ေနေရာင္ခံလိမ္းေဆးေတြ ေန႔တိုင္းလိမ္းခဲ့တဲ့အတြက္ နံ႐ိုးက်ိဳးတဲ့အထိ ျဖစ္ခဲ့ရတဲ့ အသက္ (၂၀)အ႐ြယ္ ေကာင္မေလး

ေနေရာင္ခံလိမ္းေဆးေတြ ေန႔တိုင္းလိမ္းခဲ့တဲ့အတြက္ နံ႐ိုးက်ိဳးတဲ့အထိ ျဖစ္ခဲ့ရတဲ့ အသက္ (၂၀)အ႐ြယ္ ေကာင္မေလး
Knowledge

ေနေရာင္ခံလိမ္းေဆးေတြ ေန႔တိုင္းလိမ္းခဲ့တဲ့အတြက္ နံ႐ိုးက်ိဳးတဲ့အထိ ျဖစ္ခဲ့ရတဲ့ အသက္ (၂၀)အ႐ြယ္ ေကာင္မေလး

အသက္ (၂၀)အ႐ြယ္ လူငယ္ မိန္းကေလးတစ္ေယာက္ဟာ ေနေရာင္ျခည္ဓာတ္ကို ကာကြယ္ႏိုင္တဲ့ လိမ္းေဆးေတြကို ေန႔တိုင္းသုံးစြဲၿပီး ေနေရာင္ျခည္ကို ကာကြယ္ခဲ့တဲ့အေပၚ ဗီတာမင္ဒီဓာတ္ခ်ိဳ႕တဲ့ၿပီး နံ႐ိုးက်ိဳးသြားခဲ့တဲ့ ျဖစ္ရပ္တစ္ခု တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားခဲ့တယ္လို႔ China Press သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဇီခ်န္ျပည္နယ္မွာ ေနထိုင္တဲ့ အသက္ (၂၀)အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ ပန္းနာရင္ၾကပ္ေရာဂါေၾကာင့္ ေဆး႐ုံကို လာျပခဲ့ပါတယ္။ သူမဟာ ေခ်ာင္းအဆက္မျပတ္ ဆိုးေနၿပီး၊ သုံးရက္ဆက္တိုက္ ဆိုးအၿပီးမွာ ဘယ္ဖက္ ရင္ေခါင္းနားတစ္ဝိုက္က ေတာ္ေတာ္ေလးေအာင့္ေနတဲ့ ဒဏ္ရာေၾကာင့္ ေနလို႔မရ ျဖစ္ေနတဲ့အဆုံး ေဆး႐ုံကို လာျပခဲ့တာလို႔ ဆိုပါတယ္။

ေနေရာင္ခံလိမ္းေဆးေတြ ေန႔တိုင္းလိမ္းခဲ့တဲ့အတြက္ နံ႐ိုးက်ိဳးတဲ့အထိ ျဖစ္ခဲ့ရတဲ့ အသက္ (၂၀)အ႐ြယ္ ေကာင္မေလး1

ဆရာဝန္က နားေထာင္ခဲ့ကာ လိုအပ္တဲ့ စစ္ေဆးမႈေတြ လုပ္ခဲ့ၿပီးခ်ိန္မွာ အမ်ိဳးသမီးရဲ႕ (၁၀)ေခ်ာင္းေျမာက္ နံ႐ိုးဟာ က်ိဳးေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါဟာ အ႐ိုးပြတာေၾကာင့္လို႔ ယူဆခဲ့ကာ ဆက္လက္စစ္ေဆးခဲ့ခ်ိန္ သူမအသက္အ႐ြယ္မွာ ရွိေနရမယ့္ အ႐ိုးရဲ႕မာေက်ာမႈေအာက္ကို အ႐ိုးေတြဟာ ပြေနတဲ့အထိ ရွိေနခဲ့ပါတယ္။

ဗီတာမင္ဒီဓာတ္ မလုံေလာက္မႈနဲ႔ ေသြးတြင္းကယ္ဆီယမ္ ေလ်ာ့နည္းမႈ၊ ေသြးတြင္း ေဖာ့စေဖာ့ရက္ပမာဏ ေလ်ာ့နည္းမႈစတဲ့ျပႆနာေတြကို ေတြ႕ခဲ့ရတဲ့အတြက္ ဆရာဝန္ေတြဟာ စဥ္းစားလို႔မရေအာင္ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ အေျဖကို ရွာေတြ႕ခဲ့ပါတယ္။

အမ်ိဳးသမီးဟာ ေနေလာင္မွာ ေၾကာက္တဲ့အတြက္ ေနရာင္ခံလိမ္းေဆးေတြကို ပုံမွန္ထက္ ေန႔တိုင္းလိုလို လိမ္းၿပီး၊ ေနေရာင္ျခည္ဓာတ္ ခႏၶာကိုယ္ကို မက်ေရာက္ေအာင္ ကာကြယ္ထားသူပါ။

ေနေရာင္ျခည္ဓာတ္ မရျခင္းနဲ႔အတူ ဗီတာမင္ဒီဓာတ္ ေလ်ာ့နည္းလာၿပီး၊ ဆက္စပ္ေရာဂါေတြက ဝင္လာခဲ့ပါတယ္။ တဆက္တည္းဆိုသလို ေခ်ာင္းဆိုးေရာဂါကို ျပင္းျပင္းထန္ထန္ရခဲ့ကာ ေခ်ာင္းဆိုးလြန္းတဲ့ ဒဏ္ေၾကာင့္ အ႐ိုးပြေနတဲ့ နံ႐ိုးဟာ က်ိဳးခဲ့ရတာျဖစ္ပါတယ္။

ေနေရာင္ခံလိမ္းေဆးေတြ ေန႔တိုင္းလိမ္းခဲ့တဲ့အတြက္ နံ႐ိုးက်ိဳးတဲ့အထိ ျဖစ္ခဲ့ရတဲ့ အသက္ (၂၀)အ႐ြယ္ ေကာင္မေလး2

ဆရာဝန္က အ႐ြယ္ေရာက္ၿပီးသူေတြဟာ ဗီတာမင္ဒီ ထုတ္လုပ္ဖို႔အတြက္ ေနေရာင္ကို ပုံမွန္ရေနၾကအတိုင္း ရဖို႔လိုတယ္လို႔ဆိုခဲ့ကာ အထူးသျဖင့္ အမ်ိဳးသမီးေတြအေနနဲ႔ ပိုဂ႐ုစိုက္ဖို႔ လိုတယ္လို႔ ဆိုခဲ့ပါတယ္။

အမ်ိဳးသမီးအေနနဲ႔ တစ္ေန႔ကို ဘယ္ေလာက္အထိ ေနေရာင္ခံေဆးေတြ သုံးခဲ့လဲဆိုတာကိုေတာ့ တိတိက်က် မသိရေပမဲ့ ဆရာဝန္က SPF (၁၅)နဲ႔အထက္ လိမ္းေဆးေတြကို သုံးရင္ ေနေၾကာင့္ ခႏၶာကိုယ္မွာ ထုတ္လုပ္မယ့္ ဗီတာမင္ဒီဓာတ္ဟာ (၉၉) ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းသြားတယ္လို႔ ရွင္းျပထားပါတယ္။

ေနေရာင္ခံေဆး လိမ္းသူေတြအတြက္ အမ်ိဳးသမီးလိုအျဖစ္မ်ိဳး မႀကဳံရေစဖို႔ အထူးဂ႐ုစိုက္ရမယ့္ အခ်က္ပါပဲ။

သူေရး (ဆန္းသစ္စ)

Unicode

နေရောင်ခံလိမ်းဆေးတွေ နေ့တိုင်းလိမ်းခဲ့တဲ့အတွက် နံရိုးကျိုးတဲ့အထိ ဖြစ်ခဲ့ရတဲ့ အသက် (၂၀)အရွယ် ကောင်မလေး

အသက် (၂၀)အရွယ် လူငယ် မိန်းကလေးတစ်ယောက်ဟာ နေရောင်ခြည်ဓာတ်ကို ကာကွယ်နိုင်တဲ့ လိမ်းဆေးတွေကို နေ့တိုင်းသုံးစွဲပြီး နေရောင်ခြည်ကို ကာကွယ်ခဲ့တဲ့အပေါ် ဗီတာမင်ဒီဓာတ်ချို့တဲ့ပြီး နံရိုးကျိုးသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တယ်လို့ China Press သတင်းစာက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဇီချန်ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၂၀)အရွယ် အမျိုးသမီးတစ်ဦးဟာ ပန်းနာရင်ကြပ်ရောဂါကြောင့် ဆေးရုံကို လာပြခဲ့ပါတယ်။ သူမဟာ ချောင်းအဆက်မပြတ် ဆိုးနေပြီး၊ သုံးရက်ဆက်တိုက် ဆိုးအပြီးမှာ ဘယ်ဖက် ရင်ခေါင်းနားတစ်ဝိုက်က တော်တော်လေးအောင့်နေတဲ့ ဒဏ်ရာကြောင့် နေလို့မရ ဖြစ်နေတဲ့အဆုံး ဆေးရုံကို လာပြခဲ့တာလို့ ဆိုပါတယ်။

ဆရာဝန်က နားထောင်ခဲ့ကာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီးချိန်မှာ အမျိုးသမီးရဲ့ (၁၀)ချောင်းမြောက် နံရိုးဟာ ကျိုးနေတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ အရိုးပွတာကြောင့်လို့ ယူဆခဲ့ကာ ဆက်လက်စစ်ဆေးခဲ့ချိန် သူမအသက်အရွယ်မှာ ရှိနေရမယ့် အရိုးရဲ့မာကျောမှုအောက်ကို အရိုးတွေဟာ ပွနေတဲ့အထိ ရှိနေခဲ့ပါတယ်။

ေနေရာင္ခံလိမ္းေဆးေတြ ေန႔တိုင္းလိမ္းခဲ့တဲ့အတြက္ နံ႐ိုးက်ိဳးတဲ့အထိ ျဖစ္ခဲ့ရတဲ့ အသက္ (၂၀)အ႐ြယ္ ေကာင္မေလး3

 

ဗီတာမင်ဒီဓာတ် မလုံလောက်မှုနဲ့ သွေးတွင်းကယ်ဆီယမ် လျော့နည်းမှု၊ သွေးတွင်း ဖော့စဖော့ရက်ပမာဏ လျော့နည်းမှုစတဲ့ပြဿနာတွေကို တွေ့ခဲ့ရတဲ့အတွက် ဆရာဝန်တွေဟာ စဉ်းစားလို့မရအောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဖြေကို ရှာတွေ့ခဲ့ပါတယ်။

အမျိုးသမီးဟာ နေလောင်မှာ ကြောက်တဲ့အတွက် နေရာင်ခံလိမ်းဆေးတွေကို ပုံမှန်ထက် နေ့တိုင်းလိုလို လိမ်းပြီး၊ နေရောင်ခြည်ဓာတ် ခန္ဓာကိုယ်ကို မကျရောက်အောင် ကာကွယ်ထားသူပါ။

နေရောင်ခြည်ဓာတ် မရခြင်းနဲ့အတူ ဗီတာမင်ဒီဓာတ် လျော့နည်းလာပြီး၊ ဆက်စပ်ရောဂါတွေက ဝင်လာခဲ့ပါတယ်။ တဆက်တည်းဆိုသလို ချောင်းဆိုးရောဂါကို ပြင်းပြင်းထန်ထန်ရခဲ့ကာ ချောင်းဆိုးလွန်းတဲ့ ဒဏ်ကြောင့် အရိုးပွနေတဲ့ နံရိုးဟာ ကျိုးခဲ့ရတာဖြစ်ပါတယ်။

ဆရာဝန်က အရွယ်ရောက်ပြီးသူတွေဟာ ဗီတာမင်ဒီ ထုတ်လုပ်ဖို့အတွက် နေရောင်ကို ပုံမှန်ရနေကြအတိုင်း ရဖို့လိုတယ်လို့ဆိုခဲ့ကာ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ပိုဂရုစိုက်ဖို့ လိုတယ်လို့ ဆိုခဲ့ပါတယ်။

အမျိုးသမီးအနေနဲ့ တစ်နေ့ကို ဘယ်လောက်အထိ နေရောင်ခံဆေးတွေ သုံးခဲ့လဲဆိုတာကိုတော့ တိတိကျကျ မသိရပေမဲ့ ဆရာဝန်က SPF (၁၅)နဲ့အထက် လိမ်းဆေးတွေကို သုံးရင် နေကြောင့် ခန္ဓာကိုယ်မှာ ထုတ်လုပ်မယ့် ဗီတာမင်ဒီဓာတ်ဟာ (၉၉) ရာခိုင်နှုန်းအထိ လျော့နည်းသွားတယ်လို့ ရှင်းပြထားပါတယ်။

နေရောင်ခံဆေး လိမ်းသူတွေအတွက် အမျိုးသမီးလိုအဖြစ်မျိုး မကြုံရစေဖို့ အထူးဂရုစိုက်ရမယ့် အချက်ပါပဲ။

သူရေး (ဆန်းသစ်စ)

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ......''''
Knowledge
”ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ.”

”ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ.” ခ်စ္သူေတြၾကားမွာ နမ္းျခင္းဟာ မထူးဆန္းတဲ့ ကိစၥတစ္ခုဆိုတာ လူတိုင္း သိၾကပါတယ္။သို႔ေသာ္ အနမ္းနဲ႔ ပါတ္သက္ၿပီး ေကာင္းျခင္း ဆိုးျခင္းကိုေတာ့ သိေကာင္းမွသိမွာမို႔ အခ်စ္နဲ႔ပတ္သက္ၿပီး သုေတသန ျပဳရာမွာ ကမာၻေက်ာ္တဲ့ ေဒါက္တာဝီလ်ံစတိုင္းဘတ္ရဲ႕ ေလ့လာခ်က္ တစ္ခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုး နမ္းတာဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အခ်က္ဟာ ၇ ခ်က္ရွိၿပီး ဆိုးက်ိဳးဟာ ၄ မ်ိဳးရွိပါတယ္တဲ့။ အနမ္းရဲ႕ေကာင္းျခင္း မ်ား…. ၁…ခ်စ္သူတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ နမ္းေနတဲ့အခ်ိန္မွာ မိန္းမေရာ ေယာက်္ားပါ ႏွစ္ဦးစလုံးရဲ႕ မ်က္ႏွာျပင္ေပၚက ႂကြက္သားမွ်င္ေတြကို လူွပ္ရွားလာေအာင္ ဦးေႏွာက္က လူွံေဆာ္ေပးလိုက္တဲ့အတြက္ မ်က္ႏွာျပင္ေပၚမွာရွိတဲ့ ေသြးလြတ္ေၾကာေတြ စီးဆင္းမူွ …