
International-news







မောင်ယဿ


Unicode

တောင်ကိုရီးယား အပ်မှိုမှာ ပိုးပါလို့ အမေရိကားမှာ ၄ဦးသေ ၃၂ ဦးဆေးရုံ တင်လိုက်ရ

တောင်ကိုရီးယားက တင်သွင်းတဲ့ အပ်မှို လို့ခေါ်တဲ့ အီနိုကီမှို မှာ လစ်စတီးရီးယားပိုးတွေ ပါလာလို့ ၄ ဦးသေဆုံးပြီး ၃၂ ဦး ဆေးရုံတင် လိုက်ရပါတယ် ။ ဆေးရုံ တင်လိုက်ရတဲ့ သူတွေထဲမှာ ၆ ဦးက ကိုယ်ဝန်ဆောင် သည်တွေဖြစ်ပြီး အဲ့ဒိ ၆ဦးထဲက ၂ ဦးက ကိုယ်ဝန်ပျက် ကျသွားပါတယ် ။

ဆင်ချူးနေ့စဉ်သတင်းစာအဆိုအရ တောင်ကိုရီးယားက ဖလမ်မူလီးနား ကုမ္ပဏီက ကုန်စိမ်းတွေကို အမေရိကန် ပြည်ထောင်စုသို့ တင်သွင်းခဲ့ပါတယ် ။ လစ်တီရီးယား ပိုး ကူးစက်ခံရပြီး ကယ်လီဖိုးနီးယား ဟာဝိုင်ရီနဲ့ နယူးဂျာဆီတွေမှာ အသေအပျောက် ဖြစ်ခဲ့ရပါ တယ်လို့ သိရပါတယ် ။ အဲ့ဒိ မှိုတွေကို အမေရိကန်ပြည်တွင်း ၁၇ ပြည်နယ်ကို တောင်ကိုရီးယား က တင်သွင်းခဲ့ပြီး မစ်ချီဂန်ပြည်နယ်က ကျေးလပ်ဒေသတွေမှာ မှိုကို စမ်းသပ် စိုက်ပျိုးနေပါတယ် ။ ကူးစက်ရောဂါ ဖြစ်လာတဲ့အတွက်ကြောင့် အမေရိကန်ရောဂါထိန်းချုပ်မှုနဲ့ ကာကွယ်တားဆီးရေး ဌာန CDC နဲ့ အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေးအဖွဲ့ FDA တို့က ပူးပေါင်းစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ် ။

မစ်ချီဂန် ကျေးလက် ဖွံ့ဖြိုးရေးနဲ့စိုက်ပျိုးရေးဌာန က တောင်ကိုရီးယားက တင်သွင်းတဲ့ အီနိုကီမှိုတွေကို ဆိုင်တွေကနေ နမှုနာယူပြီး စစ်ဆေးကြည့်တဲ့အခါမှာ ကူးစက်ရောဂါဖြစ်စေတဲ့ လစ်တီရီးယားပိုးတွေကိုတွေ့ရှိရပါတယ် ။ လစ်တီရီးယားပိုးဆိုတာက အီနိုကီမှို ပုတ်ခါနီးမှာ စွဲကပ်တတ်ပါတယ် ။ မှိုက ရိလာပြီ ဆိုရင် အဲ့ဒိပိုးတွေ စွဲကပ်တတ်ပါတယ် ။

လစ်တီးရီယားက ကိုယ်ခံအားနည်း တတ်သူ တွေကို အဓိက တိုက်ခိုက်တတ်ပါတယ် ။ ကိုယ်ဆောင်မိခင်တွေ ကလေးသူငယ်တွေ အသက်အရွယ်အိုမင်းသူတွေ နဲ့ နာတာရှည် ရောဂါသည်တွေ ကို ဖျားနာစေပြီး တစ်ခါတစ်ရံ အသက်အန္တရာယ်ကို ထိခိုက်စေပါတယ် ။

CDC ကတော့အဲ့ဒိ မှိုတွေကို ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ် လာရင် မစားသုံးဖို့အတွက် သတိပေးချက်ထုတ်ပြန်လိုက်ပါတယ် ။ မှိုကိုစားသုံးပြီး တစ်ပတ်ကနေ တစ်လအတွင်း လစ်တီရီယား ကူးစပ်ခံရပြီဆိုရင် ကိုယ်လက်နာကျင် ကိုက်ခဲလာတယ်၊ အဖျားတက်တယ်၊ ခေါင်းကိုက် လာတယ် ပြီးတော့ အာဟာရ မျှခြေမရှိတော့တဲ့ဝေဒနာတွေကို ခံစားရပါတယ်။

မောင်ယဿ

REF: world of buzz / Photo;daily honest

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …