ေဖေဖာ္၀ါရီ သူရဲေကာင္းမွတ္တမ္း

ေဖေဖာ္၀ါရီ သူရဲေကာင္းမွတ္တမ္း
International-news

ေဖေဖာ္၀ါရီ သူရဲေကာင္းမွတ္တမ္း

၂၀၂၀ ေဖေဖာ္၀ါရီမွာ သူရဲေကာင္း၂ဦးကိုဂုဏ္ျပဳဖို႔အတြက္ ဒီစာကိုေရးလိုက္ပါတယ္။ အမ်ားအတြက္ ကိုယ္က်ိဳးမဖက္ဘဲ အသက္ကို စြန္႕ျပီး ကယ္တဲ့ႏိုင္ခဲ့တဲ့သူေတြပါ။ တစ္ေယာက္က ၀ူဟန္ၿမိဳ႕က ဆရာ၀န္တစ္ေယာက္ျဖစ္ၿပီး တစ္ေယာက္က ထိုင္းက ေက်ာင္းသား ေလး တစ္ေယာက္ပါ။ ေလးစားေလာက္တဲ့စိတ္ဓာတ္ပိုင္ရွင္ေတြပါ။

အာတီဗာ(၁၈ႏွစ္) ။။ ထိုင္းႏိုင္ငံကစစ္သားတစ္ေယာက္က စိတ္ရႈးေပါက္ၿပီး စစ္တပ္ထဲက ကိုယ့္အရာရွိကိုသတ္ကာ အရပ္သား ေတြရွိတဲ့ စူပါမားကပ္ထဲလာၿပီး ေသနတ္နဲ႕ အျပစ္မဲ့အရပ္သားေတြကိုသတ္ျဖတ္ခဲ့တဲ့ ျဖစ္စဥ္က ေဖေဖာ္၀ါရီလ၈ ရက္ေန႕က ျဖစ္ခဲ့ ပါတယ္။ စုစုေပါင္း လူ၃၀ ေသၿပီး ၅၈ဦးဒဏ္ရာရခဲ့ပါတယ္။ အဲ့ဒိျဖစ္စဥ္မွာ ၁၈ ႏွစ္သား ေကာင္ေလးတစ္ေယာက္က လူ ၈ဦးရဲ႕ အသက္ကို ကယ္တင္ႏိုင္ခဲ့ပါတယ္။ နက္ကြန္ရက္ခ်ာစီးမားက တာမီနယ္၂၁ စူပါမားကပ္မွာ ပစ္ခတ္မႈေတြျဖစ္ေတာ့ စူပါမားကပ္မွာ သန္႔ရွင္းေရး၀န္ထမ္းျဖစ္တဲ့ အေမနဲ႕ အတူရွိေနတာက အာတီဗာပါ။ ေသနတ္သမားကို အျပင္က ရဲေတြ ၀ိုင္းၿပီး ပစ္ခတ္ခ်ိန္မွာ သူက စက္ေသနတ္နဲ႕ ျပန္လည္ပစ္ခတ္လို႕ ရဲတစ္ေယာက္ဒဏ္ရာအျပင္းအထန္ရသြားပါတယ္။ စစ္တပ္ရဲ႕ အကူအညီေရာက္လာေတာ့ သူက စူပါမားကတ္ထဲ၀င္ၿပီး ပစ္ခတ္ရင္း ေျမေအာက္ခန္းထဲကို ေရာက္လာတယ္။ အဲ့ဒိက အေအးခန္းေတြထဲမွာ ေရွာင္ပုန္းေနသူ၈ဦးနဲ႕အတူ အာတီဗာက ရွိေနပါတယ္။ သူလည္းေၾကာက္ေနပါတယ္။ အဲ့ဒိအခ်ိန္မွာ ေသနတ္သမားက ေရာက္လာေတာ့ အေအးခန္းထဲကို ၀င္လို႔ မရေအာင္ သူက တံခါးပိတ္ၿပီး တားဆီးခဲ့ပါတယ္။ ေသနတ္သမားက လူသတ္ဖို႔အတြက္ အားသံုးၿပီး ၀င္ေရာက္ဖို႔ ႀကိဳးစား ခ်ိန္မွာ အာတီဗာနဲ႕ လံုးေထြးတိုက္ခိုက္မႈေတြျဖစ္ခဲ့ရပါတယ္။ သူတို႔၂ေယာက္တိုက္ခိုက္ေနစဥ္မွာပဲ။ လူ၈ဦးက ထြက္ေျပး လြတ္ေျမာက္ႏိုင္ ခဲ့ပါတယ္။ အာတီဗာကေတာ့ ခြန္အားမမွ်တာရယ္ လက္နက္မဲ့ တိုက္ခိုက္ရတာျဖစ္တဲ့အတြက္ ေနရာမွာပြဲခ်င္းၿပီးေသဆံုးခဲ့ရပါတယ္။ အသက္၁၈ႏွစ္သားေလးက အထက္တန္းေအာင္ၿပီး တကၠသိုလ္တက္ဖို႔ေစာင့္ေနသူပါ။ မိဘစကားကိုနားေထာင္ၿပီး လိမၼာတဲ့ေကာင္ ေလးက သူအသက္ကိုရင္းၿပီး လူ၈ဦးရဲ႕ အသက္ကိုကယ္တင္ႏိုင္လို႔ R.I.P ပါ ေကာင္ေလးရယ္။ photo; facebook

ရႈဟြီ (၅၁ႏွစ္)။ ။ တရုတ္ကြန္ျမဴနစ္ပါတီအတြင္းေရးမွဴး က်င္စုက တစ္တိုင္းျပည္လံုးက က်န္းမာေရး၀န္ထမ္းေတြကိုယ္စား စံျပ အျဖစ္ မွတ္ယူေပးပါတယ္လို႕ ခ်ီးမႊမ္းခံလိုက္ရတဲ့သူကေတာ့ ေဒါက္တာရႈဟြီပါပဲ။ သူမက ၀န္ဟန္ၿမိဳ႕မွာျဖစ္ေနတဲ့ ထူးဆန္းတုတ္ေကြး ေရာဂါသည္ေတြကို ေန႔မအား ညမနား ၁၈ရက္ၾကာ ျပဳစုေစာင့္ေရွာက္ၿပီးေနာက္မွာေတာ့ သူမရဲ႕ အသက္နဲ႕ခႏၱာကို စြန္႕လႊတ္လိုက္ရပါ တယ္။ သူမက သူမရဲ႕အလုပ္ကိုစြဲလမ္းလြန္းလို႕ ျဖစ္သြားတာပါလို႔ ဆိုေပမဲ့ ကိုယ့္က်ိဳးတစ္ျပားတစ္ခ်ပ္မွမရဘဲ အနစ္နာခံခဲ့ရတာပါ။ ေဖေဖာ္၀ါရီလ ၇ ရက္ေန႕မွာ သူမဆံုးေတာ့ ကြန္ျမဴနစ္ပါတီေခါင္းေဆာင္ပိုင္က ဒီေလာက္အလုပ္လုပ္တဲ့သူကို ဘာလို႔အနားမေပး တာလဲ ဆိုတဲ့ေမးခြန္းအထုတ္ခံရသလို အြန္လိုင္းေပၚမွာလည္း ျပည္သူေတြက ေဒါသတႀကီးနဲ႕ ျပစ္တင္ေျပာဆိုမႈေတြရွိခဲ့ပါတယ္။ ပါတီေခါင္းေဆာင္ပိုင္းက သူမကိုခ်ီးမႊမ္းခဲ့ေပမဲ့ ျပည္သူေတြကေတာ့ သူမအသက္ရွင္ေနေသးရင္ ေနာက္ထပ္လူေတြကို ကယ္တင္ႏိုင္ပါေသးတယ္ဆိုၿပီး မခံခ်ိမခံသာဆိုၾကပါတယ္။ ၁၈ရက္လံုးလံုး အမ်ားအကိ်ဳးအတြက္ မနားမေန ၾကိဳးစားခဲ့တဲ့ ေဒါက္တာရႈဟီြအတြက္ R.I.P ပါ။ photo ;mothership .sg

ေမာင္ယႆ REF: world of buzz

Unicode

ဖေဖော်ဝါရီ သူရဲကောင်းမှတ်တမ်း

၂၀၂၀ ဖေဖော်ဝါရီမှာ သူရဲကောင်း၂ဦးကိုဂုဏ်ပြုဖို့အတွက် ဒီစာကိုရေးလိုက်ပါတယ်။ အများအတွက် ကိုယ်ကျိုးမဖက်ဘဲ အသက်ကို စွန့်ပြီး ကယ်တဲ့နိုင်ခဲ့တဲ့သူတွေပါ။ တစ်ယောက်က ဝူဟန်မြို့က ဆရာဝန်တစ်ယောက်ဖြစ်ပြီး တစ်ယောက်က ထိုင်းက ကျောင်းသား လေး တစ်ယောက်ပါ။ လေးစားလောက်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေပါ။

အာတီဗာ(၁၈နှစ်) ။။ ထိုင်းနိုင်ငံကစစ်သားတစ်ယောက်က စိတ်ရှုးပေါက်ပြီး စစ်တပ်ထဲက ကိုယ့်အရာရှိကိုသတ်ကာ အရပ်သား တွေရှိတဲ့ စူပါမားကပ်ထဲလာပြီး သေနတ်နဲ့ အပြစ်မဲ့အရပ်သားတွေကိုသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်က ဖေဖော်ဝါရီလ၈ ရက်နေ့က ဖြစ်ခဲ့ ပါတယ်။ စုစုပေါင်း လူ၃၀ သေပြီး ၅၈ဦးဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒိဖြစ်စဉ်မှာ ၁၈ နှစ်သား ကောင်လေးတစ်ယောက်က လူ ၈ဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ နက်ကွန်ရက်ချာစီးမားက တာမီနယ်၂၁ စူပါမားကပ်မှာ ပစ်ခတ်မှုတွေဖြစ်တော့ စူပါမားကပ်မှာ သန့်ရှင်းရေးဝန်ထမ်းဖြစ်တဲ့ အမေနဲ့ အတူရှိနေတာက အာတီဗာပါ။ သေနတ်သမားကို အပြင်က ရဲတွေ ဝိုင်းပြီး ပစ်ခတ်ချိန်မှာ သူက စက်သေနတ်နဲ့ ပြန်လည်ပစ်ခတ်လို့ ရဲတစ်ယောက်ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ စစ်တပ်ရဲ့ အကူအညီရောက်လာတော့ သူက စူပါမားကတ်ထဲဝင်ပြီး ပစ်ခတ်ရင်း မြေအောက်ခန်းထဲကို ရောက်လာတယ်။ အဲ့ဒိက အအေးခန်းတွေထဲမှာ ရှောင်ပုန်းနေသူ၈ဦးနဲ့အတူ အာတီဗာက ရှိနေပါတယ်။ သူလည်းကြောက်နေပါတယ်။ အဲ့ဒိအချိန်မှာ သေနတ်သမားက ရောက်လာတော့ အအေးခန်းထဲကို ဝင်လို့ မရအောင် သူက တံခါးပိတ်ပြီး တားဆီးခဲ့ပါတယ်။ သေနတ်သမားက လူသတ်ဖို့အတွက် အားသုံးပြီး ဝင်ရောက်ဖို့ ကြိုးစား ချိန်မှာ အာတီဗာနဲ့ လုံးထွေးတိုက်ခိုက်မှုတွေဖြစ်ခဲ့ရပါတယ်။ သူတို့၂ယောက်တိုက်ခိုက်နေစဉ်မှာပဲ။ လူ၈ဦးက ထွက်ပြေး လွတ်မြောက်နိုင် ခဲ့ပါတယ်။ အာတီဗာကတော့ ခွန်အားမမျှတာရယ် လက်နက်မဲ့ တိုက်ခိုက်ရတာဖြစ်တဲ့အတွက် နေရာမှာပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ အသက်၁၈နှစ်သားလေးက အထက်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့စောင့်နေသူပါ။ မိဘစကားကိုနားထောင်ပြီး လိမ္မာတဲ့ကောင် လေးက သူအသက်ကိုရင်းပြီး လူ၈ဦးရဲ့ အသက်ကိုကယ်တင်နိုင်လို့ R.I.P ပါ ကောင်လေးရယ်။ photo; facebook

ရှုဟွီ (၅၁နှစ်)။ ။ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး ကျင်စုက တစ်တိုင်းပြည်လုံးက ကျန်းမာရေးဝန်ထမ်းတွေကိုယ်စား စံပြ အဖြစ် မှတ်ယူပေးပါတယ်လို့ ချီးမွှမ်းခံလိုက်ရတဲ့သူကတော့ ဒေါက်တာရှုဟွီပါပဲ။ သူမက ဝန်ဟန်မြို့မှာဖြစ်နေတဲ့ ထူးဆန်းတုတ်ကွေး ရောဂါသည်တွေကို နေ့မအား ညမနား ၁၈ရက်ကြာ ပြုစုစောင့်ရှောက်ပြီးနောက်မှာတော့ သူမရဲ့ အသက်နဲ့ခန္တာကို စွန့်လွှတ်လိုက်ရပါ တယ်။ သူမက သူမရဲ့အလုပ်ကိုစွဲလမ်းလွန်းလို့ ဖြစ်သွားတာပါလို့ ဆိုပေမဲ့ ကိုယ့်ကျိုးတစ်ပြားတစ်ချပ်မှမရဘဲ အနစ်နာခံခဲ့ရတာပါ။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ သူမဆုံးတော့ ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်က ဒီလောက်အလုပ်လုပ်တဲ့သူကို ဘာလို့အနားမပေး တာလဲ ဆိုတဲ့မေးခွန်းအထုတ်ခံရသလို အွန်လိုင်းပေါ်မှာလည်း ပြည်သူတွေက ဒေါသတကြီးနဲ့ ပြစ်တင်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ပါတီခေါင်းဆောင်ပိုင်းက သူမကိုချီးမွှမ်းခဲ့ပေမဲ့ ပြည်သူတွေကတော့ သူမအသက်ရှင်နေသေးရင် နောက်ထပ်လူတွေကို ကယ်တင်နိုင်ပါသေးတယ်ဆိုပြီး မခံချိမခံသာဆိုကြပါတယ်။ ၁၈ရက်လုံးလုံး အများအကျိုးအတွက် မနားမနေ ကြိုးစားခဲ့တဲ့ ဒေါက်တာရှုဟွီအတွက် R.I.P ပါ။ photo ;mothership .sg

မောင်ယဿ REF: world of buzz

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …