ေဖေဖာ္ဝါရီလ ၃ရက္ေန႔ဆိုတာ
- By : Phoe Linn
- Category : International-news

ေဖေဖာ္ဝါရီလ ၃ရက္ေန႔ဆိုတာ
၁၉၈၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၃ရက္ေန႔မွာ လစာတိုးေပးဖို႔အတြက္ အဂၤလန္က သူနာျပဳေတြ တစ္ရက္တာ ဆႏၵျပမႈ လုပ္တဲ့ သမိုင္းဝင္ေန႔ပါ ။ ဝါသနာကို အရင္းတည္တဲ့ အလုပ္မို႔ ႀကိဳက္ရင္လုပ္ မႀကိဳက္ရင္မလုပ္နဲ႔ ဆိုတာသူနာျပဳ အလုပ္ပါ ။ သူနာျပဳဆိုတာက သူေတာင္းစား သာသာ ေပးသမွ်ကိုယူၿပီး လူနာရဲ႕ ဝတ္ႀကီး ဝတ္ငယ္ကို ျပဳစုရတာပါ ။
ဝက္စ္မင္နင္စတာ အေဆာက္အအုံရဲ႕ အျပင္ဖက္မွာ ယူေက တစ္ႏိုင္ငံလုံးနီးပါးက သူနာျပဳေတြ လာစုၿပီး ဆႏၵျပေနပါတယ္။ လႊတ္ေတာ္ အေဆာက္အအုံထဲက ေအာက္လႊတ္ ေတာ္ ခန္းမမွာ ဝန္ႀကီးခ်ဳပ္ မာဂရက္သက္ခ်ာ လႊတ္ေတာ္အမတ္ေတြကို ျမန္ျမန္ဆုံးျဖတ္ခ်က္ ခ်ေပးဖို႔ တိုက္တြန္းေနပါ တယ္။ သူနာျပဳေတြရဲ႕ ဆႏၵျပမႈက ရွည္ၾကာသြားရင္ ေဆး႐ုံတြင္း ေဆး႐ုံပ လူနာေတြအတြက္ စိုးရိမ္စရာ ရွိေနတယ္လို႔ မိန႔္ခြန္းေျပာေနပါတယ္။
လတ္တေလာ သူနာျပဳေတြ ဆႏၵျပမႈေၾကာင့္ ေဆး႐ုံေတြမွာ ေအာ္ပေရးရွင္း ၉၀၀၀ ေလာက္လြတ္သြားပါတယ္။ ဒါေတာင္ တစ္ႏိုင္ငံလုံးမွာ ရွိတဲ့ က်န္းမာေရးဝန္ထမ္း ဦးေရ ၄၇၀၀၀၀ လုံး မပါေသးပါဘူး။ လႊတ္ေတာ္ေရွ႕ ဆႏၵျပသူဦးေရမွာ ၂၀၀၀ နဲ႔ ေထာက္ခံသူ ၆၀၀၀ ေက်ာ္သာရွိပါေသးတယ္။ လန္ဒန္မွာရွိတဲ့ ေဆး႐ုံ ၄၀က က်န္းမာေရးဝန္ထမ္း ကို ပင္စင္နာေတြနဲ႔ ေလဘာ ပါတီဝင္ေတြက ဝိုင္းရံေပးၾကတာပါ။
ခက္တာက က်န္းမာေရးဝန္ထမ္းေတြကို လစာတိုးေပးလိုက္ရင္ အျခားဝန္ထမ္းေတြကို လည္းလိုက္တိုးေပးရမွာျဖစ္လို႔ လႊတ္ေတာ္မွာ အေျခတင္ စကားမ်ားေနပါတယ္။ ေနာက္ဆုံးေတာ့ မူရင္းလစာရဲ႕ ၃ ရာခိုင္ႏႈန္းတိုးေပး မယ္ဆိုတဲ့ သေဘာတူညီမႈရခဲ့ပါတယ္။ ေဆး႐ုံေတြမွာ က်န္းမာေရးဝန္ထမ္းေတြ အားနည္းသြားလို႔ မလည္ပတ္ႏိုင္ေတာ့တဲ့ အေျခအေနဆိုက္ေနလို႔ သူနာျပဳသမဂၢက သူတို႔ ဆက္ၿပီး ဆႏၵျပေပးပါမယ္ က်န္တဲ့သူေတြ အလုပ္ခြင္ဝင္ၾကဖို႔အတြက္ တိုက္တြန္းၿပီး သပိတ္လွန္ခဲ့ၾကတယ္။
အဲ့ဒါနဲ႔ သူနာျပဳ သမဂၢက ေဖေဖာ္ဝါရီလ လယ္ထဲအထိ ဆႏၵျပခဲ့ရပါတယ္။ သူတို႔ကေတာ့ လစာရဲ႕ ၁၅ ရာခိုင္ႏႈန္းအထိ က႐ုဏါေၾကး ေပးရန္အတြက္ အစိုးရကို ဖိအားေပးႏိုင္ခဲ့ပါတယ္။ မတ္လ ၄ရက္ေန႔ဘတ္ဂ်က္ အသစ္ခ်ေတာ့ အဲ့ဒိလစာ စာရင္းေတြပါသြားပါတယ္။ အေျခခံက်န္းမာေရးဝန္ထမ္းေတြက လစာ ၁၅ ရာခိုင္ႏႈန္း က႐ုဏါေၾကးရၿပီး ဆရာဝန္ေတြ အထူးကုေတြဆိုရင္ က႐ုဏါေၾကးပိုရပါတယ္။
ေမာင္ယႆ ref: ONTHIS DAY photo;
Unicode
ဖေဖော်ဝါရီလ ၃ရက်နေ့ဆိုတာ
၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့မှာ လစာတိုးပေးဖို့အတွက် အင်္ဂလန်က သူနာပြုတွေ တစ်ရက်တာ ဆန္ဒပြမှု လုပ်တဲ့ သမိုင်းဝင်နေ့ပါ ။ ဝါသနာကို အရင်းတည်တဲ့ အလုပ်မို့ ကြိုက်ရင်လုပ် မကြိုက်ရင်မလုပ်နဲ့ ဆိုတာသူနာပြု အလုပ်ပါ ။ သူနာပြုဆိုတာက သူတောင်းစား သာသာ ပေးသမျှကိုယူပြီး လူနာရဲ့ ဝတ်ကြီး ဝတ်ငယ်ကို ပြုစုရတာပါ ။
ဝက်စ်မင်နင်စတာ အဆောက်အအုံရဲ့ အပြင်ဖက်မှာ ယူကေ တစ်နိုင်ငံလုံးနီးပါးက သူနာပြုတွေ လာစုပြီး ဆန္ဒပြနေပါတယ်။ လွှတ်တော် အဆောက်အအုံထဲက အောက်လွှတ် တော် ခန်းမမှာ ဝန်ကြီးချုပ် မာဂရက်သက်ချာ လွှတ်တော်အမတ်တွေကို မြန်မြန်ဆုံးဖြတ်ချက် ချပေးဖို့ တိုက်တွန်းနေပါ တယ်။ သူနာပြုတွေရဲ့ ဆန္ဒပြမှုက ရှည်ကြာသွားရင် ဆေးရုံတွင်း ဆေးရုံပ လူနာတွေအတွက် စိုးရိမ်စရာ ရှိနေတယ်လို့ မိန့်ခွန်းပြောနေပါတယ်။
လတ်တလော သူနာပြုတွေ ဆန္ဒပြမှုကြောင့် ဆေးရုံတွေမှာ အော်ပရေးရှင်း ၉၀၀၀ လောက်လွတ်သွားပါတယ်။ ဒါတောင် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်း ဦးရေ ၄၇၀၀၀၀ လုံး မပါသေးပါဘူး။ လွှတ်တော်ရှေ့ ဆန္ဒပြသူဦးရေမှာ ၂၀၀၀ နဲ့ ထောက်ခံသူ ၆၀၀၀ ကျော်သာရှိပါသေးတယ်။ လန်ဒန်မှာရှိတဲ့ ဆေးရုံ ၄၀က ကျန်းမာရေးဝန်ထမ်း ကို ပင်စင်နာတွေနဲ့ လေဘာ ပါတီဝင်တွေက ဝိုင်းရံပေးကြတာပါ။
ခက်တာက ကျန်းမာရေးဝန်ထမ်းတွေကို လစာတိုးပေးလိုက်ရင် အခြားဝန်ထမ်းတွေကို လည်းလိုက်တိုးပေးရမှာဖြစ်လို့ လွှတ်တော်မှာ အခြေတင် စကားများနေပါတယ်။ နောက်ဆုံးတော့ မူရင်းလစာရဲ့ ၃ ရာခိုင်နှုန်းတိုးပေး မယ်ဆိုတဲ့ သဘောတူညီမှုရခဲ့ပါတယ်။ ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ အားနည်းသွားလို့ မလည်ပတ်နိုင်တော့တဲ့ အခြေအနေဆိုက်နေလို့ သူနာပြုသမဂ္ဂက သူတို့ ဆက်ပြီး ဆန္ဒပြပေးပါမယ် ကျန်တဲ့သူတွေ အလုပ်ခွင်ဝင်ကြဖို့အတွက် တိုက်တွန်းပြီး သပိတ်လှန်ခဲ့ကြတယ်။
အဲ့ဒါနဲ့ သူနာပြု သမဂ္ဂက ဖေဖော်ဝါရီလ လယ်ထဲအထိ ဆန္ဒပြခဲ့ရပါတယ်။ သူတို့ကတော့ လစာရဲ့ ၁၅ ရာခိုင်နှုန်းအထိ ကရုဏါကြေး ပေးရန်အတွက် အစိုးရကို ဖိအားပေးနိုင်ခဲ့ပါတယ်။ မတ်လ ၄ရက်နေ့ဘတ်ဂျက် အသစ်ချတော့ အဲ့ဒိလစာ စာရင်းတွေပါသွားပါတယ်။ အခြေခံကျန်းမာရေးဝန်ထမ်းတွေက လစာ ၁၅ ရာခိုင်နှုန်း ကရုဏါကြေးရပြီး ဆရာဝန်တွေ အထူးကုတွေဆိုရင် ကရုဏါကြေးပိုရပါတယ်။
မောင်ယဿ ref: ONTHIS DAY photo;
No Comments