ေနေရာင္ရဲ႕ ေသြးေဆာင္ ျဖားေယာင္းမႈ ေနာက္ကို မလိုက္ဖို႔ ဥေရာပ ေခါင္းေဆာင္ေတြ တိုက္တြန္း

ေနေရာင္ရဲ႕ ေသြးေဆာင္ ျဖားေယာင္းမႈ ေနာက္ကို မလိုက္ဖို႔ ဥေရာပ ေခါင္းေဆာင္ေတြ တိုက္တြန္း
International-news

ေနေရာင္ရဲ႕ ေသြးေဆာင္ ျဖားေယာင္းမႈ ေနာက္ကို မလိုက္ဖို႔ ဥေရာပ ေခါင္းေဆာင္ေတြ တိုက္တြန္း

ဥေရာပ ဆိုတာက အၿမဲလို ေအးစက္ၿပီး ေကာင္းကင္က မႈန္မႈိင္းေနတဲ့ အရပ္ေဒသပါ ။ သူတို႔ဆီမွာ ေနေရာင္ ရတယ္ဆိုရင္ သိပ္သာယာတဲ့ ေန႔လို႔ သက္မွတ္ ပါတယ္ ။ ဒီအပတ္ အားလပ္ရက္ေတြက ေနေရာင္ ေကာင္းစြာရလို႔ ဥေရာပက လင္းလင္းခ်င္းခ်င္း သာသာယာယာနဲ႔ ေနလို႔ေကာင္းတဲ့ ရက္ေတြပါ ။

ထုံးစံအတိုင္း ဆိုရင္ လူေတြက ျပည္သူ႔ ဥယ်ာဥ္ေတြ ပန္ၿခံေတြ ကမ္းေျခေတြ ျမက္ခင္း ေတြမွာ ေနေရာင္ရဲ႕ ေႏြးေထြးမႈနဲ႔ ညင္သာ ေပ်ာ့ေျပာင္းမႈကို အေရျပား ေပၚကေန အရသာခံ ေနၾကမွာပါ ။ ေနေရာင္ ခံတဲ့ အရသာက ဘယ္လို စည္းစိမ္နဲ႔ မွ မလဲႏိုင္ ပါဘူး ။ အခုေတာ့ ကိုဗစ္-၁၉ ျပန႔္ႏွံ႔မႈ ျဖစ္ေနလို႔ ဥေရာပက အစိုးရ တိုင္းက သူတို႔ရဲ႕ ျပည္သူ ေတြကို ေနေရာင္ရဲ႕ ေသြးေဆာင္ျဖားေယာင္းမႈ ေနာက္ကို မလိုက္ၾကပါနဲ႔ လို႔ ေတာင္းဆို ေနၾကပါတယ္ ။

လန္ဒန္က ကိုယ္တိုင္ ကိုဗစ္-၁၉ ကူးစက္ ေရာဂါဒဏ္ ခံလိုက္ရတဲ့ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ က ဘ႐ိုက္တန္မွာ ျပည္သူနဲ႔ ေတြ႕ဆုံ ခဲ့တုန္းက ေႏြဦးရာသီရဲ႕ ေနေရာင္ရဲ႕ေသြးေဆာင္မႈက အားႀကီးတဲ့ အတြက္ ေတာင့္ခံႏိုင္ဖို႔ ႀကိဳးစားၾကပါလို႔ ဆိုခဲ့ပါတယ္ ။ “ခင္ဗ်ားတို႔ အတြက္က ဒီအခ်ိန္ကေလးကို ရဖို႔အတြက္ တစ္ႏွစ္လုံး ေစာင့္ခဲ့ရတယ္ ေျပာမွာပါ ။

ေအးစက္ေနတဲ့ နလုံးသားေတြကို အရည္ေဖ်ာ္ဖို႔ အတြက္ ေနေရာင္ေအာက္ကို ထြက္သင့္တယ္လို႔လည္း ျမင္ၾကမွာပါ ။ ကိုယ္အိမ္က ကိုယ့္ ကေလးေတြနဲ႔ ကိုယ့္အိမ္ေရွ႕ေလး မွာပဲေနၾကပါ ။ ပုံမွန္အတိုင္းပဲ ဆိုတဲ့အျမင္မ်ိဳးကို မျမင္မိ ၾကပါေစနဲ႔ ။ အျပင္ေတြထြက္ ၿပီး ေလာကႀကီးရဲ႕ အလွအပကိုလည္း မၾကည့္ၾက ပါနဲ႔ေတာ့”လို႔ဆိုတယ္ ။

သူက သူရဲ႕တြစ္တာမွာ အျပင္မထြက္ ၾကပါနဲ႔ ၊ ႏႈးညံ့တဲ့ေနေရာင္ျခည္ ေအာက္မွာ ခ်စ္သူနဲ႔ အတူ ပန္းၿခံထဲမွာ လက္တြဲ လမ္းေလွ်ာက္တယ္ဆိုတာ ေသလမ္းကို သြားေနသလိုပဲလို႔ ေရးတင္ခဲ့ပါတယ္ ။

ျပင္သစ္ ျပည္ထဲေရးဝန္ႀကီးကလည္း စိတ္ေတြကို လြတ္ မေပးလိုက္ပါနဲ႔ ေပ်ာ္႐ႊင္လြတ္လပ္ေပါ့ပါးတဲ့ စိတ္တစ္ခုအတြက္ နဲ႔ အသက္ကို မစြန႔္လႊတ္ ၾကပါနဲ႔လို႔ဆိုတယ္ ။ ေနေရာင္ျခည္ေႏြးေႏြး ကလည္း အိမ္ေရွ႕ ျမက္ခင္ျပင္ေပၚမွာ ရွိေနပါတယ္ ။ ရာသီကလည္း အားလက္ရက္ကာလျဖစ္ေနတယ္။ လူေတြအတြက္ အေပ်ာ္သက္သက္ ယူေဆာင္လာခ်ိန္မွာ အဲ့ဒိေနာက္ကို လိုက္မိရင္ အသက္ေတြ ရင္းရလိမ့္မယ္လို႔ ဒိန္းမတ္က်န္းမာေရးဝန္ႀကီးက ဆိုတယ္ ။

ေမာင္ယႆ

ကိုးကား- euronews / ဓာတ္ပုံ-encycles

Unicode

နေရောင်ရဲ့ သွေးဆောင် ဖြားယောင်းမှု နောက်ကို မလိုက်ဖို့ ဥရောပ ခေါင်းဆောင်တွေ တိုက်တွန်း

ဥရောပ ဆိုတာက အမြဲလို အေးစက်ပြီး ကောင်းကင်က မှုန်မှိုင်းနေတဲ့ အရပ်ဒေသပါ ။ သူတို့ဆီမှာ နေရောင် ရတယ်ဆိုရင် သိပ်သာယာတဲ့ နေ့လို့ သက်မှတ် ပါတယ် ။ ဒီအပတ် အားလပ်ရက်တွေက နေရောင် ကောင်းစွာရလို့ ဥရောပက လင်းလင်းချင်းချင်း သာသာယာယာနဲ့ နေလို့ကောင်းတဲ့ ရက်တွေပါ ။

ထုံးစံအတိုင်း ဆိုရင် လူတွေက ပြည်သူ့ ဥယျာဉ်တွေ ပန်ခြံတွေ ကမ်းခြေတွေ မြက်ခင်း တွေမှာ နေရောင်ရဲ့ နွေးထွေးမှုနဲ့ ညင်သာ ပျော့ပြောင်းမှုကို အရေပြား ပေါ်ကနေ အရသာခံ နေကြမှာပါ ။ နေရောင် ခံတဲ့ အရသာက ဘယ်လို စည်းစိမ်နဲ့ မှ မလဲနိုင် ပါဘူး ။ အခုတော့ ကိုဗစ်-၁၉ ပြန့်နှံ့မှု ဖြစ်နေလို့ ဥရောပက အစိုးရ တိုင်းက သူတို့ရဲ့ ပြည်သူ တွေကို နေရောင်ရဲ့ သွေးဆောင်ဖြားယောင်းမှု နောက်ကို မလိုက်ကြပါနဲ့ လို့ တောင်းဆို နေကြပါတယ် ။

လန်ဒန်က ကိုယ်တိုင် ကိုဗစ်-၁၉ ကူးစက် ရောဂါဒဏ် ခံလိုက်ရတဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဘရိုက်တန်မှာ ပြည်သူနဲ့ တွေ့ဆုံ ခဲ့တုန်းက နွေဦးရာသီရဲ့ နေရောင်ရဲ့သွေးဆောင်မှုက အားကြီးတဲ့ အတွက် တောင့်ခံနိုင်ဖို့ ကြိုးစားကြပါလို့ ဆိုခဲ့ပါတယ် ။ “ခင်ဗျားတို့ အတွက်က ဒီအချိန်ကလေးကို ရဖို့အတွက် တစ်နှစ်လုံး စောင့်ခဲ့ရတယ် ပြောမှာပါ ။

အေးစက်နေတဲ့ နလုံးသားတွေကို အရည်ဖျော်ဖို့ အတွက် နေရောင်အောက်ကို ထွက်သင့်တယ်လို့လည်း မြင်ကြမှာပါ ။ ကိုယ်အိမ်က ကိုယ့် ကလေးတွေနဲ့ ကိုယ့်အိမ်ရှေ့လေး မှာပဲနေကြပါ ။ ပုံမှန်အတိုင်းပဲ ဆိုတဲ့အမြင်မျိုးကို မမြင်မိ ကြပါစေနဲ့ ။ အပြင်တွေထွက် ပြီး လောကကြီးရဲ့ အလှအပကိုလည်း မကြည့်ကြ ပါနဲ့တော့”လို့ဆိုတယ် ။

သူက သူရဲ့တွစ်တာမှာ အပြင်မထွက် ကြပါနဲ့ ၊ နှုးညံ့တဲ့နေရောင်ခြည် အောက်မှာ ချစ်သူနဲ့ အတူ ပန်းခြံထဲမှာ လက်တွဲ လမ်းလျှောက်တယ်ဆိုတာ သေလမ်းကို သွားနေသလိုပဲလို့ ရေးတင်ခဲ့ပါတယ် ။

ပြင်သစ် ပြည်ထဲရေးဝန်ကြီးကလည်း စိတ်တွေကို လွတ် မပေးလိုက်ပါနဲ့ ပျော်ရွှင်လွတ်လပ်ပေါ့ပါးတဲ့ စိတ်တစ်ခုအတွက် နဲ့ အသက်ကို မစွန့်လွှတ် ကြပါနဲ့လို့ဆိုတယ် ။ နေရောင်ခြည်နွေးနွေး ကလည်း အိမ်ရှေ့ မြက်ခင်ပြင်ပေါ်မှာ ရှိနေပါတယ် ။ ရာသီကလည်း အားလက်ရက်ကာလဖြစ်နေတယ်။ လူတွေအတွက် အပျော်သက်သက် ယူဆောင်လာချိန်မှာ အဲ့ဒိနောက်ကို လိုက်မိရင် အသက်တွေ ရင်းရလိမ့်မယ်လို့ ဒိန်းမတ်ကျန်းမာရေးဝန်ကြီးက ဆိုတယ် ။

မောင်ယဿ

ကိုးကား- euronews / ဓာတ်ပုံ-encycles

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ထိုင္းမွာ ၾကက္ဥအတု ျပႆနာတက္ေန
International-news
ထိုင္းမွာ ၾကက္ဥအတု ျပႆနာတက္ေန

ထိုင္းမွာ ၾကက္ဥအတု ျပႆနာတက္ေန သန္ဆြန္နီယြန္ ဆိုတဲ့ ထိုင္းႏိုင္ငံသားက ေအာက္ေဈးနဲ႔ ရတယ္ဆိုၿပီး ၾကက္ဥကတ္ေတြ အမ်ားႀကီးအား ကားႀကီးေတြနဲ႔ လာေရာင္းတာကို ဝယ္ခဲ့ ပါတယ္ ။ သူ႔ေတာ့ ၾကက္ဥ ေတြကို စားလည္း စားမယ္ ေဈးတင္ၿပီး ေတာ့လည္း ေရာင္းမယ္ဆိုတဲ့ အေတြးနဲ႔ ေပ်ာ္ေနပါတယ္ ။ သူ႔လိုပဲ လူေတာ္ေတာ္မ်ားမ်ား ကလည္း အဲ့ဒိကားနဲ႔ လာေရာင္းတဲ့ ၾကက္ဥ ေတြကို မ်ားမ်ားစားစား ဝယ္ယူ ခဲ့ပါတယ္ ။ အခုေတာ့ ေဒသခံ သတင္းစာ ဆရာေတြကို သူၾကက္ဥ အတုေတြ ဝယ္မိတယ္ဆိုၿပီး ေျပာလာ ပါတယ္ ။ ၿပီးခဲ့တဲ့ တနလာေနၤ့က သူ …

အေရွ႕ အာရွအြန္လိုင္းေပၚမွာ ေကာ္႐ိုနာဗိုင္းရက္ နဲ႔ ပတ္သက္တဲ့ သတင္းအမွား ျပန႔္ေန
International-news
အေရွ႕ အာရွအြန္လိုင္းေပၚမွာ ေကာ္႐ိုနာဗိုင္းရက္ နဲ႔ ပတ္သက္တဲ့ သတင္းအမွား ျပန႔္ေန

အေရွ႕ အာရွအြန္လိုင္းေပၚမွာ ေကာ္႐ိုနာဗိုင္းရက္ နဲ႔ ပတ္သက္တဲ့ သတင္းအမွား ျပန႔္ေန အေရွ႕ အာရွက အြန္လိုင္း အသုံးျပဳသူေတြ ရဲ႕ ဖုန္းေတြထဲမွာ ျပန႔္ႏွံ႔ ေနတဲ့ ေကာ္႐ိုနာ ဗိုင္းရက္ စစ္ေဆးေရး ဂိတ္တစ္ခုမွာ ရဲေတြက လူတစ္ေယာက္ကို ပစ္သတ္ လိုက္တာေတြ ၊ စူပါမားကတ္တစ္ခုမွာ လူေတြ တိုးႀကိတ္ ဝယ္ယူၿပီး လုယက္ သြားေနတာေတြ နဲ႔ ရဲတပ္ဖြဲ႕ ဝင္ေတြက လူေတြကို႐ိုက္ႏွက္ ေနတဲ့ ဗီဒီယို ဖိုင္ေတြက ၂၀၁၅ ခုႏွစ္ေလာက္က တင္ထားတဲ့ ဖိုင္အေဟာင္းေတြကို ျပန္တင္ၿပီး သတင္းအမွားေတြ ျဖန႔္ေနတာပါ ။ ေလာ့ေဒါင္း အမိန႔္ကို ခ်ိဳးေဖာက္ သူေတြကို ေထာင္ဒဏ္နဲ႔ …

တ႐ုတ္လုံၿခဳံေရး ဥပေဒၾကမ္း မဖ်က္သိမ္းရင္ ေဟာင္ေကာင္သား ေတြကို ဗီဇာအခြင့္အေရး တိုးေပးမယ္လို႔ ၿဗိတိန္ဆို
International-news
တ႐ုတ္လုံၿခဳံေရး ဥပေဒၾကမ္း မဖ်က္သိမ္းရင္ ေဟာင္ေကာင္သား ေတြကို ဗီဇာအခြင့္အေရး တိုးေပးမယ္လို႔ ၿဗိတိန္ဆို

တ႐ုတ္လုံၿခဳံေရး ဥပေဒၾကမ္း မဖ်က္သိမ္းရင္ ေဟာင္ေကာင္သား ေတြကို ဗီဇာအခြင့္အေရး တိုးေပးမယ္လို႔ ၿဗိတိန္ဆို လက္ရွိ ေဟာင္ေကာင္မွာ အဓိက႐ုဏ္း ျဖစ္ပြားရတဲ့ အထိ ျဖစ္ေနတဲ့ တ႐ုတ္ဗဟို အစိုးရရဲ႕ အမ်ိဳးသား လုံၿခဳံေရး ဥပေဒ ၾကမ္းကို မဖ်က္သိမ္းဘူး ဆိုရင္ ၿဗိတိန္က ေဟာင္ေကာင္သား ၃သိန္း အထိ ဗီဇာ ေလွ်ာက္ပိုင္ခြင့္ ျပဳ မယ္ လို႔ ဆိုတယ္ ။ အဲ့ဒိ ေၾကညာခ်က္ကို အေမရိကန္ ကေနဒါနဲ႔ ၾသစေတးလွ် တို႔ကလည္း ပူးတြဲ ထုတ္ခဲ့ပါတယ္ ။ ၿဗိတိန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အတြင္းဝန္ ေဒၚမနစ္ရာအက္ က တ႐ုတ္တို႔ရဲ႕ အမ်ိဳးသားလုံၿခဳံေရး …