ေပ်ာ္႐ႊင္စရာဘဝကို ပိုင္ဆိုင္လိုသလား၊ ေအာက္က အခ်က္ (၁၀) ကို လိုက္နာၾကည့္ပါ။

ေပ်ာ္႐ႊင္စရာဘဝကို ပိုင္ဆိုင္လိုသလား၊
Life Style

ေပ်ာ္႐ႊင္စရာဘဝကို ပိုင္ဆိုင္လိုသလား၊ ေအာက္က အခ်က္ (၁၀) ကို လိုက္နာၾကည့္ပါ။

သင္ဟာ တစ္ေန႔တစ္ေန႔ အလုပ္မ်ားထဲမွာ အာ႐ုံႏွစ္ၿပီး အလုပ္ေတြပိေနလို႔ လုပ္ငန္းခြင္ကို
မေပ်ာ္႐ႊင္ ဘူးလို႔ေတြးေနမိပါသလား။ သင့္ကို ေပ်ာ္႐ႊင္တဲ့ဘဝ ပိုင္ဆိုင္ဖို႔ သင့္လုပ္ငန္းစဥ္အတြင္း စည္းမ်ဥ္းအခ်ိဳ႕ကို ခ်မွတ္ ထားလိုက္မယ္ဆိုရင္ သင္ေပ်ာ္႐ႊင္မွာပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (WHO)က ေပ်ာ္႐ႊင္တဲ့ဘဝ ပိုင္ဆိုင္ေစဖို႔ လုပ္ငန္းခြင္စည္းမ်ဥ္း ဆယ္ခ်က္ကို မွ်ေဝထားပါတယ္။

၁… သင့္အေနနဲ႔ ဘယ္သူ႔ကိုမွ အလြယ္တကူ မယုံၾကည္ပါနဲ႔… ဒါေပမဲ့ လူတိုင္းကိုေတာ့ တန္ဘိုးထား ေလးစားပါ။

၂…. သင္ဟာ အလုပ္မွာ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အလုပ္မွာပဲ ခ်န္ထားခဲ့ပါ။ အလုပ္ထဲက အတင္းအဖ်င္းမ်ားနဲ႔ အေရးမပါတဲ့ ကိစၥေတြကို အိမ္ကိုဘယ္ေတာ့မွ သယ္ေဆာင္မလာပါနဲ႔။ အလားတူပါပဲ
အိမ္က ကိစၥဝိစၥ အတင္းအဖ်င္းေတြကိုလည္း အလုပ္ဆီ ကိုသယ္ေဆာင္မသြားပါနဲ႔။

၃….. အလုပ္ခ်ိန္ကိုေလးစားပါ.. အခ်ိန္မွီသြားပါ.. အလုပ္ၿပီးတာနဲ႔ အိမ္ကို အရင္ဆုံးေရာက္ေအာင္ျပန္ပါ။ သင့္လုပ္ငန္းခြင္ စားပြဲေတြ ကြန္ပ်ဴတာေတြက သင့္က်န္းမာေရးကို ေကာင္းမြန္ေအာင္ မကူညီႏိုင္ပါဘူး။

၄….. လုပ္ငန္းခြင္မွာ အခ်စ္ေရး မတည္ေဆာက္ပါနဲ႔ ခ်စ္သူနဲ႔ အဆင္မေျပတဲ့အခါ အလုပ္မွာ
ေတြ႕ေနျမင္ေနရၿပီး စိတ္အေႏွာင့္အယွက္ ျဖစ္ေစကာ အလုပ္ လုပ္ႏိုင္စြမ္းကို ထိခိုက္ႏိုင္ပါတယ္။

၅….. ဘာကိုမွ မေမွ်ာ္လင့္ပါနဲ႔ .. တစ္ေယာက္ေယာက္က ကူညီရင္ ေက်းဇူးတင္လိုက္ပါ။
မကူညီရင္လည္း ကိုယ့္ဟာကိုယ္ သိေအာင္ေလ့လာပါ။

၆…. ရာထူးေနရာအတြက္ အလ်င္မလိုပါနဲ႔.. ရာထူးတိုးခံရရင္ ဂုဏ္ယူလိုက္ပါ.. ရာထူးတိုး မခံရရင္လည္း ကိစၥမရွိပါ.. သင့္ဗဟုသုတနဲ႔ ယဥ္ေက်းမႈက ရာထူးတိုးျခင္း မတိုးျခင္းနဲ႔ လုံးဝ မသက္ဆိုင္ပါဘူး။

၇….. ႐ုံးအလုပ္အတြက္ခ်ည့္ ေျပးလႊား မေနပါနဲ႔ ။ ဘဝမွာ သင့္အတြက္ အေရးပါတဲ့ လုပ္စရာေတြ ရွိေနပါေသးတယ္။

၈…. လုပ္ခလစာဟာ အေရးပါသလို သင့္ ေပ်ာ္႐ႊင္မႈဟာလည္း အေရးႀကီးပါတယ္။

၉…. လူေတြ သင့္အေပၚ ဘယ္လို ေကာင္းမြန္စြာ ျပဳမူဆက္ဆံသလဲဆိုတာ အေရးမႀကီးပါ..
သင္က လူတိုင္းအတြက္ အရသာခံစရာ စားကုန္တစ္ခု ျဖစ္မေနဖို႔ပဲ လိုပါတယ္။

၁၀…. သင့္မွာ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္း အိမ္နဲ႔ ရင္တြင္း ၿငိမ္းခ်မ္းမႈကလြဲလို႔ တျခားဘာမွ အေရးမႀကီးဘူးလို႔ ယုံထားပါ။

ဒီလို လုပ္ငန္းခြင္နဲ႔ ဘဝအတြက္ စည္းမ်ဥ္းေတြ ခ်မွတ္ၿပီး လိုက္နာခဲ့မယ္ဆိုရင္ သင့္မွာ ေပ်ာ္႐ႊင္တဲ့ ဘဝကို ပိုင္ဆိုင္ဖို႔ မေဝးေတာ့ဘူးလို႔ သိလိုက္ပါ။

စႏၵီျမင့္မိုရ္#

photo : internet

Unicode

ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်လိုသလား၊ အောက်က အချက် (၁၀) ကို လိုက်နာကြည့်ပါ။

သင်ဟာ တစ်နေ့တစ်နေ့ အလုပ်များထဲမှာ အာရုံနှစ်ပြီး အလုပ်တွေပိနေလို့ လုပ်ငန်းခွင်ကို
မပျော်ရွှင် ဘူးလို့တွေးနေမိပါသလား။ သင့်ကို ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်ဖို့ သင့်လုပ်ငန်းစဉ်အတွင်း စည်းမျဉ်းအချို့ကို ချမှတ် ထားလိုက်မယ်ဆိုရင် သင်ပျော်ရွှင်မှာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်စေဖို့ လုပ်ငန်းခွင်စည်းမျဉ်း ဆယ်ချက်ကို မျှဝေထားပါတယ်။

၁… သင့်အနေနဲ့ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ပါနဲ့… ဒါပေမဲ့ လူတိုင်းကိုတော့ တန်ဘိုးထား လေးစားပါ။

၂…. သင်ဟာ အလုပ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အလုပ်မှာပဲ ချန်ထားခဲ့ပါ။ အလုပ်ထဲက အတင်းအဖျင်းများနဲ့ အရေးမပါတဲ့ ကိစ္စတွေကို အိမ်ကိုဘယ်တော့မှ သယ်ဆောင်မလာပါနဲ့။ အလားတူပါပဲ
အိမ်က ကိစ္စဝိစ္စ အတင်းအဖျင်းတွေကိုလည်း အလုပ်ဆီ ကိုသယ်ဆောင်မသွားပါနဲ့။

၃….. အလုပ်ချိန်ကိုလေးစားပါ.. အချိန်မှီသွားပါ.. အလုပ်ပြီးတာနဲ့ အိမ်ကို အရင်ဆုံးရောက်အောင်ပြန်ပါ။ သင့်လုပ်ငန်းခွင် စားပွဲတွေ ကွန်ပျူတာတွေက သင့်ကျန်းမာရေးကို ကောင်းမွန်အောင် မကူညီနိုင်ပါဘူး။

၄….. လုပ်ငန်းခွင်မှာ အချစ်ရေး မတည်ဆောက်ပါနဲ့ ချစ်သူနဲ့ အဆင်မပြေတဲ့အခါ အလုပ်မှာ
တွေ့နေမြင်နေရပြီး စိတ်အနှောင့်အယှက် ဖြစ်စေကာ အလုပ် လုပ်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

၅….. ဘာကိုမှ မမျှော်လင့်ပါနဲ့ .. တစ်ယောက်ယောက်က ကူညီရင် ကျေးဇူးတင်လိုက်ပါ။
မကူညီရင်လည်း ကိုယ့်ဟာကိုယ် သိအောင်လေ့လာပါ။

၆…. ရာထူးနေရာအတွက် အလျင်မလိုပါနဲ့.. ရာထူးတိုးခံရရင် ဂုဏ်ယူလိုက်ပါ.. ရာထူးတိုး မခံရရင်လည်း ကိစ္စမရှိပါ.. သင့်ဗဟုသုတနဲ့ ယဉ်ကျေးမှုက ရာထူးတိုးခြင်း မတိုးခြင်းနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။

၇….. ရုံးအလုပ်အတွက်ချည့် ပြေးလွှား မနေပါနဲ့ ။ ဘဝမှာ သင့်အတွက် အရေးပါတဲ့ လုပ်စရာတွေ ရှိနေပါသေးတယ်။

၈…. လုပ်ခလစာဟာ အရေးပါသလို သင့် ပျော်ရွှင်မှုဟာလည်း အရေးကြီးပါတယ်။

၉…. လူတွေ သင့်အပေါ် ဘယ်လို ကောင်းမွန်စွာ ပြုမူဆက်ဆံသလဲဆိုတာ အရေးမကြီးပါ..
သင်က လူတိုင်းအတွက် အရသာခံစရာ စားကုန်တစ်ခု ဖြစ်မနေဖို့ပဲ လိုပါတယ်။

၁၀…. သင့်မှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်း အိမ်နဲ့ ရင်တွင်း ငြိမ်းချမ်းမှုကလွဲလို့ တခြားဘာမှ အရေးမကြီးဘူးလို့ ယုံထားပါ။

ဒီလို လုပ်ငန်းခွင်နဲ့ ဘဝအတွက် စည်းမျဉ်းတွေ ချမှတ်ပြီး လိုက်နာခဲ့မယ်ဆိုရင် သင့်မှာ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မဝေးတော့ဘူးလို့ သိလိုက်ပါ။

စန္ဒီမြင့်မိုရ်#

 

No Comments

Leave a Reply

Your email address will not be published.

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား
Life Style
မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား လူဆိုတာက ထူးဆန်းပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အပြည့်စုံ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ လူ့စိတ် ဆိုတာကလည်း တော်တော် ဆန်းကျယ်ပါတယ်။ အဲ့ဒိထဲမှာ ပြည့်ပြည့်စုံစုံ လူတွေက ပိုဆိုးပါတယ်။ ငှက်ကလေးတွေ သင်တို့ကားမှာ ငှက်သိုက်လာဖွဲ့ ရင် နှင်မထုတ်ပါနဲ့။ သူတို့ကို အနှောက်အယှက် မပေးပါနဲ့။ လောလောဆယ် တော့ ဒူဘိုင်း အိမ်ရှေ့မင်းသား က သူစီးနေတဲ့ မာစီဒီးကားပေါ်မှာ ငှက်မိသားစုတစ်စုက အသိုက်လာဖွဲ့ လို့ အဲ့ဒိကားကို မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတဲ့အကြောင်း လိုင်းပေါ် တင်လိုက်လို့ သူ့ကို လူတွေက ဝိုင်း ချီးကျုးနေကြပါတယ်။ နောက်ပြီး သူရဲ့ကြင်နာမှု …

''မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ''
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ
Life Style
ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ အသက်၇၀ ကျော်ပြီ ဆိုရင် ကမ္ဘာ အနှံ့မှာ ရှိတဲ့ သူတွေက သူတို့ကိုယ် သူတို့ အိုသွားပြီဆိုတဲ့ အတွေး နဲ့ အရာရာ လေကန်ထိုင်းမှိုင်းပြီး နာကျင်လာတယ်လို့ ခံစားနေကြပါတယ်။ အညောင်အညာတွေ ရှိပြီးတော့ အနှိပ် အနင်း မလွတ်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ဇရာနောက်က လိုက်လာတဲ့ နာကျင်မှုကို ခံစားနေကြ ရပါတယ်။ အများစုက ကျောနဲ့ ခါး နာလာတယ်။ ဒူးမကောင်းတော့ဘူးနဲ့ အချို့ဆိုရင် တင်ပါးစုံရိုး ကျိုးတဲ့အထိ ဖြစ်ကြပါတယ်။ အသားအရေတွေ တွဲကျလာတာကိုလည်း စိတ်မသက်မသာ ခံစားနေ ကြရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ဟန်ကျိုးက ၇၀ကျော် …