
Knowledge








မောင်ယဿ REF: reuters

Unicode

တောင်ကိုရီးယားက ခဏသေ ကြည့်လို့ရမယ့် ဝန်ဆောင်မှု အကြောင်း

တောင်ကိုရီးယားက လူတွေ ခဏခဏ သေကြည့်ကြ

၂၀၁၂ ခုနှစ် လောက်ကတည်းက တောင်ကိုရီးယားမှာ ခေတ်စား လာတာက ခဏ သေကြည့်တာပါပဲ ။ ဝန်ဆောင်မှု လုပ်ငန်း တစ်ခုက လူတွေကို ခဏသေလို့ ရအောင် စီစဉ်ပေးပါတယ် ။ အခုဆိုရင် အဲဒိ လုပ်ငန်းမှာ လာသေတဲ့ လူ ၃ သိန်း နီးပါး ရှိနေပြီလို့ ဆိုင်မန်နေဂျာက ပြောပါတယ် ။

“ သေခြင်းတရားကို အသိစိတ်နဲ့ လက်ခံလိုက်ပါ ။ ပြီးတော့ တွေ့ကြုံ ခံစားလိုက်ကြည့်ပါ ။ ဘဝကို ချည်းကပ် ရမယ့်ပုံစံသစ် တစ်ခု ရ သွားမယ် ဆိုတာ အာမခံတယ် ” လို့ အသက် ၇၅ နှစ်အရွယ် ချိုဂျေအင်းက ဆိုတယ် ။ သူက ကောင်းစွာ သေခြင်း ဆိုတဲ့ အစီအစဉ်မှာ ပါပြီး လောလော လတ်လတ် ခဏ သေထားသူ တစ်ဦး ဖြစ်ပါတယ်

အခေါင်းထဲမှာ ၁၀ မိနစ် လောက် နေကြည့်ဖို့ အတွက် ဒါဇင်နဲ့ ချီတဲ့ လူတွေ တန်းစီ စောင့်နေကြတယ် ။ ဆယ်ကျော်သက် တွေကတော့ သူတို့ မသေခင်မှာ လုပ်ချင်တာတွေကို ရေရွတ်ပြီး ခဏ သေကြည့်ကြ တော့တာပါပဲ ။

ဘွဲ့ရပြီး စီးပွားရေး လုပ်ငန်း လုပ်နေရာက အပြိုင်အဆိုင်တွေ များလွန်းလို့ ရုန်းကန်နေရတဲ့ ချွိုက်ဂျင်ကျူး ကတော့ “ ကျနော် အခေါင်းထဲကို ဝင်လိုက်တဲ့ အချိန်မှာ ဒါတွေက ဘာလုပ်ဖို့ လိုတော့မှာလဲ ဆိုတဲ့ အတွေးတစ်ခု ရလိုက်တယ် ။

အခေါင်ဖုံး ပိတ်လိုက်တဲ့ အချိန်မှာတော့ ဘာမှမဆိုင်တော့ဘူးလို့ ခံစားလိုက်ရတယ်ဗျာ”လို့ ဆိုတယ်။ တောင်ကိုရီးယားက ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အများဆုံး နိုင်ငံတစ်ခုဖြစ်တယ် လို့ WHOက ဆိုတယ် ။

မောင်ယဿ REF: reuters

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ......''''
Knowledge
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.”

”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …