ေပါ့ဘာကို မန္စီတီးနဲ႔ လီဗာပူးတို႔ ဒီေႏြမွာ အၿပိဳင္ဝယ္လိမ့္မယ္

ေပါ့ဘာကို မန္စီတီးနဲ႔ လီဗာပူးတို႔ ဒီေႏြမွာ အၿပိဳင္ဝယ္လိမ့္မယ္
Entertainment

ေပါ့ဘာကို မန္စီတီးနဲ႔ လီဗာပူးတို႔ ဒီေႏြမွာ အၿပိဳင္ဝယ္လိမ့္မယ္

မန္ယူ လူငယ္အသင္းနဲ႔ အဂၤလန္ တိုက္စစ္မႉးေဟာင္း ဒါရင့္ဘန႔္ က ဒီႏွစ္ေႏြရာသီ ကစားသမား အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ မန္စီတီးနဲ႔ လီဗာပူးတို႔က မန္ယူအသင္းမွာ ေနရာေပ်ာက္ေနတဲ့ ေပါ့ဘာကို ေဈးၿပိဳင္ေခၚ ၿပီးဝယ္ယူလိမ့္မယ္လို႔ ခန႔္မွန္းေျပာလိုက္ ပါတယ္။ ေပါ့ဘာက ၂၀၁၆ ေႏြရာသီတုန္းက အိုးထရက္ဖို႔္ကို စံခ်ိန္တင္ ေဈးႏႈန္း ေပါင္ ၈၉ သန္း နဲ႔ ေရာက္ လာ ခဲ့ တာ ပါ။ ။

အခုေတာ့ သူ႔ဘဝက လူတကာ အျပစ္ေျပာစရာအျဖစ္နဲ႔ မန္ယူမွာေန ေနရပါတယ္။ မႏွစ္က ဇန္နဝါရီလကေနစၿပီး ေျခက်င္းဝတ္ဒဏ္ရာ ေၾကာင့္ မန္ယူအသင္းမွာ ေကာင္းေကာင္းမကစား ႏိုင္တဲ့ ေပါ့ဘာက တစ္ရာသီလုံးမွာ ၇ ပြဲပဲ ကစားႏိုင္ပါတယ္။ ၂၀၁၉ ေအာက္တိုဘာကေန ဒီဇင္ဘာထိ ၃လလုံးလုံး မန္ယူမွာ တစ္ပြဲမွ မကစားႏိုင္ခဲ့ပါဘူး။ ေပါ့ဘာမပါတဲ့ မန္ယူအသင္းက ေတာ္ေတာ္႐ုန္းကန္ ေနရပါတယ္။ ေပါ့ဘာကေတာ့ အခု ဒူဘိုင္းက ျပန္လည္သန္းစြမ္းစင္တာတစ္ခုမွာ ေလ့က်င့္ခန္းေတြ လုပ္ ေန ပါ တယ္။ ။

မန္ယူအသင္းက လာမယ့္ႏွစ္ ဥေရာပၿပိဳင္ပြဲတစ္ေနရာ ဝင္ခြင့္ရဖို႔အတြက္ အသည္းအသန္ ျဖစ္ေနပါတယ္။ ၂၅ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၃၅ မွတ္နဲ႔ ရွဖီးယူႏိုက္တက္ ေအာက္ က အဆင့္ ၇ ေနရာကိုေရာက္ေနပါတယ္။ ဒါရင့္ဘန႔္ကေတာ့ မန္ယူဖန္ေတြက ေပါ့ဘာနဲ႔ ပတ္သက္လာရင္ မတရားဘူး လို႔ ဆိုလိုက္တယ္။ သူက “ကဲ စဥ္းစားၾကည့္ပါဦး ဒဏ္ရာနဲ႔ ႐ုန္းကန္ေနရတဲ့သူ႔ကို ဝိုင္းၿပီးျပစ္တင္ေျပာဆိုေနၾကတယ္။ သူမကစားႏိုင္ တာနဲ႔ သူကိုဝိုင္းေျပာၾကတယ္။ ဆိုရွယ္မီဒီယာေတြက အဆိုးဆုံးပါပဲ။ ဆိုရွယ္မီဒီယာေတြက သူက ေနမေကာင္းဘူး ေျပာတယ္။ သူ႔အကိုမဂၤလာေဆာင္မွာေတာ့ သြားကေနတယ္လို႔ ျပစ္တင္ၾကတာပါ။အဲ့ဒိလိုေျပာေတာ့ အားလုံးက အျမင္ေတြမွားကုန္တာေပါ့။

မန္ယူက သူ႔ကိုေရာင္းမယ္ဆိုရင္ ဝယ္ခ်င္တဲ့ကလပ္ေတြက အမ်ားႀကီးပါပဲ။ ပရီမီးယားလိဂ္မွာေတာ့ သူ႔ေၾကးကိုလိုက္ႏိုင္တာ လီဗာပူးနဲ႔ မန္စီတီးပဲ ရွိပါတယ္။ သူ႔အသက္က ၂၆ႏွစ္ေသးပဲရွိေတာ့ သူလုပ္ႏိုင္တာေတြက အမ်ားႀကီးရွိပါ ေသးတယ္။သူ႔ကိုမန္ယူက ထိန္း မထားႏိုင္ရင္ေတာ့ ၿပိဳင္ဘက္အသင္းေတြကေန သူ႔ကိုအရယူၿပီး မန္ယူကို တိုက္ခိုက္သြားပါလိမ့္မယ္”လို႔ ဆိုတယ္။

ေမာင္ယႆ REF: mirror .uk photo ; instagram

Unicode

ပေါ့ဘာကို မန်စီတီးနဲ့ လီဗာပူးတို့ ဒီနွေမှာ အပြိုင်ဝယ်လိမ့်မယ်

မန်ယူ လူငယ်အသင်းနဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒါရင့်ဘန့် က ဒီနှစ်နွေရာသီ ကစားသမား အပြောင်းအရွေ့ ဈေးကွက်မှာ မန်စီတီးနဲ့ လီဗာပူးတို့က မန်ယူအသင်းမှာ နေရာပျောက်နေတဲ့ ပေါ့ဘာကို ဈေးပြိုင်ခေါ် ပြီးဝယ်ယူလိမ့်မယ်လို့ ခန့်မှန်းပြောလိုက် ပါတယ်။ ပေါ့ဘာက ၂၀၁၆ နွေရာသီတုန်းက အိုးထရက်ဖို့်ကို စံချိန်တင် ဈေးနှုန်း ပေါင် ၈၉ သန်း နဲ့ ရောက် လာ ခဲ့ တာ ပါ။ ။

အခုတော့ သူ့ဘဝက လူတကာ အပြစ်ပြောစရာအဖြစ်နဲ့ မန်ယူမှာနေ နေရပါတယ်။ မနှစ်က ဇန်နဝါရီလကနေစပြီး ခြေကျင်းဝတ်ဒဏ်ရာ ကြောင့် မန်ယူအသင်းမှာ ကောင်းကောင်းမကစား နိုင်တဲ့ ပေါ့ဘာက တစ်ရာသီလုံးမှာ ၇ ပွဲပဲ ကစားနိုင်ပါတယ်။ ၂၀၁၉ အောက်တိုဘာကနေ ဒီဇင်ဘာထိ ၃လလုံးလုံး မန်ယူမှာ တစ်ပွဲမှ မကစားနိုင်ခဲ့ပါဘူး။ ပေါ့ဘာမပါတဲ့ မန်ယူအသင်းက တော်တော်ရုန်းကန် နေရပါတယ်။ ပေါ့ဘာကတော့ အခု ဒူဘိုင်းက ပြန်လည်သန်းစွမ်းစင်တာတစ်ခုမှာ လေ့ကျင့်ခန်းတွေ လုပ် နေ ပါ တယ်။ ။

မန်ယူအသင်းက လာမယ့်နှစ် ဥရောပပြိုင်ပွဲတစ်နေရာ ဝင်ခွင့်ရဖို့အတွက် အသည်းအသန် ဖြစ်နေပါတယ်။ ၂၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၃၅ မှတ်နဲ့ ရှဖီးယူနိုက်တက် အောက် က အဆင့် ၇ နေရာကိုရောက်နေပါတယ်။ ဒါရင့်ဘန့်ကတော့ မန်ယူဖန်တွေက ပေါ့ဘာနဲ့ ပတ်သက်လာရင် မတရားဘူး လို့ ဆိုလိုက်တယ်။ သူက “ကဲ စဉ်းစားကြည့်ပါဦး ဒဏ်ရာနဲ့ ရုန်းကန်နေရတဲ့သူ့ကို ဝိုင်းပြီးပြစ်တင်ပြောဆိုနေကြတယ်။ သူမကစားနိုင် တာနဲ့ သူကိုဝိုင်းပြောကြတယ်။ ဆိုရှယ်မီဒီယာတွေက အဆိုးဆုံးပါပဲ။ ဆိုရှယ်မီဒီယာတွေက သူက နေမကောင်းဘူး ပြောတယ်။ သူ့အကိုမင်္ဂလာဆောင်မှာတော့ သွားကနေတယ်လို့ ပြစ်တင်ကြတာပါ။အဲ့ဒိလိုပြောတော့ အားလုံးက အမြင်တွေမှားကုန်တာပေါ့။

မန်ယူက သူ့ကိုရောင်းမယ်ဆိုရင် ဝယ်ချင်တဲ့ကလပ်တွေက အများကြီးပါပဲ။ ပရီမီးယားလိဂ်မှာတော့ သူ့ကြေးကိုလိုက်နိုင်တာ လီဗာပူးနဲ့ မန်စီတီးပဲ ရှိပါတယ်။ သူ့အသက်က ၂၆နှစ်သေးပဲရှိတော့ သူလုပ်နိုင်တာတွေက အများကြီးရှိပါ သေးတယ်။သူ့ကိုမန်ယူက ထိန်း မထားနိုင်ရင်တော့ ပြိုင်ဘက်အသင်းတွေကနေ သူ့ကိုအရယူပြီး မန်ယူကို တိုက်ခိုက်သွားပါလိမ့်မယ်”လို့ ဆိုတယ်။

မောင်ယဿ REF: mirror .uk photo ; instagram

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …