ေနေရးထက္ ေသေရးက ေဈးႀကီးေနတဲ့ လန္ဒန္ၿမိဳ႕သားမ်ား

ေနေရးထက္ ေသေရးက ေဈးႀကီးေနတဲ့ လန္ဒန္ၿမိဳ႕သားမ်ား
International-news

ေနေရးထက္ ေသေရးက ေဈးႀကီးေနတဲ့ လန္ဒန္ၿမိဳ႕သားမ်ား

လန္ဒန္ၿမိဳ႕မွာ ေနထိုင္တယ္ဆိုရင္ ေသဖို႔အတြက္ အနည္းဆုံး ေပါင္ ၃၅၀၀ ေလာက္လိုပါတယ္။ေငြမရွိရင္ ေသဖို႔အရမ္း ခက္ပါတယ္။

လန္ဒန္ၿမိဳ႕သား ၆ေယာက္မွာ တစ္ေယာက္ ေသဖို႔ ဒုကၡအၿမဲေရာက္ရပါတယ္။ လူလိုသူလို ေသလို႔ရေအာင္ ကိုယ့္ေသတြင္း ကိုယ္တူးမယ္ ဆိုရင္ေတာင္ အနည္းဆုံး အသုဘစရိတ္က ေပါင္၁၆၀၀ ေလာက္ရွိပါတယ္။ အဲ့ဒီ အခက္အခဲကို သိလို႔ ဂ်ပန္ကုမၸဏီ တစ္ခုက အြန္လိုင္းေပၚကေန ေသစရိတ္ အနည္းဆုံး ျဖစ္ေအာင္ တစ္ခါသုံး အသုဘကိုေၾကာ္ျငာေခၚၿပီး ေရာင္းေနပါတယ္။

ကုမၸဏီက အသုဘအေခါင္း ဝမ္းဆက္စာကို ၂၅၆ ေပါင္နဲ႔ ေရာင္း ခ် ေပး ေန ပါ တယ္။ အေခါင္းကို ၂၅၆ ေပါင္နဲ႔ ဝယ္ၿပီးေပမဲ့ အသုဘ စရိတ္က မၿပီးေသးပါဘူး။ ေျမငွားခ ေျမျမဳပ္ခ နဲ႔ အျခားဝန္ေဆာင္မႈ အခမ်ား က်န္ေနေသးပါတယ္။ အဲ့ဒါေတြက အနည္းဆုံး ေပါင္ ၁၅၀၀ေက်ာ္ သုံးရပါလိမ့္မယ္။

ကုမၸဏီက သူတို႔ရဲ႕ ဝန္ေဆာင္မႈမွာ သစ္သားေခါင္းတစ္လုံး ၊ သတၱဳအိုးတစ္လုံး ၊ အ႐ိုအိုးတစ္လုံး ၊ ေခါင္းအုံးေမႊ႕ရာ အစရွိတဲ့ သက္ေတာင့္သက္သာ ျဖစ္ေစမယ့္ အခုအခံတစ္စုံ ၊ အသုဘျပင္ဆင္မႈနဲ႔ အေခါင္းတပ္ဆင္မႈ ဆိုင္ရာ လက္စြဲစာအုပ္တစ္အုပ္ နဲ႔ အသုဘထုပ္ပိုးတဲ့ အဝတ္ျဖဴတစ္စပါ ပါတယ္လို႔ ဆိုတယ္။ ရွိႏိုဟားရားႏိုရီဖူမီ ကုမၸဏီက အသုဘဆိုင္ ရာပစၥည္းအစုံ လိုက္ကို မွာယူၿပီး ဝယ္ေဆာင္ထားလို႔ ရပါတယ္လို႔ ဆိုတယ္။

ထုတ္ပိုးမႈကို စနစ္တက်လုပ္ထားလို႔ ဝန္က်ဥ္းပါတယ္။ မိသားစု ေ႐ႊ႕ေျပာင္းသြားရင္ေတာင္ သယ္ယူရလြယ္ကူေအာင္ လုပ္ထားၾကပါတယ္။ အသုဘ လက္စြဲစာအုပ္မွာက အသုဘျဖစ္သြားၿပီ ဆိုရင္ ဘာေတြလုပ္ရမယ္ ဝယ္ထားတဲ့ ပါကင္ထဲက ဘာေတြထုတ္ၿပီး ဘယ္လိုလုပ္ရမယ္ဆိုတဲ့လမ္းၫႊန္ခ်က္ကို ေရးေပး ထားပါတယ္။ သ႐ုပ္ျပပုံေတြလည္း ပါပါတယ္။

ဝက္အူလွည့္ တစ္ေခ်ာင္ရွိရင္ပဲ အေခါင္းကိုျပင္လို႔ရပါတယ္။ ကုမၸဏီ ဥကၠဌျဖစ္သူ ႏိုရီဖူမီက “က်ေနာ္တို႔ ဂ်ပန္မွာလည္း အသုဘစရိတ္က အလြန္ျမင့္ပါတယ္။ ၿပီးေတာ့ ဝန္ထုတ္ဝန္ပိုးႀကီးတစ္ခုလိုေတာင္ ျဖစ္ေနပါတယ္။ ဂ်ပန္မွာဆို အသုဘ ကုန္က်စရိတ္က ကန္ေဒၚလာ တစ္ေသာင္းေက်ာ္မွ လူနဲ႔သူနဲ႔ အသုဘ အခမ္းအနား တစ္ခုျဖစ္တာပါ။

အခုက်ေနာ္တို႔ လုပ္ေပးလိုက္တဲ့ အသုဘ တစ္ပါကင္က ကန္ေဒၚလာ ၃၀၀ေလာက္ပဲက်ေတာ့ ၁၀ဆေလာက္သက္သာ သြားပါတယ္ ” ေျပာပါတယ္။

ေမာင္ယႆ REF: mirror .uk photo;ruptly

Unicode

နေရေးထက် သေရေးက ဈေးကြီးနေတဲ့ လန်ဒန်မြို့သားများ

လန်ဒန်မြို့မှာ နေထိုင်တယ်ဆိုရင် သေဖို့အတွက် အနည်းဆုံး ပေါင် ၃၅၀၀ လောက်လိုပါတယ်။ငွေမရှိရင် သေဖို့အရမ်း ခက်ပါတယ်။

လန်ဒန်မြို့သား ၆ယောက်မှာ တစ်ယောက် သေဖို့ ဒုက္ခအမြဲရောက်ရပါတယ်။ လူလိုသူလို သေလို့ရအောင် ကိုယ့်သေတွင်း ကိုယ်တူးမယ် ဆိုရင်တောင် အနည်းဆုံး အသုဘစရိတ်က ပေါင်၁၆၀၀ လောက်ရှိပါတယ်။ အဲ့ဒီ အခက်အခဲကို သိလို့ ဂျပန်ကုမ္ပဏီ တစ်ခုက အွန်လိုင်းပေါ်ကနေ သေစရိတ် အနည်းဆုံး ဖြစ်အောင် တစ်ခါသုံး အသုဘကိုကြော်ငြာခေါ်ပြီး ရောင်းနေပါတယ်။

ကုမ္ပဏီက အသုဘအခေါင်း ဝမ်းဆက်စာကို ၂၅၆ ပေါင်နဲ့ ရောင်း ချ ပေး နေ ပါ တယ်။ အခေါင်းကို ၂၅၆ ပေါင်နဲ့ ဝယ်ပြီးပေမဲ့ အသုဘ စရိတ်က မပြီးသေးပါဘူး။ မြေငှားခ မြေမြုပ်ခ နဲ့ အခြားဝန်ဆောင်မှု အခများ ကျန်နေသေးပါတယ်။ အဲ့ဒါတွေက အနည်းဆုံး ပေါင် ၁၅၀၀ကျော် သုံးရပါလိမ့်မယ်။

ကုမ္ပဏီက သူတို့ရဲ့ ဝန်ဆောင်မှုမှာ သစ်သားခေါင်းတစ်လုံး ၊ သတ္တုအိုးတစ်လုံး ၊ အရိုအိုးတစ်လုံး ၊ ခေါင်းအုံးမွှေ့ရာ အစရှိတဲ့ သက်တောင့်သက်သာ ဖြစ်စေမယ့် အခုအခံတစ်စုံ ၊ အသုဘပြင်ဆင်မှုနဲ့ အခေါင်းတပ်ဆင်မှု ဆိုင်ရာ လက်စွဲစာအုပ်တစ်အုပ် နဲ့ အသုဘထုပ်ပိုးတဲ့ အဝတ်ဖြူတစ်စပါ ပါတယ်လို့ ဆိုတယ်။ ရှိနိုဟားရားနိုရီဖူမီ ကုမ္ပဏီက အသုဘဆိုင် ရာပစ္စည်းအစုံ လိုက်ကို မှာယူပြီး ဝယ်ဆောင်ထားလို့ ရပါတယ်လို့ ဆိုတယ်။

ထုတ်ပိုးမှုကို စနစ်တကျလုပ်ထားလို့ ဝန်ကျဉ်းပါတယ်။ မိသားစု ရွှေ့ပြောင်းသွားရင်တောင် သယ်ယူရလွယ်ကူအောင် လုပ်ထားကြပါတယ်။ အသုဘ လက်စွဲစာအုပ်မှာက အသုဘဖြစ်သွားပြီ ဆိုရင် ဘာတွေလုပ်ရမယ် ဝယ်ထားတဲ့ ပါကင်ထဲက ဘာတွေထုတ်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတဲ့လမ်းညွှန်ချက်ကို ရေးပေး ထားပါတယ်။ သရုပ်ပြပုံတွေလည်း ပါပါတယ်။

ဝက်အူလှည့် တစ်ချောင်ရှိရင်ပဲ အခေါင်းကိုပြင်လို့ရပါတယ်။ ကုမ္ပဏီ ဥက္ကဌဖြစ်သူ နိုရီဖူမီက “ကျနော်တို့ ဂျပန်မှာလည်း အသုဘစရိတ်က အလွန်မြင့်ပါတယ်။ ပြီးတော့ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုလိုတောင် ဖြစ်နေပါတယ်။ ဂျပန်မှာဆို အသုဘ ကုန်ကျစရိတ်က ကန်ဒေါ်လာ တစ်သောင်းကျော်မှ လူနဲ့သူနဲ့ အသုဘ အခမ်းအနား တစ်ခုဖြစ်တာပါ။

အခုကျနော်တို့ လုပ်ပေးလိုက်တဲ့ အသုဘ တစ်ပါကင်က ကန်ဒေါ်လာ ၃၀၀လောက်ပဲကျတော့ ၁၀ဆလောက်သက်သာ သွားပါတယ် ” ပြောပါတယ်။

မောင်ယဿ REF: mirror .uk photo;ruptly

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …