ေဈးဗန္းခင္းရတဲ့ အဆင့္နဲ႔ မရေတာ့လို႔ ဘုတ္ပါေထာင္ေနရၿပီ
- By : Phoe Linn
- Category : Life Style
- Tags: life style

ေဈးဗန္းခင္းရတဲ့ အဆင့္နဲ႔ မရေတာ့လို႔ ဘုတ္ပါေထာင္ေနရၿပီ
လိုင္းေပၚမွာ အတြဲကေလးမ်ား ရမလားလို႔ ဓာတ္ပုံေတြ ႐ိုက္တင္လိုက္ ၊ တစ္ေယာက္တည္း ေယာင္ျခာျခာ နဲ႔ ျဖစ္ေနပါၿပီ တို႔ ၊ ဘာလုပ္လို႔ လုပ္ရမွန္းမသိ ေတာ့ဘူး တို႔ ၊ မိုးေအးေအးမွာ ေကာ္ဖီတစ္ခြက္နဲ႔ ေဆြးေနပါတယ္ တို႔ အစရွိတဲ့ စာေတြေရးၿပီး အသဲေလးေတြ ေတာင္းေနတဲ့ ကိုကို ေတြ မမ ေတြကို ေဈးဗန္းခင္းတယ္လို႔ ေခၚပါတယ္။
ေဈးဗန္းက ခင္းသာ ခင္းေနရတယ္ အသဲေပးတဲ့သူေတြကို ၾကည့္လိုက္ေတာ့ အိမ္က ညီမေတြ အမေတြ ေဆြမ်ိဳးေတြ သူငယ္ခ်င္းေတြ ပိုဆိုးတာက အိမ္က အဖြားေတာင္ ပါေသးတယ္။ ကိုယ္နဲ႔ ခပ္စိမ္းစိမ္း တစ္ေယာက္မွ မပါဘူး ။ အတြဲလိုခ်င္လို႔ လိုင္းေပၚမွာ ေဈးဗန္းခင္းတာ မရတာနဲ႔ ဘုတ္ပါေထာင္လိုက္ရတဲ့အျဖစ္က မေလးရွား မွာ ျဖစ္ခဲ့ရတယ္။
မေလးေမးလ္ သတင္းစာထဲမွာ တီရန္ဂႏူက အာဇီ႐ို ဆိုသူ အမ်ိဳးသားက မိန္းမလိုခ်င္လြန္းလို႔ လိုင္းေပၚမွာ လိုက္ရွာတာ ၃ႏွစ္ ၾကာတာေတာင္ ႀကိဳက္မဲ့သူ တစ္ေယာက္မွ မေပၚခဲ့ဘူးတဲ့ ႀကိဳက္မယ့္သူ တစ္ေယာက္တစ္ေလ ရွိျပန္ေတာ့လည္း သူက မႀကိဳက္ ျဖစ္ေနတယ္။
အဲ့ဒါနဲ႔ သူက ဒြန္ဂန္ ျမဴနီစပါယ္ ေကာင္စီမွာ အခြန္ေဆာင္ၿပီး သူ႔ပုံကို ဗီႏိုင္းထုတ္ကာ လမ္းၫႊန္ ဆိုင္းဘုတ္ေတြ ကားမွတ္တိုင္ေတြမွာ လိုက္ေၾကညာရ ေတာ့တာေပါ့။ ဒါေတာင္ တစ္ပတ္သာ ၾကာသြားတယ္ သူ႔ဆီကို ဘယ္ဖုန္းမွ မလာပါဘူး။ ကံေကာင္းခ်င္တာလား ကံဆိုး ခ်င္တာလား ေတာ့မသိ ၈ ရက္ေျမာက္ေန႔မွာ အင္ဒိုနီးရွားက အမ်ိဳးသမီးတစ္ေယာက္က ဖုန္းဆက္ပါတယ္။
သူ အရမ္း ေပ်ာ္သြားပါတယ္။ သူတို႔ ၂ ေယာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ အက်ိဳးအေၾကာင္းေတြ စကားေျပာ ၿပီးမွာေတာ့ အာဇီ႐ိုက သူ႔ညီမကို ေခၚၿပီး ေကာင္မေလးဆီ သြားခဲ့ပါတယ္။ “က်ေနာ္တို႔က အခုထိေတာ့ မိတ္ေဆြေတြ အဆင့္ပါပဲ။ တစ္ေယာက္အေၾကာင္းကို တစ္ေယာက္ ေစာင့္ၾကည့္ေနၾကပါတယ္။
တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈ ရွိေအာင္ ႀကိဳးစားေနၾကပါတယ္။ သူမကေတာ့ လက္ထပ္ဖို႔ရာအတြက္ အဆင္သင့္ ျဖစ္ေနပါၿပီလို႔ ေျပာပါတယ္”လို႔ အာဇီ႐ိုက ဆိုတယ္။ သူ႔ညီမ ႏိုရာဇီရာက “ က်မကေတာ့ သူ႔ကို ေပ်ာ္ေစခ်င္တာပါပဲ။ ဘယ္သူနဲ႔ပဲ ရရေပါ့။
အသင့္အတင့္ ဆိုရင္ေတာင္ က်မတို႔ မိသားစုက လက္ခံဖို႔အတြက္ အဆင္သင့္ပါပဲ” လို႔ ဆိုတယ္။ အာဇီ႐ိုက အလုပ္ႀကိဳးစားတဲ့ လက္သမား တစ္ေယာက္ပါ။ ႐ုပ္ရည္ကလည္း အသင့္အတင့္ ရွိပါတယ္။ ဒါေပမဲ့ ဘယ္ဘဝက ကံေခေနလည္း မသိပါဘူး။ သူ႔ကို ႀကိဳက္မယ့္ မိန္းကေလးေတြ မရွိခဲ့ပါဘူး။ အခု ၃၅ ႏွစ္ ေရာက္လို႔ ဘုတ္ ေထာင္လိုက္ေတာ့မွဘဲ စြံသြားေတာ့တယ္။
source; malay mail
ေမာင္ယႆ REF: world of buzz
Unicode
ဈေးဗန်းခင်းရတဲ့ အဆင့်နဲ့ မရတော့လို့ ဘုတ်ပါထောင်နေရပြီ
လိုင်းပေါ်မှာ အတွဲကလေးများ ရမလားလို့ ဓာတ်ပုံတွေ ရိုက်တင်လိုက် ၊ တစ်ယောက်တည်း ယောင်ခြာခြာ နဲ့ ဖြစ်နေပါပြီ တို့ ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိ တော့ဘူး တို့ ၊ မိုးအေးအေးမှာ ကော်ဖီတစ်ခွက်နဲ့ ဆွေးနေပါတယ် တို့ အစရှိတဲ့ စာတွေရေးပြီး အသဲလေးတွေ တောင်းနေတဲ့ ကိုကို တွေ မမ တွေကို ဈေးဗန်းခင်းတယ်လို့ ခေါ်ပါတယ်။
ဈေးဗန်းက ခင်းသာ ခင်းနေရတယ် အသဲပေးတဲ့သူတွေကို ကြည့်လိုက်တော့ အိမ်က ညီမတွေ အမတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ ပိုဆိုးတာက အိမ်က အဖွားတောင် ပါသေးတယ်။ ကိုယ်နဲ့ ခပ်စိမ်းစိမ်း တစ်ယောက်မှ မပါဘူး ။ အတွဲလိုချင်လို့ လိုင်းပေါ်မှာ ဈေးဗန်းခင်းတာ မရတာနဲ့ ဘုတ်ပါထောင်လိုက်ရတဲ့အဖြစ်က မလေးရှား မှာ ဖြစ်ခဲ့ရတယ်။
မလေးမေးလ် သတင်းစာထဲမှာ တီရန်ဂနူက အာဇီရို ဆိုသူ အမျိုးသားက မိန်းမလိုချင်လွန်းလို့ လိုင်းပေါ်မှာ လိုက်ရှာတာ ၃နှစ် ကြာတာတောင် ကြိုက်မဲ့သူ တစ်ယောက်မှ မပေါ်ခဲ့ဘူးတဲ့ ကြိုက်မယ့်သူ တစ်ယောက်တစ်လေ ရှိပြန်တော့လည်း သူက မကြိုက် ဖြစ်နေတယ်။
အဲ့ဒါနဲ့ သူက ဒွန်ဂန် မြူနီစပါယ် ကောင်စီမှာ အခွန်ဆောင်ပြီး သူ့ပုံကို ဗီနိုင်းထုတ်ကာ လမ်းညွှန် ဆိုင်းဘုတ်တွေ ကားမှတ်တိုင်တွေမှာ လိုက်ကြေညာရ တော့တာပေါ့။ ဒါတောင် တစ်ပတ်သာ ကြာသွားတယ် သူ့ဆီကို ဘယ်ဖုန်းမှ မလာပါဘူး။ ကံကောင်းချင်တာလား ကံဆိုး ချင်တာလား တော့မသိ ၈ ရက်မြောက်နေ့မှာ အင်ဒိုနီးရှားက အမျိုးသမီးတစ်ယောက်က ဖုန်းဆက်ပါတယ်။
သူ အရမ်း ပျော်သွားပါတယ်။ သူတို့ ၂ ယောက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကျိုးအကြောင်းတွေ စကားပြော ပြီးမှာတော့ အာဇီရိုက သူ့ညီမကို ခေါ်ပြီး ကောင်မလေးဆီ သွားခဲ့ပါတယ်။ “ကျနော်တို့က အခုထိတော့ မိတ်ဆွေတွေ အဆင့်ပါပဲ။ တစ်ယောက်အကြောင်းကို တစ်ယောက် စောင့်ကြည့်နေကြပါတယ်။
တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိအောင် ကြိုးစားနေကြပါတယ်။ သူမကတော့ လက်ထပ်ဖို့ရာအတွက် အဆင်သင့် ဖြစ်နေပါပြီလို့ ပြောပါတယ်”လို့ အာဇီရိုက ဆိုတယ်။ သူ့ညီမ နိုရာဇီရာက “ ကျမကတော့ သူ့ကို ပျော်စေချင်တာပါပဲ။ ဘယ်သူနဲ့ပဲ ရရပေါ့။
အသင့်အတင့် ဆိုရင်တောင် ကျမတို့ မိသားစုက လက်ခံဖို့အတွက် အဆင်သင့်ပါပဲ” လို့ ဆိုတယ်။ အာဇီရိုက အလုပ်ကြိုးစားတဲ့ လက်သမား တစ်ယောက်ပါ။ ရုပ်ရည်ကလည်း အသင့်အတင့် ရှိပါတယ်။ ဒါပေမဲ့ ဘယ်ဘဝက ကံခေနေလည်း မသိပါဘူး။ သူ့ကို ကြိုက်မယ့် မိန်းကလေးတွေ မရှိခဲ့ပါဘူး။ အခု ၃၅ နှစ် ရောက်လို့ ဘုတ် ထောင်လိုက်တော့မှဘဲ စွံသွားတော့တယ်။
source; malay mail
မောင်ယဿ REF: world of buzz
No Comments