
ေဆာင္းရာသီနဲ႔ သင့္ျမတ္ေသာသစ္သီး
အခုဆိုရင္ သစ္သီးဝလံမ်ားဟာ အခွန္ ရာသီမေ႐ြး ရရွိႏိုင္ေနၿပီ ျဖစ္ပါတယ္။ လူတို႔ရဲ႕ တီထြင္မူွ နည္းပညာ ထြန္းကားမူွတို႔ေၾကာင့္ သစ္သီးဝလံ အေတာ္မ်ားမ်ားကို အခ်ိန္ ရာသီမေ႐ြး စားသုံးႏိုင္ေပၿပီ မဟုတ္ပါလား။
သစ္သီးဝလံမ်ားဟာဆိုရင္ တစ္မ်ိဳးစီတိုင္း တစ္မ်ိဳးစီတိုင္းမွာ အက်ိဳးျပဳ အာနိသင္မ်ား ပါဝင္နတာမို႔
စားသုံးေပးရန္ သင့္ေတာ္ပါတယ္။ ရာသီေပၚသီးႏွံမ်ားနဲ႔ ေအာ္ဂဲနစ္ သစ္သီးဝလံမ်ားကေတာ့ လူကို ပိုအက်ိဳးျပဳေစပါတယ္။
ရာသီဥတု အေျပာင္းအလဲကို လိုက္ၿပီး လူတို႔ရဲ႕ က်န္းမာေရးဟာလည္း ေျပာင္းလဲေန ေဖာက္ျပန္ေနတတ္ပါတယ္။ ဒါေၾကာင့္ သူ႔ရာသီဥတုနဲ႔သူ လိုက္ဖက္ညီတဲ့ သီးႏွံမ်ားကို စားသုံးေပးျခင္းဟာ ပိုမို အက်ိဳရဏွိေစၿပီး က်န္းမာေရးဆိုင္ရာ သက္ေရာက္မူွအားကို ပိုမို ရရွိေစပါတယ္။
သစ္သီးဝလံ အုပ္စုေတြထဲမွာ မီးနဲ႔ ခ်က္ျပဳတ္ စားရတာ ရွိသလို မီးလြတ္ စားရတဲ့ သီးႏွံမ်ားလည္း ရွိၾကပါတယ္။ မီးလြတ္တဲ့ သစ္သီးဝလံမ်ားဟာဆိုရင္ အစာေျပ အာဟာရျဖစ္ရန္ စားသုံးႏိုင္တဲ့အျပင္ က်န္းမာေရးကိုလည္း ပိုမို အေထာက္အကူ ျပဳေစပါတယ္။
ရာသီစာ သေဘၤာသီး
သေဘၤာသီးဟာ သဘာဝ မီးလြတ္ သီးႏွံျဖစ္ၿပီး က်န္းမာေရးကို မ်ားစြာ အက်ိဳးျပဳတဲ့ သီးႏွံဆိုရင္ မမွားပါ။ သေဘၤာသီးဟုဆိုလွ်င္ အစိမ္းေရာ အမွည့္ပါ စားသုံးႏိုင္တာျဖစ္ၿပီး သူ႔နည္းသူ႔ဟန္နဲ႔ အက်ိဳးျပဳတာကို ေတြ႕ရွိရပါတယ္။ ဒါ့အျပင္ သေဘၤာ႐ြက္ ႏုမ်ားကလည္း က်န္းမာေရးအတြက္ ေဆးဘက္ဝင္ေစပါတယ္။
အခုလို ေအးျမတဲ့ ရာသီဥတုမွာ သေဘၤာသီးဟာ အေကာင္းဆုံး က်န္းမာေရးဓာတ္စာလို႔ ဆိုခ်င္ပါတယ္။ အစာေခ်ဖ်က္ဖို႔ ခဲယဥ္းျခင္း၊ ဝမ္းခ်ဳပ္ျခင္းမ်ားကို ျဖစ္ေပၚေစတဲ့ ဒီရာသီမွာ ရာသီစာ သီးႏွံအျဖစ္ အလိုက္ဖက္ဆုံးပဲ ျဖစ္ပါတယ္။
သေဘၤာသီးအစိမ္း
သေဘၤာသီးစိမ္းဟာ စားသုံးသူမ်ားးကို အလြန္ အက်ိဴးျပဳတဲ့ သီးႏွံျဖစ္ပါတယ္။ သူ႔ရဲ႕က်န္းမာေရး အက်ိဳးေက်းဇူးကေတာ့ အစာကို ေက်လြယ္ျခင္း၊ ဝမ္းမီးကို ေတာက္ေစတဲ့အတြက္ အစာ စားခ်င္စိတ္ကို ျဖစ္ေပၚေစျခင္း၊ ဓာတ္သဘာဝအရ ေအးေသာ ဓာတ္သဘာဝ ရွိျခင္းေၾကာင့္
အခုလို ရာသီမွာ စားသုံးသင့္တယ္လို႔ ဆိုပါတယ္။
ႏုညံတဲ့ သဘာဝလည္း ရွိပါတယ္။ မိန္းမသားမ်ားနဲ႔ လြန္စြာ သင့္ေတာ္တဲ့အတြက္ သေဘၤာသီးေထာင္း သေဘၤာသီးသုတ္တိုဟာ ဒီရာသီနဲ႔ အလြန္ လိုက္ဖက္လွပါတယ္။ ျငဳပ္သီးကိုေတာ့ ေလွ်ာ့စားေပးရပါမယ္၊
သေဘၤာသီးအမွည့္
သေဘၤာသီးမွည့္ရဲ႕အက်ိဳးေက်းဇူးကေတာ့ မ်ားလွပါတယ္။ သေဘၤာသီးမွည့္ တစ္ေအာင္စမွာ ပ႐ိုတိမ္းဓာတ္ ဝ.၁၃ ဂရမ္၊ အဆီဓာတ္ ဝ.၀ ဂရမ္၊ ကာဘြန္ဟိုက္ၿဒိတ္ဓာတ္ ၂.၈ ဂရမ္၊ ထုံးဓာတ္ ၃.၉ မီလီဂရမ္၊ ေဖာ့စဖိုရပ္စ္ ၂.၇ မီလီဂရမ္၊ သံဓာတ္ ဝ.၁၂ မီလီဂရမ္တို႔ ပါဝင္ပါတယ္။ ကယ္လိုရီ အခ်ိန္ကို ၫႊန္းဆိုရမယ္ဆိုရင္ တစ္ေအာင္စမွာ ၁၂.၀ ကယ္လိုရီ ပါဝင္ပါတယ္။
သေဘၤာသီးအမွည့္မွာပါဝင္တဲ့ (papim) ဓာတ္ဟာ အစာကို ေက်ညက္ေစႏိုင္တဲ့ အစြမ္းကို ေပးပါတယ္။ အမ်ိဳးသမီးမ်ားနဲ႔ အလြန္ သင့္ေတာ္ၿပီး အသားအေရရဲ႕ ေကာင္းျခင္းကို ရရွိၿပီး
ဝင္းဝါ စိုေျပေစပါတယ္။ ကိုယ္ေရျပား ေရာဂါကိုလည္း ကာကြယ္ေပးပါတယ္။
ေဆာင္းရာသီနဲ႔ ဟာမိုနီက်တဲ့ သေဘၤာသီးကို စားသုံးျခင္းျဖင့္ သင့္ က်န္းမာ လွပေရး
ကို ျမႇင့္တင္ၾကပါစို႔….
စႏၵီျမင့္မိုရ္#
Unicode
ဆောင်းရာသီနဲ့ သင့်မြတ်သောသစ်သီး
အခုဆိုရင် သစ်သီးဝလံများဟာ အခှန် ရာသီမရွေး ရရှိနိုင်နေပြီ ဖြစ်ပါတယ်။ လူတို့ရဲ့ တီထွင်မူှ နည်းပညာ ထွန်းကားမူှတို့ကြောင့် သစ်သီးဝလံ အတော်များများကို အချိန် ရာသီမရွေး စားသုံးနိုင်ပေပြီ မဟုတ်ပါလား။
သစ်သီးဝလံများဟာဆိုရင် တစ်မျိုးစီတိုင်း တစ်မျိုးစီတိုင်းမှာ အကျိုးပြု အာနိသင်များ ပါဝင်နတာမို့
စားသုံးပေးရန် သင့်တော်ပါတယ်။ ရာသီပေါ်သီးနှံများနဲ့ အော်ဂဲနစ် သစ်သီးဝလံများကတော့ လူကို ပိုအကျိုးပြုစေပါတယ်။
ရာသီဥတု အပြောင်းအလဲကို လိုက်ပြီး လူတို့ရဲ့ ကျန်းမာရေးဟာလည်း ပြောင်းလဲနေ ဖောက်ပြန်နေတတ်ပါတယ်။ ဒါကြောင့် သူ့ရာသီဥတုနဲ့သူ လိုက်ဖက်ညီတဲ့ သီးနှံများကို စားသုံးပေးခြင်းဟာ ပိုမို အကျိုရဏှိစေပြီး ကျန်းမာရေးဆိုင်ရာ သက်ရောက်မူှအားကို ပိုမို ရရှိစေပါတယ်။
သစ်သီးဝလံ အုပ်စုတွေထဲမှာ မီးနဲ့ ချက်ပြုတ် စားရတာ ရှိသလို မီးလွတ် စားရတဲ့ သီးနှံများလည်း ရှိကြပါတယ်။ မီးလွတ်တဲ့ သစ်သီးဝလံများဟာဆိုရင် အစာပြေ အာဟာရဖြစ်ရန် စားသုံးနိုင်တဲ့အပြင် ကျန်းမာရေးကိုလည်း ပိုမို အထောက်အကူ ပြုစေပါတယ်။
ရာသီစာ သင်္ဘောသီး
သင်္ဘောသီးဟာ သဘာဝ မီးလွတ် သီးနှံဖြစ်ပြီး ကျန်းမာရေးကို များစွာ အကျိုးပြုတဲ့ သီးနှံဆိုရင် မမှားပါ။ သင်္ဘောသီးဟုဆိုလျှင် အစိမ်းရော အမှည့်ပါ စားသုံးနိုင်တာဖြစ်ပြီး သူ့နည်းသူ့ဟန်နဲ့ အကျိုးပြုတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် သင်္ဘောရွက် နုများကလည်း ကျန်းမာရေးအတွက် ဆေးဘက်ဝင်စေပါတယ်။
အခုလို အေးမြတဲ့ ရာသီဥတုမှာ သင်္ဘောသီးဟာ အကောင်းဆုံး ကျန်းမာရေးဓာတ်စာလို့ ဆိုချင်ပါတယ်။ အစာချေဖျက်ဖို့ ခဲယဉ်းခြင်း၊ ဝမ်းချုပ်ခြင်းများကို ဖြစ်ပေါ်စေတဲ့ ဒီရာသီမှာ ရာသီစာ သီးနှံအဖြစ် အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။
သင်္ဘောသီးအစိမ်း
သင်္ဘောသီးစိမ်းဟာ စားသုံးသူများးကို အလွန် အကျိူးပြုတဲ့ သီးနှံဖြစ်ပါတယ်။ သူ့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးကတော့ အစာကို ကျေလွယ်ခြင်း၊ ဝမ်းမီးကို တောက်စေတဲ့အတွက် အစာ စားချင်စိတ်ကို ဖြစ်ပေါ်စေခြင်း၊ ဓာတ်သဘာဝအရ အေးသော ဓာတ်သဘာဝ ရှိခြင်းကြောင့်
အခုလို ရာသီမှာ စားသုံးသင့်တယ်လို့ ဆိုပါတယ်။
နုညံတဲ့ သဘာဝလည်း ရှိပါတယ်။ မိန်းမသားများနဲ့ လွန်စွာ သင့်တော်တဲ့အတွက် သင်္ဘောသီးထောင်း သင်္ဘောသီးသုတ်တိုဟာ ဒီရာသီနဲ့ အလွန် လိုက်ဖက်လှပါတယ်။ ငြုပ်သီးကိုတော့ လျှော့စားပေးရပါမယ်၊
သင်္ဘောသီးအမှည့်
သင်္ဘောသီးမှည့်ရဲ့အကျိုးကျေးဇူးကတော့ များလှပါတယ်။ သင်္ဘောသီးမှည့် တစ်အောင်စမှာ ပရိုတိမ်းဓာတ် ဝ.၁၃ ဂရမ်၊ အဆီဓာတ် ဝ.၀ ဂရမ်၊ ကာဘွန်ဟိုက်ဒြိတ်ဓာတ် ၂.၈ ဂရမ်၊ ထုံးဓာတ် ၃.၉ မီလီဂရမ်၊ ဖော့စဖိုရပ်စ် ၂.၇ မီလီဂရမ်၊ သံဓာတ် ဝ.၁၂ မီလီဂရမ်တို့ ပါဝင်ပါတယ်။ ကယ်လိုရီ အချိန်ကို ညွှန်းဆိုရမယ်ဆိုရင် တစ်အောင်စမှာ ၁၂.၀ ကယ်လိုရီ ပါဝင်ပါတယ်။
သင်္ဘောသီးအမှည့်မှာပါဝင်တဲ့ (papim) ဓာတ်ဟာ အစာကို ကျေညက်စေနိုင်တဲ့ အစွမ်းကို ပေးပါတယ်။ အမျိုးသမီးများနဲ့ အလွန် သင့်တော်ပြီး အသားအရေရဲ့ ကောင်းခြင်းကို ရရှိပြီး
ဝင်းဝါ စိုပြေစေပါတယ်။ ကိုယ်ရေပြား ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
ဆောင်းရာသီနဲ့ ဟာမိုနီကျတဲ့ သင်္ဘောသီးကို စားသုံးခြင်းဖြင့် သင့် ကျန်းမာ လှပရေး
ကို မြှင့်တင်ကြပါစို့….
စန္ဒီမြင့်မိုရ်#
No Comments