
International-news





မောင်ယဿ


Unicode

မျောက်ကလေး နေပြန်ကောင်းလာလို့ ကာကွယ်ဆေးအတွက် မျှော်လင့်ချက်ရှိလာပြီ

လက်ရှိ တစ်ကမ္ဘာလုံးမှာ ဖြစ်နေပြီးတော့ လူတွေ အာရုံအစိုက်ဆုံး ကိစ္စ ကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးပဲ ။ နိုင်ငံ ကြီး တော်တော် များများ ကလည်း ကာကွယ်ဆေး ကိစ္စအတွက် ဘီလီယံနဲ့ ချီတဲ့ ပိုက်ဆံ တွေကို သုံးစွဲဖို့ ပြင်ဆင် နေကြပါတယ် ။ ကျနော်တို့ နေ့စဉ်ဖတ်နေရတဲ့ သတင်းတွေ မှာလည်း ကာကွယ်ဆေး အတွက် ခြေတစ်လှမ်း နီးလာပါပြီဆို တဲ့အသံတွေကို တွေ့နေ ရပါတယ် ။ နိုင်ငံ အသီးသီးက ဘာဖြစ်လို့ ကာကွယ်ဆေးကို အပြိုင်အဆိုင် ရှာနေကြ ရတာလဲ ဆိုတာက ကာကွယ်ဆေး တွေ့ပြီ ဆိုရင် တွေ့တဲ့ နိုင်ငံက ကမ္ဘာပေါ်မှာ စီးပွားရေးအရရော နိုင်ငံရေး အရပါ အားသာချက်နဲ့ သြဇာ ရှိလာ နိုင်လို့ပါပဲ ။

အဲ့ဒိ ကော်ရိုနာ ဗိုင်းရက် ကာကွယ်ဆေး ရှာ ပြိုင်ပွဲမှာ အမေရိကန်က တော့ ထုံးစံအတိုင်း ဇွဲကောင်းကောင်းနဲ့ လုပ်နေ ပါတယ် ။ အခုနောက်ဆုံး လေ့လာတွေ့ရှိချက် အရ ကိုဗစ်-၁၉ ရောဂါပိုး ထိုးသွင်းပြီး ကူးစက်ခံ နေရတဲ့ မျောက်ကလေးက ကိုယ်ခံ စွမ်းအားတွေ တက်လာပြီး နေပြန် ကောင်းလာပါပြီ ။ အဲဒိ မျောက်ကလေးကို ထိုးပေး ထားတဲ့ ကာကွယ်ဆေးက အစွမ်းပြ နေပြီလား ဆိုတာကို ဆက်လက် စစ်ဆေးဖို့ပဲ လိုအပ် ပါတော့တယ် ။ ကိုဗစ်-၁၉ ဗိုင်းရက် ကိုကာကွယ် နိုင်တဲ့ ပဋိခန္တာက အမှန်တကယ် ထွက်ပြီလား ဆိုတာကို စစ်ဆေးကြည့် ရတော့ မှာပါ ။ ပညာရှင် တွေကတော့ သတင်းကောင်းပဲလို့ ဆိုပါတယ် ။ လက်ရှိ တွေ့ရှိချက်က ကိုဗစ်-၁၉ ထပ်မံ ထိတွေ့ခံရတဲ့ မျောက်ကလေးမှာ သဘာဝ အတိုင်း ဖြစ်ထွန်း လာတဲ့ ကိုယ်ခံ စွမ်းအား ရလာပြီလို့ ဆိုတာပဲ ဖြစ်ပါတယ် ။

နောက်ထပ် လေ့လာမှုတစ်ခု ကလည်း မျောက် ၁၂ ကောင်ကို ထိုးပေးတဲ့ ကာကွယ်ဆေးကလည်း အစွမ်းပြ နေတယ်လို့ ဆိုတယ် ။ ကာကွယ်ဆေး အစွမ်းပြတယ် ဆိုတာ ရောဂါပိုးကို ပြန်လည် ခုခံတဲ့ စနစ်တစ်ခု ကိုယ်ခန္တာထဲမှာ အလိုလို ဖြစ်ထွန်းလာတယ်လို့ ဆိုတာပါ ။ ကာကွယ်ဆေး ထိုးတဲ့ မျောက် ၈ ကောင်က ရောဂါဒဏ် မခံရဘဲ ကျန် ၄ ကောင်က နှာခေါင်းနဲ့ လည်ချောင်းမှာ ကူးစက်မှုဒဏ် ကို လူတွေလိုပဲ ခံစားနေခဲ့ ရပါတယ် ။ ဒါပေမဲ့ မျောက်တွေက ရောဂါ တိုက်ဖျက်ဖို့ ပဋိ ခန္တာထွက်ပေမဲ့ လူတွေမှာ အဲ့ဒါ ထွက်မထွက် က မသေချာသေးလို့ လေ့လာမှု ဆက်လုပ် ရမှာဖြစ်ပြီး မျှော်လင့်ချက် ရောင်ခြည် တစ်ခုသာ ဖြစ်ပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; geneng news

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို
International-news
တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို

တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို မနေ့က ဂျပန်နိုင်ငံ အမေရိကန်စစ်တပ်ဦးစီးမှူးက တောင်တရုတ် ပင်လယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှု တွေကို ဖိအားပေးရန်အတွက် ကော်ရိုနာဗိုင်းရက်ပြန်နှံ့မှုကို အယောင်ပြ လှုပ်ရှားမှုတွေကို လုပ်နေတယ်လို့ ဆိုတယ် ။ သူက လက်ရှိ တောင်တရုတ်ပင်လယ် အတွင်းမှာ တရုတ်တို့ရဲ့ စစ်အင်အားတိုးမြှင့် နေခြင်းနဲ့ ပတ် သက်ပြီး အခုလို ဆိုလိုက်ခြင်း ဖြစ်ပါတယ် ။ ရိုက်တာသတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ သူက “ခင်ဗျားတို့ တွေးကြည့်လို့ ရပါတယ် ။ တရုတ်နိုင်ငံတင် မကဘူး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကော်ရိုနာဗိုင်းရက် ကိစ္စနဲ့ အခက်အခဲတွေ ဖြစ်နေပါတယ် ။ ဒါပေမဲ့ …

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …