ေတာလီးဝုဒ္ နာမည္ႀကီးမင္းသား ဗီေဂ်ကို အခြန္အာဏါပိုင္ေတြက စီးႏွင္းမႈျပဳလုပ္
- By : Phoe Linn
- Category : Entertainment, International-news

ေတာလီးဝုဒ္ နာမည္ႀကီးမင္းသား ဗီေဂ်ကို အခြန္အာဏါပိုင္ေတြက စီးႏွင္းမႈျပဳလုပ္
တမီးလ္ ႐ုပ္ရွင္ကားေတြမွာ နာမည္ႀကီးမင္းသား သာလာပသီ ဗီေဂ်ကို အခြန္တိမ္းေရွာင္မႈနဲ႔ အခြန္ အာဏါပိုင္ေတြက ဝင္ေရာက္ စီးႏွင္းမႈကို လုပ္ၾကပါတယ္။ ၂၀၁၉ ခုႏွစ္က ႐ုံတင္ခဲ့တဲ့ BIJIL ကားက ဝင္ေငြ ကုေဋ ၃၀၀ ေက်ာ္ ရရွိခဲ့ေသာ္လည္း ၎ကား အတြက္ ဝင္ေငြခြန္ မေဆာင္မႈေၾကာင့္ အခြန္႐ုံးက မင္းသားကို ႐ိုက္ကြင္းထဲထိ လိုက္ကာ စစ္ေဆး ေမးျမန္းမႈေတြ လုပ္ခဲ့ပါတယ္။ ၎အျပင္ ႐ုပ္ရွင္ကုမၸဏီ AGS အပါအဝင္ ေနရာ ၂၀ ကို အခြန္အရာရွိေတြက စစ္ေဆးမႈေတြကိုလည္း လုပ္ခဲ့ပါတယ္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ကတည္းကေန ဗီလီက ႐ိုက္ကြင္းမွာ ႐ုပ္ရွင္ ႐ိုက္ေနတဲ့ မင္းသားဆီကို ဝင္ေငြခြန္ စစ္ေဆးေရး အာဏါပိုင္ေတြက ေရာက္ရွိလာၿပီး ႐ိုက္ကြင္းကို ရပ္ခိုင္ထားၿပီး အဲ့ဒီေနရာမွာတင္ စစ္ေဆး ေမးျမန္းမႈေတြကို လုပ္ပါတယ္။ ဒီကေန႔ေတာ့ မင္းသားက ေမြးရပ္ေျမ ခ်န္ႏိုင္းကို ျပန္ေရာက္လာပါၿပီ။ ႐ုပ္ရွင္ထုတ္လုပ္သူ အန္ဘူခ်က္ ဇီယန္က မင္းသားကို ေပးရတဲ့ ေၾကးနဲ႔ ႐ုပ္ရွင္ျပသလို႔ရတဲ့ ဝင္ေငြေတြကို အစိုးရကို မေၾကညာတဲ့အတြက္ အခြန္ကလိုက္တာပါ။
အတြင္း သတင္းတစ္ရပ္အရ ထုပ္လုပ္သူက ပိုက္ဆံေခ်းငွားၿပီး ႐ုပ္ရွင္ကို ႐ိုက္ၿပီးေနာက္ အေႂကြးကိုမဆပ္ဘဲေရွာင္ေနတဲ့အတြက္ အေႂကြးရွင္ေတြက တိုင္တဲ့အတြက္ ေၾကာင့္လို႔ သိရေသာ္လည္း တိက်တဲ့ သတင္းေတာ့ မဟုတ္ပါ။ ၂၀၁၇ ခုႏွစ္တုန္းကလည္း တမီးလ္႐ုပ္ရွင္ ထုတ္လုပ္သူ အာဆြတ္ကူမားဆိုသူက အေႂကြးမဆပ္ ႏိုင္လို႔ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံခဲ့ပါတယ္။ ေနဗီလီက ေက်ာက္မီးေသြး မိုင္းေတြမွာ ဗီေဂ်ရဲ႕ ေနာက္ထြက္မယ့္ ႐ုပ္ရွင္ master ကို ႐ိုက္ေနတာပါ။
မင္းသားက အခြန္အရာရွိေတြကို သူ႔အေနနဲ႔ အခြန္ ေဆာင္ထားၿပီးခဲ့ေၾကာင္း ရွင္းျပေပမဲ့ အခြန္အရာရွိေတြက ဝင္ေငြ ဘယ္ေလာက္ရတယ္ဆိုတာကို မေၾကညာတဲ့အတြက္ စစ္ေဆးရတာျဖစ္တယ္လို႔ ရွင္းခဲ့ပါတယ္။ အခုေတာ့ ခ်န္ႏိုင္း တရား႐ုံးမွာ မင္းသားကိုယ္တိုင္ လာေရာက္ ရွင္းလင္းရမွာပါ။
သာလာပသီ ဗီေဂ်းက ေတာလီးဝုဒ္မွာ နာမည္အႀကီးဆုံးနဲ႔ ဝင္ေငြ အျမင့္ဆုံး မင္းသား ျဖစ္ပါတယ္။ သူက ႐ုပ္ရွင္မင္းသားအျပင္ ေနာက္ခံေတးဆိုသူ ကေခ်သည္အျဖစ္ အသက္ေမြးဝမ္းေက်ာင္း ျပဳပါတယ္။
ေမာင္ယႆ Ref; bollywoodlife photo :youtube
Unicode
တောလီးဝုဒ် နာမည်ကြီးမင်းသား ဗီဂျေကို အခွန်အာဏါပိုင်တွေက စီးနှင်းမှုပြုလုပ်
တမီးလ် ရုပ်ရှင်ကားတွေမှာ နာမည်ကြီးမင်းသား သာလာပသီ ဗီဂျေကို အခွန်တိမ်းရှောင်မှုနဲ့ အခွန် အာဏါပိုင်တွေက ဝင်ရောက် စီးနှင်းမှုကို လုပ်ကြပါတယ်။ ၂၀၁၉ ခုနှစ်က ရုံတင်ခဲ့တဲ့ BIJIL ကားက ဝင်ငွေ ကုဋေ ၃၀၀ ကျော် ရရှိခဲ့သော်လည်း ၎င်းကား အတွက် ဝင်ငွေခွန် မဆောင်မှုကြောင့် အခွန်ရုံးက မင်းသားကို ရိုက်ကွင်းထဲထိ လိုက်ကာ စစ်ဆေး မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ၎င်းအပြင် ရုပ်ရှင်ကုမ္ပဏီ AGS အပါအဝင် နေရာ ၂၀ ကို အခွန်အရာရှိတွေက စစ်ဆေးမှုတွေကိုလည်း လုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းကနေ ဗီလီက ရိုက်ကွင်းမှာ ရုပ်ရှင် ရိုက်နေတဲ့ မင်းသားဆီကို ဝင်ငွေခွန် စစ်ဆေးရေး အာဏါပိုင်တွေက ရောက်ရှိလာပြီး ရိုက်ကွင်းကို ရပ်ခိုင်ထားပြီး အဲ့ဒီနေရာမှာတင် စစ်ဆေး မေးမြန်းမှုတွေကို လုပ်ပါတယ်။ ဒီကနေ့တော့ မင်းသားက မွေးရပ်မြေ ချန်နိုင်းကို ပြန်ရောက်လာပါပြီ။ ရုပ်ရှင်ထုတ်လုပ်သူ အန်ဘူချက် ဇီယန်က မင်းသားကို ပေးရတဲ့ ကြေးနဲ့ ရုပ်ရှင်ပြသလို့ရတဲ့ ဝင်ငွေတွေကို အစိုးရကို မကြေညာတဲ့အတွက် အခွန်ကလိုက်တာပါ။
အတွင်း သတင်းတစ်ရပ်အရ ထုပ်လုပ်သူက ပိုက်ဆံချေးငှားပြီး ရုပ်ရှင်ကို ရိုက်ပြီးနောက် အကြွေးကိုမဆပ်ဘဲရှောင်နေတဲ့အတွက် အကြွေးရှင်တွေက တိုင်တဲ့အတွက် ကြောင့်လို့ သိရသော်လည်း တိကျတဲ့ သတင်းတော့ မဟုတ်ပါ။ ၂၀၁၇ ခုနှစ်တုန်းကလည်း တမီးလ်ရုပ်ရှင် ထုတ်လုပ်သူ အာဆွတ်ကူမားဆိုသူက အကြွေးမဆပ် နိုင်လို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပါတယ်။ နေဗီလီက ကျောက်မီးသွေး မိုင်းတွေမှာ ဗီဂျေရဲ့ နောက်ထွက်မယ့် ရုပ်ရှင် master ကို ရိုက်နေတာပါ။
မင်းသားက အခွန်အရာရှိတွေကို သူ့အနေနဲ့ အခွန် ဆောင်ထားပြီးခဲ့ကြောင်း ရှင်းပြပေမဲ့ အခွန်အရာရှိတွေက ဝင်ငွေ ဘယ်လောက်ရတယ်ဆိုတာကို မကြေညာတဲ့အတွက် စစ်ဆေးရတာဖြစ်တယ်လို့ ရှင်းခဲ့ပါတယ်။ အခုတော့ ချန်နိုင်း တရားရုံးမှာ မင်းသားကိုယ်တိုင် လာရောက် ရှင်းလင်းရမှာပါ။
သာလာပသီ ဗီဂျေးက တောလီးဝုဒ်မှာ နာမည်အကြီးဆုံးနဲ့ ဝင်ငွေ အမြင့်ဆုံး မင်းသား ဖြစ်ပါတယ်။ သူက ရုပ်ရှင်မင်းသားအပြင် နောက်ခံတေးဆိုသူ ကချေသည်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုပါတယ်။
မောင်ယဿ Ref; bollywoodlife photo :youtube
No Comments