Knowledge
ဖေဖော်ဝါရီလ ၁ရက်နေ့ ဆိုတာ1
မောင်ယဿ ref; 0n this day
Photoး britannica
Unicode
ဖေဖော်ဝါရီလ ၁ရက်နေ့ ဆိုတာ
၁၈၈၄ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ အောက်စ်ဖို့ဒ် အဘိဓါန် ပထမအတွဲကို စတင်ထုတ်ဝေခဲ့ပါတယ်။ ant အစချီ စာမျက်နှာ ၃၅၂ မျက်နှာပါတဲ့ စာအုပ် အထူကြီးကို ပထမ အကြိမ် အုပ်ရေ ၄၀၀၀ စ ထုတ်ခဲ့ပါတယ်။ စာလုံးရေ နဲ့စာလုံးရဲ့မျိုးကွဲတွေကို အစုံလင်နိုင်ဆုံး ထည့်သွင်းထားလို့ ကမ္ဘာ လူရိုသေ ရှင်ရိုသေအရှိဆုံးနဲ့ နားလည် သဘောပေါက်မှု အလွယ်ဆုံး စာအုပ်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
အောက်စ်ဖိုဒ့် အဘိဓါန်ကို ၁၈၇၉ မှာ စတင်ရေးတော့ ဂျိမ်း အေအိတ်ချ် မာရေး နဲ့ သူ့ တစ်ပည့် ၂ ယောက်ပဲရှိပါတယ်။ နောက်မှ အောက်စ်ဖို့ဒ်တက္ကသိုလ် ဘာသာစကား ဆိုင်ရာ ဌာနတစ်ခုလုံး ပါလာတာပါ။ သူတို့ စရေးတော့ အင်္ဂလိပ်အဘိဓါန်သစ် ဆိုတဲ့အမည်နဲ့ ထုတ်ဖို့ ရေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁ရက်နေ့ ဆိုတာ2
နောက်မှ အောက်စ်ဖို့ဒ် အဘိဓါန်ဆိုပြီး နာမည်ပေးခဲ့ကြတာပါ။ အောက်စ်ဖို့ဒ် တက္ကသိုလ ်ပုံနှိပ်တိုက်မှာ ရိုက်တဲ့ အဲ့ဒိအဘိဓါန်က အင်္ဂလိပ်စာပေ သမိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ရပ်မှာ ပါဝင်နေပါတယ်။  ယခုသုံးနေတဲ့ အောက်စ်ဖို့ဒ် အဘိဓါန်က ဒုတိယအကြိမ်ထုတ်ဖြစ်ပြီး ဂျွန်ဆင်ပ်တန်နဲ့ အက်ဒ်မန်ဝိန်နာတို့က တည်းဖြတ်ထားပါတယ်။
အတွဲ၂၀ ပါပြီး စာမျက်နှာ၂၁၇၂၈ မျက်နှာပါပါတယ်။ ၁၈၅၇ မှာ စာအုပ်ကို စလုပ်တော့ စာမျက်နှာ ၃၀၀ ကျော်နဲ့စခဲ့ပါတယ်။ နှစ်စဉ်ဖြည့် စွပ်ရင်းနဲ့ ၁၉၂၈ မှာ အတွဲ ၁၀ တွဲ ဖြစ်လာတဲ့အထိ စာလုံးရေတွေ တိုးတက်လာခဲ့တယ်။ ၁၉၈၉ ဒုတိယ အကြိမ် ထုတ်မှာတော့ အတွဲ၂၀ ဖြစ်လာခဲ့ပါတယ်။
၂၀၁၁ မှာ ထုတ်တဲ့ တတိယအကြိမ်ထုတ်ကတော့ အီလက်ထရွန်းနစ် ထုတ်ဝေခြင်း ဖြစ်ပြီး အီးအဘိဓါန် ဖြစ်ပါတယ်။ အောက်စ်ဖို့အဘိဒါန်ရဲ့ သက်တမ်းက နှစ် ၁၅၀ ကျော်နေပြီမို့ စိတ်ချ အားကိုးရတဲ့ အဘိဓါန်တစ်ခုဖြစ်ပါတယ်။ အဘိဓါန်က အင်္ဂလန်ကျွန်းက အောက်စဖို့ဒ် တက္ကသိုလ် ထုတ်ဖြစ်လို့ ဗြိတိသျှ အင်္ဂလိပ်စာကိုပဲ ဦးစားပေးရေးထားတာပါ ၊ အမေရိကန် အင်္ဂလိပ်စာပိုင်းမှာ အားနည်းပါတယ်။
အမေရိကန် အင်္ဂလိပ်စာပါ လေ့လာလို့ရတဲ့ အဘိဓါန်ကတော့ မာရီယန် ဝက်ဘ်စတာ အဘိဓါန်ပါ။ နောက်ဆုံးထည့်ထားတဲ့ စာလုံးက ၂၀၁၁ ခုနှစ်မှာ စာလုံးရေ ၁၉၀၀ ထပ် ဖြည့်ထားပါတယ်။ အစက အဘိဓါန်ကို ၁၀ နှစ် တစ်ကြိမ် တည်းဖြတ်ဖို့အတွက် စာအုပ်ကို စစီစဉ်သူ မာရေးက ညွှန်ကြားချက် ပေးခဲ့ပါတယ်။ အတွဲ၂၀ ရှိတဲ့ အောက်စ်ဖို့ အဘိဓါန်က ၁၃၈ ပေါင်လေးတဲ့အတွက် ကမ္ဘာအကြီးဆုံးစာအုပ် လို့ ဆိုရမှာပါ။
မောင်ယဿ ref; 0n this day
Photo း britannica
No Comments
Leave a Reply
Your email address will not be published.
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …
ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ......''''
Knowledge
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.”
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …