
International-news







Unicode

ဆော်ဒီတိုက်လေယာဉ်ကို ဟူသီ သူပုန်တွေ ပစ်ချနိုင်ခဲ့

ယီမင် နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဟူသီသူပုန်တွေနဲ့ ဆော်ဒီဦးဆောင်ညွှန့်ပေါင်းတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲများဖြစ်ပေါ်နေရာ အယ်ဂျော့ဖ် ပြည်နယ်မြောက်ပိုင်းမှာ ဆော်ဒီတိုက်လေယာဉ်တစ်စင်းကို ဟူသီသူပုန်တွေက ပစ်ချလိုက်နိုင်တယ်လို့ ၂ဖက်စစ်တပ်ဆိုင်ရာ ပြောခွင့် ရတဲ့သူတွေက ဆိုပါတယ်။ ညွှန့် ပေါင်းတပ်ဖွဲ့ က ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ယီမင်စစ်တပ်ကို အထောက်အပံ့ပေးနေတဲ့ ဆော်ဒီ တော်နယ်ဒိုတိုက်လေယာဉ် ကို ဟူသီသူပုန်တွေက ပစ်ချလိုက် တာ ပါ လို့ ဆို တယ်။

အဲ့လိုပဲ ဟူသီသူပုန်ခေါင်းဆောင်က ရန်သူတိုက်လေယာဉ် တော်နယ်ဒိုကို ကျနော်တို့ ပစ်ချနိုင်ခဲ့ပါပြီလို့ ကြေညာခဲ့ပါတယ်။ သူတို့က သူ့တို့မှာရှိတဲ့ မြေပြင်ကဝေဟင်ပစ် ဒုံးကျည်တွေက အလုပ်လုပ်နေပြီ ဖြစ်လို့ လေကြောင်းက တိုက်ခိုက်မှုတွေကို ကြောက်စရာ မလို တော့ ဘူး လို့ ပြော ပါ တယ်။

ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်မှာ ဆော်ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၃၁ ဦး သေဆုံးပြီး ၁၂ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ဖော်ပြပါရှိပါတယ်။ ဆော်ဒီဦးဆောင်ညွှန့်ပေါင်းတပ်ဖွဲနဲ့ ယူအေအီး တို့က ၂၀၁၅ ခုနှစ်ကတည်းက ယီမင်နိုင်ငံက ဟူသီသူပုန်လှုတ်ရှားမှုကို နှိမ်နင်းခဲ့ကြပါတယ်။ ဟူသီတွေက အစပထမမှာ ယီမင်အစိုးရကို ဖြုတ်ချပြီးနောက် မြို့တော်ဆန်နားကို သိမ်ယူနိုင်ခဲ့သော်လည်း အစိုးရအဖြစ် အသိအမှတ်မပြုနိုင်ခင်မှာပဲ ပြန်လည်တိုက်ခိုက်ခံရလို့ ရှောင်ပြေးသွားခဲ့ရပါတယ်။ နိုင် ငံ တကာက အစိုးရ အ ဖြစ် အသိ အမှတ် မပြု ခံရ ဘဲ သူပုန် အဖွဲ့ အနေ နဲ့ ရပ် တည် ခဲ့ ကြ ရ ပါ တယ်။

ယီမင်အစိုးရ တောင်းခံမှုနဲ့ ဆော်ဒီညွှန် ပေါင်းတပ်ဖွဲ့က ဟူသီသူပုန်တွေကို တိုက်ခိုက်နေခဲ့ပါတယ်။ ယီမင်စစ်သားတွေနဲ့ ဟူသီသူပုန်တို့တိုက်ပွဲက ဆက်ဖြစ် နေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ လအတွင်းက ယီမင်စစ်သား ၈၀ ကျော် ကျ ဆုံး ခဲ့ ပါ တယ်။ ဟူသီသူပုန်တွေက လေကြောင်း တိုက်ခိုက် မှုရန်ကို တိမ်းရှောင်နေရာက အခုလို ဆော်ဒီတိုက်လောဉ်ကို ပစ်ချ နိုင်တဲ့ အတွက် ကြောင့် သူတို့ ရဲ့ အင်အား ပိုမို တောင့် တင်း လာ ဖွယ် ရှိ နေ ပါ တယ်။

မောင်ယဿ REF: upi photo:daijiworld

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဇွန်လ၂ရက်နေ့ ကို Black out အင်္ဂါနေ့ အဖြစ်သက်မှတ်ပြီး အမေရိကန် အသံသွင်း လုပ်ငန်းတွေ ရပ်နား
International-news
ဇွန်လ၂ရက်နေ့ ကို Black out အင်္ဂါနေ့ အဖြစ်သက်မှတ်ပြီး အမေရိကန် အသံသွင်း လုပ်ငန်းတွေ ရပ်နား

ဇွန်လ၂ရက်နေ့ ကို Black out အင်္ဂါနေ့ အဖြစ်သက်မှတ်ပြီး အမေရိကန် အသံသွင်း လုပ်ငန်းတွေ ရပ်နား မင်နီဆိုတာမှာ ဖြစ်ခဲ့တဲ့ ရဲတွေပါဝင်တဲ့ လူမဲသေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကားက နာမည်ကြီး အသံသွင်း လုပ်ငန်းတွေ အားလုံးနီးပါး ဇွန်လ၂ ရက်နေ့မှာ လုပ်ငန်းတွေ အားလုံး ရပ်နားထားလိုက်ကြပါတယ် ။ ပြီးတော့ အဲ့ဒိနေ့ကို အမှောင်ချ ထားတဲ့ နေ့ဆိုပြီး သက်မှတ်လိုက် ကြပါတယ် ။ ယူနီဗာဆယ် မြူးဇစ်အုပ်စု၊ ဝမ်းနား မြူးဇစ်၊ အတ္တလန်တစ်ရီကော်ဒင်း ၊ကိုလံဘီယာ ရီကော်ဒင်း၊ အင်တာစကုတ်ဂစ်ဖင် အေးအန်အမ် ၊ ဒက်ဖ်ဂျမ် ၊ ဆိုနီမြူးဇစ်နဲ့ အခြား နာမည်ကြီး အသံသွင်း …

အမေရိကားက နာမည်ကြီး လက်လီဆိုင်တွေ လုယက် မှုကြောင့် ပိတ်ထားရပြီ
International-news
အမေရိကားက နာမည်ကြီး လက်လီဆိုင်တွေ လုယက် မှုကြောင့် ပိတ်ထားရပြီ

အမေရိကားက နာမည်ကြီး လက်လီဆိုင်တွေ လုယက် မှုကြောင့် ပိတ်ထားရပြီ အမေရိကားမှာ နာမည်ကြီး လက်လီဆိုင် စူပါမားကတ်တွေက ဆန္ဒပြမှု နောက်က လိုက်လာတဲ့ ဆူပူ သောင်း ကျန်းမှုနဲ့ လုယက် ဖျက်ဆီးမှု ဒဏ်တွေ ကိုကြောက်လို့ ဆိုင်တွေကို ပိတ်ထားပါတယ် ။ မင်နီဆိုတာ ရဲ တွေ ကြောင့် သေဆုံးသွားတဲ့ လူမဲဂျော့ဖလွိုက် နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်နေရာက တစ်ဆင့်တက်ပြီး မင်နီပိုလိရဲစခန်းကို ဆူပူ သူတွေက မီးတင်ရှို့ ခဲ့ရာမှာ အမေရိကား မှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ် ။ အခုဆိုရင် ဆူပူမှုကနေ တစ်ဆင့်ကျော်ပြီး လုယက်မှု တွေပါ ဖြစ်ပေါ် …

ဗီယက်နမ်မှာ ပုစွန်တွေမှာ ဖြစ်တတ်တဲ့ D1V1 ရောဂါ ပြန့်နေ
International-news
ဗီယက်နမ်မှာ ပုစွန်တွေမှာ ဖြစ်တတ်တဲ့ D1V1 ရောဂါ ပြန့်နေ

ဗီယက်နမ်မှာ ပုစွန်တွေမှာ ဖြစ်တတ်တဲ့ D1V1 ရောဂါ ပြန့်နေ ကော်ရိုနာ ဗိုင်းရက် ဒဏ် အပြင်းအထန်ခံစားနေရတဲ့ အရှေ့တောင် အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ဗီယက်နမ်နိုင်ငံမှာ D1V1ရာဂါပိုးတစ်မျိုးပြန့်နှံ့ ပြီး နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုကို ရင်ဆိုင်နေရပါတယ် ။ ခက်တာက D1V1ဗိုင်းရက် က ပုစွန်တွေမှာ အဓိက ကူးစက်ပြီး အဲ့ဒိ ရောဂါပိုးက လူတွေဆီကို ကူးစက်နိုင် မကူးစက် နိုင်ဘူး ဆိုတာကို ဘယ်သူမှ စမ်းသပ်ချက် မလုပ်ရသေးတာပါ ။ သိပ္ပံပညာရှင် အချို့ကတော့ ဗိုင်းရက်ကို အခြား အကောင်တွေနဲ့ ကူးစက်မှု ရှိမရှိ စမ်းသပ်နေပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် လောလောဆယ် ဗီယက်နမ်မှာ …