ေနေရာင္ျခည္ စြမ္းအင္သုံး အျမင့္ပ်ံ ေလယာဥ္ BAE ကတီထြင္ႏိုင္ခဲ့

ေနေရာင္ျခည္ စြမ္းအင္သုံး အျမင့္ပ်ံ ေလယာဥ္ BAE ကတီထြင္ႏိုင္ခဲ့
Health

ေနေရာင္ျခည္ စြမ္းအင္သုံး အျမင့္ပ်ံ ေလယာဥ္ BAE ကတီထြင္ႏိုင္ခဲ့

ၿဗိတိန္ေလေၾကာင္းစနစ္ ( BAE) က ေဖေဖာ္ဝါရီလ ၁၇ရက္ေန႔က ေနေရာင္ျခည္စြမ္းအင္သုံး လူမဲ့ေလယာဥ္တစ္စင္းကို တီထြင္ၿပီး ၾသစေတးလွ်မွာ စမ္းသက္ ေမာင္းႏွင္းႏိုင္ခဲ့ပါတယ္။ အဲ့ဒိေလယာဥ္က ေလထဲမွာ အနည္းဆုံး ၁ႏွစ္အထိ ေနႏိုင္တယ္လို႔ ဆိုတယ္။ PHASA-35 (ဖာဆာ-၃၅) လို႔အမည္ရတဲ့ စမ္းသက္ေလယာဥ္က ေတာင္ပံမ်ာရွိတဲ့ ဆိုလာျပားေတြေၾကာင့္ အျမင့္ကို ပ်ံႏိုင္တဲ့ ေလယာဥ္ျဖစ္ၿပီး ကမာၻေျမျပင္အထက္ မိုင္ ၃၀ ေက်ာ္ စထရာတိုစဖီးယားအလႊာ အထိ တက္ႏိုင္ ပါတယ္။

ေလယာဥ္ေပၚက ဘတ္ထရီေတြရဲ႕ သက္တမ္းအရ ေလေပၚကို တစ္ခါတက္ၿပီးရင္ အနည္းဆုံး ၁ ႏွစ္ တိတိ ေလထဲမွာ ေန ႏိုင္ ပါ တယ္။ ေထာက္လွမ္းေရး ဆက္သြယ္ေရး လုံၿခဳံေရးတို႔ အတြက္ ထိန္းခ်ဳပ္ရန္ ပလက္ေဖာင္း တစ္ခုကို ျပဳလုပ္ ေပးႏိုင္ပါတယ္။ စစ္တပ္ နဲ႔ စီးပြားေရး လုပ္ငန္းေတြ အတြက္ ေလာေလာဆယ္ သုံးေနတဲ့ ေဝဟင္ နဲ႔ အာကာသ ဆက္သြယ္ေရး လမ္းေၾကာင္းေတြ ၾကပ္ေနတဲ့ အခါမွာ ၎ကို အသုံးျပဳလို႔ ရပါတယ္။ ဆက္သြယ္ေရး ကြန္ယက္ေတြက အေၾကာင္း တစ္စုံ တစ္ရာ ေၾကာင့္ အခက္အခဲ ျဖစ္တဲ့ အခါမွာ
၎ကို ၾကားခံ အျဖစ္ အသုံးခ်လို႔ ရၿပီး ၿဂိဳလ္တု သုံးၿပီး လုပ္ရတဲ့ လုပ္ငန္းေတြ အတြက္
ကုန္က်စားရိတ္ သက္သာေအာင္ သုံးႏိုင္ပါတယ္။

ဖာဆာ-၃၅ ကို ၿဗိတိန္သိပၸံနဲ႔နည္းပညာစမ္းသက္မႈ အဖြဲ႕ နဲ႔ ၾသစေတးလွ် ကာကြယ္ေရးသိပၸံ အဖြဲ႕တို႔ပူးေပါင္းတီထြင္ထားတာပါ။ ၾသစေတးလွ် ေတာင္ပိုင္းက ေတာ္ဝင္ေလတပ္မွာ စမ္းသက္ေမာင္းႏွင္ခဲ့တာပါ။ စမ္းသက္မႈ ေအာင္ျမင္လို႔ ကမာၻကို အသိေပးထုတ္ျပန္ ေၾကညာခဲ့ တာပါ။ သူတို႔ရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့ ေလထဲမွာ လ ၂၀ နဲ႔ အနည္းဆုံး ၂ႏွစ္အထိခံေအာင္ ထပ္မံစမ္းသက္ဦးမွာျဖစ္တယ္။ ဒီစမ္းသက္တီထြင္မႈက လာမယ့္၁၀စုႏွစ္ ေလေၾကာင္းဆိုင္ရာကိစၥေတြအတြက္ အေျပာင္းအလဲတစ္ခုစသို႔ ဦးတည္ေစမွာျဖစ္ၿပီး ၿဗိတိန္အစိုးရက နည္းပညာပိုင္းဆိုင္ရာ အကူအညီမ်ားကိုလည္းေပးသြားမွာပါ။

ဆက္လက္စမ္းသက္မႈမ်ားကို ဒီႏွစ္အကုန္အထိ လုပ္သြားၿပီး ေနာင္ႏွစ္အစမွာ ထုတ္လုပ္ေရာင္းခ်ျခင္းနဲ႔ နည္းပညာျဖန႔္ေဝျခင္းမ်ား ျပဳလုပ္ေပးသြားမယ္လို႔ဆိုပါတယ္။

ေမာင္ယႆ REF: upi photo ; courtesy of BAE system

Unicode

နေရောင်ခြည် စွမ်းအင်သုံး အမြင့်ပျံ လေယာဉ် BAE ကတီထွင်နိုင်ခဲ့

ဗြိတိန်လေကြောင်းစနစ် ( BAE) က ဖေဖော်ဝါရီလ ၁၇ရက်နေ့က နေရောင်ခြည်စွမ်းအင်သုံး လူမဲ့လေယာဉ်တစ်စင်းကို တီထွင်ပြီး သြစတေးလျှမှာ စမ်းသက် မောင်းနှင်းနိုင်ခဲ့ပါတယ်။ အဲ့ဒိလေယာဉ်က လေထဲမှာ အနည်းဆုံး ၁နှစ်အထိ နေနိုင်တယ်လို့ ဆိုတယ်။ PHASA-35 (ဖာဆာ-၃၅) လို့အမည်ရတဲ့ စမ်းသက်လေယာဉ်က တောင်ပံမျာရှိတဲ့ ဆိုလာပြားတွေကြောင့် အမြင့်ကို ပျံနိုင်တဲ့ လေယာဉ်ဖြစ်ပြီး ကမ္ဘာမြေပြင်အထက် မိုင် ၃၀ ကျော် စထရာတိုစဖီးယားအလွှာ အထိ တက်နိုင် ပါတယ်။

လေယာဉ်ပေါ်က ဘတ်ထရီတွေရဲ့ သက်တမ်းအရ လေပေါ်ကို တစ်ခါတက်ပြီးရင် အနည်းဆုံး ၁ နှစ် တိတိ လေထဲမှာ နေ နိုင် ပါ တယ်။ ထောက်လှမ်းရေး ဆက်သွယ်ရေး လုံခြုံရေးတို့ အတွက် ထိန်းချုပ်ရန် ပလက်ဖောင်း တစ်ခုကို ပြုလုပ် ပေးနိုင်ပါတယ်။ စစ်တပ် နဲ့ စီးပွားရေး လုပ်ငန်းတွေ အတွက် လောလောဆယ် သုံးနေတဲ့ ဝေဟင် နဲ့ အာကာသ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကြပ်နေတဲ့ အခါမှာ ၎င်းကို အသုံးပြုလို့ ရပါတယ်။ ဆက်သွယ်ရေး ကွန်ယက်တွေက အကြောင်း တစ်စုံ တစ်ရာ ကြောင့် အခက်အခဲ ဖြစ်တဲ့ အခါမှာ
၎င်းကို ကြားခံ အဖြစ် အသုံးချလို့ ရပြီး ဂြိုလ်တု သုံးပြီး လုပ်ရတဲ့ လုပ်ငန်းတွေ အတွက်
ကုန်ကျစားရိတ် သက်သာအောင် သုံးနိုင်ပါတယ်။

ဖာဆာ-၃၅ ကို ဗြိတိန်သိပ္ပံနဲ့နည်းပညာစမ်းသက်မှု အဖွဲ့ နဲ့ သြစတေးလျှ ကာကွယ်ရေးသိပ္ပံ အဖွဲ့တို့ပူးပေါင်းတီထွင်ထားတာပါ။ သြစတေးလျှ တောင်ပိုင်းက တော်ဝင်လေတပ်မှာ စမ်းသက်မောင်းနှင်ခဲ့တာပါ။ စမ်းသက်မှု အောင်မြင်လို့ ကမ္ဘာကို အသိပေးထုတ်ပြန် ကြေညာခဲ့ တာပါ။ သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ လေထဲမှာ လ ၂၀ နဲ့ အနည်းဆုံး ၂နှစ်အထိခံအောင် ထပ်မံစမ်းသက်ဦးမှာဖြစ်တယ်။ ဒီစမ်းသက်တီထွင်မှုက လာမယ့်၁၀စုနှစ် လေကြောင်းဆိုင်ရာကိစ္စတွေအတွက် အပြောင်းအလဲတစ်ခုစသို့ ဦးတည်စေမှာဖြစ်ပြီး ဗြိတိန်အစိုးရက နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်းပေးသွားမှာပါ။

ဆက်လက်စမ်းသက်မှုများကို ဒီနှစ်အကုန်အထိ လုပ်သွားပြီး နောင်နှစ်အစမှာ ထုတ်လုပ်ရောင်းချခြင်းနဲ့ နည်းပညာဖြန့်ဝေခြင်းများ ပြုလုပ်ပေးသွားမယ်လို့ဆိုပါတယ်။

မောင်ယဿ REF: upi photo ; courtesy of BAE system

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …