
ေဖော္၀ါရီလ၁၆ရက္ ေန႔ ဆိုတာ
လူဘ၀ရလာၿပီဆိုကတည္းက ျဖစ္ေသာဆင္းရဲ အိုေသာ္ဆင္းရဲ နာေသာဆင္းရဲ ေသေသာဆင္းရဲ မခ်စ္မႏွစ္သက္ေသာသူနဲ႔ ေနရေသာဆင္းရဲ ခ်စ္ေသာသူနဲ႔ ေကြကြင္းရေသာဆင္းရဲ အစရွိတဲ့ ဆင္းရဲျခင္းေတြကို ထားခဲ့ၿပီး ေအးၿငိမ္းခ်မ္းသာမႈကို ရွာေဖြေန ရျခင္းက ဘ၀ရဲ႕ အႏွစ္သာရလို႔ ဆိုႏိုင္ပါတယ္။ လက္ေတြ႔ဘ၀မွာရွိတဲ့ ေအးျငိမ္းခ်မ္းသာမႈက သာလွ်င္ စစ္မွန္တဲ့ ေအးခ်မ္းမႈ ပဲလို႔ ဇန္ က ဆိုတယ္။ ဇန္ရဲ႕သေဘာ သဘာ၀က ေအးခ်မ္းမႈကို ရွာဖို႔ တရားအားထုတ္ေနရျခင္းျဖစ္ပါတယ္။ အဲ့လိုဘ၀ရဲ႕ အႏွစ္အရသာျဖစ္တဲ့ ေအးခ်မ္းမႈ အစစ္အမွန္ကို နည္းလမ္းတစ္ဖံုနဲ႕ ရွာေတြ႔ခဲ့တဲ့ သူက ၁၃ရာစုေလာက္မွာ တရုတ္ျပည္ကေန ဂ်ပန္ကိုျပန္လာၿပီး သူ႕ရဲ႕ ဘ၀အႏွစ္သာရကို ရွင္းျပႏိုင္ခဲ့တဲ့ နီခ်ီရန္ပါပဲ။
၁၂၂၂ ေဖေဖာ္၀ါရီလ၁၆ ရက္ေန႔မွာ ေမြးခဲ့တဲ့ နီခ်ီရန္က မဟာယန ဗုဒၶဘာသာကို အေျချပဳၿပီး နီခ်ီရန္ ကိုယ္ပိုင္ ဗုဒၶဘာသာကို တည္ေထာင္ခဲ့ပါတယ္။ နီခ်ီရန္ ဗုဒၶဘာသာက အျခားေသာ ဗုဒၶဘာသာေတြနဲ႕ မတူပါဘူး။ သူက ရိုးရာ ဓေလ့ ထံုးတမ္းအစဥ္အလာေတြထဲက မွားယြင္းတယ္ဆိုတဲ့အေလ့ အထေတြကို ျပင္ဆင္တဲ့ ဘာသာတရားတစ္ခုပါ။ ကိုယ့္ကိုယ္ကိုတာ၀န္ယူရင္းနဲ႕ တစ္ဦးခ်င္းစီတိုးတက္ေအာင္လုပ္ေနျခင္းပါပဲ။ ေန႔စဥ္ဘ၀မွာ ပံုမွန္လုပ္ငန္းေတြကို လုပ္ေဆာင္ၿမဲ လုပ္ရင္းနဲ႕ မိမိစိတ္ကို ေအးခ်မ္းလာေအာင္ တည္ေဆာက္တဲ့လုပ္ငန္းစဥ္ေတြက နီခ်ီရန္ဗုဒၶဘာသာ၀င္ေတြရဲ႕ ရည္ရြယ္ခ်က္ပါပဲ။ နီခ်ီရန္ရဲ႕ အဓိကက်တဲ့အစိတ္အပိုင္းကေတာ့ ဇန္ပါပဲ။ အာရံုစိုက္ထားရင္းက ရလာတဲ့ ျမင့္မားတဲ့ အသိစိတ္တစ္ရပ္(သမာဓိ)ကို ဇန္လို႔အၾကမ္ဖ်င္း ဆိုပါတယ္။ ထူးျခားတဲ့သမာဓိ စြမ္းအင္ေၾကာင့္ ရလာတဲ့ ေအးခ်မ္းမႈက ဇန္မွာ အခန္းက႑ႀကီး တစ္ရပ္ျဖစ္ပါတယ္။
ဇန္က ကိုးကြယ္တဲ့ ဘာသာတရား တစ္ခုမဟုတ္သလို အေတြးအေခၚတစ္ရပ္လည္းမဟုတ္ပါဘူး ။ ၄င္းက လက္ေတြ႕က်င့္ယူရတဲ့ က်င့္စဥ္တစ္ခုပါ။ စကားလံုေတြၾကားထဲမွာ အက်ဥ္းက်ေနတဲ့စိတ္နဲ႕ အယူအဆေတြၾကားထဲပိတ္မိေနတဲ့ စိတ္ကို လြတ္ေျမာက္ ေအာင္လုပ္ျခင္းပါ။ ဇန္ရဲ႕ သေဘာသဘာ၀ကိုက တစ္ဦးခ်င္းစီရဲ႕ ပစၥကၡ အေျခအေနမွာ သဘာ၀အတိုင္းျဖစ္ေစေအာင္ လုပ္ေနတာပါပဲ။ အဲ့ဒါေတြ အားလံုးရဲ႕ အေျဖက တရားထိုင္ေနျခင္း သို႔မဟုတ္ သမာဓိထူေထာင္ေနျခင္းပါပဲ။ စိတ္ရဲ႕ ေအးၿငိမ္းခ်မ္းသာျခင္းဆိုတဲ့ စကားလံုးက ေထရ၀ါဒ မဟာယန နဲ႕ နီခ်ီရန္ ဗုဒၶဘာသာေတြမွာ တစ္ခုနဲ႕ တစ္ခုမတူညီၾကပါဘူး။ ေဆြးေႏြးရမယ္ဆိုရင္ အမ်ားႀကီးပါပဲ။ ေဖေဖာ္၀ါရီလ ၁၆ရက္ေန႕ကေတာ့ ဂ်ပန္မွာ သီးျခားဗုဒၶဘာသာတစ္ခုကို ျဖစ္ထြန္းလာေအာင္ ၾကံေဆာင္ခဲ့တဲ့ နီခ်ီရန္ကို ေမြးဖြားခဲ့တဲ့ေန႔ပါပဲ။ ကမာၻေပၚမွာ နီခ်ီရန္ ဗုဒၶ၀ါဒကို က်င့္သံုးေနတဲ့ ႏိုင္ငံေတြ အမ်ားႀကီးရွိပါတယ္။
ေမာင္ယႆ ref; onthis day photo;facebook and buddhistdoor
Unicode
ဖေော်ဝါရီလ၁၆ရက် နေ့ ဆိုတာ
လူဘဝရလာပြီဆိုကတည်းက ဖြစ်သောဆင်းရဲ အိုသော်ဆင်းရဲ နာသောဆင်းရဲ သေသောဆင်းရဲ မချစ်မနှစ်သက်သောသူနဲ့ နေရသောဆင်းရဲ ချစ်သောသူနဲ့ ကွေကွင်းရသောဆင်းရဲ အစရှိတဲ့ ဆင်းရဲခြင်းတွေကို ထားခဲ့ပြီး အေးငြိမ်းချမ်းသာမှုကို ရှာဖွေနေ ရခြင်းက ဘဝရဲ့ အနှစ်သာရလို့ ဆိုနိုင်ပါတယ်။ လက်တွေ့ဘဝမှာရှိတဲ့ အေးငြိမ်းချမ်းသာမှုက သာလျှင် စစ်မှန်တဲ့ အေးချမ်းမှု ပဲလို့ ဇန် က ဆိုတယ်။ ဇန်ရဲ့သဘော သဘာဝက အေးချမ်းမှုကို ရှာဖို့ တရားအားထုတ်နေရခြင်းဖြစ်ပါတယ်။ အဲ့လိုဘဝရဲ့ အနှစ်အရသာဖြစ်တဲ့ အေးချမ်းမှု အစစ်အမှန်ကို နည်းလမ်းတစ်ဖုံနဲ့ ရှာတွေ့ခဲ့တဲ့ သူက ၁၃ရာစုလောက်မှာ တရုတ်ပြည်ကနေ ဂျပန်ကိုပြန်လာပြီး သူ့ရဲ့ ဘဝအနှစ်သာရကို ရှင်းပြနိုင်ခဲ့တဲ့ နီချီရန်ပါပဲ။
၁၂၂၂ ဖေဖော်ဝါရီလ၁၆ ရက်နေ့မှာ မွေးခဲ့တဲ့ နီချီရန်က မဟာယန ဗုဒ္ဓဘာသာကို အခြေပြုပြီး နီချီရန် ကိုယ်ပိုင် ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့ပါတယ်။ နီချီရန် ဗုဒ္ဓဘာသာက အခြားသော ဗုဒ္ဓဘာသာတွေနဲ့ မတူပါဘူး။ သူက ရိုးရာ ဓလေ့ ထုံးတမ်းအစဉ်အလာတွေထဲက မှားယွင်းတယ်ဆိုတဲ့အလေ့ အထတွေကို ပြင်ဆင်တဲ့ ဘာသာတရားတစ်ခုပါ။ ကိုယ့်ကိုယ်ကိုတာဝန်ယူရင်းနဲ့ တစ်ဦးချင်းစီတိုးတက်အောင်လုပ်နေခြင်းပါပဲ။ နေ့စဉ်ဘဝမှာ ပုံမှန်လုပ်ငန်းတွေကို လုပ်ဆောင်မြဲ လုပ်ရင်းနဲ့ မိမိစိတ်ကို အေးချမ်းလာအောင် တည်ဆောက်တဲ့လုပ်ငန်းစဉ်တွေက နီချီရန်ဗုဒ္ဓဘာသာဝင်တွေရဲ့ ရည်ရွယ်ချက်ပါပဲ။ နီချီရန်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းကတော့ ဇန်ပါပဲ။ အာရုံစိုက်ထားရင်းက ရလာတဲ့ မြင့်မားတဲ့ အသိစိတ်တစ်ရပ်(သမာဓိ)ကို ဇန်လို့အကြမ်ဖျင်း ဆိုပါတယ်။ ထူးခြားတဲ့သမာဓိ စွမ်းအင်ကြောင့် ရလာတဲ့ အေးချမ်းမှုက ဇန်မှာ အခန်းကဏ္ဍကြီး တစ်ရပ်ဖြစ်ပါတယ်။
ဇန်က ကိုးကွယ်တဲ့ ဘာသာတရား တစ်ခုမဟုတ်သလို အတွေးအခေါ်တစ်ရပ်လည်းမဟုတ်ပါဘူး ။ ၎င်းက လက်တွေ့ကျင့်ယူရတဲ့ ကျင့်စဉ်တစ်ခုပါ။ စကားလုံတွေကြားထဲမှာ အကျဉ်းကျနေတဲ့စိတ်နဲ့ အယူအဆတွေကြားထဲပိတ်မိနေတဲ့ စိတ်ကို လွတ်မြောက် အောင်လုပ်ခြင်းပါ။ ဇန်ရဲ့ သဘောသဘာဝကိုက တစ်ဦးချင်းစီရဲ့ ပစ္စက္ခ အခြေအနေမှာ သဘာဝအတိုင်းဖြစ်စေအောင် လုပ်နေတာပါပဲ။ အဲ့ဒါတွေ အားလုံးရဲ့ အဖြေက တရားထိုင်နေခြင်း သို့မဟုတ် သမာဓိထူထောင်နေခြင်းပါပဲ။ စိတ်ရဲ့ အေးငြိမ်းချမ်းသာခြင်းဆိုတဲ့ စကားလုံးက ထေရဝါဒ မဟာယန နဲ့ နီချီရန် ဗုဒ္ဓဘာသာတွေမှာ တစ်ခုနဲ့ တစ်ခုမတူညီကြပါဘူး။ ဆွေးနွေးရမယ်ဆိုရင် အများကြီးပါပဲ။ ဖေဖော်ဝါရီလ ၁၆ရက်နေ့ကတော့ ဂျပန်မှာ သီးခြားဗုဒ္ဓဘာသာတစ်ခုကို ဖြစ်ထွန်းလာအောင် ကြံဆောင်ခဲ့တဲ့ နီချီရန်ကို မွေးဖွားခဲ့တဲ့နေ့ပါပဲ။ ကမ္ဘာပေါ်မှာ နီချီရန် ဗုဒ္ဓဝါဒကို ကျင့်သုံးနေတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။
မောင်ယဿ ref; onthis day photo;facebook and buddhistdoor
No Comments