
ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔ဆိုတာ
၁၈၆၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၇ရက္ေန႔ ညမွာ အေမရိကန္ေတြရဲ႕ ပထမဆုံးေရငုတ္သေဘၤာ ဟန္းေလး က ယူအက္စ္အက္စ္ ဟူဆာတိုးနစ္ကို ျမဳပ္ပစ္လိုက္တဲ့ေန႔ပါပဲ။ အခ်ိန္က အေမရိကန္ ျပည္တြင္းစစ္ကာလအတြင္းမွာ အေမရိကန္ျပည္ေထာင္စု သမၼတ အီဘရာဟင္လင္ကြန္းက ကြန္ဖက္ဒေရးရွင္းတပ္ေတြကို ပိတ္ဆို႔ တိုက္ခိုက္ေနတဲ့အခ်ိန္ပါ။ မစၥစၥပီျမစ္ထဲကေန ပင္လယ္ထြက္ေပါက္ ကိုလည္း စစ္သေဘၤာေတြနဲ႔ ပိတ္ဆို႔ထားပါတယ္။ ဥေရာပကလည္း ကြန္ဖက္ဒေရးရွင္းတပ္ေတြကို အကူအညီေပးလို႔မရေအာင္ ေရေၾကာင္းပိတ္ဆို႔မႈႀကီးကိုလုပ္ထားလို႔ ကြန္ဖက္ဒေရးရွင္း စစ္ဗိုလ္ခ်ဳပ္ေတြက အဲ့ဒိေရတပ္ႀကီးကိုၿဖိဳခြင္းခ်င္ေနတယ္။ ဒါေပမဲ့ ဘယ္လိုမွလုပ္မရဘူးျဖစ္ေနတယ္။
ေလွကေလးေတြထဲကို ဗုံးတင္ၿပီး ေရထဲေမ်ာၿပီး သေဘာေတၤြကိုတိုက္ခိုက္ဖို႔လုပ္တယ္။ လမ္းတစ္ဝက္မွာတင္ဘဲ အဲ့ဒိေလွေတြဖ်က္ဆီးခံလိုက္ရတယ္။ အေကာင္းဆုံးကေတာ့ ေရေအာက္ကေန သေဘၤာေတြကို သြားတိုက္ခိုက္ဖို႔ လုပ္မွပဲ ရမယ့္ အေျခအေနျဖစ္ေနပါတယ္။ အဲ့ေတာ့ ကယ္႐ိုလိုင္းနားက အင္ဂ်င္နီယာေတြကိုေခၚၿပီး ေရငုတ္ သေဘၤာ ထြင္ခိုင္းေတာ့တာေပါ့ ။ ပထမအင္ဂ်င္နီယာတစ္ေယာက္က ေရေပၚကို ေခါင္ေလးပဲေထာင္ထားလို႔ရတဲ့ လိပ္ေရေပၚ သေဘၤာေလးကိုထြင္ လိုက္တယ္။ အလုပ္ေတာ့ျဖစ္ပါရဲ႕ ျပည္ေထာင္စုတပ္ေတြရဲ႕ အေျမာက္ နဲ႔ေတြ႕ သြားတယ္။ အေမရိကန္ ျပည္တြင္းစစ္မွာ ေရငုတ္သေဘၤာထြင္တယ္ဆိုတာ အစိတ္အပိုင္းအေသးေလး တစ္ခုပါ။ ဒါေပမဲ့ အဲ့ဒိတုန္းက ျပည္ေထာင္စုတပ္ ေတြေရာ ကြန္ဖက္ဒေရးရွင္းတပ္ေတြေရာ ေတာ္ေတာ္ႀကီးကိုစိတ္ဝင္စားခဲ့တဲ့ ကိစၥပါ။ ဟန္းေလးလို႔ ေခၚတဲ့ ေရငုတ္သေဘၤာကို တီထြင္သူ အိတ္ခ်္အယ္လ္ ဟန္းေလးကိုဂုဏ္ျပဳၿပီးေပးခဲ့တာပါ။ ေပ၄၀ေလာက္ရွည္တဲ့ ေရငုတ္သေဘၤာထဲမွာ လူ၈ေယာက္ လိုက္ပါလို႔ရပါတယ္။
ၾသဂုတ္လ ၁၂ရက္ေန႔ ေရခ်တယ္ ေရခ်ခ်င္းခ်င္း ျပန္မေပၚလာလို႔ လူ၅ေယာက္ေလာက္ အသက္ဆုံးရႈံးသြား တယ္။ ၁၈၆၃ ၾသဂုတ္လ၂၉ရက္မွာျပင္ဆင္ၿပီး ေရခ်တယ္ အလုပ္မျဖစ္ဘဲ လူ၂ေယာက္ပဲကုန္းေပၚျပန္တက္လာတယ္။ ေရငုတ္သေဘၤာမဟုတ္ဘဲ ပင္လယ္ထဲကအေခါင္းလို႔ လူေတြက ေခၚရတဲ့အထိ နာမည္က ဆိုးသြားတယ္။ ေအာက္တိုဘာ ၁၅ရက္မွာ တတိယ အႀကိမ္ေရခ်ဖို႔အတြက္ သေဘၤာသားေတြကို မနည္းလိုက္စုရပါတယ္။ သူကိုယ္တိုင္လိုက္ေမာင္းတာ သူပါ အသက္ေပးလိုက္ရပါတယ္။ သူ႔ရဲ႕ ေရငုတ္သေဘၤာကို ဂ်ိမ္း မက္လင္းေတာ့က ျပင္ဆင္သင့္တဲ့အပိုင္းကို ျပင္လိုက္ေတာ့မွ ေမာင္းလို႔ရသြားေတာ့တယ္။ ၁၈၆၄ ေဖေဖာ္ဝါရီ ၁၇ရက္ေန႔မွာ ျပည္ေထာင္စုတပ္ရဲ႕ စစ္သေဘာကႋု ႏွစ္ျမဳပ္ဖို႔ ထြက္ခြာသြားခဲ့တယ္။ ေတာ္ပီဒိုကို ႀကိဳးနဲ႔ ခ်ိတ္ထားတာ ႀကိဳးက မျပဳတ္လို႔ သေဘၤာနားကပ္ၿပီး ဗုံးခြဲလိုက္ၿပီး လွည့္အျပန္မွာ ဟန္းေလးလည္း ပင္လယ္ေရေအာက္ ေရာက္သြားပါတယ္။ သေဘၤာလည္းနစ္ သူလည္းနစ္ သူလည္းနစ္သြားပါတယ္။ ၂၀၀၀ ခုႏွစ္က်မွ သူ႔ကိုျပန္ဆယ္ယူလို႔ရခဲ့ပါတယ္။
ေမာင္ယႆ REF: onthis day photo;groupon
Unicode
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ဆိုတာ
၁၈၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့ ညမှာ အမေရိကန်တွေရဲ့ ပထမဆုံးရေငုတ်သင်္ဘော ဟန်းလေး က ယူအက်စ်အက်စ် ဟူဆာတိုးနစ်ကို မြုပ်ပစ်လိုက်တဲ့နေ့ပါပဲ။ အချိန်က အမေရိကန် ပြည်တွင်းစစ်ကာလအတွင်းမှာ အမေရိကန်ပြည်ထောင်စု သမ္မတ အီဘရာဟင်လင်ကွန်းက ကွန်ဖက်ဒရေးရှင်းတပ်တွေကို ပိတ်ဆို့ တိုက်ခိုက်နေတဲ့အချိန်ပါ။ မစ္စစ္စပီမြစ်ထဲကနေ ပင်လယ်ထွက်ပေါက် ကိုလည်း စစ်သင်္ဘောတွေနဲ့ ပိတ်ဆို့ထားပါတယ်။ ဥရောပကလည်း ကွန်ဖက်ဒရေးရှင်းတပ်တွေကို အကူအညီပေးလို့မရအောင် ရေကြောင်းပိတ်ဆို့မှုကြီးကိုလုပ်ထားလို့ ကွန်ဖက်ဒရေးရှင်း စစ်ဗိုလ်ချုပ်တွေက အဲ့ဒိရေတပ်ကြီးကိုဖြိုခွင်းချင်နေတယ်။ ဒါပေမဲ့ ဘယ်လိုမှလုပ်မရဘူးဖြစ်နေတယ်။
လှေကလေးတွေထဲကို ဗုံးတင်ပြီး ရေထဲမျောပြီး သဘောၤတွေကိုတိုက်ခိုက်ဖို့လုပ်တယ်။ လမ်းတစ်ဝက်မှာတင်ဘဲ အဲ့ဒိလှေတွေဖျက်ဆီးခံလိုက်ရတယ်။ အကောင်းဆုံးကတော့ ရေအောက်ကနေ သင်္ဘောတွေကို သွားတိုက်ခိုက်ဖို့ လုပ်မှပဲ ရမယ့် အခြေအနေဖြစ်နေပါတယ်။ အဲ့တော့ ကယ်ရိုလိုင်းနားက အင်ဂျင်နီယာတွေကိုခေါ်ပြီး ရေငုတ် သင်္ဘော ထွင်ခိုင်းတော့တာပေါ့ ။ ပထမအင်ဂျင်နီယာတစ်ယောက်က ရေပေါ်ကို ခေါင်လေးပဲထောင်ထားလို့ရတဲ့ လိပ်ရေပေါ် သင်္ဘောလေးကိုထွင် လိုက်တယ်။ အလုပ်တော့ဖြစ်ပါရဲ့ ပြည်ထောင်စုတပ်တွေရဲ့ အမြောက် နဲ့တွေ့ သွားတယ်။ အမေရိကန် ပြည်တွင်းစစ်မှာ ရေငုတ်သင်္ဘောထွင်တယ်ဆိုတာ အစိတ်အပိုင်းအသေးလေး တစ်ခုပါ။ ဒါပေမဲ့ အဲ့ဒိတုန်းက ပြည်ထောင်စုတပ် တွေရော ကွန်ဖက်ဒရေးရှင်းတပ်တွေရော တော်တော်ကြီးကိုစိတ်ဝင်စားခဲ့တဲ့ ကိစ္စပါ။ ဟန်းလေးလို့ ခေါ်တဲ့ ရေငုတ်သင်္ဘောကို တီထွင်သူ အိတ်ချ်အယ်လ် ဟန်းလေးကိုဂုဏ်ပြုပြီးပေးခဲ့တာပါ။ ပေ၄၀လောက်ရှည်တဲ့ ရေငုတ်သင်္ဘောထဲမှာ လူ၈ယောက် လိုက်ပါလို့ရပါတယ်။
သြဂုတ်လ ၁၂ရက်နေ့ ရေချတယ် ရေချချင်းချင်း ပြန်မပေါ်လာလို့ လူ၅ယောက်လောက် အသက်ဆုံးရှုံးသွား တယ်။ ၁၈၆၃ သြဂုတ်လ၂၉ရက်မှာပြင်ဆင်ပြီး ရေချတယ် အလုပ်မဖြစ်ဘဲ လူ၂ယောက်ပဲကုန်းပေါ်ပြန်တက်လာတယ်။ ရေငုတ်သင်္ဘောမဟုတ်ဘဲ ပင်လယ်ထဲကအခေါင်းလို့ လူတွေက ခေါ်ရတဲ့အထိ နာမည်က ဆိုးသွားတယ်။ အောက်တိုဘာ ၁၅ရက်မှာ တတိယ အကြိမ်ရေချဖို့အတွက် သင်္ဘောသားတွေကို မနည်းလိုက်စုရပါတယ်။ သူကိုယ်တိုင်လိုက်မောင်းတာ သူပါ အသက်ပေးလိုက်ရပါတယ်။ သူ့ရဲ့ ရေငုတ်သင်္ဘောကို ဂျိမ်း မက်လင်းတော့က ပြင်ဆင်သင့်တဲ့အပိုင်းကို ပြင်လိုက်တော့မှ မောင်းလို့ရသွားတော့တယ်။ ၁၈၆၄ ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ ပြည်ထောင်စုတပ်ရဲ့ စစ်သဘောၤကို နှစ်မြုပ်ဖို့ ထွက်ခွာသွားခဲ့တယ်။ တော်ပီဒိုကို ကြိုးနဲ့ ချိတ်ထားတာ ကြိုးက မပြုတ်လို့ သင်္ဘောနားကပ်ပြီး ဗုံးခွဲလိုက်ပြီး လှည့်အပြန်မှာ ဟန်းလေးလည်း ပင်လယ်ရေအောက် ရောက်သွားပါတယ်။ သင်္ဘောလည်းနစ် သူလည်းနစ် သူလည်းနစ်သွားပါတယ်။ ၂၀၀၀ ခုနှစ်ကျမှ သူ့ကိုပြန်ဆယ်ယူလို့ရခဲ့ပါတယ်။
မောင်ယဿ REF: onthis day photo;groupon
No Comments