
International-news







မောင်ယဿ


Unicode

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။

ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို စိုက်ပျိုးခဲ့ပါတယ် ။ အဲ့ဒိ နောက်မှာတော့ အသင်းသားတွေရဲ့ မိသားစုကို ဟင်းသီးဟင်းရွက် တွေကို ဝေမျှ ပေးခဲ့ပါတယ် ။ ပိုလျှံတဲ့ ဟင်းသီးဟင်းရွက်တွေကို အသင်း ရန်ပုံငွေအတွက် လမ်းဘေးမှာ ဆိုင်ခင်းပြီး ရောင်းချခဲ့ပါတယ် ။

ဂျေလိဂ်ရဲ့ ထိပ်တန်း ကလပ်တစ်ခုဖြစ်တဲ့ ဖူကူရှီးမားက စိုက်ပျိုးရေးလုပ်ပြီး အသင်းကို အသက်ဆက် ထားပါ တယ် ။ ပြီးခဲ့ တဲ့ စနေနေ့ကဆိုရင် သူတို့ရဲ့ ပြိုင်ပွဲတွေကို ပြန်စတင် နိုင်ခဲ့ပါပြီ ။ ကလပ်အသင်းတွေ နားနေချိန်မှာ သူတို့ အသင်းရဲ့ စိုက်ပျိုးရေး လုပ်ငန်းကနေ တစ်နှစ်စာ လက်မှတ်ရောင်းကြေး တစ်ဝက်စာကျော် ဝင်ငွေရခဲ့ပါတယ် ။ ပရိသတ်မရှိဘဲ ကစားရတဲ့အတွက် သူတို့မှာ လက်မှတ်ရောင်းကြေး မရှိပေမဲ့ စိုက်ခင်းက ဟင်းသီးဟင်းရွက်တွေကြောင့် အနည်းငယ် ခံသာ သွားပါတယ် ။

သူတို့ရဲ့ အသင်းသား ၄ ယောက်ကတော့ အသင်းဝတ်စုံတွေ ဝတ်ပြီး စိုက်ပျိုးရေး ဘောလုံးအသင်းရဲ့ အသီးအနှံတွေကို အားပေးဖို့ အတွက် လမ်းပေါ်မှာ ရောင်းချခဲ့ပါတယ် ။ အခုဆိုရင် ပန်းသီးစိမ်းတွေတောင် သူတို့ရဲ့ အီရှီ ကာဝါ ခြံကထွက်နေပါပြီ ။

အဲ့ဒိလိုလုပ်ဖို့အတွက် ကလပ်အသင်းမှာ ၁၅နှစ်ကြာ ကစားခဲ့တဲ့ တိုက်စစ်မှူး ဟီရိုကီ ဟီဂူချီက ဦးဆောင်ခဲ့တာပါ ။ အသင်းကို သံယောဇဉ် တွယ်လွန်းလို့ အခြားအသင်းတွေ ကို လည်း မကူးပြောင်း အသင်းပျက် သွားမှာကို လည်းစိုးရိမ်တဲ့ အတွက် အသင်းဝင်ငွေ ရအောင် နည်းလမ်းကို စဉ်းစားနိုင်ခဲ့တာပါ ။ သူတို့အသင်းက စပွန်စာ မရလို့ အခက်အခဲဖြစ်နေခဲ့တာ ၂၀၁၄ခုနှစ်ကတည်းကပါ ။ ဘာပဲဖြစ်ဖြစ် ၆နှစ်ကြာ ရပ်တည်နိုင်ခဲ့တဲ့ သူတို့အသင်းကို ချီးကျူးရမှာဖြစ်ပါတယ် ။

မောင်ယဿ

REF: japan times / Photo; japan times

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

လူ့အသက်ကို ကယ်လိုက်တဲ့ ကြောင်ကလေးကို ဂျပန် ရဲတွေ ဂုဏ်ပြု
International-news
လူ့အသက်ကို ကယ်လိုက်တဲ့ ကြောင်ကလေးကို ဂျပန် ရဲတွေ ဂုဏ်ပြု

လူ့အသက်ကို ကယ်လိုက်တဲ့ ကြောင်ကလေးကို ဂျပန် ရဲတွေ ဂုဏ်ပြု ဂျပန်နိုင်ငံ တိုယာမာမြို့လယ်မှာနေတဲ့ ကြောင်လေးတစ်ကောင်က ရေမြောင်းထဲကို ပြုတ်ကျသွားတဲ့သူ တစ်ဦးကို ကယ်ဆယ် နိုင်ခဲ့လို့ ဂျပန်ရဲတွေက ၎င်းကို ဂုဏ်ပြုဆု ချီးမြှင့် ခဲ့ပါတယ် ။ ဇွန်လ ၁၆ရက်နေ့က အသက် ၇၇ နှစ်အရွယ် အဘွားအို တစ်ဦးက ညဖက် ၇နာရီခွဲ လောက်မှာ လမ်းလျှောက် ထွက်လာရင်းက လမ်းဘေး ရေမြောင်းထဲကို ခြေချော်ပြီး လဲကျသွားပါတယ် ။ အဲ့ဒါကို တွေ့ လိုက်တဲ့ ကြောင်မလေး ကိုကိုက သူမရဲ့ အိမ်ရှင်ကို တညောင်ညောင် နဲ့ အော်ခေါ်ပါတယ် ။ အိမ်ရှင် အမျိုးသမီးက …