
Knowledge







Unicode

ဖေဖော်ဝါရီလ ၄ရက်နေ့ ဆိုတာ

၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဝေါ့ဒစ္စနေက ထုတ်လုပ်တဲ့ စနိုးဝှိုက်နဲ့ လူပုလေး ၇ ယောက် ကာတွန်းရုပ်ရှင်ကို စတင်ပြ သ တဲ့ နေ့ပါပဲ။ ဒီနေ့ဆိုရင် ၈၃နှစ် ပြည့်ပါပြီ။ နှစ်ပေါင်း ၈၀ ကျော်ကြာခဲ့သည့် တိုင်အောင် ဒီကနေ့အထိ လူငယ် လူကြီး ကလေး ကအစ ပြန်ကြည့်တိုင်း အရသာရှိနေတဲ့ ကာတွန်းရုပ်ရှင်ပါ။ ဘယ်တော့မှ ရိုးအီသွားတယ်ဆိုတာ မရှိတဲ့ ကာတွန်းကားပါ။

ကာတွန်းကားလို့ ဆိုပေမဲ့ မြူးဇစ် နဲ့ အန်နီမေးရှင်းကို တွဲထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ စင်ဒရဲလား ဇတ်လမ်းက ဂျာမန်တွေရဲ့ အိပ်ရာဝင် နတ်သမီးပုံပြင် ဇာတ်လမ်းပါ။ ဘရာသား ဂရင်းရေးတဲ့ ဇာတ်အိမ်ကို ပန်းချီပညာရှင် ဒေါ်ရိုသီ အန်းဘလန့် နဲ့ ဘုတ်အဖွဲ့ က ဇာတ်ညွှန်းဖွဲ့ပြီး ရိုက်ထားတာပါ။ နောက်ပြီး ဒစ္စနေရဲ့ အစောဆုံး ဇာတ်လမ်း အစအဆုံး ရိုက်ထားတဲ့ အန်နီမေးရှင်း ရုပ်ရှင်ပါ။ ရုပ်ရှင်ကို ရိုက်ဖို့အတွက် ကာတွန်း ပညာရှင်တွေက ကိုယ့်အပိုင်း နဲ့ ကိုယ် အုပ်စုဖွဲ့ပြီး ဆွဲကြတာပါ။

၁၉၃၇ ဇီဇင်ဘာလ ၂၁ ရက်နေ့မှာ ပရက်ရှိုးကို ကာသေးဆိုက်ကယ် သီရေတာမှာ ပြ သ ခဲ့ ပြီးနောက် ၁၉၃၈ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရုံတင်ခဲ့တာပါ။ အဲ့ဒီအချိန်က ဝင်ငွေအရ အအောင်မြင်အရှိဆုံး ရုပ်ရှင်ကား တစ်ကား ဖြစ်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ရတဲ့ဝင်ငွေက ကန်ဒေါ်လာ ၈ သန်းကျော်ခဲ့တယ်။ ရုပ်ရှင်ရုံတွေမှာ အကြိမ်ကြိမ် ပြန်ပြခဲ့ရပါတယ်။ ရုပ်ရှင်တစ်ကားနဲ့ တစ်ကား ရုံတင်ဖို့ ဟသွားရင် ရုပ်ရှင်ရုံတွေက စရိတ်ကာမိအောင် စနိုးဝှိုက်ကားကို ပြကြတယ်။

အဲ့ဒိဝင်ငွေနဲ့ ရုပ်ရှင်ရုံတွေ လည်ပတ်ခဲ့ရတယ်။ ပြတိုင်းလည်း အရင်းကြေတဲ့အပြင် အမြတ်ရခဲ့ကြတယ်။ စနိုးဝှိုက်က ၁၉၃၈ အကောင်းဆုံး ဂီတအော်စကာ ဆု ရခဲ့ပါတယ်။ ထုပ်လုပ်သူ ဝေါ့ဒစ္စနေက ၁၉၃၉ခုနှစ်မှာ တစ်သက်တာ ရုပ်ရှင်ဂုဏ်ထူးဆုကို အော်စကာဘုတ်အဖွဲ့က ချီးမြင့်ခဲ့ပါတယ်။ ၁၉၈၉ခုနှစ်မှာ အမေရိကန်လွှတ်တော်က အမျိုးသား ရုပ်ရှင်မှတ်တမ်းဝင် အဖြစ် နိုင်ငံတော်အဆင့် ချီးမြှင့်ခံခဲ့ရပါတယ်။ စနိုးဝှိုက်ရဲ့ အောင်မြင်မှုက အမေရိကန်ရုပ်ရှင်သမိုင်းမှာ အကြီးကျယ် အခမ်းနားဆုံးပါပဲ။

မောင်ယဿ REF: on this day photo ; virgin megastore

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ......''''
Knowledge
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.”

”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …