တစ်ယောက် မဟုတ် တစ်ယောက် ကတော့ သူ့ကို စကား လာပြောတော့ တာပါပဲ ။
သူ့ သူငယ်ချင်းတွေ ပြောပြချက် အရ စကား လာပြောတဲ့ သူတွေက သူတို့ရဲ့ အခက် အခဲတွေပြောနေကြ တာပါတဲ့ ။ အများစုက အဆင်ပြေ သွားရင် မုန့်ချိုတွေ လာပေးလို့ အားလုံး ဝိုင်းစားရလို့ သူငယ်ချင်း တွေကတော့ ရှီဗန့်ကို ဟာနုမာန် ဖြစ်စေချင် နေကြတယ် ။ ဆရာဝန်ကတော့ ကလေးမှာ ရောဂါ တစ်စုံတစ်ရာ မရှိကြောင်း ဒီလို ဖြစ်နေတာ တွေကလည်း ကလေးမှာ ဘာအပြစ်မှ မရှိကြောင်း ကျန်းမာပြီး ပျော်ရွင်နေဖို့ ကသာအရေးကြီးကြောင်း ဆိုတယ် ။
မောင်ယဿ REF: mirror
No Comments