Entertainment
Unicode
ဖေဖော်ဝါရီလ၁၀ရက်နေ့ဆိုတာ
၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အမေရိကန် ကာတွန်း ဟာသ ရုပ်ရှင် ဇာတ်လမ်းတိုလေးကို စပြခဲ့ပါတယ်။ ရုပ်ရုင်ရုံပေါင်း ၁၆၁ ရုံမှာ အစမ်းကားအနေနဲ့ ပြတာပါ။ ဇာတ်လမ်းတိုလေးအပြီမှာ ပရိသက်က ကြိုက်လွန်းလို့ လက်ခုပ် လက်ဝါးတီးပြီး အားပေးခဲ့ကြတယ်။ အဲ့ဒိဇာတ်လမ်းတိုလေးကို ဖန်တီးသူ ဝီလျှံဟာနာနဲ့ ဂျိုးဇတ်ဘာဘရာတို့က TOM AND JERRYကိုမွေးဖွားဖို့ဖြစ်လာတာပါပဲ။
အချစ်နဲ့အ မုန်း ပတ်သက်မှုတွေကို အခြေခံထားတဲ့ တွမ်နဲ့ဂျယ်ရီ ဇာတ်လမ်းတွဲ ကိုလူတွေနှစ်ခြိုက်စွဲလမ်းခဲ့ကြပါတယ်။ တွမ်နဲ့ဂျယ်ရီ ဇာတ်လမ်းတွဲ မဖြစ်ခင်ရုံတင်ခဲ့တဲ့ ဇာတ်လမ်းတို puss and boot ဖြစ်ပြီး အစေခံ မိန်မကြီးရဲ့ ဖိနပ် ၂ဖက်နဲ့ ကြောင်လေးတစ်ကောင်ရဲ့ ဇာတ်လမ်းဖြစ် ပါတယ်။ အဲ့ဒိထဲမှာပါတဲ့ ကြွက် ကလေးက နာမည်မရှိသေးပါဘူး။ နောက်ပိုင်းမှာ ဂျင့် အန် ဂျက် လို့နာမည်ပေးဖို့ ကြိုးစားခဲ့ကြ ပါသေးတယ်။
ပရိသတ်က တွမ် အန် ဂျယ်ရီလို့ နာမည်ပေးရင်းက တွင်သွားတဲ့ အမည်ပါ။ ကာတွန်းကားတွေထဲမှာ ပရိသတ်ပေးတဲ့ နာမည်နဲ့ ရုံတင်နေတာ တွမ်နဲ့ဂျယ်ရီပဲရှိပါတယ်။ ဟန်နာနဲ့ ဘာဘရာတို့က MGMကုမ္ပဏီအတွက် ၁၉၄၀ကနေ ၁၉၅၈ ခုနှစ်အထိ ဇာတ်လမ်းတွဲပေါင်း ၁၄၁တွဲ ထုတ်လုပ်ပေးခဲ့ပါတယ်။ အဲ့ဒိကာလအတွင်းမှာပဲ အန်နီမိတ်တက်ရုပ်ရှင်ဇာတ်လမ်းတို အကယ်ဒမီ ဆု ၇ ဆုရခဲ့ပါတယ်။
ဝေါ့ဒစ္စနေနဲ့ ပခုံးချင်းယှဉ်နိုင်ဖို့ရာ ကြိုးစားခဲ့ရပါတယ်။ ၁၉၅၇မှာMGMကာတွန်းရုပ်ရှင် စတူဒီယိုပိတ်လိုက်ပြီး နောက်မှာတော့ ဂန်နီဒစ်ချ်က နောက်ထပ် ဇာတ်လမ်းတွဲ ၁၃တွဲ ကို ထပ်ရိုက်ခဲ့ပါသေးတယ်။၁၉၆၁ ကနေ၁၉၆၂ အထိပါ။ သူလည်း ထပ်မရိုက်နိုင်ခဲ့ပါဘူး ။ အဲ့ဒိခောတ်ကာလမှာတော့တွမ် နဲ့ ဂျယ်ရီက ဝင်ငွေအကောင်းဆုံး ကာတွန်းကားအဖြစ် ရပ်တည်ခဲ့ပါတယ်။ တွမ် နဲ့ဂျယ်ရီ ဇာတ်လမ်းတွဲတွေအတွက် တာဝန်ယူထုတ်လုပ်မယ့်သူ မရှိချိန်မှာ ၁၉၆၇ အထိ လွန်နေကျွန်း နဲ့ခရက်ဂျုံးတို့ ၃၄တွဲ ၊ဆစ်ဘ်တာဝါက ၁၂ တွဲ ထုတ်ခဲ့ပါသေးတယ်။
နောက်ပိုင်းမှာ Mansion cat ကို ၂၀၀၁ ခုနှစ်၊ the karate guard ကို ၂၀၀၅ နဲ့ A fundrising Adventure ကို၂၀၁၄ တို့မှာ ထပ်ထုတ်ခဲ့ကြပါသေးတယ်။ အားလုံး စုစုပေါင်း ၁၆၄ ဇာတ်လမ်းတွဲ ကို ထုတ်လုပ်နိုင်ခဲ့ကြ ပါတယ်။ ဒီကနေ့ဆိုရင် ပရိသက်လက်ထဲကို တွမ် နဲ့ ဂျယ်ရီရောက် တာ နှစ်၈၀ ပြည့်ပါပြီ။
မောင်ယဿ REF; onthis day photo:
No Comments
Leave a Reply
Your email address will not be published.
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …