ေနမာက သူသြင္းတဲ့ဂိုးက ကိုဘီဘ႐ိုင္းရန႔္ ကိုရည္စူးတယ္လို႔ ေဖာ္ျပခဲ့

ေနမာက သူသြင္းတဲ့ဂိုးက ကိုဘီဘ႐ိုင္းရန႔္ ကိုရည္စူးတယ္လို႔ ေဖာ္ျပခဲ့
Sport

ေနမာက သူသြင္းတဲ့ဂိုးက ကိုဘီဘ႐ိုင္းရန႔္ ကိုရည္စူးတယ္လို႔ ေဖာ္ျပခဲ့

ပီအက္စ္ဂ်ီ အသင္းက စူပါစတား ေဘာလုံးသမား ေနမာက သူသြင္းတဲ့ ဂိုးက မေတာ္တဆမႈနဲ႔ ေသဆုံးသြားတဲ့ NBA အေမရိကန္ ဘတ္စကတ္ေဘာ ကစားသမား ကိုဘီဘ႐ိုင္ရန႔္ကို ရည္စူးတဲ့အေၾကာင္း သူ႔ရဲ႕ စိတ္ခံစားမႈကို ျပခဲ့ပါတယ္ ။

မေန႔က (တနဂၤေႏြ) ကယ္လီဖိုးနီးယားမွာ အေမရိကန္ ဘတ္စကတ္ေဘာ ကစားသမား ကိုဘီဘ႐ိုင္ရန႔္နဲ႔ သူ႔သမီးငယ္တို႔ ရဟတ္ယာဥ္ ပ်က္က် မီးေလာင္ ေပါက္ကြဲၿပီး ေသဆုံးခဲ့ ပါတယ္ ။ ေနမာက ၿပိဳင္ဘက္အသင္း လိုင္လီကို ဂိုးသြင္းယူၿပီးေနာက္ ဘ႐ိုင္ရန႔္ အေပၚ သူ႔ရဲ႕ စိတ္ထိခိုက္ မႈကို ျပသတဲ့အေနနဲ႔ ကင္မရာေရွ႕ကို လာၿပီး ဘ႐ိုင္ရန႔္ရဲ႕ ေက်ာနံပါတ္ ၂၄ ကို လက္ေထာင္ ျပသခဲ့ ပါတယ္ ။

အဲ့ဒိလို သူ႔ရဲ႕ ေၾကကြဲမႈကို ပရိသက္ သိေအာင္ ျပသႏိုင္ဖို႔ အတြက္ ေနမာက ပြဲစဥ္ တစ္ေလွ်ာက္လုံး အားသြန္ခြန္စိုက္ ကစားၿပီး ဂိုးမရ ရေအာင္သြင္းဖို႔ ႀကိဳးစားခဲ့ ေပမဲ့ ပထမပိုင္းမွာ မရခဲ့ဘဲ ဒုတိယပိုင္းမွာ ရတဲ့ ပယ္နယ္တီ သြင္းယူၿပီးမွ သူျပသခြင့္ ရခဲ့တာပါ ။ ၿပီးေတာ့ သူက လက္အုပ္ခ်ီၿပီးေနာက္ ေကာင္းကင္ဘုံကို လက္ညိဳးထိုးျပခဲ့ ပါတယ္ ။

ေနမာနဲ႔ ဘ႐ိုင္ရန႔္တို႔က ၂၀၁၇ တုန္းက ပီအက္စ္ဂ်ီ ကြင္းမွာ ကာယ ေလ့က်င့္ခန္း အတူတူ ေလ့က်င့္ဖူးပါတယ္ ။ သူတို႔က ခဏပိုင္းေလး အတူတူ ေလ့က်င့္ခဲ့ ဖူးေပမဲ့ အလြန္ ရင္းႏွီးတဲ့ မိတ္ေဆြေတြ ျဖစ္ခဲ့ ၾကပါတယ္ ။ ဘရာဇီး ေဘာလုံးသမား ေနမာက သူတို႔ ၂ ဦး အတူတူ ေလ့က်င္ခန္း လုပ္ခဲ့တဲ့ ဗီဒီယိုဖိုင္ကေလးကို သူ႔ရဲ႕ တြစ္တာမွာ တင္ခဲ့ပါတယ္ ။

ဘ႐ိုင္းရန႔္ ကေတာ့ အီတလီမွာ ႀကီးျပင္းလာခဲ့သူ ျဖစ္လို႔ သူ႔အႀကိဳက္ ေဘာလုံးအသင္း ကေတာ့ ေအစီမီလန္ အသင္း ျဖစ္ပါတယ္ ။ ေနာက္ပိုင္းမွာ ဘာစီလိုနာ ပရိသက္ တစ္ေယာက္ျဖစ္ခဲ့ၿပီး မက္ဆီတို႔ ေရာနယ္ဒင္ဟိုတို႔နဲ႔ ရင္းႏွီးခင္မင္မႈ ရွိခဲ့ပါတယ္ ။ ဘ႐ိုင္းရန႔္က တကယ္လို႔ သူ ဘက္စကတ္ေဘာမကစားျဖစ္ခဲ့ရင္ သူ ေဘာလုံးသမားတစ္ေယာက္ ျဖစ္ေနၿပီဟုလည္း ဝန္ခံဖူးပါတယ္။ သူက ေဘာလုံးကစားျခင္းရဲ႕ လွည့္ကြက္ေတြနဲ႔ အတားအဆီးေတြကို ေက်ာ္ျဖတ္ပုံနည္းေတြကို ႀကိဳက္တယ္လို႔လည္းေျပာဖူးပါတယ္။ အခုေတာ့သူက သူခ်စ္တဲ့ ဘတ္စကတ္ေဘာကိုေရာ ေဘာလုံးကိုပါ စြန႔္ခြာသြားခဲ့ပါၿပီ။

ေမာင္ယႆ REF: the mirror

Unicode

နေမာက သူသွင်းတဲ့ဂိုးက ကိုဘီဘရိုင်းရန့် ကိုရည်စူးတယ်လို့ ဖော်ပြခဲ့

ပီအက်စ်ဂျီ အသင်းက စူပါစတား ဘောလုံးသမား နေမာက သူသွင်းတဲ့ ဂိုးက မတော်တဆမှုနဲ့ သေဆုံးသွားတဲ့ NBA အမေရိကန် ဘတ်စကတ်ဘော ကစားသမား ကိုဘီဘရိုင်ရန့်ကို ရည်စူးတဲ့အကြောင်း သူ့ရဲ့ စိတ်ခံစားမှုကို ပြခဲ့ပါတယ် ။

မနေ့က (တနင်္ဂနွေ) ကယ်လီဖိုးနီးယားမှာ အမေရိကန် ဘတ်စကတ်ဘော ကစားသမား ကိုဘီဘရိုင်ရန့်နဲ့ သူ့သမီးငယ်တို့ ရဟတ်ယာဉ် ပျက်ကျ မီးလောင် ပေါက်ကွဲပြီး သေဆုံးခဲ့ ပါတယ် ။ နေမာက ပြိုင်ဘက်အသင်း လိုင်လီကို ဂိုးသွင်းယူပြီးနောက် ဘရိုင်ရန့် အပေါ် သူ့ရဲ့ စိတ်ထိခိုက် မှုကို ပြသတဲ့အနေနဲ့ ကင်မရာရှေ့ကို လာပြီး ဘရိုင်ရန့်ရဲ့ ကျောနံပါတ် ၂၄ ကို လက်ထောင် ပြသခဲ့ ပါတယ် ။

အဲ့ဒိလို သူ့ရဲ့ ကြေကွဲမှုကို ပရိသက် သိအောင် ပြသနိုင်ဖို့ အတွက် နေမာက ပွဲစဉ် တစ်လျှောက်လုံး အားသွန်ခွန်စိုက် ကစားပြီး ဂိုးမရ ရအောင်သွင်းဖို့ ကြိုးစားခဲ့ ပေမဲ့ ပထမပိုင်းမှာ မရခဲ့ဘဲ ဒုတိယပိုင်းမှာ ရတဲ့ ပယ်နယ်တီ သွင်းယူပြီးမှ သူပြသခွင့် ရခဲ့တာပါ ။ ပြီးတော့ သူက လက်အုပ်ချီပြီးနောက် ကောင်းကင်ဘုံကို လက်ညိုးထိုးပြခဲ့ ပါတယ် ။

နေမာနဲ့ ဘရိုင်ရန့်တို့က ၂၀၁၇ တုန်းက ပီအက်စ်ဂျီ ကွင်းမှာ ကာယ လေ့ကျင့်ခန်း အတူတူ လေ့ကျင့်ဖူးပါတယ် ။ သူတို့က ခဏပိုင်းလေး အတူတူ လေ့ကျင့်ခဲ့ ဖူးပေမဲ့ အလွန် ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ ကြပါတယ် ။ ဘရာဇီး ဘောလုံးသမား နေမာက သူတို့ ၂ ဦး အတူတူ လေ့ကျင်ခန်း လုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကလေးကို သူ့ရဲ့ တွစ်တာမှာ တင်ခဲ့ပါတယ် ။

ဘရိုင်းရန့် ကတော့ အီတလီမှာ ကြီးပြင်းလာခဲ့သူ ဖြစ်လို့ သူ့အကြိုက် ဘောလုံးအသင်း ကတော့ အေစီမီလန် အသင်း ဖြစ်ပါတယ် ။ နောက်ပိုင်းမှာ ဘာစီလိုနာ ပရိသက် တစ်ယောက်ဖြစ်ခဲ့ပြီး မက်ဆီတို့ ရောနယ်ဒင်ဟိုတို့နဲ့ ရင်းနှီးခင်မင်မှု ရှိခဲ့ပါတယ် ။ ဘရိုင်းရန့်က တကယ်လို့ သူ ဘက်စကတ်ဘောမကစားဖြစ်ခဲ့ရင် သူ ဘောလုံးသမားတစ်ယောက် ဖြစ်နေပြီဟုလည်း ဝန်ခံဖူးပါတယ်။ သူက ဘောလုံးကစားခြင်းရဲ့ လှည့်ကွက်တွေနဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပုံနည်းတွေကို ကြိုက်တယ်လို့လည်းပြောဖူးပါတယ်။ အခုတော့သူက သူချစ်တဲ့ ဘတ်စကတ်ဘောကိုရော ဘောလုံးကိုပါ စွန့်ခွာသွားခဲ့ပါပြီ။

မောင်ယဿ REF: the mirror

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …