ေဆးေျခာက္က ကိုဗစ္-၁၉ ကို ကာကြယ္ႏိုင္ သလား

ေဆးေျခာက္က ကိုဗစ္-၁၉ ကို ကာကြယ္ႏိုင္ သလား
International-news

ေဆးေျခာက္က ကိုဗစ္-၁၉ ကို ကာကြယ္ႏိုင္ သလား

ကိုဗစ္-၁၉ ဗိုင္းရက္ နဲ႔ပတ္သက္ၿပီး ဆိုရွယ္မီဒီယာ ေတြမွာ ေလ့လာမႈ အသစ္တစ္ခု ျဖစ္တဲ့ ေဆးေျခာက္က ဗိုင္းရက္ပိုးကို ကာကြယ္ႏိုင္သလား ဆိုတာကို ေမးၾက ျမန္းၾက ျဖစ္ေနပါတယ္ ။ လိုင္းေပၚက လူအမ်ားစုက ေဆးေျခာက္ရႈရင္ ေကာ္႐ိုနာ ဗိုင္းရက္ပိုးကို တားဆီးလို႔ ရသလား ကုသလို႔ ရသလား ဆိုၿပီး ေျပာၾက ဆိုၾကပါတယ္ ။ အဲ့ဒိ ေတာင္းဆိုမႈ ေတြ ေမးျမန္းမႈေတြရဲ႕ အႏွစ္ခ်ဳပ္မွာ ဘာကို ကိုယ္စားျပဳေန သလဲဆိုတာက ျပႆနာ ျဖစ္ေနပါ တယ္ ။ သုေတသနလုပ္ငန္းေတြက သီအိုရီ တစ္ခုကို အေျချပဳ ထားတာပါ ။ အေျဖကို ရဖို႔ကေတာ့ လက္ေတြ႕ စမ္းသပ္ခ်က္ နဲ႔ ေဘးထြက္ သက္ေရာက္မႈ စစ္ေဆးခ်က္ ေတြနဲ႔ပဲ ဆိုင္ပါတယ္ ။ ကံမေကာင္းခ်င္ေတာ့ ေဆးေျခာက္က ေကာ္႐ိုနာ ဗိုင္းရက္ကို တားဆီးႏိုင္သလား ဆိုတာ သီအိုရီ သက္သက္ ေလာက္သာ ျဖစ္သြား ပါတယ္ ။

ကေနဒါ ေလ့လာမႈ တစ္ခုက ရတဲ့ သီအိုရီ တစ္ခုမွာ ကိုဗစ္-၁၉ကို ေဆးေျခာက္ ကာကြယ္ႏိုင္တယ္ဆိုတာ မွန္ပါ သလား ။ မဟုတ္ပါဘူး တကယ့္ ေတြ႕ရွိမႈက ေဆးေျခာက္ထြက္ အဆီေတြက ဆဲလ္ အေရအတြက္ကို ေလွ်ာ့ခ် ေပးႏိုင္တယ္လို႔ ပဲဆိုတာပါ ။ ဗိုင္းရပ္ေတြရဲ႕ ကူးစက္မႈ အေနအထားကို ေလွ်ာ့ခ် ႏိုင္တာလို႔ပဲ ဆိုတာပါ ။ လက္ေတြ႕ စမ္းသပ္ခ်က္ေတြ လုပ္ရဦးမွာပါ ။ ကေနဒါ ေလ့လာမႈက ေဆးေျခာက္ မ်ိဳးစိတ္ အခ်ိဳ႕ကေန ရတဲ့ အဆီက ကိုဗစ္-၁၉ ဗိုင္းရက္ဝင္ေရာက္ စြဲကပ္မယ့္ ဆဲလ္ေတြ တစ္ရႈးေတြကို ၿခဳံ႕လိုက္ တာလို႔ ဆိုပါတယ္ ။ ေဆးေျခာက္ ထြက္ ပစၥည္း ေတြက လူသားေတြရဲ႕ဆဲလ္ထဲက ပ႐ိုတိန္း ေတြကို နည္းပါးသြား ေစတဲ့အတြက္ ေကာ္႐ိုနာဗိုင္းရက္ အဖို႔ စြဲကပ္စရာအခြင့္အလမ္း နည္းလာ ပါတယ္ ။

အဲ့လိုမ်ိဳး ျဖစ္ေစတာ ေဆးေျခာက္ မ်ိဳးစိတ္ ၁၃ မ်ိဳးပဲ ျဖစ္ေစ ပါတယ္ ။ ေဆးေျခာက္ မ်ိဳးစိတ္က ၄၀၀ နီးပါး ရွိပါတယ္ ။ အဲ့ဒိ အထဲမွ၂၅ မ်ိဳးကို ေ႐ြးၿပီး သုေတသီေတြ ေလ့လာ ခဲ့ရာမွာ ၁၃ မ်ိဳး ေရာဂါပိုး ကူးစက္မႈ နည္းေအာင္ လုပ္ႏိုင္ခဲ့ တယ္လို႔ ေတြ႕ရွိ ခဲ့ပါတယ္ ။ သုေတသီ အဖြဲ႕ေခါင္းေဆာင္က “က်မတို႔ ေလ့လာခဲ့တာ ေသခ်ာေပါက္ ေဆးေျခာက္ မ်ိဳးစိတ္ ၁၃ မ်ိဳးမွာ ေကာ္႐ိုနာဗိုင္းရက္ ကူးစက္မႈကို ေလွ်ာ့ခ် ေပးႏိုင္တဲ့ သီအိုရီကို ရခဲ့ပါတယ္ ။ ဒါေပမဲ့ တိက် ေသခ်ာတဲ့ အခ်က္အလက္ေတာ့ မဟုတ္ေသး ပါဘူး ။

ထပ္ၿပီး စမ္းသပ္ ရဦးမွာပါ ။ အဲ့ဒါကို တကယ္ေတာ့ မထုတ္ျပန္ခ်င္ ပါဘူး ။ လူေတြက ဟုတ္ၿပီ ေဆးေျခာက္က ဗိုင္းရက္ ကို ကာကြယ္ႏိုင္တယ္လို႔ ေျပာတယ္ကြ ။ သြားဝယ္ၿပီး သုံးၾကစို႔ ဆိုတဲ့ သတင္းစကား အမွားေတြ ျဖစ္မွာကို မလိုခ်င္ပါဘူး ။ အခုမွ ပထမဆုံး ေျခလွမ္း အဆင့္ပဲ ရွိပါေသးတယ္ ။ သက္ေသျပဖို႔ အတြက္ အေရးတႀကီး လိုအပ္တဲ့ အခ်က္ တစ္ခုပဲ ျဖစ္ပါေသးတယ္ ။ ေဆး႐ုံ ေဆးခန္းသုံး စမ္းသပ္ခ်က္ အဆင့္ကို ေရာက္ဖို႔က ေဝးႀကီးလိုပါေသးတယ္”လို႔ဆိုပါတယ္ ။

ေမာင္ယႆ

REF: wthr.com / Photo;ohio club

Unicode

ဆေးခြောက်က ကိုဗစ်-၁၉ ကို ကာကွယ်နိုင် သလား

ကိုဗစ်-၁၉ ဗိုင်းရက် နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာ တွေမှာ လေ့လာမှု အသစ်တစ်ခု ဖြစ်တဲ့ ဆေးခြောက်က ဗိုင်းရက်ပိုးကို ကာကွယ်နိုင်သလား ဆိုတာကို မေးကြ မြန်းကြ ဖြစ်နေပါတယ် ။ လိုင်းပေါ်က လူအများစုက ဆေးခြောက်ရှုရင် ကော်ရိုနာ ဗိုင်းရက်ပိုးကို တားဆီးလို့ ရသလား ကုသလို့ ရသလား ဆိုပြီး ပြောကြ ဆိုကြပါတယ် ။ အဲ့ဒိ တောင်းဆိုမှု တွေ မေးမြန်းမှုတွေရဲ့ အနှစ်ချုပ်မှာ ဘာကို ကိုယ်စားပြုနေ သလဲဆိုတာက ပြဿနာ ဖြစ်နေပါ တယ် ။ သုတေသနလုပ်ငန်းတွေက သီအိုရီ တစ်ခုကို အခြေပြု ထားတာပါ ။ အဖြေကို ရဖို့ကတော့ လက်တွေ့ စမ်းသပ်ချက် နဲ့ ဘေးထွက် သက်ရောက်မှု စစ်ဆေးချက် တွေနဲ့ပဲ ဆိုင်ပါတယ် ။ ကံမကောင်းချင်တော့ ဆေးခြောက်က ကော်ရိုနာ ဗိုင်းရက်ကို တားဆီးနိုင်သလား ဆိုတာ သီအိုရီ သက်သက် လောက်သာ ဖြစ်သွား ပါတယ် ။

ကနေဒါ လေ့လာမှု တစ်ခုက ရတဲ့ သီအိုရီ တစ်ခုမှာ ကိုဗစ်-၁၉ကို ဆေးခြောက် ကာကွယ်နိုင်တယ်ဆိုတာ မှန်ပါ သလား ။ မဟုတ်ပါဘူး တကယ့် တွေ့ရှိမှုက ဆေးခြောက်ထွက် အဆီတွေက ဆဲလ် အရေအတွက်ကို လျှော့ချ ပေးနိုင်တယ်လို့ ပဲဆိုတာပါ ။ ဗိုင်းရပ်တွေရဲ့ ကူးစက်မှု အနေအထားကို လျှော့ချ နိုင်တာလို့ပဲ ဆိုတာပါ ။ လက်တွေ့ စမ်းသပ်ချက်တွေ လုပ်ရဦးမှာပါ ။ ကနေဒါ လေ့လာမှုက ဆေးခြောက် မျိုးစိတ် အချို့ကနေ ရတဲ့ အဆီက ကိုဗစ်-၁၉ ဗိုင်းရက်ဝင်ရောက် စွဲကပ်မယ့် ဆဲလ်တွေ တစ်ရှုးတွေကို ခြုံ့လိုက် တာလို့ ဆိုပါတယ် ။ ဆေးခြောက် ထွက် ပစ္စည်း တွေက လူသားတွေရဲ့ဆဲလ်ထဲက ပရိုတိန်း တွေကို နည်းပါးသွား စေတဲ့အတွက် ကော်ရိုနာဗိုင်းရက် အဖို့ စွဲကပ်စရာအခွင့်အလမ်း နည်းလာ ပါတယ် ။

အဲ့လိုမျိုး ဖြစ်စေတာ ဆေးခြောက် မျိုးစိတ် ၁၃ မျိုးပဲ ဖြစ်စေ ပါတယ် ။ ဆေးခြောက် မျိုးစိတ်က ၄၀၀ နီးပါး ရှိပါတယ် ။ အဲ့ဒိ အထဲမှ၂၅ မျိုးကို ရွေးပြီး သုတေသီတွေ လေ့လာ ခဲ့ရာမှာ ၁၃ မျိုး ရောဂါပိုး ကူးစက်မှု နည်းအောင် လုပ်နိုင်ခဲ့ တယ်လို့ တွေ့ရှိ ခဲ့ပါတယ် ။ သုတေသီ အဖွဲ့ခေါင်းဆောင်က “ကျမတို့ လေ့လာခဲ့တာ သေချာပေါက် ဆေးခြောက် မျိုးစိတ် ၁၃ မျိုးမှာ ကော်ရိုနာဗိုင်းရက် ကူးစက်မှုကို လျှော့ချ ပေးနိုင်တဲ့ သီအိုရီကို ရခဲ့ပါတယ် ။ ဒါပေမဲ့ တိကျ သေချာတဲ့ အချက်အလက်တော့ မဟုတ်သေး ပါဘူး ။

ထပ်ပြီး စမ်းသပ် ရဦးမှာပါ ။ အဲ့ဒါကို တကယ်တော့ မထုတ်ပြန်ချင် ပါဘူး ။ လူတွေက ဟုတ်ပြီ ဆေးခြောက်က ဗိုင်းရက် ကို ကာကွယ်နိုင်တယ်လို့ ပြောတယ်ကွ ။ သွားဝယ်ပြီး သုံးကြစို့ ဆိုတဲ့ သတင်းစကား အမှားတွေ ဖြစ်မှာကို မလိုချင်ပါဘူး ။ အခုမှ ပထမဆုံး ခြေလှမ်း အဆင့်ပဲ ရှိပါသေးတယ် ။ သက်သေပြဖို့ အတွက် အရေးတကြီး လိုအပ်တဲ့ အချက် တစ်ခုပဲ ဖြစ်ပါသေးတယ် ။ ဆေးရုံ ဆေးခန်းသုံး စမ်းသပ်ချက် အဆင့်ကို ရောက်ဖို့က ဝေးကြီးလိုပါသေးတယ်”လို့ဆိုပါတယ် ။

မောင်ယဿ

REF: wthr.com / Photo;ohio club

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
International-news
လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ …

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့
International-news
ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့ ၂၀၁၉ ဒီဇင္ဘာ လေလာက္က စၿပီး ကမာၻ႔ ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ က ျပန႔္ႏွံ႔မႈ ေတြ စတင္ ခဲ့ပါတယ္ ။ ဗိုင္းရက္ရဲ႕ သဘာဝက ထူးျခားလြန္းလို႔ ႏိုင္ငံတိုင္းမွာ ေရာဂါ ျပန္ႏွံ႔မႈကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ ေနခဲ့ရပါတယ္ ။ ၂၀၂၀ ႏွစ္ဦးပိုင္းကေနစၿပီး ေရာဂါျပန္ႏွံ႔ ေနတာက ဒီေန႔အထိ ျဖစ္ေနတုန္းပါပဲ ။ တိုင္းျပည္ေတြ စီးပြားေရး က်ပ္တည္းမႈေတြ ျဖစ္ေန ခ်ိန္မွာ ႐ုပ္ရွင္မင္းသမီးေတြ အဆိုေတာ္ေတြရဲ႕ အြန္လိုင္း အေကာင့္ေတြ ေဖာက္ထြင္းခံ ေနရပါတယ္ ။ အခုဆိုရင္ က်န္းမာေရး ဆိုင္ရာအခ်က္အလက္ေတြကိုပါ ေဖာက္ထြင္း …