ေဘးမကင္းတဲ့ ကြန္ဒုံ ၉၀၀၀၀ေက်ာ္ဖမ္းဆီးရမိ

ေဘးမကင္းတဲ့ ကြန္ဒုံ ၉၀၀၀၀ေက်ာ္ဖမ္းဆီးရမိ
International-news

ေဘးမကင္းတဲ့ ကြန္ဒုံ ၉၀၀၀၀ေက်ာ္ဖမ္းဆီးရမိ

ယူေက က်န္းမာေရး အာဏါပိုင္ေတြက စားသုံးသူေတြကို ဝယ္သုံးတဲ့ ပစၥည္းေတြကို ရက္လြန္ မလြန္ ေသေသခ်ာခ်ာၾကည့္ၿပီးမွ သုံးစြဲၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။ သူတို႔က စတိုးဆိုင္ေတြကို ဝင္ေရာက္စစ္ေဆးၿပီး အရည္အေသြးညံ့ဖ်င္းတဲ့ ထုတ္ကုန္ေတြကို သိမ္းဆည္းယူၿပီးေနာက္ အထက္ပါအတိုင္း တိုက္တြန္းလိုက္တာပါ။ ။

သူတို႔က ၂၀၁၈ ၊၂၀၁၉ ၂ ႏွစ္အတြင္း တရားမဝင္ ေဘးမကင္းတဲ့ ကြန္ဒုံ ၉ေသာင္းေက်ာ္ ဖမ္းဆီ ရမိတယ္လို႔လည္း ေၾကညာပါတယ္။ ယူေက ေဆးဝါးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ ကုန္ပစၥည္းထိန္းခ်ဳပ္ မႈ ေအဂ်င္စီက စတိုးဆိုင္ေတြ ကုန္တိုက္ေတြကို ဝင္ေရာက္ၿပီး ရက္လြန္ပစၥည္းမ်ား အီးယူေဈးကြက္မွလာတဲ့ စစ္ေဆးမႈမျပဳလုပ္ရေသးတဲ့ ကုန္ပစၥည္းမ်ား ဥပေဒနဲ႔ မကိုက္ညီတဲ့ ေဘးကင္တဲ့သေကၤတ မပါတဲ့ ကုန္ပစၥည္းမ်ားကို သိမ္းယူဖမ္းဆီးျခင္းျပဳခဲ့ပါတယ္။
ေနာက္ၿပီး ယူေကနယ္စပ္ ကုန္စည္စစ္ေဆးေရးဂိတ္ကလည္း တရားမဝင္ကြန္ဒုံမ်ားစြာကို ဖမ္းဆီးရမိပါတယ္။ ။

သူတို႔က ေဘးမကင္းတဲ့ ကြန္ဒုံေတြေၾကာင့္ မလိုအပ္ဘဲ ကိုယ္ဝန္ေဆာင္မႈေတြ ျဖစ္လာႏိုင္သလို လိင္နဲ႔ပတ္သက္တဲ့ ကူးစပ္ေရာဂါေတြ လည္း ျဖစ္ေပၚလာႏိုင္ပါတယ္လို႔ ဆိုတယ္။ ဒါ့အျပင္လူငယ္ေတြရဲ႕လိင္းပိုင္းဆိုင္ရာ ကိစၥေတြမွာ အထူးသတိထားရမယ့္ ကိစၥျဖစ္ပါ တယ္။ ရက္လြန္ မလြန္ကို ေသေသခ်ာခ်ာ စစ္ေဆးၿပီးမွ အသုံးျပဳသင့္ပါတယ္။ လူငယ္ေတြအတြက္ လူမႈေရးဆိုင္ရာ ျပႆနာမ်ားကို သယ္ေဆာင္ လာႏိုင္တဲ့ အထဲမွာ မေကာင္းတဲ့ ကြန္ဒုံ အသုံးျပဳတာလဲပါပါတယ္။ ေနာက္ၿပီး ကြန္ဒုံကိုဝယ္ၿပီးေနာက္မွာ ထားသိုပုံ စနစ္ကလည္း အေရးႀကီးပါတယ္။ ။

အပူေတြ ေနေရာင္ေတြ စိုထိုင္းဆျမင့္တဲ့ေနရာေတြ ဆီတစ္မ်ိဳးမ်ိဳး နဲ႔ တိုက္႐ိုက္ထိေတြ႕ မႈမရွိတဲ့ ေနရာမွာ သိမ္းဆည္းထားသင့္ပါတယ္။ ေနာက္ဆုံး ပိုက္ဆံအိတ္ထဲကို ထည့္ထားၿပီးဖိမိ ထိုင္မိတယ္ဆိုရင္ အသုံးမျပဳသင့္ေတာ့ပါဘူး။ယူေကမွာ ေဘးမကင္းတဲ့ ေဆးဝါးနဲ႔ပတ္သက္တဲ့ အမ်ားဆုံးဖမ္းမိတဲ့ အရာေတြကေတာ့ ကြန္ဒုံ ေဆးထိုးအပ္ နဲ႔ လိင္စိတ္ႂကြေဆးေတြပါပဲ။ အခုဖမ္းမိတဲ့ ကြန္ဒုံေတြမွာ သဘာဝကရတဲ့ ရာဘာႏို႔ေစးနဲ႔ လုပ္ထားတာမဟုတ္ဘဲ ဓာတုေပါင္းစပ္မႈနဲ႔ လုပ္ထားတဲ့ ကြန္ဒုံေတြအမ်ားအျပားပါဝင္ေနပါတယ္။ ။

အဲ့ဒိကြန္ဒုံေတြက စိမ့္ဝင္စိမ့္ထြက္ႏိုင္တဲ့ အေပါက္ေတြ ပါတဲ့အတြက္ေၾကာင့္ လိင္ပိုင္းဆိုင္ရာ ေရာဂါကူးစပ္မႈ ျဖစ္ေပၚႏိုင္ပါတယ္။ တရားဝင္ ကုန္အမွတ္တံဆိပ္ ပါတဲ့ ကြန္ဒုံေတြကိုေတာင္ ရက္လြန္မလြန္ စစ္ေဆးၿပီးမွ သုံးသင့္ေၾကာင္း အဲ့ဒိအဖြဲ႕က အႀကံျပဳထားပါတယ္။ ။

ေမာင္ယႆ REF: the guargian photo :elite reader

Unicode

ဘေးမကင်းတဲ့ ကွန်ဒုံ ၉၀၀၀၀ကျော်ဖမ်းဆီးရမိ

ယူကေ ကျန်းမာရေး အာဏါပိုင်တွေက စားသုံးသူတွေကို ဝယ်သုံးတဲ့ ပစ္စည်းတွေကို ရက်လွန် မလွန် သေသေချာချာကြည့်ပြီးမှ သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ သူတို့က စတိုးဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး အရည်အသွေးညံ့ဖျင်းတဲ့ ထုတ်ကုန်တွေကို သိမ်းဆည်းယူပြီးနောက် အထက်ပါအတိုင်း တိုက်တွန်းလိုက်တာပါ။ ။

သူတို့က ၂၀၁၈ ၊၂၀၁၉ ၂ နှစ်အတွင်း တရားမဝင် ဘေးမကင်းတဲ့ ကွန်ဒုံ ၉သောင်းကျော် ဖမ်းဆီ ရမိတယ်လို့လည်း ကြေညာပါတယ်။ ယူကေ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ပစ္စည်းထိန်းချုပ် မှု အေဂျင်စီက စတိုးဆိုင်တွေ ကုန်တိုက်တွေကို ဝင်ရောက်ပြီး ရက်လွန်ပစ္စည်းများ အီးယူဈေးကွက်မှလာတဲ့ စစ်ဆေးမှုမပြုလုပ်ရသေးတဲ့ ကုန်ပစ္စည်းများ ဥပဒေနဲ့ မကိုက်ညီတဲ့ ဘေးကင်တဲ့သင်္ကေတ မပါတဲ့ ကုန်ပစ္စည်းများကို သိမ်းယူဖမ်းဆီးခြင်းပြုခဲ့ပါတယ်။
နောက်ပြီး ယူကေနယ်စပ် ကုန်စည်စစ်ဆေးရေးဂိတ်ကလည်း တရားမဝင်ကွန်ဒုံများစွာကို ဖမ်းဆီးရမိပါတယ်။ ။

သူတို့က ဘေးမကင်းတဲ့ ကွန်ဒုံတွေကြောင့် မလိုအပ်ဘဲ ကိုယ်ဝန်ဆောင်မှုတွေ ဖြစ်လာနိုင်သလို လိင်နဲ့ပတ်သက်တဲ့ ကူးစပ်ရောဂါတွေ လည်း ဖြစ်ပေါ်လာနိုင်ပါတယ်လို့ ဆိုတယ်။ ဒါ့အပြင်လူငယ်တွေရဲ့လိင်းပိုင်းဆိုင်ရာ ကိစ္စတွေမှာ အထူးသတိထားရမယ့် ကိစ္စဖြစ်ပါ တယ်။ ရက်လွန် မလွန်ကို သေသေချာချာ စစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။ လူငယ်တွေအတွက် လူမှုရေးဆိုင်ရာ ပြဿနာများကို သယ်ဆောင် လာနိုင်တဲ့ အထဲမှာ မကောင်းတဲ့ ကွန်ဒုံ အသုံးပြုတာလဲပါပါတယ်။ နောက်ပြီး ကွန်ဒုံကိုဝယ်ပြီးနောက်မှာ ထားသိုပုံ စနစ်ကလည်း အရေးကြီးပါတယ်။ ။

အပူတွေ နေရောင်တွေ စိုထိုင်းဆမြင့်တဲ့နေရာတွေ ဆီတစ်မျိုးမျိုး နဲ့ တိုက်ရိုက်ထိတွေ့ မှုမရှိတဲ့ နေရာမှာ သိမ်းဆည်းထားသင့်ပါတယ်။ နောက်ဆုံး ပိုက်ဆံအိတ်ထဲကို ထည့်ထားပြီးဖိမိ ထိုင်မိတယ်ဆိုရင် အသုံးမပြုသင့်တော့ပါဘူး။ယူကေမှာ ဘေးမကင်းတဲ့ ဆေးဝါးနဲ့ပတ်သက်တဲ့ အများဆုံးဖမ်းမိတဲ့ အရာတွေကတော့ ကွန်ဒုံ ဆေးထိုးအပ် နဲ့ လိင်စိတ်ကြွဆေးတွေပါပဲ။ အခုဖမ်းမိတဲ့ ကွန်ဒုံတွေမှာ သဘာဝကရတဲ့ ရာဘာနို့စေးနဲ့ လုပ်ထားတာမဟုတ်ဘဲ ဓာတုပေါင်းစပ်မှုနဲ့ လုပ်ထားတဲ့ ကွန်ဒုံတွေအများအပြားပါဝင်နေပါတယ်။ ။

အဲ့ဒိကွန်ဒုံတွေက စိမ့်ဝင်စိမ့်ထွက်နိုင်တဲ့ အပေါက်တွေ ပါတဲ့အတွက်ကြောင့် လိင်ပိုင်းဆိုင်ရာ ရောဂါကူးစပ်မှု ဖြစ်ပေါ်နိုင်ပါတယ်။ တရားဝင် ကုန်အမှတ်တံဆိပ် ပါတဲ့ ကွန်ဒုံတွေကိုတောင် ရက်လွန်မလွန် စစ်ဆေးပြီးမှ သုံးသင့်ကြောင်း အဲ့ဒိအဖွဲ့က အကြံပြုထားပါတယ်။ ။

မောင်ယဿ REF: the guargian photo :elite reader

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …