ေတာင္ကိုရီးယားအႏုပညာရွင္ေတြ တစ္ေခတ္ဆန္းေတာ့မွာလား BTS ဓာတ္ျပား ၄သန္းေက်ာ္အမွာစာရ
- By : Kaung Khant
- Category : Entertainment

ေတာင္ကိုရီးယားအႏုပညာရွင္ေတြ တစ္ေခတ္ဆန္းေတာ့မွာလား BTS ဓာတ္ျပား ၄သန္းေက်ာ္အမွာစာရ
ၿပီးခဲ့တဲ့ ၉၂ႀကိမ္ေျမာက္ ေအာ္စကာဆုေပးပြဲမွာ ေတာင္ကိုရီးယားက Parasite ဇာတ္ကားက အေကာင္းဆုံး ႐ုပ္ရွင္ဆု အပါအဝင္ ဆုေလးဆုကို သိမ္းယူခဲ့ၿပီး ေနာက္မွာေတာ့ အခု ကိုရီးယားက ေကေပါ့ လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTS က ၿပီးခဲ့တဲ့ ေသာၾကာေန႔ ထြက္ရွိတဲ့ အေခြသစ္ကို အမွာစာ ၄သန္းရရွိခဲ့တယ္လို႔ သူတို႔ရဲ႕ေအဂ်င္စီက ေၾကညာခဲ့တယ္။
အဲ့ဒီေၾကညာခ်က္အရဆိုရင္ BTSက ေတာင္ကိုရီးယားတင္မက ကမာၻမွာပါ အေအာင္ျမင္ဆုံး ဝိုင္းတစ္ဝိုင္း ျဖစ္ၿပီလို႔ ဆိုရမွာပါ။ BTS ဆိုတာ ကိုရီးယားလို ဘန္တန္ ဆြန္ယုန္ဒန္ လို႔ေခၚၿပီး ျမန္မာလိုေျပာရင္ က်ည္ကာဝတ္စုံနဲ႔ လူငယ္မ်ားအဖြဲ႕လို႔ အဓိပၸါယ္ရ ပါတယ္။
BTS ရဲ႕ Map of the Soul 7 (ဆိုးလ္ၿမိဳ႕ လမ္းျပေျမပုံ ၇) အယ္လ္ဘမ္က အေမရိကန္ နဲ႔ အဂၤလန္ အေရာင္းရဆုံး ဇယားေတြမွာ နံပါတ္တစ္ ခ်ိတ္ေနပါတယ္။ လန္ဒန္က ဝင္ဘာေလအားကစာ႐ုံ၊ ျပင္သစ္က ပါရီ ၊ အေမရိကန္က ေလာ့စ္အိန္ဂ်လိစ့္မွာ ေရာင္းမေလာက္ ျဖစ္ေနပါတယ္။
ကုန္ၿပီဆိုတဲ့ စာ႐ြက္ကို ဆိုင္တိုင္း ခ်ိတ္ထားရပါတယ္။ နံပါတ္ရ ဆိုတဲ့ ဂဏန္းက သူတို႔ ၇ေယာက္တြဲၿပီး ေအာင္ျမင္မႈ ရခဲ့တာကို ရည္ၫႊန္းတာပါ။ အယ္လ္ဘမ္ထြက္ၿပီးတာနဲ႔ သူတို႔ရ ေယာက္က လိုင္းေပၚကို စကၠန႔္ ၃၀စာ တစ္ေတာ့ ကစားတဲ့ ဗီဒီယိုဖိုင္ေလး တင္ခဲ့ပါတယ္။
သူတို႔က သူတို႔ရဲ႕ အခ်စ္ေတာ္ေတြကို လွမ္းႏႈတ္ဆက္ၿပီး သူတို႔နဲ႔အတူ တစ္ေတာ့ ကစားဖို႔အတြက္ ဖိတ္ေခၚခဲ့ပါတယ္။ အသံတုလုပ္ၿပီး ကစားတဲ့ ဗီဒီယိုဖိုင္ပါ။ သူတို႔ တင္ၿပီးမၾကာပါဘူး တစ္ေတာ့ ကစားတဲ့ ဗီဒီယိုဖိုင္ ၃ေသာင္းခြဲေလာက္က BTS စာမ်က္ႏွာေပၚကို ေရာက္ လာပါတယ္။
အခ်ိဳ႕ဗီဒီယိုဖိုင္ေတြ ဆိုရင္ စာသင္ခန္းထဲမွာ ကစားတဲ့ဖိုင္ေတြ ျဖစ္ေနပါတယ္။ အခ်ိဳ႕က အိမ္သာနံပါတ္ရ ဆိုၿပီး ေနာက္ေျပာင္ကာ သူတို႔ တစ္ေတာ့ ကစားတာကို လွမ္းပို႔ပါတယ္။
ဗြီ (ေနာက္လိုက္အဆိုေတာ္) ၊ ဂ်န္ကြတ္ (အဓိကအဆိုေတာ္) ၊ ဂ်ီမင္ (ဦးေဆာင္အဆိုေတာ္) ၊ ဆူဂါ (ရပ္ေခါင္းေဆာင္) ၊ ဂ်င္ (ရပ္ပါ) ၊ ေဂ်ဟုတ (ရပ္ပါ) နဲ႔ အာအမ (ရပ္ပါ) တို႔ပါတဲ့ BTS က ၂၀၁၃ ခုႏွစ္က ေတာင္ကိုရီးယားမွာ စေပါက္ခဲ့တာပါ။
အာအမ္က “လြန္ခဲ့တဲ့ ၇ႏွစ္ေလာက္ကဆိုရင္ လူ၃၀၀ ေလာက္ေရွ႕မွာ သီခ်င္းဆိုျပဖို႔ အတြက္ က်ေနာ္တို႔ ေတာ္ေတာ္ ႐ုန္းကန္ခဲ့ရပါတယ္။
အခုေတာ့ အားကစား႐ုံႀကီးေတြမွာေတာင္ ျပည့္လွ်ံ ေနတာပဲ ။ အရာရာအားလုံးက ပိုၿပီးႀကီးလာသလို ပိုၿပီးလည္း ေပ်ာ္စရာေကာင္းလာပါတယ္” လို႔ သူနဲ႔ အင္တာဗ်ဴးမွာ ဆိုပါတယ္။
ေမာင္ယႆREF: asia one
Photo; AFP
Unicode
တောင်ကိုရီးယားအနုပညာရှင်တွေ တစ်ခေတ်ဆန်းတော့မှာလား BTS ဓာတ်ပြား ၄သန်းကျော်အမှာစာရ
ပြီးခဲ့တဲ့ ၉၂ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ တောင်ကိုရီးယားက Parasite ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဆု အပါအဝင် ဆုလေးဆုကို သိမ်းယူခဲ့ပြီး နောက်မှာတော့ အခု ကိုရီးယားက ကေပေါ့ လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTS က ပြီးခဲ့တဲ့ သောကြာနေ့ ထွက်ရှိတဲ့ အခွေသစ်ကို အမှာစာ ၄သန်းရရှိခဲ့တယ်လို့ သူတို့ရဲ့အေဂျင်စီက ကြေညာခဲ့တယ်။
အဲ့ဒီကြေညာချက်အရဆိုရင် BTSက တောင်ကိုရီးယားတင်မက ကမ္ဘာမှာပါ အအောင်မြင်ဆုံး ဝိုင်းတစ်ဝိုင်း ဖြစ်ပြီလို့ ဆိုရမှာပါ။ BTS ဆိုတာ ကိုရီးယားလို ဘန်တန် ဆွန်ယုန်ဒန် လို့ခေါ်ပြီး မြန်မာလိုပြောရင် ကျည်ကာဝတ်စုံနဲ့ လူငယ်များအဖွဲ့လို့ အဓိပ္ပါယ်ရ ပါတယ်။
BTS ရဲ့ Map of the Soul 7 (ဆိုးလ်မြို့ လမ်းပြမြေပုံ ၇) အယ်လ်ဘမ်က အမေရိကန် နဲ့ အင်္ဂလန် အရောင်းရဆုံး ဇယားတွေမှာ နံပါတ်တစ် ချိတ်နေပါတယ်။ လန်ဒန်က ဝင်ဘာလေအားကစာရုံ၊ ပြင်သစ်က ပါရီ ၊ အမေရိကန်က လော့စ်အိန်ဂျလိစ့်မှာ ရောင်းမလောက် ဖြစ်နေပါတယ်။
ကုန်ပြီဆိုတဲ့ စာရွက်ကို ဆိုင်တိုင်း ချိတ်ထားရပါတယ်။ နံပါတ်ရ ဆိုတဲ့ ဂဏန်းက သူတို့ ၇ယောက်တွဲပြီး အောင်မြင်မှု ရခဲ့တာကို ရည်ညွှန်းတာပါ။ အယ်လ်ဘမ်ထွက်ပြီးတာနဲ့ သူတို့ရ ယောက်က လိုင်းပေါ်ကို စက္ကန့် ၃၀စာ တစ်တော့ ကစားတဲ့ ဗီဒီယိုဖိုင်လေး တင်ခဲ့ပါတယ်။
သူတို့က သူတို့ရဲ့ အချစ်တော်တွေကို လှမ်းနှုတ်ဆက်ပြီး သူတို့နဲ့အတူ တစ်တော့ ကစားဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အသံတုလုပ်ပြီး ကစားတဲ့ ဗီဒီယိုဖိုင်ပါ။ သူတို့ တင်ပြီးမကြာပါဘူး တစ်တော့ ကစားတဲ့ ဗီဒီယိုဖိုင် ၃သောင်းခွဲလောက်က BTS စာမျက်နှာပေါ်ကို ရောက် လာပါတယ်။
အချို့ဗီဒီယိုဖိုင်တွေ ဆိုရင် စာသင်ခန်းထဲမှာ ကစားတဲ့ဖိုင်တွေ ဖြစ်နေပါတယ်။ အချို့က အိမ်သာနံပါတ်ရ ဆိုပြီး နောက်ပြောင်ကာ သူတို့ တစ်တော့ ကစားတာကို လှမ်းပို့ပါတယ်။
ဗွီ (နောက်လိုက်အဆိုတော်) ၊ ဂျန်ကွတ် (အဓိကအဆိုတော်) ၊ ဂျီမင် (ဦးဆောင်အဆိုတော်) ၊ ဆူဂါ (ရပ်ခေါင်းဆောင်) ၊ ဂျင် (ရပ်ပါ) ၊ ဂျေဟုတ (ရပ်ပါ) နဲ့ အာအမ (ရပ်ပါ) တို့ပါတဲ့ BTS က ၂၀၁၃ ခုနှစ်က တောင်ကိုရီးယားမှာ စပေါက်ခဲ့တာပါ။
အာအမ်က “လွန်ခဲ့တဲ့ ၇နှစ်လောက်ကဆိုရင် လူ၃၀၀ လောက်ရှေ့မှာ သီချင်းဆိုပြဖို့ အတွက် ကျနော်တို့ တော်တော် ရုန်းကန်ခဲ့ရပါတယ်။
အခုတော့ အားကစားရုံကြီးတွေမှာတောင် ပြည့်လျှံ နေတာပဲ ။ အရာရာအားလုံးက ပိုပြီးကြီးလာသလို ပိုပြီးလည်း ပျော်စရာကောင်းလာပါတယ်” လို့ သူနဲ့ အင်တာဗျူးမှာ ဆိုပါတယ်။
မောင်ယဿREF: asia one
Photo; AFP
No Comments