ေဖေဖာ္ဝါရီလ ၈ရက္ေန႔ဆိုတာ
- By : Phoe Linn
- Category : Entertainment, Knowledge

ေဖေဖာ္ဝါရီလ ၈ရက္ေန႔ဆိုတာ
၁၉၅၀ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ အေရွ႕ဂ်ာမဏီဂ်ာမန္ေတြရဲ႕ အမ်ိဳးသားလုံၿခဳံေရးဝန္ႀကီးဌာန က Stasi (စတာစီ) လို႔ေခၚတဲ့ လႈိ႕ဝွက္ ေထာက္လွမ္းေရး အဖြဲ႕တစ္ဖြဲ႕ ကိုစတင္တည္ ေထာင္ခဲ့ ပါတယ္။ သူတို႔ရဲ႕ေဆာင္ပုဒ္က “လူတိုင္းနဲ႔ ပတ္သက္လာရင္ အရာတိုင္းသိေအာင္လုပ္ရမယ္” ဆိုတာပါပဲ။ အဲ့ဒီေခာတ္တုန္းက စတာစီကို အေရွ႕ဂ်ာမဏီ ကြန္ျမဴနစ္ အစိုးရေရာ အေနာက္ ဂ်ာမဏီ အရင္းရွင္ အစိုးရကပါ ဖိန႔္ဖိန႔္တုန္ေအာင္ ေၾကာက္ခဲ့ရတယ္ ၊မုန္းတီးခဲ့ရပါတယ္။ သူတို႔က လူတိုင္းရဲ႕ ေနာက္ေၾကာင္း ရာဇဝင္ကို လိုက္ၿပီး အမႈတြဲဖိုင္တြဲထားပါတယ္။
ႏိုင္ငံသားအခ်င္းခ်င္း ဆက္သြယ္ေရး ကြန္ရက္ေတြကိုလည္း ေျပာင္ေျပာင္ တင္းတင္းေရာ လႈိ႕လႈိ႕ဝွက္ဝွက္ေရာ စုံစမ္းၿပီး အခ်က္အလက္ေတြကို ရယူကာ သိမ္းဆည္းခဲ့ပါတယ္။ ၿပီးေတာ့ လက္ရွိအစိုးရ ေပၚလစီေတြကို ဆန႔္က်င္တဲ့ သူေတြကို ဖမ္းဆီးၿပီး စိတ္ဓာတ္စစ္ဆင္ေရးေတြ လုပ္ၿပီး ရႈးေၾကာင္ေၾကာင္ ျဖစ္သြားေအာင္ လုပ္ခဲ့ၾက တယ္။ အေရွ႕ဂ်ာမဏီ ကြန္ျမဴနစ္အစိုးရက ျပည္သူကို အေၾကာက္တရားေတြနဲ႔ အုပ္ခ်ဳပ္ဖို႔အတြက္ စတာစီကို တည္ေထာင္လိုက္တဲ့ အတြက္ေၾကာင့္ ကြန္ျမဴနစ္အစိုးရက တိုင္းျပည္ကို ေကာင္းေကာင္းအုပ္ခ်ဳပ္ႏိုင္ခဲ့ပါတယ္။ အဲ့လိုပဲ စတာစီကလည္း တန္ခိုးထြား ခဲ့ပါတယ္။ သူတို႔အုပ္ခ်ဳပ္မႈ ေအာင္ျမင္ဖို႔အတြက္ လူေပါင္းမ်ားစြာရဲ႕ အသက္ေတြကို စေတးခဲ့ရပါတယ္။
အဲ့လိုပဲ စတာစီေကဒါေတြ ကိုယ္တိုင္လည္း အေရွ႕ဂ်ာမဏီစစ္တပ္ေတြလိုပဲ အေၾကာက္တရားေတြကို ႐ိုက္သြင္းခံထားရပါတယ္။ စတာစီေတြရဲ႕ အင္အားက အခ်ိန္ျပည့္ဝင္ထမ္း ၉ေသာင္းရွိပါတယ္ ။ အဲ့ဒိဝန္ထမ္း၉ေသာင္းက အျပင္ဖက္က အမည္မခံထားတဲ့ စပိုင္ ၁သိန္း ၇ေသာင္းအတြက္ အလုပ္လုပ္ေပးေနရတာပါ။ အားလပ္ရက္လုံးဝမရွိ ။ ၇/၂၄ နာရီလုံးလုံး တာဝန္ထမ္းေဆာင္ၾကရပါတယ္။ အျပင္က စပိုင္ေတြက ထူးဆန္းတဲ့ဖုန္းေကာေတြ လူစိမ္းေတြကို နယ္ေျမသက္မွတ္ၿပီး တာဝန္ယူေထာက္လွမ္း ၾကရပါတယ္။ သူတို႔က အခ်က္အလက္ေတြကို ဗဟိုဌာနကို အဆင့္ဆင့္ ေပးပို႔ၿပီး မွတ္တမ္းတင္ၾကပါတယ္။ သူတို႔လုပ္ငန္းစဥ္ေတြကို ၁၉၅၀ ေဖေဖာ္ဝါရီလ ၈ရက္ေန႔မွာ စတင္ခဲ့ပါတယ္။
သူတို႔ ဆီမွာ လူ၆သန္းနီးပါးေလာက္ရဲ႕ အခ်က္အလက္ေတြ ရွိပါတယ္။ ခက္တာက သူတို႔က အေနာက္ဂ်ာမဏီရဲ႕ တိုးတက္ဖြံ႕ၿဖိဳးေနတာေတြကို ထိေတြ႕ေနရတာပါပဲ။ အေနာက္ဂ်ာမဏီရဲ႕တိုးတက္မႈက သူတို႔ေပ်ာ့ညံ့လာေစပါတယ္။
ဘာလင္တံတိုင္းႀကီးၿပိဳလဲသြားၿပီးေနာက္မွာေတာ့ သူတို႔ရဲ႕ အေရးပါမႈကို ေလ်ာ့က်သြားပါတယ္။ စတာစီတို႔ရဲ႕ မွတ္တမ္းယူမႈ ေထာက္လွမ္းမႈ စိတ္ဓာတ္စစ္ဆင္ေရး လုပ္မႈေတြကို ႏိုင္ငံတကာေထာက္လွမ္းေရးအဖြဲ႕ေတြက စံနမူနာယူရတဲ့အထိ စနစ္က်ခဲ့ပါတယ္။
ေမာင္ယႆ REF: on this day photo: Amnesty international
Unicode
ဖေဖော်ဝါရီလ ၈ရက်နေ့ဆိုတာ
၁၉၅၀ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အရှေ့ဂျာမဏီဂျာမန်တွေရဲ့ အမျိုးသားလုံခြုံရေးဝန်ကြီးဌာန က Stasi (စတာစီ) လို့ခေါ်တဲ့ လှို့ဝှက် ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ ကိုစတင်တည် ထောင်ခဲ့ ပါတယ်။ သူတို့ရဲ့ဆောင်ပုဒ်က “လူတိုင်းနဲ့ ပတ်သက်လာရင် အရာတိုင်းသိအောင်လုပ်ရမယ်” ဆိုတာပါပဲ။ အဲ့ဒီခောတ်တုန်းက စတာစီကို အရှေ့ဂျာမဏီ ကွန်မြူနစ် အစိုးရရော အနောက် ဂျာမဏီ အရင်းရှင် အစိုးရကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတယ် ၊မုန်းတီးခဲ့ရပါတယ်။ သူတို့က လူတိုင်းရဲ့ နောက်ကြောင်း ရာဇဝင်ကို လိုက်ပြီး အမှုတွဲဖိုင်တွဲထားပါတယ်။
နိုင်ငံသားအချင်းချင်း ဆက်သွယ်ရေး ကွန်ရက်တွေကိုလည်း ပြောင်ပြောင် တင်းတင်းရော လှို့လှို့ဝှက်ဝှက်ရော စုံစမ်းပြီး အချက်အလက်တွေကို ရယူကာ သိမ်းဆည်းခဲ့ပါတယ်။ ပြီးတော့ လက်ရှိအစိုးရ ပေါ်လစီတွေကို ဆန့်ကျင်တဲ့ သူတွေကို ဖမ်းဆီးပြီး စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်ပြီး ရှုးကြောင်ကြောင် ဖြစ်သွားအောင် လုပ်ခဲ့ကြ တယ်။ အရှေ့ဂျာမဏီ ကွန်မြူနစ်အစိုးရက ပြည်သူကို အကြောက်တရားတွေနဲ့ အုပ်ချုပ်ဖို့အတွက် စတာစီကို တည်ထောင်လိုက်တဲ့ အတွက်ကြောင့် ကွန်မြူနစ်အစိုးရက တိုင်းပြည်ကို ကောင်းကောင်းအုပ်ချုပ်နိုင်ခဲ့ပါတယ်။ အဲ့လိုပဲ စတာစီကလည်း တန်ခိုးထွား ခဲ့ပါတယ်။ သူတို့အုပ်ချုပ်မှု အောင်မြင်ဖို့အတွက် လူပေါင်းများစွာရဲ့ အသက်တွေကို စတေးခဲ့ရပါတယ်။
အဲ့လိုပဲ စတာစီကေဒါတွေ ကိုယ်တိုင်လည်း အရှေ့ဂျာမဏီစစ်တပ်တွေလိုပဲ အကြောက်တရားတွေကို ရိုက်သွင်းခံထားရပါတယ်။ စတာစီတွေရဲ့ အင်အားက အချိန်ပြည့်ဝင်ထမ်း ၉သောင်းရှိပါတယ် ။ အဲ့ဒိဝန်ထမ်း၉သောင်းက အပြင်ဖက်က အမည်မခံထားတဲ့ စပိုင် ၁သိန်း ၇သောင်းအတွက် အလုပ်လုပ်ပေးနေရတာပါ။ အားလပ်ရက်လုံးဝမရှိ ။ ၇/၂၄ နာရီလုံးလုံး တာဝန်ထမ်းဆောင်ကြရပါတယ်။ အပြင်က စပိုင်တွေက ထူးဆန်းတဲ့ဖုန်းကောတွေ လူစိမ်းတွေကို နယ်မြေသက်မှတ်ပြီး တာဝန်ယူထောက်လှမ်း ကြရပါတယ်။ သူတို့က အချက်အလက်တွေကို ဗဟိုဌာနကို အဆင့်ဆင့် ပေးပို့ပြီး မှတ်တမ်းတင်ကြပါတယ်။ သူတို့လုပ်ငန်းစဉ်တွေကို ၁၉၅၀ ဖေဖော်ဝါရီလ ၈ရက်နေ့မှာ စတင်ခဲ့ပါတယ်။
သူတို့ ဆီမှာ လူ၆သန်းနီးပါးလောက်ရဲ့ အချက်အလက်တွေ ရှိပါတယ်။ ခက်တာက သူတို့က အနောက်ဂျာမဏီရဲ့ တိုးတက်ဖွံ့ဖြိုးနေတာတွေကို ထိတွေ့နေရတာပါပဲ။ အနောက်ဂျာမဏီရဲ့တိုးတက်မှုက သူတို့ပျော့ညံ့လာစေပါတယ်။
ဘာလင်တံတိုင်းကြီးပြိုလဲသွားပြီးနောက်မှာတော့ သူတို့ရဲ့ အရေးပါမှုကို လျော့ကျသွားပါတယ်။ စတာစီတို့ရဲ့ မှတ်တမ်းယူမှု ထောက်လှမ်းမှု စိတ်ဓာတ်စစ်ဆင်ရေး လုပ်မှုတွေကို နိုင်ငံတကာထောက်လှမ်းရေးအဖွဲ့တွေက စံနမူနာယူရတဲ့အထိ စနစ်ကျခဲ့ပါတယ်။
မောင်ယဿ REF: on this day photo: Amnesty international
No Comments