
Article






မောင်ယဿ REF:UPI

Unicode

ဆောင်းရာသီတွေမှာ ဂျပန်ဆိပ်ကမ်းကို ကမ်းကပ်လာတတ်တဲ့ တစ္ဆေလှေ

ဂျပန် ပင်လယ် ထဲက ဆာဒိုကျွန်း ကို လူသေအလောင်း ၅ လောင်း ပါတဲ့ သစ်သားလှေ တစ်စင်းကမ်းကပ် လာတယ်လို့ ဒေသခံ အာဏါပိုင် တွေက ဆိုတယ် ။ သူတို့ ကတော့အဲ့ဒိ လှေက မြောက်ကိုရီးယား ဖက်က လာတယ်လို့ ယူဆကြောင်း ပြောတယ် ။

ဂျပန် အသံလွှင့် ဌာန NHK ရဲ့ အဆို အရ လှေပေါ်မှာ လူသေ အလောင်း ၇ လောင်း ပါလာပြီး ၂ လောင်းက ခေါင်းဖြတ် ခံထား ရတယ်လို့ ဆိုတယ် ။ အလောင်း တော်တော် များများ ကတော့ တစ်ပိုင်းတစ်စ ပျက်စီး နေပါပြီ ။ ကမ်းခြေစောင့် တပ်ဖွဲ့ တွေကတော့ အလောင်း ၅ လောင်း လို့ သတင်း ထုတ်ပြန် ပါတယ် ။

လှေရဲ့ ပုံစံနဲ့ အဆင် အပြင်နဲ့ အဝတ်အစား တွေကို ကြည့်ရတာ မြောက်ကိုရီးယား ဘက်ကလို့ ပြောပါတယ် ။ ဒီတစ်ခါ နဲ့ဆိုရင် ဆာဒိုကျွန်းကို ကမ်းလာ ကပ်တဲ့ တစ္ဆေ လှေ က ၂ စင်း ရှိ ပါပြီ ။ ဂျပန် ပင်လယ်ထဲကို မျောဝင် လာတဲ့ လူသေ အလောင်းတွေ ပါတဲ့ လှေတွေက မကြာ ခဏ ဆိုသလို ရောက်ရောက် လာ တတ်ပါတယ် ။ ဂျပန် ဒေသခံ တွေကတော့ အဲ့ဒိ လှေတွေကို တစ္ဆေ လှေလို့ပဲ ခေါ်ကြတယ် ။

ဘယ်လို အကြောင်းကြောင့် ငါးဖမ်းလှေ တစ်စင်းလုံး သတ်ဖြတ် ခံရတာကို မသိပေမယ့် မြောက်ကိုရီးယား ရေပိုင်နက် ကနေ အနောက်မြောက် လေနဲ့ အတူ မျောပါ လာကြ တာပါ ။ အဲ့လို အဖြစ်ကလည်း လေတိုက်တဲ့ ဆောင်းရာသီ တွေမှာပဲ အဖြစ် များပြီး ကျန်တဲ့ ရာသီ တွေမှာ တစ္ဆေ လှေတွေ လာလေ့ မရှိပါဘူး ။

မောင်ယဿ REF:UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နာဇီ ၁၂၀၀၀ ရဲ့ဆွစ်ဘဏ် အကောင့်ကို အာဂျင်တီးနားမှာတွေ့
Article
နာဇီ ၁၂၀၀၀ ရဲ့ဆွစ်ဘဏ် အကောင့်ကို အာဂျင်တီးနားမှာတွေ့

နာဇီ ၁၂၀၀၀ ရဲ့ဆွစ်ဘဏ် အကောင့်ကို အာဂျင်တီးနားမှာတွေ့ ဒုတိယ ကမ္ဘာ စစ်အတွင်းမှာ နာဇီပါတီက ပါတီဝင်တွေက ဂျာမဏီစစ်တပ် တိုက်လို့ နိုင်ခဲ့တဲ့ မြို့တွေတိုင်းကို အနောက်က လိုက်လာပြီး မြို့ထဲက ချမ်းသာသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ယူငင်ခဲ့ပါတယ်။ ဘာလင်မြို့ ကျရှုံးသွားတဲ့အချိန်မှာ ရုရှား တပ်နီတော်က ဘာလင်မြို့ထဲက အိမ်တွေမှာ ပိုင်ဆိုင်မှုတွေကို ပြန်လည် လုယက်ယူ နိုင်ပေမဲ့ ဥရောပတစ်လွှားက အဖိုးတန်ပစ္စည်း တော်တော်များများ ပြန်မရခဲ့ပါဘူး။ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်။ အဲ့ဒိကိစ္စကို စိတ်ဝင်စားနေတဲ့ အမေရိကန် အခြေစိုက် ဝိုက်ဆန်သည် စင်တာက နှစ်ပေါင်းများစွာ ခြေရာခံပြီး နောက်မှာတော့ အာဂျင်တီးနားမှာ နာဇီပါတီဝင် ၁၂၀၀၀ရဲ့ ဆွစ်ဘဏ်အကောင့်ကို စတင် …

ဒူးရင်းသီးကို ပါဝါဘန့် အဖြစ် သုံးနိုင်တော့မယ်
Article
ဒူးရင်းသီးကို ပါဝါဘန့် အဖြစ် သုံးနိုင်တော့မယ်

ဒူးရင်းသီးကို ပါဝါဘန့် အဖြစ် သုံးနိုင်တော့မယ် ကျနော်တို့ စားနေတဲ့ ဒူးရင်းသီးနဲ့ ပိန္နဲသီးက စမတ်ဖုန်းတွေလို အားသွင်းသုံးရတဲ့ ပစ္စည်းတွေအတွက် အားပြန်ဖြည့်လို့ရတဲ့ လျှပ်စစ် သိုလှောင်နိုင်တဲ့ အစွမ်းရှိတယ် ဆိုတာကို သိရင် အံ့အားသင့်နေမလား။ သြစတေးလျှ နိုင်ငံက သိပ္ပံ ပညာရှင် အုပ်စု တစ်စုကတော့ သူတို့ရဲ့ တွေ့ရှိမှုကို သက်သေပြဖို့အတွက် ကြိုးစားနေပါတယ်။ ဒူးရင်းသီးနဲ့ ပိန္နဲသီး အူတိုင်တွေမှာ အလွန် အစွမ်းထက်တဲ့ လျှပ်သို စွမ်းအားတွေ ရှိတယ် ဆိုတာကို တွေ့ ရှိနေပါတယ်။ နောက်ပြီးတော့ တကယ် အားပြန်ဖြည့်လွယ်တဲ့ ပါဝါဘန့်တွေ ဖြစ်နေတယ် ဆိုတာကိုလည်း တွေ့ရှိ ခဲ့ကြပါတယ်။ ဒူရင်းသီးတို့ ပိန္နဲသီးတို့ဆိုတာ မြန်မာပြည်မှာတော့ …

ဒက်ဘိုးရက်နာနီ ပြက္ခဒိန်က အိုင်ဒီယာ ခိုးချတယ်ဆိုပြီး အပြစ်ပြောခံရ
Article
ဒက်ဘိုးရက်နာနီ ပြက္ခဒိန်က အိုင်ဒီယာ ခိုးချတယ်ဆိုပြီး အပြစ်ပြောခံရ

ဒက်ဘိုးရက်နာနီ ပြက္ခဒိန်က အိုင်ဒီယာ ခိုးချတယ်ဆိုပြီး အပြစ်ပြောခံရ အိန္ဒိယနိုင်ငံက ဒက်ဘိုး ပြက္ခဒိန်က နာမည်ကြီး ပြက္ခဒိန် တစ်ခုပါ ။ အိုင်ဒီယာ လန်းလန်း တွေနဲ့ ဘောလီးဝုဒ် မင်းသား မင်းသမီး ပုံတွေကို ရိုက်နှိပ် ထုတ် ဝေတာပါ ။ ဒီနှစ်ထုတ်ဝေ တဲ့ ပြက္ခဒိန်မှာ မင်းသမီး ကီရာရာအက်ဗာနီ ရဲ့ ဓာတ်ပုံက သူများ ဓာတ်ပုံ အိုင်ဒီယာ ခိုးချထား တယ် လို့ ဝေဖန်ခံ နေရပါတယ် ။ အွန်လိုင်း အသုံးပြုသူတွေက နိုင်ငံတကာ ဓာတ်ပုံဆရာ မာရီဘာရှ် ရဲ့ ဓာတ်ပုံ အိုင်ဒီယာကို ခိုးချထားတယ် လို့ ဝိုင်းဝန်း …