ေနာ့သ္အန္ဘာလန္ က ေသမင္းတမန္ ပန္းၿခံ

ေနာ့သ္အန္ဘာလန္ က ေသမင္းတမန္ ပန္းၿခံ

ေမာင္ယႆ (ဇူလိုင္ ၁၂ )
ကမာၻႀကီးက ထူးထူးဆန္းဆန္းအရာေတြနဲ႔ ျပည္ႏွပ္ေနတဲ့ ေနရာတစ္ခု ပါ။ အဲ့ဒိလို ထူးဆန္းတဲ့အရာေတြထဲက ထူးဆန္းတဲ့ ေနရာတစ္ခုကို ျပပါဆိုရင္ အဂၤလန္ ေနာ့သ္အန္ဘာလန္ က ေသမင္းတမန္ပန္ၿခံ ကိုျပရမွာပါပဲ။

နော့သ်အန်ဘာလန် က သေမင်းတမန် ပန်းခြံ1

လူ႔အသက္ကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့အပင္ႀကီး အပင္ငယ္ေတြစိုက္ပ်ိဳး ထားတဲ့ ပန္ၿခံႀကီးတစ္ခုပါ။ အဲ့ဒါေၾကာင့္မို႔လို႔လည္း ကမာၻလွည့္ ခရီးသည္ ေတြကို ဆြဲေဆာင္တဲ့ ေနရာတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

အမွန္ေတာ့ ေအာန္ဝွစ္ ပန္းၿခံႀကီးထဲက အစိတ္အပိုင္းတစ္ခုပါ။ ဒါေပမဲ့ ေၾကာက္စရာေကာင္းလြန္းလို႔ အဲ့ဒိေနရာေလးကို အခိုင္အမာ ပိတ္ကာ ထားရပါတယ္။

သံတံခါးေတြ အခိုင္အမာနဲ႔ ပိတ္ကာထားတဲ့အျပင္ ဂိတ္တံခါး၀ မွာလည္း အ႐ိုးေခါင္းပုံနဲ႔ ဒိအပင္ေတြက မင္းကို သတ္ပစ္လိုက္ႏိုင္တယ္လို႔ စာကိုေဖာင္းႂကြနဲ႔ ထြင္းထားပါတယ္။ အဲ့ဒိပန္းၿခံငယ္ကေလးထဲကို လမ္းျပ မပါဘဲ လည္ပတ္ခြင့္မျပဳပါဘူး။

နော့သ်အန်ဘာလန် က သေမင်းတမန် ပန်းခြံ2

အနံ႔ရႈျခင္း ထိေတြ႕ျခင္းနဲ႔ ျမည္းစမ္းျခင္းတို႔ကို တင္းက်ပ္စြာ တာဆီးပိတ္ပင္ထားပါတယ္။ အခ်ိဳ႕ ကံမေကာင္းတဲ့ ခရီးသည္ေတြ ဆိုရင္ ပန္းၿခံထဲက ပန္းပြင့္အနံ႔ကို ရႈမိလို႔ ေမ့ေျမာသြားရတဲ့ အထိ ျဖစ္ခဲ့ပါတယ္။

ပန္းၿခံထဲမွာ အဆိပ္ပင္ ၊ေမ့ေျမာေစတတ္တဲ့ (ေတာက္ )အပင္ နဲ႔ မူးယစ္ေဆးပင္ အမ်ိဳး ရာနဲ႔ခ်ီၿပီးရွိပါတယ္။ အဲ့ ဒိအပင္ေတြက အပြင့္ လွလွေလးေတြ ပြင့္တတ္ၿပီး အခ်ိဳ႕အသီးေတြဆိုရင္ မွည့္႐ြဲၿပီး ေနၿပီး စားခ်င္စရာ ေတြပါ။

အခ်ိဳ႕အပင္ေတြမွာ သိမ္းထားခ်င္စရာ ေကာင္းေအာင္ အ႐ြက္လွလွ ေလးေတြ ထြက္ေနသလို အခ်ိဳ႕ အပင္ေတြက ေမႊးပ်ံ႕ပါတယ္။ ဒါေပမဲ့ အားလုံး က အဆိပ္ပင္ေတြပါ။

နော့သ်အန်ဘာလန် က သေမင်းတမန် ပန်းခြံ3

ဆိုင္ရာႏိုက္အဆိပ္ေငြ႕ထုတ္တဲ့ အပင္ေတြပါသလို ၊ ထိလိုက္တာနဲ႔ အေရျပားကိုေလာင္သြားႏိုင္တဲ့ အပင္ေတြလည္းရွိပါတယ္။ အဂၤလန္က ပန္းၿခံေတြက ဝင္းတံခါးမထားထားပါဘူး။ အဲ့ဒိပန္းၿခံကလြဲလို႔ေပါ့။

ပန္းၿခံေစာင့္ေတြက ညိဳးသြားတဲ့ အပင္ေတြ ေသသြာတဲ့ အပင္ေတြကို ျပန္ပ်ိဳးဖို႔ဆိုရင္ ေခါင္းစြတ္ပါတဲ့ ဝတ္စုံျပည့္နဲ႔ အလုပ္လုပ္ၾကရပါတယ္။

ပန္းၿခံေစာင့္ေတြရဲ႕ အဓိက ျပႆနာက ပန္းၿခံကိုလာေရာက္ လည္ပတ္သူေတြက အဲ့ဒိအပင္ေတြကို ႏႈတ္ယူသြားခ်င္ၾကတာပါပဲ။ အရမ္းအႏၲရာယ္ရွိလို႔ အခ်ိဳ႕အပင္ေတြဆိုရင္ သံဆန္ခါ နဲ႔ ကို အုပ္ထား ရပါတယ္။

နော့သ်အန်ဘာလန် က သေမင်းတမန် ပန်းခြံ4

REF: The Mirror Photo credit : The mirror

unicode

နော့သ်အန်ဘာလန် က သေမင်းတမန် ပန်းခြံ

မောင်ယဿ (ဇူလိုင် ၁၂ )
ကမ္ဘာကြီးက ထူးထူးဆန်းဆန်းအရာတွေနဲ့ ပြည်နှပ်နေတဲ့ နေရာတစ်ခု ပါ။ အဲ့ဒိလို ထူးဆန်းတဲ့အရာတွေထဲက ထူးဆန်းတဲ့ နေရာတစ်ခုကို ပြပါဆိုရင် အင်္ဂလန် နော့သ်အန်ဘာလန် က သေမင်းတမန်ပန်ခြံ ကိုပြရမှာပါပဲ။

လူ့အသက်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အပင်ကြီး အပင်ငယ်တွေစိုက်ပျိုး ထားတဲ့ ပန်ခြံကြီးတစ်ခုပါ။ အဲ့ဒါကြောင့်မို့လို့လည်း ကမ္ဘာလှည့် ခရီးသည် တွေကို ဆွဲဆောင်တဲ့ နေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

အမှန်တော့ အောန်ဝှစ် ပန်းခြံကြီးထဲက အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ ကြောက်စရာကောင်းလွန်းလို့ အဲ့ဒိနေရာလေးကို အခိုင်အမာ ပိတ်ကာ ထားရပါတယ်။

သံတံခါးတွေ အခိုင်အမာနဲ့ ပိတ်ကာထားတဲ့အပြင် ဂိတ်တံခါး၀ မှာလည်း အရိုးခေါင်းပုံနဲ့ ဒိအပင်တွေက မင်းကို သတ်ပစ်လိုက်နိုင်တယ်လို့ စာကိုဖောင်းကြွနဲ့ ထွင်းထားပါတယ်။ အဲ့ဒိပန်းခြံငယ်ကလေးထဲကို လမ်းပြ မပါဘဲ လည်ပတ်ခွင့်မပြုပါဘူး။

အနံ့ရှုခြင်း ထိတွေ့ခြင်းနဲ့ မြည်းစမ်းခြင်းတို့ကို တင်းကျပ်စွာ တာဆီးပိတ်ပင်ထားပါတယ်။ အချို့ ကံမကောင်းတဲ့ ခရီးသည်တွေ ဆိုရင် ပန်းခြံထဲက ပန်းပွင့်အနံ့ကို ရှုမိလို့ မေ့မြောသွားရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ပန်းခြံထဲမှာ အဆိပ်ပင် ၊မေ့မြောစေတတ်တဲ့ (တောက် )အပင် နဲ့ မူးယစ်ဆေးပင် အမျိုး ရာနဲ့ချီပြီးရှိပါတယ်။ အဲ့ ဒိအပင်တွေက အပွင့် လှလှလေးတွေ ပွင့်တတ်ပြီး အချို့အသီးတွေဆိုရင် မှည့်ရွဲပြီး နေပြီး စားချင်စရာ တွေပါ။

အချို့အပင်တွေမှာ သိမ်းထားချင်စရာ ကောင်းအောင် အရွက်လှလှ လေးတွေ ထွက်နေသလို အချို့ အပင်တွေက မွှေးပျံ့ပါတယ်။ ဒါပေမဲ့ အားလုံး က အဆိပ်ပင်တွေပါ။

ဆိုင်ရာနိုက်အဆိပ်ငွေ့ထုတ်တဲ့ အပင်တွေပါသလို ၊ ထိလိုက်တာနဲ့ အရေပြားကိုလောင်သွားနိုင်တဲ့ အပင်တွေလည်းရှိပါတယ်။ အင်္ဂလန်က ပန်းခြံတွေက ဝင်းတံခါးမထားထားပါဘူး။ အဲ့ဒိပန်းခြံကလွဲလို့ပေါ့။

ပန်းခြံစောင့်တွေက ညိုးသွားတဲ့ အပင်တွေ သေသွာတဲ့ အပင်တွေကို ပြန်ပျိုးဖို့ဆိုရင် ခေါင်းစွတ်ပါတဲ့ ဝတ်စုံပြည့်နဲ့ အလုပ်လုပ်ကြရပါတယ်။

ပန်းခြံစောင့်တွေရဲ့ အဓိက ပြဿနာက ပန်းခြံကိုလာရောက် လည်ပတ်သူတွေက အဲ့ဒိအပင်တွေကို နှုတ်ယူသွားချင်ကြတာပါပဲ။ အရမ်းအန္တရာယ်ရှိလို့ အချို့အပင်တွေဆိုရင် သံဆန်ခါ နဲ့ ကို အုပ်ထား ရပါတယ်။

REF: The Mirror Photo credit : The mirror

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ေလထဲက ကာဗြန္ေတြကိုစုပ္ဖို့ အစၥေရးက နည္းပညာျမင့္ မိုးပ်ံပူေဖာင္းႀကီးေတြ လႊတ္တင္ဖို့ စီစဥ္ေန
International-news
ေလထဲက ကာဗြန္ေတြကိုစုပ္ဖို့ အစၥေရးက နည္းပညာျမင့္ မိုးပ်ံပူေဖာင္းႀကီးေတြ လႊတ္တင္ဖို့ စီစဥ္ေန

ေလထဲက ကာဗြန္ေတြကိုစုပ္ဖို့ အစၥေရးက နည္းပညာျမင့္ မိုးပ်ံပူေဖာင္းႀကီးေတြ လႊတ္တင္ဖို့ စီစဥ္ေန ေမာင္ယႆ ( နိုဝင္ဘာ ၅ ) ကမၻာႀကီး ပူေႏြးလာေစရန္ လုပ္ေနတဲ့ ကမၻာ့ေလထုအေပၚလြာမွာ ရွိတဲ့ ကာဗြန္ေတြကို စုပ္ယူဖို့အတြက္ နည္းပညာ ျမင့္မိုးပ်ံပူေဖာင္း ႀကီးေတြကို လႊတ္တင္ဖို့ အစၥေရးက စမ္းသက္မွုေတြလုပ္ေနပါတယ္။ ကမၻာ့ေလထုထဲကို ကာဗြန္ေတြကို စုတ္ယူၿပီး ျပန္လည္ အသုံးျပဳလို့ရတဲ့ နည္းပညာတစ္ရပ္ကို တီထြင္နိုင္ၿပီ ျဖစ္ေပမဲ့ စမ္းသက္မွုေတြ လုပ္ရဦးမွာပါ။ ေလာေလာဆယ္ ပထမဦးဆုံး တစ္လုံးကို စမ္းသက္လႊတ္ တင္ထားပါတယ္။ ကမၻာ့ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုက္ကို စိုက္ပ်ိဳးေရး စက္မွုလုပ္ငန္းေတြနဲ႔ ႐ုပ္ႂကြင္းေလာင္စာ အသုံးျပဳမွုကေန ထုတ္လႊတ္ေပးလိုက္တာပါ။ လက္ရွိ ကမၻာမွာျဖစ္ေပၚေနတဲ့ ပူေႏြးလာမွုရဲ့ …

သူပုန္ေတြ ခ်ီတက္လာလို့ အီသီယိုပီးယားမွာ အေရးေပၚအေျခအေနေၾကညာ
International-news
သူပုန္ေတြ ခ်ီတက္လာလို့ အီသီယိုပီးယားမွာ အေရးေပၚအေျခအေနေၾကညာ

သူပုန္ေတြ ခ်ီတက္လာလို့ အီသီယိုပီးယားမွာ အေရးေပၚအေျခအေနေၾကညာ ေမာင္ယႆ ( နိုဝင္ဘာ ၃ ) တိုက္ဂေရးေဒသ ေျမာက္ပိုင္းမွာေနတဲ့ သူပုန္ေတြတပ္က ၿမိဳ့ ေတာ္နားအထိ ခ်ီတက္လာတဲ့ အတြက္ တိုင္ျပည္အေရးေပၚအေျခအေန ေၾကညာေၾကာင္း အီသီယိုပီးယား အစိုးရက မေန႔က ေၾကညာလိုက္ပါတယ္။ တိုက္ဂေရးျပည္သူ႔လြတ္ေျမာက္ေရး တပ္ဦး (TPLF) ရဲ့ တပ္ေတြက ၿမိဳ့ေတာ္ အက္ဒစ္အာဘာဒါ ကို သြားတဲ့ လမ္းေၾကာင္းေပၚမွာရွိတဲ့ ဒက္ဆီနဲ႔ ကြန္ေဘာ္ခ်ာၿမိဳ့ေတြကို သိမ္ပိုက္ထားလိုက္ပါၿပီ။ သူပုန္တပ္ေတြ ခ်ီတက္လာၿပီျဖစ္လို့ ၿမိဳ့ေတာ္အနီးတဝိုက္ နဲ႔ ၿမိဳကေတာ္ေန ျပညသူမ်ား ရရာလက္နက္စြဲကိုင္ၿပီး သူပုန္ေတြ ကို ျပန္လည္တိုက္ခိုက္ဖို့ ျပင္ဆင္ၾကပါဆိုၿပီး ဝန္ႀကီးခ်ဳပ္ အာဘီယီအာမက္ က သတိေပးႏွိုးေဆာ္ထားပါတယ္။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …