International-news
မောင်ယဿ
Unicode
ဆေးရုံသုံးမက်စ်အတွက် အာနိုးကြီး ကန်ဒေါ်လာ ၁သန်းဖိုးလှူဒါန်း
အက်ရှင် ရုပ်ရှင် အိုင်ကွန်ကြီးလည်းဖြစ် ကယ်လီဖိုနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ အာနိုးဆွာဇီနက်ဂါက ကိုဗစ်-၁၉ ရောဂါသည်များရှိတဲ့ ဆေးရုံတွေကို မက်စ် ၁သန်း ဖိုး ဝယ်လှူခဲ့ပါတယ်.။ သူက သူ့ရဲ့ ဖေ့စ်ဘုတ်ထဲမှာ ဗီဒီယိုဖိုင်တစ်ခု အနေနဲ့ တင်ခဲ့ပါတယ်။
“ စစ်ဆင်ရေးက ပြီးမြောက် အောင်မြင်ခဲ့ပါတယ်”လို့ ရုပ်ရှင်ကားထဲမှာ ပြောတဲ့ လေသံအတိုင်း ပြောခဲ့ပါတယ်။ သူက မက်စ်တွေကို မှာခဲ့တယ်။ သင်္ဘောရောက်ပြီ ဆိုတော့ အထုတ်တွေကို ဖွင့် လိုက်မှ စိတ်ချရတော့တယ်လို့ ဆိုပါတယ်။ N 95 မက်စ်တွေပါ။
သူက အိမ်ထဲမှာ အခြားအမေရိကန်တွေလိုပဲ အောင်းနေတာပါ။ သူက အွန်လိုင်းပေါ်ကနေ N95 မက်စ်တွေကို မှာခဲ့တာပါ။ မက်တွေ ရောက်မှပဲ သူ ဟင်း ချနိုင်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ပြည်နယ်တစ်ခုလုံးက ဆေးရုံတွေကို ပို့ပေးလိုက်ပါတယ်။
သူက ဖေ့စ်ဘုတ်ပေါ်မှာ ပြည်သူတွေ အိမ်တွင်း အောင်းကြဖို့အတွက် လှုံ့ဆော်တဲ့ ဗီဒီယိုဖိုင်တွေကို နေ့စဉ် တင်ပါတယ်။ သူက လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုလည်း ရန်ပုံငွေ အမြန်ရရှိရေး အစီအစဉ်တွေအတွက် သူ အုပ်ချုပ်ရေးမှူး လုပ်တုန်းက ရန်ပုံငွေရှာတဲ့ အစီအစဉ် တွေကို ဗီဒီယို ကွန်ဖရန့် လုပ်ပြီး ဆွေးနွေးခဲ့ပါတယ်။
၂၀၁၁ တုန်းက မင်းသားကြီးရဲ့ မိုဘိုင်းဆေးရုံ တွေကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှူး ရံပုံငွေ ကျဆင်းခဲ့ရဖူးပါတယ်။ နောက်ပြီးတော့ အာနိုးကြီးက မိုဘိုင်းဆေးရုံတွေအတွက် ဗဟိုအစိုးရဆီက ကန်ဒေါ်လာ၂၆ သန်း ကျော် ချေးငှားခဲ့ရပါတယ်။
အဲ့ဒိအကြွေးတွေကို ပြန်ဆပ်နေရသေးတဲ့ အတွက်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးမှာ ရန်ပုံငွေးနည်းပါတဲ့ ပြဿနာရှိနေပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး တော့ အာနိုးကြီးက “ကျနော်က မနေ့က ပြဿနာကို စိတ်မဝင်စားဘူးဗျ။
မနက်ဖြန် ပြဿနာကို ဘယ်လို ဖြေရှင်းရမယ် ဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ မနေ့ကပြဿနာဆိုတာ ကျနော်တို့ မနက်ဖြန် ပြဿနာကို ဖြေရှင်းဖို့အတွက် အတွေ့အကြုံတစ်ခုထက် မပိုပါဘူး“ လို့ဆိုတယ်။
မောင်ယဿ
REF: fox news, Photo; facebook
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ
International-news
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ သန်ဆွန်နီယွန် ဆိုတဲ့ ထိုင်းနိုင်ငံသားက အောက်ဈေးနဲ့ ရတယ်ဆိုပြီး ကြက်ဥကတ်တွေ အများကြီးအား ကားကြီးတွေနဲ့ လာရောင်းတာကို ဝယ်ခဲ့ ပါတယ် ။ သူ့တော့ ကြက်ဥ တွေကို စားလည်း စားမယ် ဈေးတင်ပြီး တော့လည်း ရောင်းမယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေပါတယ် ။ သူ့လိုပဲ လူတော်တော်များများ ကလည်း အဲ့ဒိကားနဲ့ လာရောင်းတဲ့ ကြက်ဥ တွေကို များများစားစား ဝယ်ယူ ခဲ့ပါတယ် ။ အခုတော့ ဒေသခံ သတင်းစာ ဆရာတွေကို သူကြက်ဥ အတုတွေ ဝယ်မိတယ်ဆိုပြီး ပြောလာ ပါတယ် ။ ပြီးခဲ့တဲ့ တနလာင်္နေ့က သူ …
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ
International-news
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ အရှေ့ အာရှက အွန်လိုင်း အသုံးပြုသူတွေ ရဲ့ ဖုန်းတွေထဲမှာ ပြန့်နှံ့ နေတဲ့ ကော်ရိုနာ ဗိုင်းရက် စစ်ဆေးရေး ဂိတ်တစ်ခုမှာ ရဲတွေက လူတစ်ယောက်ကို ပစ်သတ် လိုက်တာတွေ ၊ စူပါမားကတ်တစ်ခုမှာ လူတွေ တိုးကြိတ် ဝယ်ယူပြီး လုယက် သွားနေတာတွေ နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက လူတွေကိုရိုက်နှက် နေတဲ့ ဗီဒီယို ဖိုင်တွေက ၂၀၁၅ ခုနှစ်လောက်က တင်ထားတဲ့ ဖိုင်အဟောင်းတွေကို ပြန်တင်ပြီး သတင်းအမှားတွေ ဖြန့်နေတာပါ ။ လော့ဒေါင်း အမိန့်ကို ချိုးဖောက် သူတွေကို ထောင်ဒဏ်နဲ့ …
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို
International-news
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို လက်ရှိ ဟောင်ကောင်မှာ အဓိကရုဏ်း ဖြစ်ပွားရတဲ့ အထိ ဖြစ်နေတဲ့ တရုတ်ဗဟို အစိုးရရဲ့ အမျိုးသား လုံခြုံရေး ဥပဒေ ကြမ်းကို မဖျက်သိမ်းဘူး ဆိုရင် ဗြိတိန်က ဟောင်ကောင်သား ၃သိန်း အထိ ဗီဇာ လျှောက်ပိုင်ခွင့် ပြု မယ် လို့ ဆိုတယ် ။ အဲ့ဒိ ကြေညာချက်ကို အမေရိကန် ကနေဒါနဲ့ သြစတေးလျှ တို့ကလည်း ပူးတွဲ ထုတ်ခဲ့ပါတယ် ။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါ်မနစ်ရာအက် က တရုတ်တို့ရဲ့ အမျိုးသားလုံခြုံရေး …