
International-news






Italy ကွ#ဟေးဂိုင်#ဝိဟက်အေဂစ်ဖော်ယူ

Posted by Zephyr Chann on Sunday, March 15, 2020

မောင်ယဿ


Unicode

ပျော်သလို နေကြတဲ့ အီတာလျံတွေ ရဲ့လေသာဆောင် တီးဝိုင်း

အီတလီက ကိုဗစ် – ၁၉ ဗိုင်းရပ် ပြန့်နှံ့မှု ဆိုးဝါး နေတဲ့အတွက်ကြောင့် တစ်နိုင်ငံ လုံးကို ပိတ်ဆို့ထားလိုက် ရပါတယ် ။ ပိတ်ဆို့တယ် ဆိုတော့ အပိတ်ခံ လိုက်ရပြီပေါ့ ။ အပိတ်ခံ ရမှတော့ ဘာမှ လုပ်စရာကို မရှိဘဲ ၊ ကိုယ့်အိမ် ကိုယ့်ရာမှာ နေနေ ရတာပေါ့ ။ တွစ်တာမှာ တင်ထားတဲ့ ဗီဒီယိုဖိုင် တစ်ဖိုင်ကြောင့် ငြီးငွေ့နေတဲ့ အီတလီသားတွေ အတွက် ပျော်စရာ တစ်ခု ရလာပါတယ် ။ အဲ့ဒိ ဗီဒီယိုဖိုင် ကလည်း ပလူပျံ သလိုဘဲ နေရာ အနှံ့ကို ပြန့်နှံ့ သွားပါတယ် ။ အီတလီက စစ်စလီ ကျွန်းမှာ အိမ်ရှေ့ လေသာဆောင် ကနေ အနုပညာရှင် တစ်ယောက်က တူရီယာတီးမှုတ် ပြတာကို ကျန်တဲ့ အိမ်နီးချင်း တွေက လေသာဆောင်ကို ထွက် နားထောင် ပြီး လက်ခုတ် သြဘာပေးနေတဲ့ ဗီဒီယို ဖိုင်ပါ ။

အနုပညာရှင် တွေက သူတို့ရဲ့ လေသာဆောင် တွေကနေ အိမ်နီးနားချင်း တွေကို စိတ်ချမ်းသာအောင် ဖျော်ဖြေ နေကြပါတယ် ။ တစ်ချို့က လက်ဆွဲ ဘာဂျာနဲ့ သီချင်းတွေ ဆိုပြတယ် ။ တစ်ချို့ ကထရမ်းပတ် မှုတ်ပြတယ် ။ နောက်တော့ သူတို့တွေက လေသာ ဆောင်ပေါ်ကနေပဲ အချိန်းအချက် လုပ်ပြီး သီချင်းတစ်ပုဒ်ကို အတူတူ တီးမှုတ်ပြီး ဖျော်ဖြေ ခဲ့ကြတယ် ။

ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဖျော်ဖြေမှု တစ်ခုပါပဲ ။ ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့မှု ဖြစ်ပွားနေစဉ်အတွင်း ခက်ခဲတဲ့ ကာလအတွင်းမှာ ကြားလိုက်ရတဲ့ မြူးဇစ် သံတွေပါ ။ အဲ့ဒါကလည်း အီတလီ လူမျိုးတွေ ရဲ့သဘာဝ ပါပဲ ။ အခက်အခဲတွေ ကြားထဲကနေ အပျော်ရှာ တတ်တဲ့ သဘာဝပါ ။ အခုဆိုရင် လေသာဆောင် ပေါ်က တီးဝိုင်းတွေရဲ့ တီးမှုတ်သံနဲ့ သီချင်းဆိုသံ တွေက ပြန့်လွှင့်နေပါပြီ ။

စစ်စလီ ကနေ နေပယ်မြို့အထိ တဖြည်းဖြည်း ပြန့်နှံ့ လာပါတယ် ။ သီချင်းသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် သီဆို နေကြပါတယ် ။ ဆက်ဆိုဖုန်း မှုတ်သူ တစ်ယောက်က ဂျွန်လင်နွန်ရဲ့ စိတ်ကူးယဉ်မှု သီးချင် းတေးသွားကို တီးမှုတ်တဲ့ ဗီဒီယို ဖိုင်ကလည်း ပြန့်နှံ့သွားလို့ တော်တော် များများက ဂျွန်လင်နွန် သီချင်းကို ဝိုင်းပြီးတီးမှုတ် သီဆို ကြတော့တာပါပဲ ။

မောင်ယဿ

REF: world of buzz / Photo; twitter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …