ေဖေဖာ္ဝါရီလ၆ရက္ေန႔ဆိုတာ

ေဖေဖာ္ဝါရီလ၆ရက္ေန႔ဆိုတာ
Knowledge

ေဖေဖာ္ဝါရီလ၆ရက္ေန႔ဆိုတာ

၁၈၇၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာ ေဒဗီက လွ်ပ္စစ္ကို သုံးၿပီး ပထမဦးဆုံး အလင္းထုတ္လႊင့္ ႏိုင္ေအာင္ လုပ္ခဲ့ပါတယ္။ သူအရင္ ဆုံးေတြ႕ ခဲ့တာက အလင္းခုံးပါ။ သူ႔ရဲ႕ ေတြ႕ရွိမႈေၾကာင့္ ၁၈၀၈ ခုႏွစ္မွာ ဘတ္ထရီလို႔ ေခၚလို႔ရမယ့္ လွ်ပ္စစ္ကို သိုေလွာင္ႏိုင္တဲ့ လွ်ပ္သို ပစၥည္းေတြ
ဆက္လက္ ေတြ႕ခဲ့ပါတယ္။ ေနာက္ႏွစ္ ၅၀ ၾကာေတာ့ လွ်ပ္စစ္ သံလိုက္ကေန လွ်ပ္စစ္ထြက္ေအာင္ လုပ္ၿပီး ဒိုင္နမိုကို တီထြင္မႈ ေပၚေပါက္ခဲ့ ပါတယ္။

ဟမ္းဖရီးေဒဗီ ဆိုသူက အလြန္ ထူးဆန္းတဲ့ အီလက္ထ႐ို ဓာတု ပညာရွင္ တစ္ေယာက္ပါ ။ သူကဓာတုေဗဒ ကို ေလ့လာရင္းက လွ်ပ္စစ္ ပညာေတြကို ရွာေတြ႕ခဲ့တာပါ ။ သူေတြ႕ခဲ့တဲ့ ႏိုက္ထရပ္ေအာက္ဆိုဒ္ ဓာတ္ေငြ႕ ဆိုရင္ ရီေမာေစလို႔ အရီ ဓာတ္ေငြ႕ လို႔ နာမည္ေပးခဲ့တယ္။ ေနာက္ပိုင္းမွာ ခြဲစိတ္ ကုသတဲ့ ေနရာမွာ နာက်င္မႈ သက္သာေစလို႔ အဲဒီ ဓာတ္ေငြ႕ကို ခြဲစိတ္ခန္း ေတြမွာ သုံခဲ့ပါတယ္။ သူက ၁၈၀၇ ခုႏွစ္ တစ္ႏွစ္တည္းမွာပဲ ပိုတက္စီယံ ၊ ဆိုဒီယံ ၊ ကယ္လ္ဆီယံ ၊ စထ႐ြန္တီယံ ၊ ေဘရီယံ ၊ မဂၢနီဆီယံ ၊ ဘို႐ြန္ ၊ ကလိုရင္းနဲ႔ အိုင္အိုဒင္း တို႔ရဲ႕ အိုက္ဆိုတုတ္ေတြကို ေတြ႕ခဲ့ပါတယ္။

သူ႔ရဲ႕ ေတြရွိမႈေၾကာင့္ အီလက္ထ႐ို ဓာတုေဗဒပညာရပ္က တစ္စခန္း ဖြင့္ႏိုင္ခဲ့ပါတယ္။ ေဒဗီက သူ႔ရဲ႕ ကိုယ္ပိုင္ မီးအိမ္ကို တီထြင္ ႏိုင္ခဲ့တယ္။ သူက သူ႔ရဲ႕ ရွာေဖြ ေတြ႕ရွိမႈေတြကို လက္ေထာက္ျဖစ္ သူ မိုက္ကယ္ ဖာရာေဒးကို လက္ဆင့္ကမ္းေပးရင္ မိုက္ကယ္ ဖာရာေဒးက တကယ့္ ရွာေဖြ ေတြ႕ရွိသူႀကီးလို႔ အၿမဲတမ္း ေနာက္ေျပာင္ေလ့ ရွိပါတယ္။ အဂၤလန္ကြၽန္းေပၚက သိပၸံဆိုင္ရာ အဖြဲ႕အစည္း မ်ားမွာ အႀကီးအကဲလုပ္ရင္း အသက္ ၅၀ ေက်ာ္ေလး မွာပဲ ေသဆုံးခဲ့ပါတယ္။ ပန္းပုဆရာတစ္ေယာက္သား ျဖစ္တဲ့ ေဒဗီက တကယ္သူ ေမြ႕ေလ်ာ္တာက စာေပ အႏုပညာမွာပါ။

စာေပကိုေလ့လာလိုက္စားရင္းနဲ႔ ခြဲစိတ္ ဆရာဝန္ျဖစ္ေအာင္ ပညာသင္ၾကားရင္က သူ႔ရဲ႕ ပါရမီက ဓာတုေဗဒ ပညာရပ္မွာ ပါတယ္ဆိုတာကို အသက္၂၀ေက်ာ္ ေနာက္ ပိုင္း မွ သိလို႔ အဲ့ဒီပညာကို ေလ့လာလိုက္စားရင္ လူသားေတြရဲ႕ အက်ိဳးကို ေဆာင္ႏိုင္တဲ့ ပညာရွင္ ျဖစ္ခဲ့ပါတယ္။

ေမာင္ယႆ REF: onthisday photo:

Unicode

ဖေဖော်ဝါရီလ၆ရက်နေ့ဆိုတာ

၁၈၇၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဒေဗီက လျှပ်စစ်ကို သုံးပြီး ပထမဦးဆုံး အလင်းထုတ်လွှင့် နိုင်အောင် လုပ်ခဲ့ပါတယ်။ သူအရင် ဆုံးတွေ့ ခဲ့တာက အလင်းခုံးပါ။ သူ့ရဲ့ တွေ့ရှိမှုကြောင့် ၁၈၀၈ ခုနှစ်မှာ ဘတ်ထရီလို့ ခေါ်လို့ရမယ့် လျှပ်စစ်ကို သိုလှောင်နိုင်တဲ့ လျှပ်သို ပစ္စည်းတွေ
ဆက်လက် တွေ့ခဲ့ပါတယ်။ နောက်နှစ် ၅၀ ကြာတော့ လျှပ်စစ် သံလိုက်ကနေ လျှပ်စစ်ထွက်အောင် လုပ်ပြီး ဒိုင်နမိုကို တီထွင်မှု ပေါ်ပေါက်ခဲ့ ပါတယ်။

ဟမ်းဖရီးဒေဗီ ဆိုသူက အလွန် ထူးဆန်းတဲ့ အီလက်ထရို ဓာတု ပညာရှင် တစ်ယောက်ပါ ။ သူကဓာတုဗေဒ ကို လေ့လာရင်းက လျှပ်စစ် ပညာတွေကို ရှာတွေ့ခဲ့တာပါ ။ သူတွေ့ခဲ့တဲ့ နိုက်ထရပ်အောက်ဆိုဒ် ဓာတ်ငွေ့ ဆိုရင် ရီမောစေလို့ အရီ ဓာတ်ငွေ့ လို့ နာမည်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ခွဲစိတ် ကုသတဲ့ နေရာမှာ နာကျင်မှု သက်သာစေလို့ အဲဒီ ဓာတ်ငွေ့ကို ခွဲစိတ်ခန်း တွေမှာ သုံခဲ့ပါတယ်။ သူက ၁၈၀၇ ခုနှစ် တစ်နှစ်တည်းမှာပဲ ပိုတက်စီယံ ၊ ဆိုဒီယံ ၊ ကယ်လ်ဆီယံ ၊ စထရွန်တီယံ ၊ ဘေရီယံ ၊ မဂ္ဂနီဆီယံ ၊ ဘိုရွန် ၊ ကလိုရင်းနဲ့ အိုင်အိုဒင်း တို့ရဲ့ အိုက်ဆိုတုတ်တွေကို တွေ့ခဲ့ပါတယ်။

သူ့ရဲ့ တွေရှိမှုကြောင့် အီလက်ထရို ဓာတုဗေဒပညာရပ်က တစ်စခန်း ဖွင့်နိုင်ခဲ့ပါတယ်။ ဒေဗီက သူ့ရဲ့ ကိုယ်ပိုင် မီးအိမ်ကို တီထွင် နိုင်ခဲ့တယ်။ သူက သူ့ရဲ့ ရှာဖွေ တွေ့ရှိမှုတွေကို လက်ထောက်ဖြစ် သူ မိုက်ကယ် ဖာရာဒေးကို လက်ဆင့်ကမ်းပေးရင် မိုက်ကယ် ဖာရာဒေးက တကယ့် ရှာဖွေ တွေ့ရှိသူကြီးလို့ အမြဲတမ်း နောက်ပြောင်လေ့ ရှိပါတယ်။ အင်္ဂလန်ကျွန်းပေါ်က သိပ္ပံဆိုင်ရာ အဖွဲ့အစည်း များမှာ အကြီးအကဲလုပ်ရင်း အသက် ၅၀ ကျော်လေး မှာပဲ သေဆုံးခဲ့ပါတယ်။ ပန်းပုဆရာတစ်ယောက်သား ဖြစ်တဲ့ ဒေဗီက တကယ်သူ မွေ့လျော်တာက စာပေ အနုပညာမှာပါ။

စာပေကိုလေ့လာလိုက်စားရင်းနဲ့ ခွဲစိတ် ဆရာဝန်ဖြစ်အောင် ပညာသင်ကြားရင်က သူ့ရဲ့ ပါရမီက ဓာတုဗေဒ ပညာရပ်မှာ ပါတယ်ဆိုတာကို အသက်၂၀ကျော် နောက် ပိုင်း မှ သိလို့ အဲ့ဒီပညာကို လေ့လာလိုက်စားရင် လူသားတွေရဲ့ အကျိုးကို ဆောင်နိုင်တဲ့ ပညာရှင် ဖြစ်ခဲ့ပါတယ်။

မောင်ယဿ REF: onthisday photo:

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ......''''
Knowledge
”ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ.”

”ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ.” ခ်စ္သူေတြၾကားမွာ နမ္းျခင္းဟာ မထူးဆန္းတဲ့ ကိစၥတစ္ခုဆိုတာ လူတိုင္း သိၾကပါတယ္။သို႔ေသာ္ အနမ္းနဲ႔ ပါတ္သက္ၿပီး ေကာင္းျခင္း ဆိုးျခင္းကိုေတာ့ သိေကာင္းမွသိမွာမို႔ အခ်စ္နဲ႔ပတ္သက္ၿပီး သုေတသန ျပဳရာမွာ ကမာၻေက်ာ္တဲ့ ေဒါက္တာဝီလ်ံစတိုင္းဘတ္ရဲ႕ ေလ့လာခ်က္ တစ္ခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုး နမ္းတာဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အခ်က္ဟာ ၇ ခ်က္ရွိၿပီး ဆိုးက်ိဳးဟာ ၄ မ်ိဳးရွိပါတယ္တဲ့။ အနမ္းရဲ႕ေကာင္းျခင္း မ်ား…. ၁…ခ်စ္သူတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ နမ္းေနတဲ့အခ်ိန္မွာ မိန္းမေရာ ေယာက်္ားပါ ႏွစ္ဦးစလုံးရဲ႕ မ်က္ႏွာျပင္ေပၚက ႂကြက္သားမွ်င္ေတြကို လူွပ္ရွားလာေအာင္ ဦးေႏွာက္က လူွံေဆာ္ေပးလိုက္တဲ့အတြက္ မ်က္ႏွာျပင္ေပၚမွာရွိတဲ့ ေသြးလြတ္ေၾကာေတြ စီးဆင္းမူွ …