ေတာမီးေလာင္ ၿပီးေတာ့ ေရေတြႀကီးတဲ့ ၾသစေတးလွ်
- By : Phoe Linn
- Category : International-news

ေတာမီးေလာင္ ၿပီးေတာ့ ေရေတြႀကီးတဲ့ ၾသစေတးလွ်
မႏွစ္က ေတာမီးေတြ ေလာင္လို႔ ႐ုန္းကန္ေနရတဲ့ ၾသစေတးလွ် နယူေဆာက္ေဝးျပည္နယ္က အခုမိုးေတြႀကီးၿပီး ေရလႊမ္းလို႔ ေတာေကာင္ ကပ္သင့္ေနရျပန္ၿပီ။ အခု သူတို႔က ေရလြတ္ရာ ကုန္းေျမျမင့္ေတြဆီကို ေ႐ြ႕ေျပာင္း ေနရပါတယ္။ နယူေဆာက္ေဝးက ကြန္ဂ်ိဳလာကန္ အနီးတစ္ဝိုက္က ေတာမီးေတြရဲ႕ ေလာင္ကြၽမ္းမႈကို ခံ ရ ၿပီး ေနာက္ မွာ ေတာ့ အခု ေရျပင္ ႀကီးေအာက္ ကို ေရာက္ သြား ျပန္ ၿပီ။
ေတာ႐ိုင္းတိရစာၦန္ေတြကေတာ့ ေရႏွစ္ျမဳပ္မယ့္ ေဘးကေနကင္းေဝးေအာင္လို႔ ႐ုန္းကန္ေနရပါတယ္။ ျပင္းတန္တဲ့မိုးေတြ ႐ြာခ်တဲ့အတြက္ ကန္ႀကီးလည္းေရျပည့္လွ်ံတဲ့အျပင္ ကန္ႀကီးအနီးတစ္ဝိုက္ နယ္ပယ္ေဒသေတြမွာ ေရႀကီးေရလွ်ံျဖစ္ေနပါတယ္။ အမ်ားျပည္သူေတြကေတာ့ ေလွကေလးေတြ ေဖာင္ေတြလုပ္ၿပီး သြားလာၾကေပမဲ့ ေတာေကာင္းေတြကေတာ့ ဘာမွမတတ္ႏိုင္ဘူးျဖစ္ ေနပါတယ္။ သားပိုက္ေကာင္ေတြကေတာ့ ေရကူးၿပီး တစ္ေနရာကေန တစ္ေနရာကို ကူး ခတ္ သြား ေန ပါ တယ္။ အဲ့ ဒီ ကန္ ႀကီး နား တစ္ ဝိုက္ က န ယူ ရီး ယာ ည မွာ မီး စ ေလာင္ တာ ပါ။
မီးေတြေလာင္ၿပီး ၆ပတ္အၾကာမွာ မိုးေတြသည္းႀကီးမဲႀကီး ႐ြာခ်ေတာ့တာပါပဲ။ ေဒလီးေမးလ္ သတင္းဌာန အဆိုအရ မိသားစု ၈၉ စုကို ေ႐ြ႕ေျပာင္းေပးလိုက္ရပါၿပီ။ နယူးေဆာက္ေ၀ နဲ႔ ကြင္းစလန္ေတာင္ပိုင္း တစ္ခုလုံးေရႀကီး ေရလွ်ံျဖစ္လို႔ အဲ့ဒိေဒသတစ္ခုလုံးကို လွ်ပ္စစ္မီး ျဖတ္ေတာက္ထားရတယ္။ ဒါဇင္နဲ႔ခ်ီတဲ့ စာ သင္ ေက်ာင္း ေတြ ကို လည္း ပိတ္ ထား ရ ပါ တယ္။
ေရႀကီးတဲ့ေဒသေတြအတြက္ အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနပါတယ္။ ႏိုင္ငံတကာ ဇလေဗဒအသင္းကေတာ့ ရာသီဥတု အစြန္းေရာက္လာျခင္းက ကမာၻႀကီး ပူေႏြးလာမႈနဲ႔ တိုက္႐ိုက္သက္ဆိုင္ေနတာပါလို႔ ဆိုၾကတယ္။ ကမာၻ႔ရာသီစည္းခ်က္ကို ထိန္းညႇိေပးႏိုင္ဖို႔အတြက္ ကာဗြန္ထုတ္လုပ္မႈနဲ႔ ပလက္စတစ္ အ သုံး ျပဳ မႈ ေလ်ာ့ ခ် ဖို႔ လို ေၾကာင္း သူ တို႔ က ဆို တယ္။
ေမာင္ယႆ REF: world of buzz photo ; daily mail
Unicode
တောမီးလောင် ပြီးတော့ ရေတွေကြီးတဲ့ သြစတေးလျှ
မနှစ်က တောမီးတွေ လောင်လို့ ရုန်းကန်နေရတဲ့ သြစတေးလျှ နယူဆောက်ဝေးပြည်နယ်က အခုမိုးတွေကြီးပြီး ရေလွှမ်းလို့ တောကောင် ကပ်သင့်နေရပြန်ပြီ။ အခု သူတို့က ရေလွတ်ရာ ကုန်းမြေမြင့်တွေဆီကို ရွေ့ပြောင်း နေရပါတယ်။ နယူဆောက်ဝေးက ကွန်ဂျိုလာကန် အနီးတစ်ဝိုက်က တောမီးတွေရဲ့ လောင်ကျွမ်းမှုကို ခံ ရ ပြီး နောက် မှာ တော့ အခု ရေပြင် ကြီးအောက် ကို ရောက် သွား ပြန် ပြီ။
တောရိုင်းတိရစ္ဆာန်တွေကတော့ ရေနှစ်မြုပ်မယ့် ဘေးကနေကင်းဝေးအောင်လို့ ရုန်းကန်နေရပါတယ်။ ပြင်းတန်တဲ့မိုးတွေ ရွာချတဲ့အတွက် ကန်ကြီးလည်းရေပြည့်လျှံတဲ့အပြင် ကန်ကြီးအနီးတစ်ဝိုက် နယ်ပယ်ဒေသတွေမှာ ရေကြီးရေလျှံဖြစ်နေပါတယ်။ အများပြည်သူတွေကတော့ လှေကလေးတွေ ဖောင်တွေလုပ်ပြီး သွားလာကြပေမဲ့ တောကောင်းတွေကတော့ ဘာမှမတတ်နိုင်ဘူးဖြစ် နေပါတယ်။ သားပိုက်ကောင်တွေကတော့ ရေကူးပြီး တစ်နေရာကနေ တစ်နေရာကို ကူး ခတ် သွား နေ ပါ တယ်။ အဲ့ ဒီ ကန် ကြီး နား တစ် ဝိုက် က န ယူ ရီး ယာ ည မှာ မီး စ လောင် တာ ပါ။
မီးတွေလောင်ပြီး ၆ပတ်အကြာမှာ မိုးတွေသည်းကြီးမဲကြီး ရွာချတော့တာပါပဲ။ ဒေလီးမေးလ် သတင်းဌာန အဆိုအရ မိသားစု ၈၉ စုကို ရွေ့ပြောင်းပေးလိုက်ရပါပြီ။ နယူးဆောက်ေ၀ နဲ့ ကွင်းစလန်တောင်ပိုင်း တစ်ခုလုံးရေကြီး ရေလျှံဖြစ်လို့ အဲ့ဒိဒေသတစ်ခုလုံးကို လျှပ်စစ်မီး ဖြတ်တောက်ထားရတယ်။ ဒါဇင်နဲ့ချီတဲ့ စာ သင် ကျောင်း တွေ ကို လည်း ပိတ် ထား ရ ပါ တယ်။
ရေကြီးတဲ့ဒေသတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ နိုင်ငံတကာ ဇလဗေဒအသင်းကတော့ ရာသီဥတု အစွန်းရောက်လာခြင်းက ကမ္ဘာကြီး ပူနွေးလာမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတာပါလို့ ဆိုကြတယ်။ ကမ္ဘာ့ရာသီစည်းချက်ကို ထိန်းညှိပေးနိုင်ဖို့အတွက် ကာဗွန်ထုတ်လုပ်မှုနဲ့ ပလက်စတစ် အ သုံး ပြု မှု လျော့ ချ ဖို့ လို ကြောင်း သူ တို့ က ဆို တယ်။
မောင်ယဿ REF: world of buzz photo ; daily mail
No Comments