ေမ့ေဆးမသုံးဘဲ ဝက္ေဝွးသင္းရင္ ဒဏ္႐ိုက္မယ္
- By : Phoe Linn
- Category : International-news
- Tags: international news

ေမ့ေဆးမသုံးဘဲ ဝက္ေဝွးသင္းရင္ ဒဏ္႐ိုက္မယ္
ျပင္သစ္ႏိုင္ငံ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴ ေရးဝန္ႀကီးဌာန ကတိရစာၦန္ေတြရဲ႕ေကာင္းက်ိဳးကို ရည္ေမွ်ာ္ၿပီး ၾကက္ေမြးတဲ့လုပ္ငန္းေတြမွာ ၾကက္ထီးေပါက္ ကေလးေတြကို ဖယ္ရွားျခင္းနဲ႔ ဝက္ေပါက္ေတြကို ေမ့ေဆးမေပးဘဲ ေဝွးသင္းျခင္း ျပဳလုပ္ပါက ဒဏ္႐ိုက္ခံရမယ္ လို႔ အမိန႔္ထုတ္ျပန္လိုက္ပါတယ္။
“ ဒီစည္းမ်ဥ္း၂ခုက က်ိဳးေၾကာင္းညီၫြတ္တဲ့ အျပင္ ရည္႐ြယ္ခ်က္လည္း ေကာင္းပါတယ္။ တိရစာၦန္ေတြရဲ႕ ေကာင္းက်ိဳးကိုေဆာင္ျခင္းက အနာဂတ္ေမြးျမဴေရး လုပ္ငန္းကို ျဖစ္ထြန္းေအာင္လုပ္တာနဲ႔ အတူတူပဲ”လို႔ ျပင္သစ္စိုက္ေမြး ဝန္ႀကီး ဒီဒီယာ ေဂလူမီကဆိုတယ္။
အဲ့ဒိစည္းမ်ဥ္း၂ခုကို ၂၀၂၁ မွာ စတင္ က်င့္သုံးေတာ့မယ္ လို႔လည္း ဆိုတယ္။ ၾကက္ေမြး ျမဴေရး လုပ္ငန္းေတြမွာ ၾကက္ဥကို ေဖာက္တဲ့ အခါမွာ အထီးျဖစ္မယ့္ ဥေတြကို ဥဘ၀ နဲ႔ ေရာင္းခ်လိုက္ၿပီး အမျဖစ္မယ့္ ဥေတြကိုသာ အေကာင္ေဖာက္တာနဲ႔ ပတ္သက္ၿပီး ႏွစ္စဥ္ ၾကက္ထီး ေကာင္ေရ ဘီလီယံမ်ားစြာ ရွင္သန္ခြင့္ ဆုံးရႈံးေနရပါတယ္။
ဂ်ာမဏီ ျပင္သစ္ စိုက္ေမြး ဝန္ႀကီးဌာန ၂ခုလုံးက ႏွစ္စဥ္ ၾကက္ထီးေကာင္ သန္း၉၀ ေဖာက္မယ္လို႔ ေၾကညာထားပါတယ္။ ေမြးျမဴေရးသမားေတြ ကေတာ့ အစာေႂကြး ရတဲ့ ပမာဏခ်င္း အတူတူ ဥ ဥၿပီး အသားပိုရတဲ့ ၾကက္မေတြကိုပဲ ေမြးခ်င္ေနပါတယ္။ ၂၀၁၆ ခုႏွစ္ကတည္းက အဲ့ဒိ၂ႏိုင္ငံက ေမြးျမဴေရးသမားေတြက ဥေဖာက္တဲ့ လုပ္ငန္းေတြထဲမွာ ေငြလုံးေငြရင္း အေျမာက္အမ်ား ျမဳပ္ႏွံ ထားၾကပါတယ္။
ဒါေပမဲ့ အစိုးရေတြကို တိခ်စ္သူ အဖြဲ႕ ေတြက ဖိအားေပးၿပီး လက္ရွိသြားေနတဲ့ စီပြားေရးပုံစံက တိရစာၦန္ေတြကို ညႇင္းပန္း ႏွိပ္စက္ရာ ေရာက္တယ္လို႔ ေျပာလာတဲ့ အတြက္ေၾကာင့္ အစိုးရက ေမြးျမဴေရးသမားေတြကို စည္းမ်ဥ္ စည္းကမ္းေတြ ထုတ္ျပန္ရတာပါ။
တိခ်စ္သူအဖြဲ႕ ေတြကေတာ့ အခုလို အမိန႔္မ်ိဳးထုတ္ျပန္တာကို ေက်နပ္ေနၾကေပမဲ့ သူတို႔က အစိုးရ အမိန႔္အေပၚ သံသယ ရွိေနပါတယ္။ ဝက္ေပါက္ကေလးေတြကို ေဝွးသင္းတဲ့ေနရာမွာ ေမ့ေဆးသုံးဖို႔ ေျပာေပမဲ့ အစိုးရက ေမ့ေဆးေတြကို ေမြးျမဴေရးၿခံ ေတြကို လိုအပ္သေလာက္ခ်မေပးရင္ လက္ေတြ႕ ပုံမေဖာ္ႏိုင္တဲ့အမိန႔္ေတြ ျဖစ္ေနႏိုင္ပါတယ္။
အျခားတိခ်စ္သူအဖြဲ႕က ေတာ့ အစိုးရက ဒဏ္႐ိုက္မယ္သာ ေျပာၿပီး ဘယ္ေလာက္႐ိုက္မယ္ဆိုတာ မေဖာ္ျပတာကလည္း သက္သက္ ပ်ားရည္နဲ႔ဝမ္းခ်သလို ျဖစ္ေနတယ္လို႔ ေဝဖန္ပါတယ္။
လက္ရွိမွာက အဲ့ဒိၾကက္အထီးဥ ေ႐ြးျခင္းမျပဳလုပ္ရန္ႏွင့္ ေမ့ေဆးမေပးဘဲ ဝက္ေပါက္ ေဝွးသင္းျခင္းမလုပ္ရန္ အမိန႔္ကို ဆြာဇာလန္မွာ စတင္က်င့္သုံးေနၿပီ ျဖစ္ၿပီး ျပင္သစ္ဂ်ာမဏီတို႔က ေနာက္ႏွစ္မွာ စတင္သုံးေတာ့မွာပါ။
ေမာင္ယႆ REF: euro news
Unicode
မေ့ဆေးမသုံးဘဲ ဝက်ဝှေးသင်းရင် ဒဏ်ရိုက်မယ်
ပြင်သစ်နိုင်ငံ စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးဝန်ကြီးဌာန ကတိရစ္ဆာန်တွေရဲ့ကောင်းကျိုးကို ရည်မျှော်ပြီး ကြက်မွေးတဲ့လုပ်ငန်းတွေမှာ ကြက်ထီးပေါက် ကလေးတွေကို ဖယ်ရှားခြင်းနဲ့ ဝက်ပေါက်တွေကို မေ့ဆေးမပေးဘဲ ဝှေးသင်းခြင်း ပြုလုပ်ပါက ဒဏ်ရိုက်ခံရမယ် လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
“ ဒီစည်းမျဉ်း၂ခုက ကျိုးကြောင်းညီညွတ်တဲ့ အပြင် ရည်ရွယ်ချက်လည်း ကောင်းပါတယ်။ တိရစ္ဆာန်တွေရဲ့ ကောင်းကျိုးကိုဆောင်ခြင်းက အနာဂတ်မွေးမြူရေး လုပ်ငန်းကို ဖြစ်ထွန်းအောင်လုပ်တာနဲ့ အတူတူပဲ”လို့ ပြင်သစ်စိုက်မွေး ဝန်ကြီး ဒီဒီယာ ဂေလူမီကဆိုတယ်။
အဲ့ဒိစည်းမျဉ်း၂ခုကို ၂၀၂၁ မှာ စတင် ကျင့်သုံးတော့မယ် လို့လည်း ဆိုတယ်။ ကြက်မွေး မြူရေး လုပ်ငန်းတွေမှာ ကြက်ဥကို ဖောက်တဲ့ အခါမှာ အထီးဖြစ်မယ့် ဥတွေကို ဥဘ၀ နဲ့ ရောင်းချလိုက်ပြီး အမဖြစ်မယ့် ဥတွေကိုသာ အကောင်ဖောက်တာနဲ့ ပတ်သက်ပြီး နှစ်စဉ် ကြက်ထီး ကောင်ရေ ဘီလီယံများစွာ ရှင်သန်ခွင့် ဆုံးရှုံးနေရပါတယ်။
ဂျာမဏီ ပြင်သစ် စိုက်မွေး ဝန်ကြီးဌာန ၂ခုလုံးက နှစ်စဉ် ကြက်ထီးကောင် သန်း၉၀ ဖောက်မယ်လို့ ကြေညာထားပါတယ်။ မွေးမြူရေးသမားတွေ ကတော့ အစာကြွေး ရတဲ့ ပမာဏချင်း အတူတူ ဥ ဥပြီး အသားပိုရတဲ့ ကြက်မတွေကိုပဲ မွေးချင်နေပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက အဲ့ဒိ၂နိုင်ငံက မွေးမြူရေးသမားတွေက ဥဖောက်တဲ့ လုပ်ငန်းတွေထဲမှာ ငွေလုံးငွေရင်း အမြောက်အများ မြုပ်နှံ ထားကြပါတယ်။
ဒါပေမဲ့ အစိုးရတွေကို တိချစ်သူ အဖွဲ့ တွေက ဖိအားပေးပြီး လက်ရှိသွားနေတဲ့ စီပွားရေးပုံစံက တိရစ္ဆာန်တွေကို ညှင်းပန်း နှိပ်စက်ရာ ရောက်တယ်လို့ ပြောလာတဲ့ အတွက်ကြောင့် အစိုးရက မွေးမြူရေးသမားတွေကို စည်းမျဉ် စည်းကမ်းတွေ ထုတ်ပြန်ရတာပါ။
တိချစ်သူအဖွဲ့ တွေကတော့ အခုလို အမိန့်မျိုးထုတ်ပြန်တာကို ကျေနပ်နေကြပေမဲ့ သူတို့က အစိုးရ အမိန့်အပေါ် သံသယ ရှိနေပါတယ်။ ဝက်ပေါက်ကလေးတွေကို ဝှေးသင်းတဲ့နေရာမှာ မေ့ဆေးသုံးဖို့ ပြောပေမဲ့ အစိုးရက မေ့ဆေးတွေကို မွေးမြူရေးခြံ တွေကို လိုအပ်သလောက်ချမပေးရင် လက်တွေ့ ပုံမဖော်နိုင်တဲ့အမိန့်တွေ ဖြစ်နေနိုင်ပါတယ်။
အခြားတိချစ်သူအဖွဲ့က တော့ အစိုးရက ဒဏ်ရိုက်မယ်သာ ပြောပြီး ဘယ်လောက်ရိုက်မယ်ဆိုတာ မဖော်ပြတာကလည်း သက်သက် ပျားရည်နဲ့ဝမ်းချသလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။
လက်ရှိမှာက အဲ့ဒိကြက်အထီးဥ ရွေးခြင်းမပြုလုပ်ရန်နှင့် မေ့ဆေးမပေးဘဲ ဝက်ပေါက် ဝှေးသင်းခြင်းမလုပ်ရန် အမိန့်ကို ဆွာဇာလန်မှာ စတင်ကျင့်သုံးနေပြီ ဖြစ်ပြီး ပြင်သစ်ဂျာမဏီတို့က နောက်နှစ်မှာ စတင်သုံးတော့မှာပါ။
မောင်ယဿ REF: euro news
No Comments