ခ်စ္သူမ်ား ေန႕ နဲ႕ပါတ္သက္ျပီး လွႏုထြန္း ဘယ္လုိေျပာသြားလဲ

ေမး-အခုဆိုရင္ ခ်စ္သူမ်ားေန႔ ေရာက္ေတာ့မယ္ဆိုေတာ့ အမရဲ႕ခ်စ္သူမ်ားႏွင့္အမွတ္တရအ‌ေၾကာင္းသိခ်င္တယ္။
Entertainment

ခ်စ္သူမ်ား ေန႕ နဲ႕ပါတ္သက္ျပီး လွႏုထြန္း ဘယ္လုိေျပာသြားလဲ

ေမး-အခုဆိုရင္ ခ်စ္သူမ်ားေန႔ ေရာက္ေတာ့မယ္ဆိုေတာ့ အမရဲ႕ခ်စ္သူမ်ားႏွင့္အမွတ္တရအ‌ေၾကာင္းသိခ်င္တယ္။

ေျဖ- လွႏုတို႔ စၿပီး ႀကိဳက္တာ 2002 Valentineအခ်ိန္မွာ စႀကိဳက္တာေပါ့။ ဒါေပမယ့္လွႏုတို႔ ေလွ်ာက္လုံးမွာ anniversaryက ၂ခုရွိတယ္။ လွႏုတို႔ စႀကိဳက္တဲ့ valentine day ရယ္။ ေနာက္ၿပီးအိမ္ေထာင္ျပဳတဲ့ new year ေပါ့။ ဒီႏွစ္မွာလွႏု စိတ္လႈပ္ရွားတာကေတာ့ လြန္ခဲ့တဲ့လက လွႏုအမ်ိဳးသားက ဂ်ပန္ကို best bucket အေနနဲ႔ ေပါ့ ။ လွႏုက်ေတာ့ tour နဲ႔ သြားမယ္ ။

အဲ့ေတာ့လွႏုက သူေရာက္ခဲ့တဲ့ေနရာ သူ‌ေျခခ်ခဲ့တဲ့ေနရာ ေလးေတြကို လွႏုသြားရမယ္ဆိုတဲ့ ခံစားခ်က္က ဘာနဲ႔မွ မတူဘူး ။ လွႏု တစ္ေနရာေရာက္တိုင္း ဒါငါ့ေယာက္်ားသြားလည္ခဲ့တဲ့ေနရာေရာက္တိုင္း ဒါငါ့ေယာက္်ားသြားလည္ခဲ့တဲ့ ေနရာ ။ အဲ့ဒီစိတ္နဲ႔သြားရမွာ ဆိုေတာ့ ဒီ Valentineကို အဲ့စိတ္ေလးနဲ႔ လႈပ္ရွားေနတယ္ ။

ေမး-အမ တို႔ၾကားက အမွတ္တရ အေၾကာင္းဆက္ေျပာပါအုံး။

ေျဖ- အမွတ္တရအေနနဲ႔ ၂၀၀၂ ႏွစ္မွာ သူကတကၠသိုလ္ေက်ာင္းသားဆိုေတာ့ ပိုက္ဆံကလည္းမရွိဘူး ။ ဆံပင္ကလည္းမညႇပ္ႏိုင္လို႔ ဆံပင္အရွည္ႀကီးကို ေတာင္ ဘီးကုပ္နဲ႔ လွန္တင္ထားရတာ ။ သူက လွႏုကို လက္ေဆာင္ေပးတာက ႏွင္းဆီပန္းအိုး ေသးေသးေလး ပန္းအပြင့္တရာေလာက္ရွိတယ္ ။ သူကေပးရင္းဒါကဘယ္ေတာ့မွာေသမသြားတဲ့ ပန္းေပါ့ ။

ၿပီးေတာ့သူအ႐ုပ္ပစ္တုန္းက လက္ေဆာင္ရတဲ့ ဝက္ဝံ႐ုပ္ေလးကို လက္ေဆာင္ေပးတယ္ ။ဒါေပမယ့္သူကလည္တယ္။ဒါေလးပဲေပးတယ္ရည္းစားစကားမေျပာဘူး။အဲေတာ့လွႏုကသူ႔ကိုဖတ္နမ္းလိုက္တာ။အဲ့ဒါနဲ႔ႀကိဳက္သြားေရာ။

ေမး-ဒီႏွစ္ Valentinesအတြက္အမွတ္တရစကားေျပာေပးပါအုံး။

ေျဖ- ဒီႏွစ္ Valentine dayက ေသာၾကာေန႔ျဖစ္တဲ့အတြက္ ေၾကာင့္ကိုယ့္ရဲ႕ခ်စ္ခ်စ္ေတြက အားခ်င္မွ အားမွာေလ။အဲ့အတြက္ေၾကာင့္သူမ်ားေတြကရွယ္ေတြ အရမ္းေပးၾကတာကိုၾကည့္ၿပီးတဲ့အခါ ကိုယ့္ခ်စ္ခ်စ္ကို ဖိအားေတြမေပးေစခ်င္ဘူးရွင့္။အဓိက က သူ႔ဘက္ကတစ္ကယ္တကယ္ခ်စ္ျမတ္ႏိုးတဲ့ မက္ေဆ့ေလးေတြပို႔တယ္ဆိုရင္လည္းအဆင္ေျပတယ္။

တကယ္အလုပ္လုပ္ေနတဲ့သူေတြတကယ္႐ုန္းကန္ေနရတဲ့သူေတြbackground အားနည္းသူေတြ ဘဝကိုရပ္တည္ေနတဲ့သူေတြကတကယ္႐ိုမန႔္တစ္ျဖစ္ဖို႔ သူတို႔မွာအခ်ိန္ မရဘူး ဒါကိုကိုယ့္ဘက္ကနားလည္ေပးရင္အရမ္းအဆင္ေျပတယ္ ။သူမ႐ိုႏိုင္ရင္ ကိုယ္ က ႐ိုေပးလိုက္ပါ။

ဘာျဖစ္လို႔သူ႔ဆီကရမွာကိုေမွ်ာ္ေနရတာလည္းေနာက္ၿပီး Valentine Day ဆိုတာရည္းစားရွိရဲ႕သူမွမဟုတ္ဘူး။အပ်ိဳႀကီးေတြလူႀကီးေတြလည္း႐ိုလို႔ရပါတယ္။သ႐ိုးကိုခ်စ္တဲ့ပရိသတ္ေတြမိဘေတြ။ဆရာဆရာမတပည့္ေတြကိုႏွင္းဆီပန္းေတြေခ်ာကလက္ေတြ ေဝၿပီးအခ်စ္ကိုျပလို႔ရတဲ့ေန႔ေလးတစ္ေန႔ပါ။

ေမး-ဆယ္ေက်ာ္သက္နဲ႔ Valentine Dayေပါ့ အမ်ားစုျမန္မာျပည္မွာကValentine Dayေရာက္ၿပီဆိုရင္ဘယ္လိုျဖစ္ေနလဲဆိုေတာ့ တည္းခိုခန္းေတြမအားတဲ့အ‌ေျခအေနလမ်ိဳးျဖစ္ေနတယ္ ။အမအျမင္မွာျမန္မာျပည္ယဥ္ေက်းမႈနဲ႔ အဲ့ကိစၥအေပၚ ဘယ္လိုျမင္မိလဲ။

ေျဖ- အသက္ႀကီးတဲ့သူေတြအေနနဲ႔ကေတာ့ဟိုေနာ္။ဒီလို‌ေနဖူးမွပဲ ဘဝႀကီးကစို‌ေျပမယ္ဆိုေတာ့သူတိုကေတာ့ႀကိဳက္တာ လုပ္ၾကပါ။အသက္၂၇တို႔ ၃၀အထက္တို႔ေပါ့။လွႏုတို႔ဝင္မပါဘူး။ ၂၇ေအာက္ ၂၅ႏွစ္ အခုမွဘြဲ႕ရၿပီးခါစ။ အလည္တန္းအထက္တန္းၿပီးခါစကေလးေတြအတြက္စဥ္းစားေပါ့ေနာ္။

ကိုယ့္ရဲ႕ဘဝ တစ္ခုကိုကိုယ့္ရဲ႕အပ်ိဳစင္ဘဝတစ္ခုကိုပဲဒီဟိုတယ္ေလးမွပဲၿပီးဆုံးမလား။တန္ဘိုးရွိတဲ့ေနရာတစ္ခုကိုေမွ်ာ္မွန္းမလား။ဒီေလာက္နဲ႔ပဲကိုယ့္ကိုယ္ ကိုတန္ဖိုးျဖတ္မလား။စဥ္းစားၾကည့္ေပါ့။ကိုယ့္ရဲ႕တန္ဖိုးကို hotel ေလးမွာပဲ 2020 မွာတန္ဖိုးဖ်က္ခ်င္တယ္ဆိုရင္သြားအိပ္လိုက္။

မဟုတ္ဖူး ဒိထက္သာတဲ့‌ေယာက္်ားမ်ားရႏိုင္မလားဆိုတဲ့ ဦးေႏွာက္အသိဉာဏ္နဲ႔ ဆုံးျဖတ္တတ္တဲ့လူဆိုရင္လြယ္လြယ္နဲ႔ လိုက္မအိပ္ဘူး။တကယ္လို႔ကိုယ္တခုခုကို ဆုံးျဖတ္ၿပီးၿပီဆိုရင္ သားသမီးရၿပီဆိုရင္ ဒီသားသမီးအေနနဲ႔အဆင္‌ေျပပါ့မလား။ အေဖဘယ္မွာလဲ။မာန္မာနနဲ႔ေမြးလိုက္တယ္ပဲထား ငါဟဲ့ single motherဆိုၿပီး ေမြးလ္ုက္တယ္။ ဒီကေလးစိတ္ ဘယ္လိုခံစားရမလဲ။

ၿပီးေတာ့ကိုယ့္ကို ပိုးေမြးသလို ေမြးလာတဲ့ ကိုမိဘေတြဘယ္ေလာက္ခံစားရမလဲ။ အဲ့‌ေတာ့ေက်းဇူးသိတက္တယ္ဆိုတာပိုက္ဆံရွာေပးမွမဟုတ္ဘူး။ ေက်းဇူးသိတက္တယ္ဆိုတာကိုယ့္ရဲ႕အပ်ိဳစင္ဘဝကိုငါ့အေမငါ့အေဖ ဘယ္လိုခံစားရမလဲစိတ္မွာစဥ္းစားၿပီးတိုင္းမွာအတူေနဖို႔ဆုံးျဖတ္ပါ။ဒါေလးပဲလွႏုေျပာခ်င္ပါတယ္။

သတင္း ဝါးဝါးေလး

ကင္မရာ ဓာတ္ပုံ လွဳိင္ျမတ္စုိး

Unicode

ချစ်သူများ နေ့ နဲ့ပါတ်သက်ပြီး လှနုထွန်း ဘယ်လိုပြောသွားလဲ

မေး-အခုဆိုရင် ချစ်သူများနေ့ ရောက်တော့မယ်ဆိုတော့ အမရဲ့ချစ်သူများနှင့်အမှတ်တရအ‌ကြောင်းသိချင်တယ်။

ဖြေ- လှနုတို့ စပြီး ကြိုက်တာ 2002 Valentineအချိန်မှာ စကြိုက်တာပေါ့။ ဒါပေမယ့်လှနုတို့ လျှောက်လုံးမှာ anniversaryက ၂ခုရှိတယ်။ လှနုတို့ စကြိုက်တဲ့ valentine day ရယ်။ နောက်ပြီးအိမ်ထောင်ပြုတဲ့ new year ပေါ့။ ဒီနှစ်မှာလှနု စိတ်လှုပ်ရှားတာကတော့ လွန်ခဲ့တဲ့လက လှနုအမျိုးသားက ဂျပန်ကို best bucket အနေနဲ့ ပေါ့ ။ လှနုကျတော့ tour နဲ့ သွားမယ် ။

အဲ့တော့လှနုက သူရောက်ခဲ့တဲ့နေရာ သူ‌ခြေချခဲ့တဲ့နေရာ လေးတွေကို လှနုသွားရမယ်ဆိုတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူး ။ လှနု တစ်နေရာရောက်တိုင်း ဒါငါ့ယောက်ျားသွားလည်ခဲ့တဲ့နေရာရောက်တိုင်း ဒါငါ့ယောက်ျားသွားလည်ခဲ့တဲ့ နေရာ ။ အဲ့ဒီစိတ်နဲ့သွားရမှာ ဆိုတော့ ဒီ Valentineကို အဲ့စိတ်လေးနဲ့ လှုပ်ရှားနေတယ် ။

မေး-အမ တို့ကြားက အမှတ်တရ အကြောင်းဆက်ပြောပါအုံး။

ဖြေ- အမှတ်တရအနေနဲ့ ၂၀၀၂ နှစ်မှာ သူကတက္ကသိုလ်ကျောင်းသားဆိုတော့ ပိုက်ဆံကလည်းမရှိဘူး ။ ဆံပင်ကလည်းမညှပ်နိုင်လို့ ဆံပင်အရှည်ကြီးကို တောင် ဘီးကုပ်နဲ့ လှန်တင်ထားရတာ ။ သူက လှနုကို လက်ဆောင်ပေးတာက နှင်းဆီပန်းအိုး သေးသေးလေး ပန်းအပွင့်တရာလောက်ရှိတယ် ။

သူကပေးရင်းဒါကဘယ်တော့မှာသေမသွားတဲ့ ပန်းပေါ့ ။ ပြီးတော့သူအရုပ်ပစ်တုန်းက လက်ဆောင်ရတဲ့ ဝက်ဝံရုပ်လေးကို လက်ဆောင်ပေးတယ် ။ဒါပေမယ့်သူကလည်တယ်။ဒါလေးပဲပေးတယ်ရည်းစားစကားမပြောဘူး။အဲတော့လှနုကသူ့ကိုဖတ်နမ်းလိုက်တာ။အဲ့ဒါနဲ့ကြိုက်သွားရော။

မေး-ဒီနှစ် Valentinesအတွက်အမှတ်တရစကားပြောပေးပါအုံး။

ဖြေ- ဒီနှစ် Valentine dayက သောကြာနေ့ဖြစ်တဲ့အတွက် ကြောင့်ကိုယ့်ရဲ့ချစ်ချစ်တွေက အားချင်မှ အားမှာလေ။အဲ့အတွက်ကြောင့်သူများတွေကရှယ်တွေ အရမ်းပေးကြတာကိုကြည့်ပြီးတဲ့အခါ ကိုယ့်ချစ်ချစ်ကို ဖိအားတွေမပေးစေချင်ဘူးရှင့်။ အဓိက က သူ့ဘက်ကတစ်ကယ်တကယ်ချစ်မြတ်နိုးတဲ့ မက်ဆေ့လေးတွေပို့တယ်ဆိုရင်လည်းအဆင်ပြေတယ်။

တကယ်အလုပ်လုပ်နေတဲ့သူတွေတကယ်ရုန်းကန်နေရတဲ့သူတွေ background အားနည်းသူတွေ ဘဝကိုရပ်တည်နေတဲ့သူတွေက တကယ်ရိုမန့်တစ်ဖြစ်ဖို့ သူတို့မှာအချိန် မရဘူး ဒါကိုကိုယ့်ဘက်ကနားလည်ပေးရင်အရမ်းအဆင်ပြေတယ် ။သူမရိုနိုင်ရင် ကိုယ် က ရိုပေးလိုက်ပါ။

ဘာဖြစ်လို့သူ့ဆီကရမှာကိုမျှော်နေရတာလည်းနောက်ပြီး Valentine Day ဆိုတာရည်းစားရှိရဲ့သူမှမဟုတ်ဘူး။ အပျိုကြီးတွေလူကြီးတွေလည်းရိုလို့ရပါတယ်။ သရိုးကိုချစ်တဲ့ပရိသတ်တွေမိဘတွေ။ဆရာဆရာမတပည့်တွေကိုနှင်းဆီပန်းတွေချောကလက်တွေ ဝေပြီးအချစ်ကိုပြလို့ရတဲ့နေ့လေးတစ်နေ့ပါ။

မေး-ဆယ်ကျော်သက်နဲ့ Valentine Dayပေါ့ အများစုမြန်မာပြည်မှာကValentine Dayရောက်ပြီဆိုရင်ဘယ်လိုဖြစ်နေလဲဆိုတော့ တည်းခိုခန်းတွေမအားတဲ့အ‌ခြေအနေလမျိုးဖြစ်နေတယ် ။အမအမြင်မှာမြန်မာပြည်ယဉ်ကျေးမှုနဲ့ အဲ့ကိစ္စအပေါ် ဘယ်လိုမြင်မိလဲ။

ဖြေ- အသက်ကြီးတဲ့သူတွေအနေနဲ့ကတော့ဟိုနော်။ဒီလို‌နေဖူးမှပဲ ဘဝကြီးကစို‌ပြေမယ်ဆိုတော့သူတိုကတော့ကြိုက်တာ လုပ်ကြပါ။အသက်၂၇တို့ ၃၀အထက်တို့ပေါ့။ လှနုတို့ဝင်မပါဘူး။ ၂၇အောက် ၂၅နှစ် အခုမှဘွဲ့ရပြီးခါစ။ အလည်တန်းအထက်တန်းပြီးခါစကလေးတွေအတွက်စဉ်းစားပေါ့နော်။ ကိုယ့်ရဲ့ဘဝ တစ်ခုကိုကိုယ့်ရဲ့အပျိုစင်ဘဝတစ်ခုကိုပဲဒီဟိုတယ်လေးမှပဲပြီးဆုံးမလား။

တန်ဘိုးရှိတဲ့နေရာတစ်ခုကိုမျှော်မှန်းမလား။ ဒီလောက်နဲ့ပဲကိုယ့်ကိုယ် ကိုတန်ဖိုးဖြတ်မလား။စဉ်းစားကြည့်ပေါ့။ ကိုယ့်ရဲ့တန်ဖိုးကို hotel လေးမှာပဲ 2020 မှာတန်ဖိုးဖျက်ချင်တယ်ဆိုရင်သွားအိပ်လိုက်။ မဟုတ်ဖူး ဒိထက်သာတဲ့‌ယောက်ျားများရနိုင်မလားဆိုတဲ့ ဦးနှောက်အသိဉာဏ်နဲ့ ဆုံးဖြတ်တတ်တဲ့လူဆိုရင်လွယ်လွယ်နဲ့ လိုက်မအိပ်ဘူး။

တကယ်လို့ကိုယ်တခုခုကို ဆုံးဖြတ်ပြီးပြီဆိုရင် သားသမီးရပြီဆိုရင် ဒီသားသမီးအနေနဲ့အဆင်‌ပြေပါ့မလား။အဖေဘယ်မှာလဲ။မာန်မာနနဲ့မွေးလိုက်တယ်ပဲထား ငါဟဲ့ single motherဆိုပြီး မွေးလ်ုက်တယ်။ဒီကလေးစိတ် ဘယ်လိုခံစားရမလဲ။ပြီးတော့ကိုယ့်ကို ပိုးမွေးသလို မွေးလာတဲ့ ကိုမိဘတွေဘယ်လောက်ခံစားရမလဲ။အဲ့‌တော့ကျေးဇူးသိတက်တယ်ဆိုတာပိုက်ဆံရှာပေးမှမဟုတ်ဘူး။ ကျေးဇူးသိတက်တယ်ဆိုတာကိုယ့်ရဲ့အပျိုစင်ဘဝကိုငါ့အမေငါ့အဖေ ဘယ်လိုခံစားရမလဲစိတ်မှာစဉ်းစားပြီးတိုင်းမှာအတူနေဖို့ဆုံးဖြတ်ပါ။ဒါလေးပဲလှနုပြောချင်ပါတယ်။

သတင်း ဝါးဝါးလေး

ကင်မရာ ဓာတ်ပုံ လှိုင်မြတ်စိုး

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တြမ္ခ႐ုက ဒူဂါေရးစေကာ့ကို ဝူဗာရိန္း မလုပ္ခိုင္း
Entertainment
တြြမ္ခ႐ုက ဒူဂါေရးစေကာ့ကို ဝူဗာရိန္း မလုပ္ခိုင္း

တြမ္ခ႐ုက ဒူဂါေရးစေကာ့ကို ဝူဗာရိန္း မလုပ္ခိုင္း ဝူဗာရိန္းဆိုတာ အေမရိကန္ ကာတြန္းစာအုပ္ထဲက လူထူးလူဆန္း တစ္ေယာက္ပါ ။ တကယ့္စြမ္းအားေတြ ပိုင္ဆိုင္ထားၿပီး သိပၸံ ဓာတ္ခြဲခန္း ထဲက ထြက္လာတဲ့ ပါဝါမန္းေတြပါ ။ X-man နဲ႔ ဆက္ႏြယ္ ေနတဲ့ သိပၸံဝတၳဳ ဇာတ္လမ္းတြဲ ေတြပါ ။ သူ႔ရဲ႕ အဓိက ပါဝါက တိုက္ခိုက္ရည္ ေကာင္းတဲ့ အျပင္ ဒဏ္ရာရ လာပါက အလိုအေလ်ာက္ ကုသႏိုင္တဲ့ စြမ္းရည္ပါပဲ ။ လိုဂန္ ျဖစ္တဲ့ ဟတ္ဂ်က္မန္းက X-man ဇာတ္လမ္းတြဲ ကို ဆက္မ႐ိုက္ႏိုင္ ေတာ့လို႔ မာဘယ္႐ုပ္ရွင္ ကုမၸဏီက ဒူဂါေရး စေကာ့ကို …

ရည္းစားကို ဗိုက္တစ္လုံးနဲ႔ ပစ္ထားလို႔ EXOအဖြဲ႕က ခ်န္ကို ပရိသတ္ေတြ ျပစ္တင္ေန
Entertainment
ရည္းစားကို ဗိုက္တစ္လုံးနဲ႔ ပစ္ထားလို႔ EXO အဖြဲ႕က ခ်န္ကို ပရိသတ္ေတြ ျပစ္တင္ေန

ရည္းစားကို ဗိုက္တစ္လုံးနဲ႔ ပစ္ထားလို႔ EXO အဖြဲ႕က ခ်န္ကို ပရိသတ္ေတြ ျပစ္တင္ေန လြန္ခဲ့တဲ့ ၂လေလာက္က ေတာင္ကိုရီးယား နဲ႔ ကမာၻေက်ာ္ ေကေပါ့ ဝိုင္းတစ္ဝိုင္း ျဖစ္တဲ့ EXO အဖြဲ႕ဝင္ ခ်န္ က သူ႔ရည္းစားမွာ ကိုယ္ဝန္ရ ေနၿပီလို႔ ေၾကညာၿပီးေနာက္ မွာေတာ့ ပရိသက္က သူ႔ကို ေတာ္ေတာ္ ေဒါသထြက္ေနပါတယ္။ ခ်န္ဆိုတာက EXO အဖြဲ႕မွာ အခ်မ္းသာဆုံး ရပ္ပါ သီခ်င္းေရးသူ ထုတ္လုပ္သူ သ႐ုပ္ေဆာင္ ေမာ္ဒယ္ တစ္ေယာက္ပါ။ ၂၀၀၈ က ေမာ္ဒယ္ၿပိဳင္ပြဲတစ္ခုမွာ ဒုတိယရခဲ့စဥ္က SM ေဖ်ာ္ေျဖေရး ကုမၸဏီ က သူကိုသေဘာက်ၿပီး ေလ့က်င့္ေပးခဲ့ရင္းက သူက …

ေဘာလီးဝုဒ္နဲ႔ ေတာင္ပိုင္း ႐ုပ္ရွင္ေတြၾကား ခြဲျခားဆက္ဆံမႈေတြရွိ ေနတယ္လို႔ ဆို
Entertainment
ေဘာလီးဝုဒ္နဲ႔ ေတာင္ပိုင္း ႐ုပ္ရွင္ေတြၾကား ခြဲျခားဆက္ဆံမႈေတြရွိ ေနတယ္လို႔ ဆို

ေဘာလီးဝုဒ္နဲ႔ ေတာင္ပိုင္း ႐ုပ္ရွင္ေတြၾကား ခြဲျခားဆက္ဆံမႈေတြရွိ ေနတယ္လို႔ ဆို အိႏၵိယမွာ ေတာင္ပိုင္း႐ုပ္ရွင္ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြက ေဘာလီးဝုဒ္ေလာက္ အေရးမပါဘူးလို႔ လူေတြက ဘာေၾကာင့္ ေျပာေနရလဲဆိုတာကို က်မျဖင့္ စဥ္းစားလို႔ မရပါဘူး လို႔ ရွ႐ူတီဟာဆန္က ေျပာပါတယ္။ သူမကေတာ့ ေဘာလီဝုဒ္ကို မေရာက္ခင္ ကတည္းက တမီးလ္ တလူဂူး ဟင္ဒီ စကားေျပာ႐ုပ္ရွင္ ေလာကမွာ ေနာက္ခံေတးသီးခ်င္း အဆိုေတာ္ ႐ုပ္ရွင္မင္းသမီး အျဖစ္နဲ႔ က်င္လည္ခဲ့သူပါ။ သူမက အိႏၵိယ တစ္ႏိုင္ငံလုံးက ႐ုပ္ရွင္ ေလာကေတြ က်င္လည္လာၿပီး ေနာက္မွာေတာ့ ေတာင္ပိုင္း႐ုပ္ရွင္လုပ္ငန္းေတြနဲ႔ ေဘာလီးဝုဒ္က ႐ုပ္ရွင္လုပ္ငန္းေတြက ဘာမွ ကြာျခားခ်က္ မရွိ ပါဘူးလို႔ ဆိုပါတယ္။ “အႏုပညာရွင္တစ္ေယာက္အေနနဲ႔ …