
International-news






မောင်ယဿ ref;the mirror

Unicode

ဆော်ဒီ မင်းသားက နယူးကာဆယ် ကို ပေါင် သန်း၃၄၀ နဲ့ ဝယ်ဖို့ စကားပြော

နယူးကာဆယ် အသင်းကို ပေါင်သန်း ၃၄၀ နဲ့ ဝယ်ယူ ဖို့ရာ ဆော်ဒီမင်းသား မိုဟာမတ်ဘင်ဆယ်မန်က အရှေ့အလယ်ပိုင်း က ရင်နှီးမြုတ်နှံသူများအား ဥရောပမှာ အလုပ်လုပ်လို့ ရအောင် လုပ်ဆောင်ပေးတဲ့ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး အာမန်ဒါစတာဗီလေနဲ့ စကားပြောဆိုပြီး ခဲ့ပါပြီ ။ အဲ့ဒိသတင်းကိုလည်း ဝေါစထရိ ဂျာနယ် ကလည်း အတည်ပြုခဲ့ ပါတယ် ။

ဒါပေမဲ့ နယူးကာဆယ် အသင်း ဖန်တွေ ကတော့ အရင် အခါက တွေလိုပဲ လေနဲ့ပြီးသွား မလား ဆိုတဲ့ အတွေးနဲ့ စိုးတထင့်ထင့် ဖြစ်နေ ပါတယ် ။ အရင် အခေါက်တွေတုန်းက နယူကာဆယ် ကို လာဝယ်မယ် ဆိုပြီး စကားပြောဖူးတဲ့ သူတွေ အများကြီး ရှိပါတယ် ။ ဒါပေမယ့် အသင်းပိုင်ရှင် မိုက်အက်ရှ်လေက သူ့အသင်းကို လက်လွဲ ရောင်းစားနေမှာကို စိုးရိမ်နေပါတယ် ။ အသင်းကို အောင်မြင်အောင် ပြုစု ပျိုးထောင်ပါမယ့် ဆိုတဲ့ ကတိကဝတ် ရမှ ရောင်းမယ် ဆိုလို့ ပွဲပျက်နေတာ ကြာပါပြီ ။

ဒီတစ်ခါတော့ အာမန်ဒါ ရဲ့ကြိုးပမ်းမှု ကြောင့် ဆော်ဒီ မင်းသားနဲ့ စီးပွားရေး ပါတနာတွေစုပြီး နယူးကာဆယ်ကို ဝယ်ဖို့ ကမ်းလှမ်းလာတာပါ ။ ဆော်ဒီမင်းသား ကလည်း နိုင်ငံရေးပုံရိပ် ကျဆင်းနေတဲ့ သူတို့ နိုင်ငံကို လက်ဝှေ့လို ဂေါ့ဖ်လို ဘောလုံးလို အားကစား တစ်မျိုးမျိုးနဲ့ ပြန်လှည် ဆွဲတင် နေချင်တဲ့အတွက် ဒီ အရောင်းအဝယ်က ဖြစ်ဖို့ များမှာ သေချာပါတယ် ။ ဆော်ဒီက လူအခွင့်အရေး အုပ်စုတွေနဲ့ အမြဲညှိနေတယ် ။

ခေါင်းဖြတ်သက်တဲ့ ကိစ္စတွေ အကြောင်းပြချက် အမျိုးမျိုးနဲ့ ပိတ်ပင် တားဆီး မှုတွေ က တိုင်းပြည်ပုံရိပ်ကို ထိခိုက်စေတဲ့ အပြင် ဂျာနယ်လစ်တွေ ကိုပါ လုပ်ကြံ သတ်ဖြတ်မူတွေ ရှိနေတဲ့အတွက် ဆော်ဒီနိုင်ငံက နိုင်ငံတကာမှာ နိုင်ငံရေး ပုံရိပ် ကျဆင်းနေပါတယ် ။ နယူးကာဆယ် အသင်းကို ၁၄၃ သန်းနဲ့ဝယ်ယူထားပြီး ချေးငွေသန်း ၁၁၀ ပါထည့် ပေါင်းရင် သန်း ၂၅၀ လောက် ရှိတဲ့အသင်းကို သန်း ၃၄၀ နဲ့ ရောင်းဖို့အတွက် မိုက်အက်ရှ်လေ အတွက် အဆင်ပြေ နိုင်ပါတယ် ။ ဒီဇန်နဝါရီ ကစားသမားဈေးကွက်မှာ ကစားသမား အသစ် မဝယ်ဖို့ အတွက် မန်နေဂျာနဲ့ ညှိ ထာပြီး တန်းဆင်းဇုံက ရုန်းထွက်နိုင်ဖို့ အတွက် ဦးတည်ချက် ထား ကစားခိုင်း ထားပါတယ် ။

မောင်ယဿ ref;the mirror

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …