ေဘာလီးဝုဒ္ ဖက္ရွင္ေလာကမွာ ထိပ္ဆုံးကိုေရာက္လာတဲ့ လက္ပြားမင္းသား ဟရိသက္ခ္
- By : Phoe Linn
- Category : Entertainment, Knowledge

ေဘာလီးဝုဒ္ ဖက္ရွင္ေလာကမွာ ထိပ္ဆုံးကိုေရာက္လာတဲ့ လက္ပြားမင္းသား ဟရိသက္ခ္
ေဘာလီးဝုဒ္မွာ လက္ပြားမင္းသားလို႔ လူသိမ်ားတဲ့ ဟရိသက္ခ္ ႐ိုရွန္က အိႏၵိယမွာ ဖက္ရွင္ အိုင္ကြန္တစ္ေယာက္ ျဖစ္လာပါၿပီ။ သူ႔ကို အဝတ္အစားေတြ ဆင္ေပးတဲ့ ဂိမ္းထြက္လာၿပီးေနာက္မွာေတာ့ သူ႔ရဲ႕စတိုင္ေတြက လူမႈကြန္ရက္မွာ ျပန႔္ႏွံ႔ကာ လူၾကည့္အမ်ားဆုံး ျဖစ္လာခဲ့ပါတယ္။ သူ႔ရဲ႕ စတိုင္ကို ပရိသက္ႀကိဳက္ၾကရတဲ့ အေၾကာင္းကေတာ့ သူ႔ဖက္ရွင္ေတြက ႐ိုးရွင္းတဲ့အတြက္ျဖစ္ပါတယ္။
သူဝတ္တဲ့ အဝတ္အစားေတြက ဆင္းရဲတဲ့သူေတြေတာင္ တုပ ဝတ္စားလို႔ရတဲ့ပုံစံေတြ ျဖစ္တဲ့အတြက္ သူ႔စတိုင္ ဖန္ေတြ မ်ားလာတာပါ။ သူအမ်ားဆုံးဝတ္တဲ့ အေပၚဝတ္ကေတာ့ လည္ေထာင္တီရွပ္လက္ရွည္ပါ။ အဲ့ဒိ ဒီဇိုင္းကို သူက မၾကာခဏ ဝတ္ျပေလ့ရွိပါတယ္။ ရာသီဥတုနဲ႔ လိုက္ဖက္ၿပီး ယုံၾကည္မႈျမင့္တဲ့ ပုံစံပါ။ အမ်ိဳးအစားကလည္း အရည္အေသြးအမ်ိဳးမ်ိဳးရွိတဲ့အတြက္ အလြယ္တကူ ဝယ္ယူဝတ္ဆင္ႏိုင္တဲ့အတြက္ လူငယ္အမ်ားစု ႀကိဳက္တဲ့ပုံစံပါ။
လည္ေထာင္တီရွပ္ လက္ရွည္ကို လွ်ာထိုး ဦးထုတ္ ေဆာင္းၿပီး ေနကာမ်က္မွန္တစ္လက္ တပ္လိုက္ရင္ ေခာတ္မီလြတ္လပ္ေပါ့ပါးတဲ့ ဝတ္စုံတစ္စုံကိုရလိုက္တာပါပဲ။ ေနာက္ဒီဇိုင္းတစ္ခုက တီရွပ္လက္တိုအေပၚမွာ ဂ်က္ကပ္တစ္ထည္ဝတ္ၿပီး အေရာင္ကို ေ႐ြးဝတ္တာပါပဲ။ တီရွပ္က ေဈးေပါေတာ့ ကိုယ္ႀကိဳက္လို႔ ဝယ္ထားတဲ့ ဂ်က္ကပ္နဲ႔ လိုက္မယ့္တီရွပ္ ကိုဝတ္တာပါပဲ။ ဟရိသက္ခ္ကေတာ့ လဗန္ဒါအေရာင္ကို ႀကိဳက္လို႔ အဲ့ဒီဒီဇိုင္းကိုလည္း မၾကာမၾကာဝတ္ ေလ့ရွိပါတယ္။ အဲ့ဒိ ဒီဇိုင္းကေတာ့ တီရွပ္ဝယ္တဲ့အခါမွာ ကိုယ္အိမ္မွာရွိတဲ့ ဂ်က္ကပ္နဲ႔လိုက္မယ့္ အေရာင္ကို သတိထားၿပီး ဝယ္ဖို႔ပါပဲ။
တီရွပ္ခ်ည္းပဲ သီးသန႔္ဝတ္မယ္ဆိုရင္ေတာ့ စိတ္ႀကိဳက္အေရာင္ စိတ္ႀကိဳက္ စာတန္းနဲ႔ ပုံေတြကို ဝယ္ လို႔ ရ ပါ တယ္။ ဂ်က္ကပ္နဲ႔ တြဲဝတ္မယ္ဆိုရင္ေတာ့ ဂ်က္ကပ္နဲ႔ လိုက္မယ့္ ေျပာင္တီရွပ္ ေတြက ပိုမိုက္ပါတယ္။ ေနာက္စတိုင္တစ္ခုက ေဟာဒီစတိုင္တစ္မ်ိဳးပါ။ ေခါင္းစြတ္ တီရွပ္လက္ရွည္ ကို ဖိနပ္အေရာင္နဲ႔ လိုက္ေအာင္ဝတ္တာပါ။ ေပါ့ပါးၿပီး လူငယ္ဆန္ေပမဲ့ လုံး၀ ကလတ္သြားတာမရွိတဲ့ စတိုင္ပါ။ ထုံးစံအတိုင္း အျဖဴေရာင္အခံ အေပၚဝတ္ကို အျပာဂ်င္းေဘာင္းဘီနဲ႔ ဝတ္စုံကို အျဖဴခံ ဖိ နပ္ စီး ထား တာ ပါ။
ဒီ ေလာက္ ဆို သူ႔ ရဲ႕ စ တိုင္ ေတြ ကို လူ ငယ္ ေတြ ဘာ ေၾကာင့္ ႀကိဳက္ ၾက လဲ ဆို တာ ကို သိ ၾကမွာ ပါ။
ေမာင္ယႆ REF: Bollywood life photo:santabenta
Unicode
ဘောလီးဝုဒ် ဖက်ရှင်လောကမှာ ထိပ်ဆုံးကိုရောက်လာတဲ့ လက်ပွားမင်းသား ဟရိသက်ခ်
ဘောလီးဝုဒ်မှာ လက်ပွားမင်းသားလို့ လူသိများတဲ့ ဟရိသက်ခ် ရိုရှန်က အိန္ဒိယမှာ ဖက်ရှင် အိုင်ကွန်တစ်ယောက် ဖြစ်လာပါပြီ။ သူ့ကို အဝတ်အစားတွေ ဆင်ပေးတဲ့ ဂိမ်းထွက်လာပြီးနောက်မှာတော့ သူ့ရဲ့စတိုင်တွေက လူမှုကွန်ရက်မှာ ပြန့်နှံ့ကာ လူကြည့်အများဆုံး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စတိုင်ကို ပရိသက်ကြိုက်ကြရတဲ့ အကြောင်းကတော့ သူ့ဖက်ရှင်တွေက ရိုးရှင်းတဲ့အတွက်ဖြစ်ပါတယ်။
သူဝတ်တဲ့ အဝတ်အစားတွေက ဆင်းရဲတဲ့သူတွေတောင် တုပ ဝတ်စားလို့ရတဲ့ပုံစံတွေ ဖြစ်တဲ့အတွက် သူ့စတိုင် ဖန်တွေ များလာတာပါ။ သူအများဆုံးဝတ်တဲ့ အပေါ်ဝတ်ကတော့ လည်ထောင်တီရှပ်လက်ရှည်ပါ။ အဲ့ဒိ ဒီဇိုင်းကို သူက မကြာခဏ ဝတ်ပြလေ့ရှိပါတယ်။ ရာသီဥတုနဲ့ လိုက်ဖက်ပြီး ယုံကြည်မှုမြင့်တဲ့ ပုံစံပါ။ အမျိုးအစားကလည်း အရည်အသွေးအမျိုးမျိုးရှိတဲ့အတွက် အလွယ်တကူ ဝယ်ယူဝတ်ဆင်နိုင်တဲ့အတွက် လူငယ်အများစု ကြိုက်တဲ့ပုံစံပါ။
လည်ထောင်တီရှပ် လက်ရှည်ကို လျှာထိုး ဦးထုတ် ဆောင်းပြီး နေကာမျက်မှန်တစ်လက် တပ်လိုက်ရင် ခောတ်မီလွတ်လပ်ပေါ့ပါးတဲ့ ဝတ်စုံတစ်စုံကိုရလိုက်တာပါပဲ။ နောက်ဒီဇိုင်းတစ်ခုက တီရှပ်လက်တိုအပေါ်မှာ ဂျက်ကပ်တစ်ထည်ဝတ်ပြီး အရောင်ကို ရွေးဝတ်တာပါပဲ။ တီရှပ်က ဈေးပေါတော့ ကိုယ်ကြိုက်လို့ ဝယ်ထားတဲ့ ဂျက်ကပ်နဲ့ လိုက်မယ့်တီရှပ် ကိုဝတ်တာပါပဲ။ ဟရိသက်ခ်ကတော့ လဗန်ဒါအရောင်ကို ကြိုက်လို့ အဲ့ဒီဒီဇိုင်းကိုလည်း မကြာမကြာဝတ် လေ့ရှိပါတယ်။ အဲ့ဒိ ဒီဇိုင်းကတော့ တီရှပ်ဝယ်တဲ့အခါမှာ ကိုယ်အိမ်မှာရှိတဲ့ ဂျက်ကပ်နဲ့လိုက်မယ့် အရောင်ကို သတိထားပြီး ဝယ်ဖို့ပါပဲ။
တီရှပ်ချည်းပဲ သီးသန့်ဝတ်မယ်ဆိုရင်တော့ စိတ်ကြိုက်အရောင် စိတ်ကြိုက် စာတန်းနဲ့ ပုံတွေကို ဝယ် လို့ ရ ပါ တယ်။ ဂျက်ကပ်နဲ့ တွဲဝတ်မယ်ဆိုရင်တော့ ဂျက်ကပ်နဲ့ လိုက်မယ့် ပြောင်တီရှပ် တွေက ပိုမိုက်ပါတယ်။ နောက်စတိုင်တစ်ခုက ဟောဒီစတိုင်တစ်မျိုးပါ။ ခေါင်းစွတ် တီရှပ်လက်ရှည် ကို ဖိနပ်အရောင်နဲ့ လိုက်အောင်ဝတ်တာပါ။ ပေါ့ပါးပြီး လူငယ်ဆန်ပေမဲ့ လုံး၀ ကလတ်သွားတာမရှိတဲ့ စတိုင်ပါ။ ထုံးစံအတိုင်း အဖြူရောင်အခံ အပေါ်ဝတ်ကို အပြာဂျင်းဘောင်းဘီနဲ့ ဝတ်စုံကို အဖြူခံ ဖိ နပ် စီး ထား တာ ပါ။
ဒီ လောက် ဆို သူ့ ရဲ့ စ တိုင် တွေ ကို လူ ငယ် တွေ ဘာ ကြောင့် ကြိုက် ကြ လဲ ဆို တာ ကို သိ ကြမှာ ပါ။
မောင်ယဿ REF: Bollywood life photo:santabenta
No Comments