Entertainment
Unicode
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဆိုတာ
၁၈၈၉ခုနှစ် ဖေဖော်ဝါလ ၁၁ရက်နေ့ က ဘီစီ၆၆၀က ဂျပန်နိုင်ငံတည်ထောင်ခြင်း နှစ်ပတ်လည်နေဖြစ်တဲ့အပြင် ဂျပန်အခြေခံဥပဒေကို ပြဌန်းပြီး ဂျပန်ဒိုင်ယက်လွှတ်တော်ကို ဖြစ်တည်စေခဲ့တဲ့နေ့ပါ။ အာရှမှာ ဉာဏ်ပညာအပြည့်စုံဆုံးဆိုတဲ့ မင်းဆက်ကိုပြောပါဆိုရင် ဂျပန်မေဂျီမင်းဆက်လို့ပဲပြောရမှာပါ။ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲတဲ့အခါမှာ သွေးမြေမကျစေဘဲ။ အညင်းသာဆုံး ပြောင်း လဲ နိုင် ခဲ့ ပါ တယ်။ ။
ဒီကနေ့အထိလည်း မင်းဆက်ရဲ့ သြဇာက မကျဆင်းသေးပါဘူး။ မေဂျီအခြေခံဥပဒေအရ ၁၈၉၀ နိုဝင်ဘာ၂၉မှာသက်ဝင်ခဲ့ပြီး ၁၉၄၇ မေလ၂ရက်နေ့မှာအသစ်ပြန်လည်ရေးဆွဲခဲ့ပါတယ်။ မေဂျီဘုရင်က အခြေံဥပဒေကိုရေးဆွဲဖို့အတွက် နှစ်၂၀ ကျော်ကြိုးစားခဲ့ပါ တယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ ပရက်ရှား အခြေခံ ဥပဒေရယ် ဗြိတိန် အခြေခံ ဥပဒေတို့ကို ရောသမမွေထားတာပါ။ မေဂျီအခြေခံ ဥပဒေအရ ဂျပန်ဧကရာဇ်သည်တိုင်းပြည်ရဲ့ အမြင့်ဆုံး နိုင်ငံရေးအာဏါကို ဆုတ်ကိုင်ထားသူဖြစ်ရမည် ။ ပရိုင်ဗီးကောင်စီက ရွေးချယ်တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်နဲ့ ကဲဘိနတ်က ဧကရာဇ် နောက်လိုက်ဖြစ်ရမည်။ ဧကရာဇ်သည် တိုင်းပြည် ရဲ့ ဥသျှောင်ဖြစ်ပြီး ဝန်ကြီးချုပ်သည် အစိုးရ အဖွဲ့ ၏ ခေါင်း ဆောင် ဖြစ် ပါ တယ်။
မေဂျီအခြေခံဥပဒေအရ ကဲဘိနတ်အဖွဲ့ဝင်တွေကို ဘုရင်က တိုက်ရိုက်ခန့်ပြီး ရွေးချယ်ခံ အောက်လွှတ်တော်က ရွေးချယ်ပေးစရာမလိုချေ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ မေဂျီအခြေခံ ဥပဒေကို ပြန်လည် ရေး ဆွဲ ခဲ့ ကြ ပါ တယ်။ ဂျပန်အောက်လွှတ်တော်ဒိုင်ယက်က နိုင်ငံခြားရေးနဲ့ သံတမန်ရေးကိုဘုရင်နဲ့ ဝေမျှကိုင်တွယ်နိုင်ဖို့အတွက် တောင်းဆိုရင်းက ဒီအခြေခံဥပဒေဖြစ်လာတာပါ။ မေဂျီဘုရင်က တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် အနောက်နိုင်ငံကို ပညာတော်သင်တွေစေလွှတ်ခဲ့ပါတယ်။ အနောက်နိုင်ငံရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ အရပ်သားပြည်သူတွေရဲ့ လွတ် လပ် ခွင့် နဲ့ အခွင့် အရေး တွေ က ပညာ တော်သင်တွေ ဆီမှာ ကပ်ပြီး ပါ လာ ပါ တယ်။
တိုင်းညပည်တိုးတက်အောင်လုပ်ဖို့အတွက် ဧကရာဇ်ရဲ့ အာဏါပါဝါတွေကို လျော့ချသင့်သလောက်လျော့ချခဲ့တာက ဘုရင်က ပြည်သူကိုကြည့်လိုက်တာပါပဲ။ ဘုရင်ကိုယ်တိုင်က လစ်ဘရယ်ဒီမိုကရက်တစ်ဖြစ်နေတာ့ အချို့ ကွန်ဆာဗေးတစ် အကြီးအကဲတွေနဲ့ ပွတ်တိုက်မှုတွေရှိပြီး သွေးမြေကျခဲ့ရတာ တွေရှိပါ တယ် ။
ဒါပေမဲ့ ဂျပန်က နိုင်ငံကြီးတစ်ခုဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်တဲ့နေရာမှာ အာဏါပိုင်အဖွဲ့အစည်းတွေက ပြည်သူ့မျက်နှာကို ကြည့်ခဲ့ကြတာတော့ အမှန်ပါပဲ။
မောင်ယဿ REF; on this day photo ;
No Comments
Leave a Reply
Your email address will not be published.
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …