ေဘာလီးဝုဒ္က လက္ပြား မင္းသား ေဟာလီးဝုဒ္ကို ဝင္ေတာ့မယ္
- By : Phoe Linn
- Category : Entertainment

ေဘာလီးဝုဒ္က လက္ပြား မင္းသား ေဟာလီးဝုဒ္ကို ဝင္ေတာ့မယ္
ေဘာလီးဝုဒ္က နာမည္ေက်ာ္ ေတြက တျဖည္းျဖည္းနဲ႔ ေဟာလီးဝုဒ္ ကို နယ္ခ်ဲ႕ လာၾကပါၿပီ ။ အခုဆိုရင္ ပရီယန္ကာခ်ိဳပရာ တို႔ ဒီပီကာပဒူကုံ တို႔က ေဟာလီးဝုဒ္နဲ႔ အတူ ႏိုင္ငံတကာေဈးကြက္ ထဲကို ဝင္ေရာက္ ခဲ့ပါၿပီ ။
သူတို႔ရဲ႕ ေနာက္ကို လိုက္ၿပီးေတာ့ လက္ပြား မင္းသား ဟာရိသက္ခ္ ႐ိုရွန္က သူ႔ရဲ႕ေက်ာ္ၾကားမႈ မိုးကုတ္ စက္ဝိုင္းကို ျဖန႔္က်က္ဖို႔ အတြက္ အိႏၵိယ နယ္စပ္မ်ဥ္းကို ေက်ာ္လြန္ၿပီး အေမရိကန္ ကယ္လီဖိုးနီးယား အေျခစိုက္ ဂ်ားရွ္ ႐ုပ္ရွင္ ေအဂ်င္စီနဲ႔ ႐ုပ္ရွင္ ႐ိုက္ဖို႔အတြက္ လက္မွတ္ထိုးလိုက္ပါၿပီ ။
ေဘာလီးဝုဒ္က သူ႔ရဲ႕ေက်ာ္ၾကားမႈ ေတြက ႏိုင္ငံတကာ ကိုေရာက္ဖို႔ အတြက္ ေျခဆန႔္တာက ေဟာလီးဝုဒ္မွာ ေနရာ တစ္ခုခု ရမယ္ဆိုတာကို ယုံမွား စရာမလိုပါဘူး ။ သူ႔ရဲ႕စိတ္အားထက္ သန္မႈက သ႐ုပ္ေဆာင္ပညာနဲ႔ စြန႔္စားလိုစိတ္ကို ႏႈိးဆြ လိုက္တာပါ ။
သူနဲ႔ ပတ္သက္လို႔ သူ႔ရဲ႕ မန္ေနဂ်ာ အမ္ရီတာ ဆန္က “ သူက လူတစ္မ်ိဳးဗ် ။ သူ႔မွာ ပါရမီရွိတယ္ဆိုတာကို သူကိုယ္တိုင္ သိတာေတာင္မွာ ေရွ႕ ဆက္မတိုးဘူး ။ ေရာက္ေလရာ အရပ္မွာ ေပ်ာ္ေနတတ္တဲ့ သူဗ် ။ သူ႔ကို နည္းနည္းေတာ့ တြန္းရတယ္ ။ ဒါေပမဲ့ နည္းနည္းပဲ တြန္းေပးရပါတယ္ ။
က်န္တာက ကိုယ္မထင္ထားတာ ေတြေတာင္ သူက လုပ္ျပတတ္တယ္ ။ လြန္ခဲ့တဲ့ ႏွစ္၂၀ ေလာက္ကဆိုရင္ က်ေနာ္က သူ႔ကို သူရဲ႕ ဗီဇစိတ္ကို ေျပာျပတယ္ ။ မ်က္ႏွာသစ္ တန္းထဲမွာ မင္းက အလားအလာ အေကာင္းဆုံးပဲလို႔ ေျပာၿပီး တြန္းေပးလိုက္တယ္ ။
ထင္တဲ့အတိုင္း သူတစ္ခုၿပီး တစ္ခု လုပ္ျပေတာ့တာပါပဲ။ ေနာက္ မိန္မယူဖို႔လည္း ေျပာရတယ္။ မိန္းမယူတယ္ဆိုတာ ေယာက်ာ္းေကာင္းေတြရဲ႕ လကၡဏါတစ္ရပ္ပဲလို႔ ေျပာျပလိုက္မွ သူက ေယာက္်ားေကာင္းျဖစ္တဲ့အေၾကာင္း က်ေနာ့္ကို အစြမ္းျပတဲ့အေနနဲ႔ မိန္းမယူတာ။
အခုလည္း ႏိုင္ငံတကာ ေဈးကြက္ထဲကို ေရာက္ဖို႔ ေဟာလီးဝုဒ္ကို သြားရမယ္။ ေဟာလီးဝုဒ္မွာ မင္း အစြမ္းကိုျပမွ ကမာၻ႔အဆင့္ကို ေရာက္မွာလို႔ ေျပာလို႔ အခုသူ ေဟာလီးဝုဒ္ကို သြားတာ။ ဒီလိုမွမဟုတ္ရင္သြားဦးမွာမဟုတ္ဘူး”လို႔ ဆိုတယ္။ အခုေတာ့ သူကစိန္ေခၚမႈ အသစ္အတြက္ ရင္ဆိုင္ဖို႔ အေမရိကားကို သြားေတာ့မွာပါ။
ေမာင္ယႆ REF; Bollywood life
Photo; koimoi
Unicode
ဘောလီးဝုဒ်က လက်ပွား မင်းသား ဟောလီးဝုဒ်ကို ဝင်တော့မယ်
ဘောလီးဝုဒ်က နာမည်ကျော် တွေက တဖြည်းဖြည်းနဲ့ ဟောလီးဝုဒ် ကို နယ်ချဲ့ လာကြပါပြီ ။ အခုဆိုရင် ပရီယန်ကာချိုပရာ တို့ ဒီပီကာပဒူကုံ တို့က ဟောလီးဝုဒ်နဲ့ အတူ နိုင်ငံတကာဈေးကွက် ထဲကို ဝင်ရောက် ခဲ့ပါပြီ ။
သူတို့ရဲ့ နောက်ကို လိုက်ပြီးတော့ လက်ပွား မင်းသား ဟာရိသက်ခ် ရိုရှန်က သူ့ရဲ့ကျော်ကြားမှု မိုးကုတ် စက်ဝိုင်းကို ဖြန့်ကျက်ဖို့ အတွက် အိန္ဒိယ နယ်စပ်မျဉ်းကို ကျော်လွန်ပြီး အမေရိကန် ကယ်လီဖိုးနီးယား အခြေစိုက် ဂျားရှ် ရုပ်ရှင် အေဂျင်စီနဲ့ ရုပ်ရှင် ရိုက်ဖို့အတွက် လက်မှတ်ထိုးလိုက်ပါပြီ ။
ဘောလီးဝုဒ်က သူ့ရဲ့ကျော်ကြားမှု တွေက နိုင်ငံတကာ ကိုရောက်ဖို့ အတွက် ခြေဆန့်တာက ဟောလီးဝုဒ်မှာ နေရာ တစ်ခုခု ရမယ်ဆိုတာကို ယုံမှား စရာမလိုပါဘူး ။ သူ့ရဲ့စိတ်အားထက် သန်မှုက သရုပ်ဆောင်ပညာနဲ့ စွန့်စားလိုစိတ်ကို နှိုးဆွ လိုက်တာပါ ။
သူနဲ့ ပတ်သက်လို့ သူ့ရဲ့ မန်နေဂျာ အမ်ရီတာ ဆန်က “ သူက လူတစ်မျိုးဗျ ။ သူ့မှာ ပါရမီရှိတယ်ဆိုတာကို သူကိုယ်တိုင် သိတာတောင်မှာ ရှေ့ ဆက်မတိုးဘူး ။ ရောက်လေရာ အရပ်မှာ ပျော်နေတတ်တဲ့ သူဗျ ။ သူ့ကို နည်းနည်းတော့ တွန်းရတယ် ။ ဒါပေမဲ့ နည်းနည်းပဲ တွန်းပေးရပါတယ် ။
ကျန်တာက ကိုယ်မထင်ထားတာ တွေတောင် သူက လုပ်ပြတတ်တယ် ။ လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကဆိုရင် ကျနော်က သူ့ကို သူရဲ့ ဗီဇစိတ်ကို ပြောပြတယ် ။ မျက်နှာသစ် တန်းထဲမှာ မင်းက အလားအလာ အကောင်းဆုံးပဲလို့ ပြောပြီး တွန်းပေးလိုက်တယ် ။
ထင်တဲ့အတိုင်း သူတစ်ခုပြီး တစ်ခု လုပ်ပြတော့တာပါပဲ။ နောက် မိန်မယူဖို့လည်း ပြောရတယ်။ မိန်းမယူတယ်ဆိုတာ ယောကျာ်းကောင်းတွေရဲ့ လက္ခဏါတစ်ရပ်ပဲလို့ ပြောပြလိုက်မှ သူက ယောက်ျားကောင်းဖြစ်တဲ့အကြောင်း ကျနော့်ကို အစွမ်းပြတဲ့အနေနဲ့ မိန်းမယူတာ။
အခုလည်း နိုင်ငံတကာ ဈေးကွက်ထဲကို ရောက်ဖို့ ဟောလီးဝုဒ်ကို သွားရမယ်။ ဟောလီးဝုဒ်မှာ မင်း အစွမ်းကိုပြမှ ကမ္ဘာ့အဆင့်ကို ရောက်မှာလို့ ပြောလို့ အခုသူ ဟောလီးဝုဒ်ကို သွားတာ။ ဒီလိုမှမဟုတ်ရင်သွားဦးမှာမဟုတ်ဘူး”လို့ ဆိုတယ်။ အခုတော့ သူကစိန်ခေါ်မှု အသစ်အတွက် ရင်ဆိုင်ဖို့ အမေရိကားကို သွားတော့မှာပါ။
မောင်ယဿ REF; Bollywood life
Photo; koimoi
No Comments