International-news
မောင်ယဿ
REF: cnn / Photo;cnn
Unicode
ပေါင် ၅၀၀ ကျော်လေးတဲ့ ဂေါ်ဇီလာကြီးကို လူ ၅ ယောက်မပြီး ကွန်ပြူတာ ဓာတ်မှန်ရိုက်ခဲ့ရ
၃၄ နှစ် အရွယ် ဂေါ်ဇီလာကြီး တစ်ကောင်က နှာခေါင်းမှာ ပုံမှန် မဟုတ်တဲ့ အကြိတ် တစ်ခုဖြစ်လာတဲ့အတွက် သူ့ကို ဆေးစစ်ဖို့ ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပါတယ် ။ တောင်အာဖရိက နိုင်ငံမြို့တော် ဂျိုဟန်နတ်စ်ဘတ် တိရစ္ဆာန်ရုံံက မာကိုကူလို့ခေါ်တဲ့ ဂေါ်ရီလာ အထီးကို မိုင် ၄၀ အကွာမှာရှိတဲ့ ပရိတိုရီးယားက တိရစ္ဆာန်ဆေးကု ဆေးရုံကို ရဟတ်ယာဉ်နဲ့ လေထဲမှာ ချိတ်ဆွဲပြီး ခေါ်ယူခဲ့ပါတယ် ။
ပေါင် ၅၀၀ ကျော်လေးတဲ့ လူဝံကြီးကို ကွန်ပြူတာ ဓာတ်မှန်ရိုက်ဖို့ အတွက် က တော်တော်လေး အားစိုက်ကြရပါ တယ် ။ နောက်လဆိုရင် ၃၅နှစ် ပြည့်တော့မယ့် မာကိုကူ ကို ဓာတ်မှန်ရိုက်ဖို့အတွက် အားသန်တဲ့ လူ ၅ ယောက် မနည်း မ ခဲ့ရပါတယ် ။ နောက်ပြီး ဓာတ်မှန် ခန်းထဲမှာ အဆင်တပြေ ဖြစ်အောင်သူ့ကို ပြင်ဆင်ရတာကိုက မလွယ်လှပါဘူး ။
တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးက မေလ အတွင်းမှာ လူဝံကြီးရဲ့ နှာခေါင်းက နှာရည်တွေ က တရွဲရွဲကျနေလို့ မသင်္ကာတာနဲ့ အဝေးကနေ မီးထိုး ကြည့်ရာမှာ အဲ့ဒီ ပရိုင်းမိတ်ကြီးရဲ့ နှာခေါင်းထဲမှာ အကြိတ်လို လိုအရာကို တွေ့လို့ ဆေးရုံတင်ပြီး ဆေးစစ်ကြည့်ဖို့အတွက် ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ ဆရာဝန်တွေက ရောဂါကို ပြင်ပကနေကြည့်ပြီး ဆုံးဖြတ်လို့ မရလို့ ကွန်ပြုတာ ဓာတ်မှန်ရိုက်ဖို့ကို ပြင်ဆင်ခဲ့ ကြပါတယ် ။ နှာခေါင်းမှာ နာတာရှည်ရောဂါ ဖြစ်နေတယ်ဆိုတာကို ဆရာဝန်တွေ တွေ့ ခဲ့ကြပါတယ် ။ ဒါကြောင့် မာကိုကူကို ဆေးကုသဖို့ အတွက် လမ်းကြောင်းကို စဉ်စားခဲ့ကြပါတယ် ။
ဂျိုဟန်နက်ဘတ် ပန်းခြံနဲ့ တိရစ္တာန်ရုံများ အာဏါပိုင်တွေက “ မာကိုကူမှာ နှာခေါင်းနဲ့ လေပြွန်ဆိုင်ရာ ရောဂါရှိ နေခဲ့တာကို အခုမှ သိခဲ့ရပါတယ် ။ ရောဂါ လက္ခဏါပြတဲ့ အချိန်မှာ ရောဂါက တော်တော် ရင့်နေပါပြီ ။ အခုတော့ နှာခေါင်းက အသားစကို ယူပြီး ရောဂါ ရှာဖွေရေး လုပ်နေပါတယ် ။ ဇူလိုင်လ ၉ ရက်နေ့ မှာရောက်မယ့် သူ့ရဲ့ ၃၅ နှစ် မြောက်မွေနေ့မှာ ကျန်းကျန်းမာမာနဲ့ ရှိနေစေချင်ပါတယ်”လို့ ဆိုပါတယ် ။ ရောဂါ အဖြေကတော့ ကွန်ပြူတာ ဓာတ်မှန်ပေါ်မှာပဲ မူတည်နေပါတယ် ။
မောင်ယဿ
REF: cnn / Photo;cnn
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …