
ေဖေဖာ္ဝါရီလ ၁၅ရက္ေန႔ဆိုတာ
၃၉၉ ဘီစီ မွာ အေနာက္တိုင္း ဒႆနပညာကို တည္ေထာင္ခဲ့သူ ဆိုကေရးတီးကို ေအသင္အာဏါပိုင္ေတြက ေအသင္ႏိုင္ငံသားေတြကို မွားယြင္းတဲ့ စာရိတၳေတြကို အားထုတ္ေအာင္ လႈံ႕ေဆာ္မႈနဲ႔ ေသဒဏ္ေပးပါလိုက္။ အဆိပ္ခြက္ကို ေသာက္လိုက္ၿပီးတဲ့ေနာက္မွာ ဆိုကေရးတီးကို အာဏါပိုင္ေတြက လမ္းေလွ်ာက္ခိုင္းပါတယ္။ သူက တျဖည္းျဖည္းခ်င္းထၿပီး အခန္းထဲမွာ ေခါက္တုံ႔ေခါက္ျပန္ ေလွ်ာက္ေနပါတယ္။
အဆိပ္က ကိုယ္ခႏၲာထဲကို ေတာ္ေတာ္နဲ႔ ျပန႔္ႏွံ႔မလာပါဘူး။ သူက သူေျပာလိုတဲ့စကားေတြကို အနားမွာရွိတဲ့ ခရစ္တိုကို မွတ္ခိုင္းေနတယ္။ ထုံစံအတိုင္း သူမွတ္ခြၽတ္ေရးသားတတ္သူမဟုတ္ေတာ့ တပည့္ေတြကို သူ႔ရဲ႕မိန႔္မွာခ်က္နဲ႔ ဒႆနေတြ ကိုေျပာေနခဲ့ပါတယ္။ တစ္ျဖည္းျဖည္းနဲ႔ သူက ေျခလက္ေတြကို မသယ္ခ်င္ေလာက္ေအာင္ကို ထုံက်င္လာတယ္။
ေျခေထာက္ေတြ တ႐ြတ္ဆြဲ ၿပီး ေလွ်ာက္ေနရင္းက ေမွာက္လ်က္လဲက်သြားေတာ့မွ သူ႔ကိုမခ်ီၿပီး ကြတ္ျပစ္ေလးေပၚတင္ထားပါတယ္။ အာဏါပိုင္ေတြက ဆိုကေရးတီးကို ဒူေခါင္းဆြဲထူၿပီး သစ္သားတူေလးနဲ႔ေခါက္ၾကည့္ပါတယ္။ ထုံက်င္ေနၿပီျဖစ္လို႔ ဘာအာ႐ုံ ခံစားမႈမွမရွိေတာ့ ဆိုကေရတီးကေတာ့ သူေျပာစရာရွိတာေတြကိုေျပာတုန္းပါပဲ ။
အဲ့လို အဆိပ္ေသာက္ၿပီး ေသခိုင္းတဲ့အခ်ိန္တုန္းက ပေလတို တို႔ လို ဇီႏိုဖြန္တို႔လို တပည့္ႀကီးေတြ အနားမွာတစ္ေယာက္မွမရွိခဲ့ၾကဘူး။ တပည့္ႀကီးေတြ ေအသင္မွာမရွိတဲ့ အခ်ိန္ေရာက္မွ ပဲ ေအသင္ အာဏါပိုင္ေတြက ဆိုကေရးတီးကို သက္ဖို႔ ႀကိဳးစားခဲ့တာပါ။ သူတို႔အႀကံအစည္ေအာင္ျမင္ခဲ့ပါတယ္။ ထုံက်င္မႈေတြ ခါးဆီကို ေရာက္လာေတာ့ ဆိုကေရးတီးမထိုင္ႏိုင္ေတာ့ဘူး။
ပထမ လက္ေထာက္ထားၿပီး ထိုင္ၾကည့္ေနေသးတယ္။ ဘယ္လိုမွ မထိုင္ႏိုင္ တဲ့အခါေတာ့မွဘဲ သူက သစ္သားကြပ္ျပစ္ေလးေပၚကို လွဲခ်လိုက္တယ္။ အဲ့ဒိအခ်ိန္အထိ သူက ၾကည္လင္ျပတ္သားစြာနဲ႔ စကားေျပာႏိုင္တုန္းပါပဲ။ ဆိုကေရးတီးက ေနာက္ဆုံးစကားကိုေျပာၿပီး ေသဆုံးသြားတဲ့အထိ စကားသံကိုၾကည္လင္ ျပတ္သားစြာ ေျပာသြားခဲ့ပါတယ္။ အနားမွာရွိတဲ့ ခရစ္တိုကို အလုံးစုံ တိတိက်က် ေျပာသြားႏိုင္ခဲ့ပါတယ္။
ထုံက်င္မႈေတြက ခါးကိုေက်ာ္ၿပီး ရင္ေခါင္းနားေရာက္လာတဲ့အခါ ခရစ္တိုကို ငါေရငတ္တယ္လို႔ ေျပာတယ္။ ခရစ္တိုက ေရကို ေျမခြက္နဲ႔ ငွဲ႔ၿပီးတိုက္ေပမဲ့ ေရေတြက ႏွာေခါင္းကေရာ ပါးစပ္ကပါ ျပန္ထြက္က်လာပါတယ္။ သူ႔ရဲ႕အတြင္းကလီစာေတြက ပါးစပ္က ထည့္တာကိုလက္မခံေတာ့ဘဲ ျပန္ထြက္က်ေနပါတယ္။
ထုံက်င္မႈေတြ နလုံးကို ေရာက္လာတဲ့အခ်ိန္မွာ ဆိုကေရးတီးက ခရစ္တိုကို “ ငါ့ကိုယ္ငါျမင္ေနရသလိုပဲ အခု ငါ နလုံးနားကို ထုံက်င္မႈ ေရာက္လာေတာ့မယ္။ ငါ့အဆုံးသတ္က အခ်ိန္တိုကေလးအတြင္း ေရာက္လာေတာ့မယ္။ ငါမင္းကိုေနာက္ဆုံး စကားေျပာမယ္ မင္းေသေသခ်ာခ်ာမွတ္ထား။ ဒီမွာ ခရစ္တို အေႂကြးဆိုတာ ယူၿပီးရင္ ျပန္ဆပ္ရတယ္ကြ။ ေမ့မထားရဘူး”လို႔ေျပာၿပီး သူမ်က္လုံးမွိတ္ထားတယ္။
ဘာမွေတာင္မၾကာလိုက္ပါဘူး။ သူေခါင္းလည္က်သြားပါတယ္။ သူ အသက္ရႈမရႈ ကိုအေသအခ်ာ စမ္းသက္ၿပီးေနာက္မွာေတာ့ ဆိုကေရးတီ ေသဆုံးသြားၿပီျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။ အဲ့ဒိညမွာ ေအသင္သားေတြအတြက္ က်ဆုံးျခင္း နမိတ္အျဖစ္ ၾကယ္ေတြ ေႂကြက်တာ မိုး႐ြာသလိုပါပဲ။ ပေလတိုက သူ႔ရဲ႕ ႏိုင္ငံေရးက်မ္းမွာ သူကို ေထာင္က လြတ္ေအာင္ ေထာင္ပိုင္ကိုလာဘ္ ထိုးၿပီးသာပါ။ သူကိုယ္တိုင္က ေထာင္ကမထြက္ဘဲ အေသခံခဲ့တာပါလို႔ ေရးသားထားခဲ့တယ္။
ေမာင္ယႆ ref; onthis day photo ; how stuffwork
Unicode
ဖေဖော်ဝါရီလ ၁၅ရက်နေ့ဆိုတာ
၃၉၉ ဘီစီ မှာ အနောက်တိုင်း ဒဿနပညာကို တည်ထောင်ခဲ့သူ ဆိုကရေးတီးကို အေသင်အာဏါပိုင်တွေက အေသင်နိုင်ငံသားတွေကို မှားယွင်းတဲ့ စာရိတ္ထတွေကို အားထုတ်အောင် လှုံ့ဆော်မှုနဲ့ သေဒဏ်ပေးပါလိုက်။ အဆိပ်ခွက်ကို သောက်လိုက်ပြီးတဲ့နောက်မှာ ဆိုကရေးတီးကို အာဏါပိုင်တွေက လမ်းလျှောက်ခိုင်းပါတယ်။ သူက တဖြည်းဖြည်းချင်းထပြီး အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပါတယ်။
အဆိပ်က ကိုယ်ခန္တာထဲကို တော်တော်နဲ့ ပြန့်နှံ့မလာပါဘူး။ သူက သူပြောလိုတဲ့စကားတွေကို အနားမှာရှိတဲ့ ခရစ်တိုကို မှတ်ခိုင်းနေတယ်။ ထုံစံအတိုင်း သူမှတ်ချွတ်ရေးသားတတ်သူမဟုတ်တော့ တပည့်တွေကို သူ့ရဲ့မိန့်မှာချက်နဲ့ ဒဿနတွေ ကိုပြောနေခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ သူက ခြေလက်တွေကို မသယ်ချင်လောက်အောင်ကို ထုံကျင်လာတယ်။
ခြေထောက်တွေ တရွတ်ဆွဲ ပြီး လျှောက်နေရင်းက မှောက်လျက်လဲကျသွားတော့မှ သူ့ကိုမချီပြီး ကွတ်ပြစ်လေးပေါ်တင်ထားပါတယ်။ အာဏါပိုင်တွေက ဆိုကရေးတီးကို ဒူခေါင်းဆွဲထူပြီး သစ်သားတူလေးနဲ့ခေါက်ကြည့်ပါတယ်။ ထုံကျင်နေပြီဖြစ်လို့ ဘာအာရုံ ခံစားမှုမှမရှိတော့ ဆိုကရေတီးကတော့ သူပြောစရာရှိတာတွေကိုပြောတုန်းပါပဲ ။
အဲ့လို အဆိပ်သောက်ပြီး သေခိုင်းတဲ့အချိန်တုန်းက ပလေတို တို့ လို ဇီနိုဖွန်တို့လို တပည့်ကြီးတွေ အနားမှာတစ်ယောက်မှမရှိခဲ့ကြဘူး။ တပည့်ကြီးတွေ အေသင်မှာမရှိတဲ့ အချိန်ရောက်မှ ပဲ အေသင် အာဏါပိုင်တွေက ဆိုကရေးတီးကို သက်ဖို့ ကြိုးစားခဲ့တာပါ။ သူတို့အကြံအစည်အောင်မြင်ခဲ့ပါတယ်။ ထုံကျင်မှုတွေ ခါးဆီကို ရောက်လာတော့ ဆိုကရေးတီးမထိုင်နိုင်တော့ဘူး။
ပထမ လက်ထောက်ထားပြီး ထိုင်ကြည့်နေသေးတယ်။ ဘယ်လိုမှ မထိုင်နိုင် တဲ့အခါတော့မှဘဲ သူက သစ်သားကွပ်ပြစ်လေးပေါ်ကို လှဲချလိုက်တယ်။ အဲ့ဒိအချိန်အထိ သူက ကြည်လင်ပြတ်သားစွာနဲ့ စကားပြောနိုင်တုန်းပါပဲ။ ဆိုကရေးတီးက နောက်ဆုံးစကားကိုပြောပြီး သေဆုံးသွားတဲ့အထိ စကားသံကိုကြည်လင် ပြတ်သားစွာ ပြောသွားခဲ့ပါတယ်။ အနားမှာရှိတဲ့ ခရစ်တိုကို အလုံးစုံ တိတိကျကျ ပြောသွားနိုင်ခဲ့ပါတယ်။
ထုံကျင်မှုတွေက ခါးကိုကျော်ပြီး ရင်ခေါင်းနားရောက်လာတဲ့အခါ ခရစ်တိုကို ငါရေငတ်တယ်လို့ ပြောတယ်။ ခရစ်တိုက ရေကို မြေခွက်နဲ့ ငှဲ့ပြီးတိုက်ပေမဲ့ ရေတွေက နှာခေါင်းကရော ပါးစပ်ကပါ ပြန်ထွက်ကျလာပါတယ်။ သူ့ရဲ့အတွင်းကလီစာတွေက ပါးစပ်က ထည့်တာကိုလက်မခံတော့ဘဲ ပြန်ထွက်ကျနေပါတယ်။
ထုံကျင်မှုတွေ နလုံးကို ရောက်လာတဲ့အချိန်မှာ ဆိုကရေးတီးက ခရစ်တိုကို “ ငါ့ကိုယ်ငါမြင်နေရသလိုပဲ အခု ငါ နလုံးနားကို ထုံကျင်မှု ရောက်လာတော့မယ်။ ငါ့အဆုံးသတ်က အချိန်တိုကလေးအတွင်း ရောက်လာတော့မယ်။ ငါမင်းကိုနောက်ဆုံး စကားပြောမယ် မင်းသေသေချာချာမှတ်ထား။ ဒီမှာ ခရစ်တို အကြွေးဆိုတာ ယူပြီးရင် ပြန်ဆပ်ရတယ်ကွ။ မေ့မထားရဘူး”လို့ပြောပြီး သူမျက်လုံးမှိတ်ထားတယ်။
ဘာမှတောင်မကြာလိုက်ပါဘူး။ သူခေါင်းလည်ကျသွားပါတယ်။ သူ အသက်ရှုမရှု ကိုအသေအချာ စမ်းသက်ပြီးနောက်မှာတော့ ဆိုကရေးတီ သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အဲ့ဒိညမှာ အေသင်သားတွေအတွက် ကျဆုံးခြင်း နမိတ်အဖြစ် ကြယ်တွေ ကြွေကျတာ မိုးရွာသလိုပါပဲ။ ပလေတိုက သူ့ရဲ့ နိုင်ငံရေးကျမ်းမှာ သူကို ထောင်က လွတ်အောင် ထောင်ပိုင်ကိုလာဘ် ထိုးပြီးသာပါ။ သူကိုယ်တိုင်က ထောင်ကမထွက်ဘဲ အသေခံခဲ့တာပါလို့ ရေးသားထားခဲ့တယ်။
မောင်ယဿ ref; onthis day photo ; how stuffwork
No Comments