
ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ဆိုတာ
၂၀၀၅ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ က အေမရိကန္လူငယ္ သုံးဦးက ကယ္လီဖိုးနီးယား ျပည္နယ္ ဆန္ဘ႐ူႏိုက ႐ုံးခ်ဳပ္ကေန ၿပီးေတာ့ အြန္လိုင္းေပၚကို ဗီဒီယိုဖိုင္ ေတြကို ရွယ္ ( ေဝမွ် ) လို႔ရေအာင္ ပလက္ေဖာင္း တစ္ခု စၿပီး တင္လိုက္တဲ့ ေန႔ပါ ။ paypal က ဝန္ထမ္းသုံးဦး ျဖစ္တဲ့ ခ်က္ဟာေလ ၊ စတိခ်န္ နဲ႔ ဂ်ဝက္ကာရင္ တို႔က ယူက်ဴ႕ ( youtube ) ကို ဖန္တီးၿပီး ဗီဒီယိုဖိုင္ေတြကို လက္ဆင့္ကမ္းလို႔ ရေအာင္ ျပဳလုပ္ခဲ့ ပါတယ္ ။
၂၀၀၆ ခုႏွစ္ ႏိုဝင္ဘာလ ေရာက္ေတာ့ ဂူဂဲလ္က ယူက်ဴ႕ ဝက္ဘ္ဆိုက္ကို ကန္ ေဒၚလာသန္း ၁၆၅၀ ေပးၿပီး ဝယ္လိုက္ ပါတယ္ ။ အခုေတာ့ ယူက်ဴ႕က ဂူဂဲလ္ရဲ႕ လိုင္းခြဲ တစ္ခုနဲ႔ ရပ္တည္ေနပါတယ္ ။ ယူက်ဴ႕က လိုင္းသုံးတဲ့ သူေတြ ဗီဒီယိုဖိုင္ေတြ ကို လိုင္းေပၚ တင္လို႔ ရေအာင္ ရွယ္လို႔ရေအာင္ ၾကည့္လို႔ ရေအာင္ ကူးလို႔ရေအာင္ အကူအညီ ေပးပါတယ္ ။
သီခ်င္းေတြ သတင္းဖိုင္ ေတြ ျပန္ေျပာ စကားေတြ ကို အျခား လိုင္းသုံး သူေတြနဲ႔လည္းခ်ိတ္ဆက္ ေပးပါတယ္ ။ ယူက်ဴ႕ ေပၚမွာ ရႏိုင္တဲ့ ဗီဒီယို ကလစ္ေတြ တီဗီ ကလစ္ေတြနဲ႔ အမ်ိဳးမ်ိဳးေသာ ႐ုပ္ရွင္ဖိုင္ေတြ ပညာေရး သင္ခန္းစာ ဖိုင္ေတြ အခုဆိုရင္ သန္းေပါင္းမ်ားစြာ ရွိေနပါၿပီ ။ လူငယ္ သုံးေယာက္ ရဲ႕ စိတ္ကူး ကေလးက ကန္ေဒၚလာ သန္းေထာင္ေပါင္း မ်ားစြာနဲ႔ ခ်ီတဲ့စီးပြားေရး လုပ္ငန္းတစ္ခု ျဖစ္သြားပါၿပီ ။
ယူက်ဴ႕ေပၚက မီဒီယာေတြမွာ ဆိုရင္ CBS ၊BBC ၊VEVO နဲ႔ HULU တို႔က ၾသဇာႀကီးတဲ့ သတင္းဌာနေတြ ျဖစ္ပါတယ္ ။ အခုဆိုရင္ ဂူဂဲလ္ ရွာေဖြေရး အင္ဂ်င္ တစ္ခုနီးပါးလို႔ ယူက်ဴ႕မွာ လိုခ်င္တာေတြကို ရွာေဖြ ႏိုင္ပါၿပီ ။ ဒါ့အျပင္ ယူက်ဴ႕က သူနဲ႔ တြဲဖက္ထားတဲ့ ပ႐ိုဂမ္ ေတြကလည္း အေျမာက္အမ်ား ပါပဲ ။
ယူက်ဴကို စတင္တီထြင္သူ ဟာေလက အင္ဒီယားနား တကၠသိုလ္က ဂရက္ဖစ္ ဒီဇိုင္းကို ေလ့လာေနသူ ေက်ာင္းသား တစ္ေယာက္ျဖစ္ၿပီး ခ်န္နဲ႔ ကာရင္က အီလီႏြိဳက္ တကၠသိုလ္က ကြန္ျပဴတာ သိပၸံ ေက်ာင္းသားေတြ ျဖစ္ပါတယ္ ။ ဇာတ္လမ္းရဲ႕ အစက မိုက္ကယ္ဂ်က္ဆင္ ရဲ႕ ညီမ ဂ်က္နက္ ဂ်က္ဆင္ ၂၀၀၄ ေဖ်ာ္ေျဖပြဲ တစ္ခုမွာ ဗိုက္လႈတ္ ကတာ ရင္သား ေပၚသြားတာရယ္ အိႏၵိယ သမုဒၵရာ ဆူနာမီ လႈိင္းေၾကာင့္ လူေတြ ေသၾက တာရယ္ ကို ဗီဒီယိုဖိုင္ကို ၾကည့္ခ်င္တဲ့ ကာရင္က စတာပါ ။
အြန္လိုင္းေပၚမွာ ဗီဒီယိုဖိုင္ ေတြကို ၾကည့္လို႔ ရရင္ ေကာင္းမွာ ပဲဆိုတဲ့အေတြးက ယူက်ဴ႕ကိုျဖစ္လာ ေစခဲ့ တာပါ ။ ဗီဒီယိုဖိုင္ ေတြကို ေဝမွ်လို႔ရမယ့္ ပလက္ေဖာင္းတစ္ခုကို အြန္လိုင္းေပၚမွာလုပ္ရင္ ေကာင္းမလားဆိုၿပီး သူငယ္ခ်င္း၂ေယာက္နဲ႔ ေဆြးေႏြးျဖစ္ၾကတယ္။ အြန္လိုင္းေပၚမွာတင္ထားတဲ့ ဗီဒီယို ကလစ္ေတြကို ေနာက္ေၾကာင္း ျပန္လိုက္ၿပီး ယူမယ့္အစား သူတို႔ပလက္ေဖာင္းေပၚကို တက္လာသမွ် ဖိုင္ေတြကို လက္ခံမယ္ဆိုၿပီး ဆုံးျဖတ္ခဲ့ၾကတယ္။
ဆန္ဖရန္စစ္စကို က ခ်န္ရဲ႕ အခန္းမွာပဲ သူတို႔လုပ္ငန္းကို ၂၀၀၅ ေဖေဖာ္ဝါရီ ၁၄ရက္မွာ စလိုက္ၾကတယ္။ လုပ္ငန္းက ႀကီးလို႔ အရင္းအႏွီးလိုတဲ့အတြက္ေၾကာင့္ ခ်န္က သူ႔အိမ္မွာ ပါတီပြဲတစ္ပြဲေပးၿပီး လုပ္မယ့္အစီအစဥ္ ေတြကို လုပ္ငန္းရွင္ေတြကိုရွင္းျပၿပီး ရင္းႏွီးျမဳပ္ႏွံမႈ ဖိတ္ေခၚခဲ့ပါတယ္။ မထင္မွတ္ထားပဲ ရင္ႏွီျမဳပ္ႏွံမႈ ကန္ေဒၚလာ ၁၁ေက်ာ္ရလိုက္တယ္။ အဲဒိေနာက္မွာေတာ့ သူတို႔လုပ္ငန္းက ကမာၻေက်ာ္သြားခဲ့ပါတယ္။
ေမာင္ယႆ REF: on this day photo ; wiki
Unicode
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဆိုတာ
၂၀၀၅ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်လူငယ် သုံးဦးက ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဘရူနိုက ရုံးချုပ်ကနေ ပြီးတော့ အွန်လိုင်းပေါ်ကို ဗီဒီယိုဖိုင် တွေကို ရှယ် ( ဝေမျှ ) လို့ရအောင် ပလက်ဖောင်း တစ်ခု စပြီး တင်လိုက်တဲ့ နေ့ပါ ။ paypal က ဝန်ထမ်းသုံးဦး ဖြစ်တဲ့ ချက်ဟာလေ ၊ စတိချန် နဲ့ ဂျဝက်ကာရင် တို့က ယူကျူ့ ( youtube ) ကို ဖန်တီးပြီး ဗီဒီယိုဖိုင်တွေကို လက်ဆင့်ကမ်းလို့ ရအောင် ပြုလုပ်ခဲ့ ပါတယ် ။
၂၀၀၆ ခုနှစ် နိုဝင်ဘာလ ရောက်တော့ ဂူဂဲလ်က ယူကျူ့ ဝက်ဘ်ဆိုက်ကို ကန် ဒေါ်လာသန်း ၁၆၅၀ ပေးပြီး ဝယ်လိုက် ပါတယ် ။ အခုတော့ ယူကျူ့က ဂူဂဲလ်ရဲ့ လိုင်းခွဲ တစ်ခုနဲ့ ရပ်တည်နေပါတယ် ။ ယူကျူ့က လိုင်းသုံးတဲ့ သူတွေ ဗီဒီယိုဖိုင်တွေ ကို လိုင်းပေါ် တင်လို့ ရအောင် ရှယ်လို့ရအောင် ကြည့်လို့ ရအောင် ကူးလို့ရအောင် အကူအညီ ပေးပါတယ် ။
သီချင်းတွေ သတင်းဖိုင် တွေ ပြန်ပြော စကားတွေ ကို အခြား လိုင်းသုံး သူတွေနဲ့လည်းချိတ်ဆက် ပေးပါတယ် ။ ယူကျူ့ ပေါ်မှာ ရနိုင်တဲ့ ဗီဒီယို ကလစ်တွေ တီဗီ ကလစ်တွေနဲ့ အမျိုးမျိုးသော ရုပ်ရှင်ဖိုင်တွေ ပညာရေး သင်ခန်းစာ ဖိုင်တွေ အခုဆိုရင် သန်းပေါင်းများစွာ ရှိနေပါပြီ ။ လူငယ် သုံးယောက် ရဲ့ စိတ်ကူး ကလေးက ကန်ဒေါ်လာ သန်းထောင်ပေါင်း များစွာနဲ့ ချီတဲ့စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သွားပါပြီ ။
ယူကျူ့ပေါ်က မီဒီယာတွေမှာ ဆိုရင် CBS ၊BBC ၊VEVO နဲ့ HULU တို့က သြဇာကြီးတဲ့ သတင်းဌာနတွေ ဖြစ်ပါတယ် ။ အခုဆိုရင် ဂူဂဲလ် ရှာဖွေရေး အင်ဂျင် တစ်ခုနီးပါးလို့ ယူကျူ့မှာ လိုချင်တာတွေကို ရှာဖွေ နိုင်ပါပြီ ။ ဒါ့အပြင် ယူကျူ့က သူနဲ့ တွဲဖက်ထားတဲ့ ပရိုဂမ် တွေကလည်း အမြောက်အများ ပါပဲ ။
ယူကျူကို စတင်တီထွင်သူ ဟာလေက အင်ဒီယားနား တက္ကသိုလ်က ဂရက်ဖစ် ဒီဇိုင်းကို လေ့လာနေသူ ကျောင်းသား တစ်ယောက်ဖြစ်ပြီး ချန်နဲ့ ကာရင်က အီလီနွိုက် တက္ကသိုလ်က ကွန်ပြူတာ သိပ္ပံ ကျောင်းသားတွေ ဖြစ်ပါတယ် ။ ဇာတ်လမ်းရဲ့ အစက မိုက်ကယ်ဂျက်ဆင် ရဲ့ ညီမ ဂျက်နက် ဂျက်ဆင် ၂၀၀၄ ဖျော်ဖြေပွဲ တစ်ခုမှာ ဗိုက်လှုတ် ကတာ ရင်သား ပေါ်သွားတာရယ် အိန္ဒိယ သမုဒ္ဒရာ ဆူနာမီ လှိုင်းကြောင့် လူတွေ သေကြ တာရယ် ကို ဗီဒီယိုဖိုင်ကို ကြည့်ချင်တဲ့ ကာရင်က စတာပါ ။
အွန်လိုင်းပေါ်မှာ ဗီဒီယိုဖိုင် တွေကို ကြည့်လို့ ရရင် ကောင်းမှာ ပဲဆိုတဲ့အတွေးက ယူကျူ့ကိုဖြစ်လာ စေခဲ့ တာပါ ။ ဗီဒီယိုဖိုင် တွေကို ဝေမျှလို့ရမယ့် ပလက်ဖောင်းတစ်ခုကို အွန်လိုင်းပေါ်မှာလုပ်ရင် ကောင်းမလားဆိုပြီး သူငယ်ချင်း၂ယောက်နဲ့ ဆွေးနွေးဖြစ်ကြတယ်။ အွန်လိုင်းပေါ်မှာတင်ထားတဲ့ ဗီဒီယို ကလစ်တွေကို နောက်ကြောင်း ပြန်လိုက်ပြီး ယူမယ့်အစား သူတို့ပလက်ဖောင်းပေါ်ကို တက်လာသမျှ ဖိုင်တွေကို လက်ခံမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။
ဆန်ဖရန်စစ်စကို က ချန်ရဲ့ အခန်းမှာပဲ သူတို့လုပ်ငန်းကို ၂၀၀၅ ဖေဖော်ဝါရီ ၁၄ရက်မှာ စလိုက်ကြတယ်။ လုပ်ငန်းက ကြီးလို့ အရင်းအနှီးလိုတဲ့အတွက်ကြောင့် ချန်က သူ့အိမ်မှာ ပါတီပွဲတစ်ပွဲပေးပြီး လုပ်မယ့်အစီအစဉ် တွေကို လုပ်ငန်းရှင်တွေကိုရှင်းပြပြီး ရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်ခဲ့ပါတယ်။ မထင်မှတ်ထားပဲ ရင်နှီမြုပ်နှံမှု ကန်ဒေါ်လာ ၁၁ကျော်ရလိုက်တယ်။ အဲဒိနောက်မှာတော့ သူတို့လုပ်ငန်းက ကမ္ဘာကျော်သွားခဲ့ပါတယ်။
မောင်ယဿ REF: on this day photo ; wiki
No Comments