ေန႔စား အလုပ္သမားမိသားစု တစ္သိန္းအတြက္ ေန႔စဥ္ စားေရးေသာက္ေရး ေျဖရွင္းေပမဲ့ အမီတာဘခ်န္း

ေန႔စား အလုပ္သမားမိသားစု တစ္သိန္းအတြက္ ေန႔စဥ္ စားေရးေသာက္ေရး ေျဖရွင္းေပမဲ့ အမီတာဘခ်န္း
International-news

ေန႔စား အလုပ္သမားမိသားစု တစ္သိန္းအတြက္ ေန႔စဥ္ စားေရးေသာက္ေရး ေျဖရွင္းေပမဲ့ အမီတာဘခ်န္း

အိႏၵိယမွာ ေကာ္႐ိုနာ ဗိုင္းရက္ ျပန႔္ပြားေနလို႔ တစ္ႏိုင္ငံလုံး အျပင္မထြက္ရ ကာျဖဴး အမိန႔္ထုတ္ထားလို႔ စားေရး ေသာက္ေရး ဒုကၡ ေရာက္ေနတဲ့ ေန႔စား အလုပ္သမား မိသားစု တစ္သိန္းကို တစ္လစာ ရိကၡာ ေထာက္ပံ့ ေပးမယ္ လို႔ ေဘာလီးဝုဒ္က မဟာစတားႀကီး အမီတာဘခ်န္းက ဆိုပါတယ္ ။ သူက အိႏၵိယ တစ္ႏိုင္ငံလုံးက ႐ုပ္ရွင္လုပ္ငန္းနဲ႔ ပတ္သက္တဲ့ ေန႔စားေတြအားလုံးကို ရည္႐ြယ္ၿပီး လႉဒါန္းမွာျဖစ္ပါတယ္ ။

အဲ့ဒိအလႉကို အိႏၵိယႏိုင္ငံ ဆိုနီ႐ုပ္ရွင္လုပ္ငန္းနဲ႔ ရတနာ ကုမၸဏီ တစ္ခုက ပူးတြဲ စပြန္ဆာေပးထားပါတယ္ ။ သူတို႔နဲ႔ အမီတာဘခ်န္းတို႔ေပါင္းၿပီး ရန္ပုံေငြ တစ္ရပ္ကို ထူေထာင္ကာ လုပ္ထားတာပဲျဖစ္ပါတယ္ ။ “က်ေနာ္တို႔က အိႏၵိယ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ႐ုပ္ရွင္လုပ္ငန္းမွာ နာမည္စာရင္းသြင္းထားတဲ့ ေန႔စားအလုပ္သမားေတြရဲ႕ စာရင္းကိုအရင္ၾကည့္ပါတယ္ ။

ေလာေလာဆယ္ ရထားတဲ့ စာရင္းအရ တစ္သိန္းေလာက္ပဲ ရွိပါတယ္ ။ ဒီထက္ ပိုေကာင္းလည္း ပိုလာမွာပါ ။ အဲ့ဒိထဲက တတ္ႏိုင္တဲ့သူေတြ အေထာက္အပံ့ မယူလိုတဲ့မိသားစုေတြရဲ႕ စာရင္းလည္းရမွာပါ ။ အနည္းဆုံးေတာ့ တစ္သိန္းျပည့္ေအာင္ရွာမယ္ ။ မျပည့္ရင္ ေန႔စားေတြနဲ႔ ႏွီးႏြယ္တဲ့မိသားစုေတြကို စာရင္းထဲသြင္းမွာပါ ။ ေက်ာ္ဖို႔မ်ားႏိုင္ပါတယ္ ။ ၿပီးရင္ တစ္ႏိုင္ငံလုံးမွာရွိတဲ့ စတိုးဆိုင္ေတြ ေဈးဝယ္စင္တာေတြနဲ႔ ခ်ိပ္ဆက္ၿပီး ဒစ္ဂ်စ္တယ္ ကူပြန္ရထားတဲ့ ေန႔စား မိသားစုေတြအတြက္ လိုရာဝယ္ခြင့္ ျပဳလိုက္မွာပါ”လို႔ အမီတာဘခ်န္းက ဆိုတယ္ ။

အခု ထိေတာ့ တစ္ေန႔တာ ရိကၡာအတြက္ တစ္လစာ ေတာင္းခံမယ့္သူေတြ မရွိေသးပါဘူး ။ အလႉရွင္ ေတြကေတာ့ အြန္လိုင္းေပၚကေန အဲ့ဒိ ကိစၥကို ေၾကညာ ေနပါတယ္ ။ ႐ုပ္ရွင္လုပ္ငန္းအျပင္ တီဗီ လုပ္ငန္းက ေန႔စားေတြ အတြက္ ေထာက္ပံ့ဖို႔ ဒုတိယအဆင့္ ရာထားပါတယ္ ။ “က်ေနာ္တို႔ ရထားတဲ့စာရင္းအရ အဲ့ဒိ ေန႔စားေတြကို ဆက္သြယ္ေနပါတယ္ ။

စားေရးေသာက္ေရး မတတ္ႏိုင္ရင္ ဒစ္ဂ်စ္တယ္ကူပြန္ ကို ေတာင္းခံႏိုင္ပါတယ္လို႔ လိုက္လံဆက္သြယ္ပါတယ္။ အခ်ိဳ႕ကေတာ့ ကူပြန္ ေတာင္းပါတယ္။ အခ်ိဳ႕ကေတာ့ မေတာင္းဘူး။ အဲ့ဒါေၾကာင့္ လုပ္ငန္းကို ဆက္ခ်ဲ႕မွာပါ”လို႔ ဆိုနီက တာဝန္ရွိသူက ဆိုတယ္။ အခုေတာ့ လုပ္ငန္းစတင္ေနၿပီျဖစ္လို႔ အကူအညီေတာင္းသူေတြ လည္းရွိေနပါၿပီ ။ အိႏၵိယမွာ ေရာဂါျဖစ္ပြားေနသူ ႏိုင္ငံသား ၁၀၃ ေယာက္ရွိၿပီး ႏိုင္ငံျခားသား ၂၂ ေယာက္ရွိေနပါတယ္ ။

ေမာင္ယႆ

ကိုးကား- pinkvilla / ဓာတ္ပုံ-getty image

Unicode

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း

အိန္ဒိယမှာ ကော်ရိုနာ ဗိုင်းရက် ပြန့်ပွားနေလို့ တစ်နိုင်ငံလုံး အပြင်မထွက်ရ ကာဖြူး အမိန့်ထုတ်ထားလို့ စားရေး သောက်ရေး ဒုက္ခ ရောက်နေတဲ့ နေ့စား အလုပ်သမား မိသားစု တစ်သိန်းကို တစ်လစာ ရိက္ခာ ထောက်ပံ့ ပေးမယ် လို့ ဘောလီးဝုဒ်က မဟာစတားကြီး အမီတာဘချန်းက ဆိုပါတယ် ။ သူက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နေ့စားတွေအားလုံးကို ရည်ရွယ်ပြီး လှူဒါန်းမှာဖြစ်ပါတယ် ။

အဲ့ဒိအလှူကို အိန္ဒိယနိုင်ငံ ဆိုနီရုပ်ရှင်လုပ်ငန်းနဲ့ ရတနာ ကုမ္ပဏီ တစ်ခုက ပူးတွဲ စပွန်ဆာပေးထားပါတယ် ။ သူတို့နဲ့ အမီတာဘချန်းတို့ပေါင်းပြီး ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ကာ လုပ်ထားတာပဲဖြစ်ပါတယ် ။ “ကျနော်တို့က အိန္ဒိယ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်လုပ်ငန်းမှာ နာမည်စာရင်းသွင်းထားတဲ့ နေ့စားအလုပ်သမားတွေရဲ့ စာရင်းကိုအရင်ကြည့်ပါတယ် ။

လောလောဆယ် ရထားတဲ့ စာရင်းအရ တစ်သိန်းလောက်ပဲ ရှိပါတယ် ။ ဒီထက် ပိုကောင်းလည်း ပိုလာမှာပါ ။ အဲ့ဒိထဲက တတ်နိုင်တဲ့သူတွေ အထောက်အပံ့ မယူလိုတဲ့မိသားစုတွေရဲ့ စာရင်းလည်းရမှာပါ ။ အနည်းဆုံးတော့ တစ်သိန်းပြည့်အောင်ရှာမယ် ။ မပြည့်ရင် နေ့စားတွေနဲ့ နှီးနွယ်တဲ့မိသားစုတွေကို စာရင်းထဲသွင်းမှာပါ ။ ကျော်ဖို့များနိုင်ပါတယ် ။ ပြီးရင် တစ်နိုင်ငံလုံးမှာရှိတဲ့ စတိုးဆိုင်တွေ ဈေးဝယ်စင်တာတွေနဲ့ ချိပ်ဆက်ပြီး ဒစ်ဂျစ်တယ် ကူပွန်ရထားတဲ့ နေ့စား မိသားစုတွေအတွက် လိုရာဝယ်ခွင့် ပြုလိုက်မှာပါ”လို့ အမီတာဘချန်းက ဆိုတယ် ။

အခု ထိတော့ တစ်နေ့တာ ရိက္ခာအတွက် တစ်လစာ တောင်းခံမယ့်သူတွေ မရှိသေးပါဘူး ။ အလှူရှင် တွေကတော့ အွန်လိုင်းပေါ်ကနေ အဲ့ဒိ ကိစ္စကို ကြေညာ နေပါတယ် ။ ရုပ်ရှင်လုပ်ငန်းအပြင် တီဗီ လုပ်ငန်းက နေ့စားတွေ အတွက် ထောက်ပံ့ဖို့ ဒုတိယအဆင့် ရာထားပါတယ် ။ “ကျနော်တို့ ရထားတဲ့စာရင်းအရ အဲ့ဒိ နေ့စားတွေကို ဆက်သွယ်နေပါတယ် ။

စားရေးသောက်ရေး မတတ်နိုင်ရင် ဒစ်ဂျစ်တယ်ကူပွန် ကို တောင်းခံနိုင်ပါတယ်လို့ လိုက်လံဆက်သွယ်ပါတယ်။ အချို့ကတော့ ကူပွန် တောင်းပါတယ်။ အချို့ကတော့ မတောင်းဘူး။ အဲ့ဒါကြောင့် လုပ်ငန်းကို ဆက်ချဲ့မှာပါ”လို့ ဆိုနီက တာဝန်ရှိသူက ဆိုတယ်။ အခုတော့ လုပ်ငန်းစတင်နေပြီဖြစ်လို့ အကူအညီတောင်းသူတွေ လည်းရှိနေပါပြီ ။ အိန္ဒိယမှာ ရောဂါဖြစ်ပွားနေသူ နိုင်ငံသား ၁၀၃ ယောက်ရှိပြီး နိုင်ငံခြားသား ၂၂ ယောက်ရှိနေပါတယ် ။

မောင်ယဿ

ကိုးကား- pinkvilla / ဓာတ်ပုံ-getty image

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
International-news
လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ …

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့
International-news
ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့ ၂၀၁၉ ဒီဇင္ဘာ လေလာက္က စၿပီး ကမာၻ႔ ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ က ျပန႔္ႏွံ႔မႈ ေတြ စတင္ ခဲ့ပါတယ္ ။ ဗိုင္းရက္ရဲ႕ သဘာဝက ထူးျခားလြန္းလို႔ ႏိုင္ငံတိုင္းမွာ ေရာဂါ ျပန္ႏွံ႔မႈကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ ေနခဲ့ရပါတယ္ ။ ၂၀၂၀ ႏွစ္ဦးပိုင္းကေနစၿပီး ေရာဂါျပန္ႏွံ႔ ေနတာက ဒီေန႔အထိ ျဖစ္ေနတုန္းပါပဲ ။ တိုင္းျပည္ေတြ စီးပြားေရး က်ပ္တည္းမႈေတြ ျဖစ္ေန ခ်ိန္မွာ ႐ုပ္ရွင္မင္းသမီးေတြ အဆိုေတာ္ေတြရဲ႕ အြန္လိုင္း အေကာင့္ေတြ ေဖာက္ထြင္းခံ ေနရပါတယ္ ။ အခုဆိုရင္ က်န္းမာေရး ဆိုင္ရာအခ်က္အလက္ေတြကိုပါ ေဖာက္ထြင္း …