
Knowledge







Unicode

ဖေဖော်ဝါရီလ ၁၂ရက်နေ့ဆိုတာ

၁၉၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့က တရုတ်နိုင်ငံ တန်မင်းဆက်နန်းစွန့်တဲ့ နေ့ပါပဲ။ တရုတ်နိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ရဲ့ ပဒေသရာဇ် အာဏါ ကုန်ဆုံးပြီး တရုတ်နိုင်ငံကို နိုင်ငံရေးပုံစံသစ်တစ်ခုထဲကို ရောက်ရှိသွားစေတဲ့နေ့ပါပဲ။ ဒေါက်တာဆွန်ယက်ဆင် ဦးဆောင်တဲ့ သမ္မတနိုင်ငံတော် တော်လှန်ရေးတပ်သားတွေက တန်မင်းဆက်ကို နန်းစွန့်ဖို့အတွက် ဖိအားပေး စွန့်ခိုင်းတာပါ။ပြီးတော့ ပြည်နယ်အစိုးရကို တည်ထောင်ပြီး သက်တမ်း ၂၀၀၀ကျော်တည်ရှိခဲ့တဲ့ အမျိုးမျိုးသော ပဒေသရာဇ် မင်းဆက်တွေထဲက နှစ်ပေါင်း ၂၆၀ကျော်တည်တန့်ခဲ့တဲ့ မန်ချူးမင်းဆက်ရဲ့ အာဏါကို အပြီးတိုင် အနားပေးလိုက်တာပါ။

၁၉၀၈ခုနှစ်မှာ ဦးရီးတော် ကွန်ဆူ ဘုရင် နတ်ရွာလားလို့ ဘုရင်သစ် ပူရီက နန်းတက်ခဲ့ပါတယ်။ အုပ်ချုပ်ရေးကိစ္စတွေကိုသင်ယူရင်နဲ့ သူ့ရဲ့ နန်းဆက်ကို အသက်သွင်းခဲ့ပါတယ်။ဒါပေမဲ့ နန်းသက်၃နှစ်အကြာ ၁၉၁၁ခုနှစ်မှာ ဆွန်ယက်ဆင်ရဲ့ တော်လှန်ရေးကြောင့် သူရဲ့နန်းဆက်က ပြိုလဲကျသွားပါတယ်။ နောက်လေးလအကြာမှာတော့ သူက လုံးဝနန်းစွန့်ခဲ့ရပါတယ်။ အစိုးရသစ် က ဘုရင့် အမှုထမ်း တွေကို ပင်စင်ပေးဖို့အတွက် အာမခံ ခဲ့ပါတယ်။ ပူရီဘုရင်ကိုလည်း နန်းတော်ထဲမှာ ၁၉၂၄ခုနှစ်အထိ နေထိုင်ခွင့်ပေးခဲ့ ပါတယ်။

ပြီးတာနဲ့ နန်းတော်ကို စွန့်ပြီး အရပ်သားတွေလို နေစေပါတယ်။ ၁၉၂၅ခုနှစ်မှာ ဂျပန်တွေကျူးကျော်ထားတဲ့ တိုင်အန်ကျင်း မှာ နေထိုင်ပြီးတဲ့နောက်မှာတော့ ၁၉၃၂ မှာ သူ့ကိုဂျပန်တွေက မန်ချူးရီးယားက မန်ချူးကိုးပြည်နယ်မှာ ရုပ်သေးအစိုးရ အဖြစ် အုပ်ချုပ်ခိုင်းပါတယ်။ ၁၉၃၄မှာ ဟင်နရီ ပူရီက မန်ချူးကိုးဘုရင်အဖြစ်နဲ့ ကောင်းတီမှာ နန်းစိုက်ခဲ့ပါတယ်။ မန်ချူးရီးယားမှာ ရုပ်သေးအစိုးရဖြစ်တဲ့ သူ့ကို ပျောက်ကြားတွေက တော်လှန်ရေးတွေလုပ်ပေမဲ့ သူက ၁၉၄၅ ခုနှစ်အထိ နိုင်နင်းအောင် အုပ်ချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒိနောက်မှာတော့ ဆိုဗီယက်စစ်တပ်က သူ့ကိုဖမ်းဆီးသွားခဲ့ပါတယ်။ ၁၉၄၆ မှာ ပူရီကို တိုကျိုအစိုးရရဲ့ စစ်တရားခံအဖြစ်နဲ့ အစစ်ဆေး ခံခဲ့ရပါတယ်။

သူက သူ့စိတ်မပါဘဲ လူသတ်ပွဲတွေကိုလုပ်ခဲ့ရတယ်လို့ အလျှောက်ကောင်းလို့ စစ်တရားခံအဖြစ်မှ ကံသီပြီးလွတ်မြောက်သွားပါတယ်။ မန်ချူးရီးယားနဲ့ ရီဟီးပြည်နယ်တွေကို တရုတ်နိုင်ငံက ပြန်ရပြီးနောက်မှာ တော့ ၁၉၅၀မှာ ရုရှားတွေက ပူရီကို တရုတ်ကွန်မြူနစ်အစိုးရလက်ထဲကို ပြန်လွဲပေးခဲ့ပါတယ်။ တရုတ်အစိုးရက သူ့ကို ၁၉၅၉ခုနှစ်အထိ ရှန်ယန်းမှာအကျဉ်းချထားခဲ့ပါတယ် ။ အဲ့ဒိနောက်မှာတော့ မော်စီတုံးက သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လို့ ပီကင်းက စက်ပြင်ဆိုင်တစ်ဆိုင်မှာ အလုပ် လုပ်နေခဲ့ရပါတယ်။

မောင်ယဿ REF: onthis day photo;china news today

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ......''''
Knowledge
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.”

”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …